PDF.Witness
တော်လှန်ရေးထောက်ပို့
28/01/2022
Jan 28 noon
-မင်းတပ်မြို့ရှိ လူမနေသည့်အိမ်များ ချိပ်ပိတ်မည်ဟု လော်စပီကာဖြင့်လိုက်အော်၊ အင်တာနက်မရသည့် မြို့တွင် VPNတွေ့ရှိပါက ထောင်၃နှစ်ကျမည် ဟုဆို
-မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ ၂၀၀ ကျော်အထိ ဖြစ်လာ
-မန္တလေးမြို့က မြန်မာဘီယာရောင်းချသည့် နေရာ ၃ခုကို JMPDF ဗုံးဖောက်ခွဲ မီးရှို့သတိပေး
-နောင်ချိုမြို့နယ် ဘန့်ဘွေးရဲစခန်းအနီးရှိ ရွှေဆိုင်ဓားပြတိုက်ခိုက်ခံရ
-ကြံခင်းမြို့နယ်တွင် လက်နက်မှုဖြင့် လူ၅ဦးစွပ်စွဲဖမ်းဆီးခံရ
-အင်းတော်မြို့နယ်၌ စစ်တပ်ထောက်ပို့ ယာဉ်တန်း၃ကြိမ်မိုင်းခွဲတိုက်ခိုက်ခံရ
-မြိုင်မြို့နယ်တွင် ပြည်သူ၃ဦးကိုစစ်ကောင်စီတပ်က ပစ်သတ်ပြီး ရေနံမှော်များ ထပ်မံမီးရှို့
26/01/2022
မြောက်ဥက္ကလာပ ကိုယ်စားပြု The Guys Of Rangoon Molotov ဖွဲ့စည်းကြောင်းကြေငြာ
နွေဦးတော်လှန်ရေးရဲ့ အုပ်တချပ်သဲတပွင့်ဖြစ်
သည့် ရန်ကုန်မြို့ပြ တက်ကြွလူငယ်များက အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီကို တော်လှန်
မည့် သင်တန်းဆင်း GZ များစုပေါင်း၍ မြောက်ဥက္ကလာပ ကိုယ်စားပြု The Guys Of Rangoon Molotov အဖွဲ့ကို ယနေ့ ဇန်နဝါရီလ ၂၆ရက်နေ့တွင် ဖွဲ့စည်းပြီးကြောင်း အဆိုပါအဖွဲ့မှ North Okkalapa Information သို့ပြောသည်။
GRMအဖွဲ့အနေဖြင့် " စကစရဲ့ Mytel အပါဝင်
စခ လုပ်ငန်းမှန်သမျှကို ပစ်မှတ်ထား တိုက်ခိုက် ဖောက်ခွဲ ရရာနည်းစနစ်ဖြင့် တော်လှန်သွားပါမည် " ဟု ပြောဆိုသည်။
ဇန်နဝါရီ ၂၆၊၂၀၂၂။
#☯
26/01/2022
ရွှေဘိုက ရွာတရွာကို စစ်တပ်ကမီးရှိ လို ရွာသားတွေထွက်ပြေးနေရ
ရွှေဘို၊ ဇန်နဝါရီ ၂၆၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်၊ ပေါက်ချိုင်ရွာကို ဇန်နဝါရီ ၂၆ ရက် ဒီနေ့မနက် ၇ နာရီလောက်မှာ စစ်တပ်ကမီးရှိခဲ့တယ်လို ဒေသခံတွေဆီက သိရပါတယ်။
အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်တွေဟာ မနေ့ကညပိုင်းကတည်းက အဲဒီရွာထဲကို မီးဝင်ရှိနေတာဖြစ်ပြီး
မီးမရှိခင်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ် ခဲ့တယ်လို ဒေသခံတဦးကပြောပါတယ်။
“ မနေ့ညပိုင်း ၇ နာရီခွဲလောက်မှာ ရှိတာပါ။ ရွာသားတွေ အကုန်ရှောင်ပြေးနေရတယ်၊ ဒီနေ့မနက် ၇ နာရီမှာလည်း ထပ်ရှိနေကြတယ်၊ အခုတော့ ငြိမ်းသွားပြီ၊ ရွာစိုးရွာကို ရှိတာလောက်တော့ မဆိုးဘူးလို သုံးသပ်ရတာပဲ၊ အိမ်ခြေဘယ်လောက် အထိအခိုက် ရှိမလဲဆိုတာ အတည်မပြုနိုင်သေးဘူး၊ “ လို သူကပြောပါတယ်။
ပေါက်ချိုင်ရွာမှာ အိမ်ခြေ ၂၅၀ ဝန်းကျင်နဲ့ လူဦးရေ ၁၅၀၀ ကျော်ရှိပြီး ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လိုလည်း ဒေသခံတဦးကပြောပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Maymyo
S30K