Geeky PC
A freelance page for your technical solutions
14/07/2021
2-factor Authentication
===============================
Digital ခေတ်ကို အစစအရာရာ ပြောင်းလဲလာတာနဲ့အမျှ ကျနော်တို့ လူမှုပတ်ဝန်းကျင်မှာလဲ ပြောင်းလဲမှုတွေကို အများကြီး ကြုံတွေ့လာရပါတယ်။
၂၀၁၀တုံးက လူ၁၀ယောက်မှာ ၅ယောက်က အခုလက်ရှိသုံးနေကြတဲ့ နည်းပညာတွေနဲ့ စိမ်းကြသေးသလို Google , Facebook စတဲ့ Acc တွေလဲ မရှိကြသေးပါဘူး။
နောက်ပိုင်းမှာတော့ ဒီ Acc တွေဟာ သုံးတတ်ရင် Social dealing လုပ်ဖို့လောက်တင်မကတော့ပဲ တချို့အတွက်ဆို ပိုင်ဆိုင်သမျှအားလုံး ဒီ Acc ထဲမှာဆိုတဲ့ Digital wallet သဘောမျိုးထိ ဖြစ်လာကြပါတယ်။
အရင်ကတော့ Internet ဆိုတာကို ကျနော်တို့ အသက်တန်းတွေဖြစ်တဲ့ Millennial / Gen Y တွေနဲ့ Gen Z တွေဖြစ်ကြတဲ့ ညီ/ညီမငယ်တို့ပဲ အများဆုံး သုံးနေရာကနေ တဖြည်းဖြည်းနဲ့ အခုဆို Gen X (1965-1980) , Baby Boomers (1946-1964) စတဲ့ အဘိုးအဘွားအရွယ်တွေထိ Internet နဲ့ FB နဲ့ မကင်းနိုင်ကြတော့ပါဘူး။
လူသုံးများလာတာနဲ့အမျှ ကောင်းတာတွေရော မကောင်းတာတွေရော (electronic fraud)ပိုများလာတာကလဲ သဘာဝပါပဲ။
Acc ကို Phishing attack လိုမျိုး မျှားခေါ်ပီးဖြစ်စေ တနည်းနည်းနဲ့ဖြစ်စေ Assess ရအောင်လုပ်ပီး အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ အဲ့ကမှတဆင့် mobile banking လိုမျိုး အသုံးများတဲ့ ဘာ pay ညာ pay စသည်ဖြင့် ရသွားခဲ့မယ်ဆိုရင် ဆုံးရှုံးမှုက အများကြီး ဖြစ်သွားနိုင်ပါတယ်။
အဲ့အခါမှာ ကိုယ့် Acc ကို ဘယ်လို secure ဖြစ်အောင်ထားမလဲဆိုတာက အရေးကြီးလာပါတယ်
အရင်ကတော့ ကျနော်တို့ရဲ့ (ကျနော်သိသလောက်) အမြင့်ဆုံး ထားကြတဲ့ Acc security က 2-factor authentication ပါ
တဖက်ကလူက မိမိ Acc ရဲ့ password ကိုသိသည့်တိုင် acc ကိုဝင်လို့ရဖို့ နောက်တခုထပ်လိုပါသေးတယ်
အဲ့ဒီ ထပ်လိုတဲ့ code/OTP ကို မိမိထည့်ထားတဲ့ ဖုန်းနံပါတ်ကို SMS ပို့တာဖြစ်စေ automated voice call ခေါ်ပီး အသံထွက်ရွတ်ပြတာ ဖြစ်စေ ဒါမျိုးကို တော်တော်များများ အသုံးပြုခဲ့ကြပါတယ်။
ဒီစနစ်က ပုံမှန်အတိုင်းဆို တော်တော်အဆင်ပြေပါတယ်။
တဖက်ကလူက ကိုယ့်ဖုန်းကို ရမှပဲ Acc ကို ဝင်လို့ရမှာဆိုတော့ Password သိသွားရုံနဲ့ ဘာမှဆက်လုပ်လို့ မရတော့ပါဘူး။
ဒါပေမဲ့ 😈😈😈
အခုတလောမှာ ဖြစ်နေတဲ့ Telecom company တွေကိစ္စ ဝင်လာတဲ့အခါမှာတော့ 2-factor authentication က ဘာမှ မတတ်နိုင်တော့ပါဖူး။
ဆိုလိုတာက Telecom company ကတဆင့် မိမိဆီ ဝင်လာမယ့် OTP က ကိုယ့်ဆီ မရောက်ခင် company ကတဆင့် သူတို့ဆီ အရင်ရောက်သွားမှာပါ။
ဒီတော့ ကိုယ်က Telecom ကို မသုံးချင်ဖူး၊ တခြားနည်း ရှိလားဆိုရင် တခြားနည်းရှိပါတယ်။
လတ်တလောခေတ်စားနေတဲ့ google authenticator ဆိုတဲ့ application လေးပါ။
iOS ရော Android မှာရော ရှိတဲ့အတွက် လွယ်လွယ်ကူကူ download ဆွဲပီး install လုပ် သုံးရုံပါပဲ။
သူက ဘယ် telecom or network provider ကိုမှ ဖြတ်လာစရာ မလိုပဲ မိမိဖုန်းရဲ့ protected memory area ထဲမှာ million နဲ့ ချီတဲ့ code တွေ ထည့်ထားပေးမှာပါ။
ကိုယ်တောင်းလိုက်တဲ့ အချိန်အပေါ် မူတည်ပီး code တွေကို 30sec ကိုတခါ ထုတ်ပေးသွားမှာမို့လို့ ဘယ်သူနဲ့မှ ပတ်သတ်စရာ မလိုပဲ မူရင်းဖုန်းမှာ အင်တာနက် မရှိရင်တောင်မှ အလုပ်လုပ်နိုင်မှာပါ။
ဒီအတွက်ကြောင့် အရင် sms verification အစား ဒီ app လေးကို သုံးကြည့်သင့်ပါတယ်လို့ အကြံပြုရင်း စာလဲရှည်ပီမို့ ဈေးလေးလဲ ရောင်းပါဦးမယ် 😹။
Window 10 Pro/Enterprise/Education official lifetime license - 5000ks/PC
Office 2016 official lifetime license - 5000ks/PC
အခြားသော software များ၊ game များကိုလဲ CB မှတဆင့် စုံစမ်းနိုင်ပါတယ်ခင်ဗျ
29/06/2021
မနေ့က ဂိမ်းလေးတွေ တင်ပေးပီးတော့ ဒီနေ့တော့ key လေးတွေ ပြန်ရောင်းပါဦးမယ်ဗျ
စျေးကလဲ သက်သာပါတယ်
Window 10 Pro
Window 10 Enterprise
Window 10 Education
Official license product key များအား PC တလုံးကို ၅၀၀၀ကျပ်နူန်းဖြင့်သာ ဝယ်ယူရရှိနိုင်ပါပီဗျ။
Lifetime license များဖြစ်ပါတယ်ခင်ဗျ။
Window 11 ကိုတော့ အခုချိန်မှာ developer version များသာ ထွက်သေးတာမို့ ပုံမှန် user များအနေနဲ့ မတင်သင့်သေးပါဖူးခင်ဗျ။
အခြား software များ game များနှင့် ကွန်ပျူတာပြဿနာများကိုလဲ CB မှာ မေးမြန်းနိုင်ပါတယ်ခင်ဗျ
Click here to claim your Sponsored Listing.
Category
Website
Address
Lashio Road
Maymyo