StudyFlow Education 1

StudyFlow Education 1

Share

Oxford Phonics
Starters, Movers, Flyers
Grammar and Writing
Grade 5 to 12 English (Government Curriculum) Special Teaching for Eng & Maths from All Grades

27/05/2026

“ကြိုးစားရင် အောင်မြင်မယ်” လို့ အများကပြောတတ်ကြတယ်။
မမှားပါဘူး… ဒါပေမယ့် အားလုံးအတွက် မမှန်နိုင်သလို တူလည်းမတူနိုင်ဘူး။

အထူးသဖြင့် လူငယ်တစ်ယောက် အောင်မြင်ဖို့ဆိုတာ
သူ့ရဲ့ကြိုးစားမှုတစ်ခုတည်းနဲ့ မလုံလောက်တဲ့အ‌ကြောင်းအရင်းတွေ အများကြီးရှိတယ်။
မိဘရဲ့ background ၊ မိသားစုရဲ့ အခြေအနေ ၊ မိဘရဲ့ရှေ့ကိုကြိုမြင်နိုင်မှုတွေကလည်း အရမ်းအရေးကြီးတယ်။

တချို့က ကလေးဘဝကတည်းက
ပညာရေးကောင်းကောင်းရတယ်
လမ်းညွှန်ပေးမယ့် လူရှိတယ်
အခွင့်အရေးတွေ ရတယ်
အဘက်ဘက်က support ရတယ်
အမှားလုပ်လည်း ပြန်ထနိုင်ဖို့ support ရှိတယ်။

ဒါပေမယ့် တချို့လူတွေကျတော့
ငယ်ငယ်ကတည်းက ရုန်းကန်ရတယ်
အိမ်အခြေအနေကို စိတ်ပူရတယ်
ပညာရေးထက် ဝမ်းရေးကို ဦးစားပေးရတယ်
အိပ်မက်ထက် တာဝန်တွေကို အရင်ထမ်းရတယ်။

ဒါကြောင့် လူတစ်ယောက်ကို “ဘာလို့ မအောင်မြင်သေးတာလဲ” လို့ မမေးခင် မဆုံးဖြတ်ခင် သူ ဘယ်လို background ကလာလဲ
ဆိုတာကို အရင်သိအောင်လုပ်သင့်တယ် လေ့လာသင့်တယ်

တချို့မိဘတွေက ကိုယ့်ဘဝတစ်ခုတည်းအတွက် ကြိုးစားတာမျိုး မဟုတ်ဘူး သူတို့ရဲ့ ကြိုးစားမှုက နောက်မျိုးဆက် မပင်ပန်းရအောင် လမ်းခင်းပေးနေတာ တည်ဆောက်ပေးနေတာမျိုး ဒါကလည်း
အမြော်အမြင်ကြီးတဲ့ မိသားစုကိုချစ်တဲ့လူတွေမှာပဲ တွေ့ရတတ်တယ်

မိဘတွေကိုယ်တိုင်က
စီးပွားရေးမတိုးတက်အောင် မလုပ်နိုင်ခဲ့ရင်
သားသမီးပညာရေးကို မထောက်ပံ့နိုင်ခဲ့ရင်
အနည်းဆုံး မျိုးဆက်တစ်ဆက်ကတော့ ပိုပြီး ရုန်းကန်ရတတ်တယ်။
တချို့ဆို မျိုးဆက် ၂/၃ ဆက်ထိ ရုန်းကန်နေရတတ်တယ်

အရေးကြီးဆုံးက —
ကိုယ်ကနေ စပြီး မျိုးဆက်ကောင်းနိုင်ဖို့ ကြိုးစားတာပါပဲ။

ခုချိန် ကိုယ်ပင်ပန်းနေတာက
တစ်နေ့မှာ ကိုယ့်သားသမီးတွေ ပိုလွယ်တဲ့ဘဝကို
ရဖို့ ဖြစ်နိုင်တယ်လေ

ဒါကြောင့် မိဘတိုင်းကြိုးစားပါ မိသားစုကိုချစ်ပါ
အမြော်အမြင်ရှိတတ်ပါစေ

💟

Want your school to be the top-listed School/college in Maymyo?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Block 5
Maymyo

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00