Shwe Pyae Oo Mobile second & services
ဖုန်း နဲ့ ပတ်သတ်သမျှ မေးမြန်းနိုင်သည်။
09971311135
03/01/2026
🚀 သင့်ဖုန်းကို စက်မဟန်းစေဘဲ အမြဲ သွက်လက်နေအောင် ဘယ်လိုအသုံးပြုမလဲ??
သင့်ဖုန်းကို ဝယ်ကာစကလိုပဲ အမြဲ လျင်မြန်သွက်လက် နေစေဖို့အတွက် လိုက်နာသင့်တဲ့ အဓိက နည်းလမ်းကောင်းများနဲ့ အသုံးပြုပုံများကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
၁။ မလိုအပ်တဲ့ App များနှင့် Data များကို စနစ်တကျ ရှင်းလင်းပါ။
ဖုန်းနှေးကွေးရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ မှတ်ဉာဏ် (Storage) ပြည့်လာခြင်းပဲ ဖြစ်ပါတယ်။
မသုံးတဲ့ App တွေ ဖြုတ်ပါ: သင်လုံးဝမသုံးတော့တဲ့ သို့မဟုတ် တစ်ခါတစ်ရံမှသာ သုံးတဲ့ Application များကို Uninstall သို့မဟုတ် Disable လုပ်ပါ။
Cache ရှင်းလင်းပါ: App တွေကို ကြာရှည်စွာ အသုံးပြုတဲ့အခါမှာ Cache Data တွေ စုပုံလာပါတယ်။ Setting ထဲက App Info မှာ တစ်ပတ်တစ်ခါလောက် Cache တွေကို Clear Cache လုပ်ပေးပါ။
ဓာတ်ပုံ/ဗီဒီယိုများ ရွှေ့ပြောင်းသိမ်းဆည်းပါ: ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို Cloud Storage (ဥပမာ- Google Photos)၊ SD Card သို့မဟုတ် ကွန်ပျူတာတို့ဆီ ပုံမှန်ရွှေ့ပြောင်းသိမ်းဆည်းပြီး ဖုန်းထဲကနေ မလိုအပ်တာတွေကို ဖျက်ပါ။
၂။ Background လုပ်ဆောင်ချက်များကို ထိန်းချုပ်ပါ။
App တချို့ဟာ သင်မဖွင့်ထားရင်တောင် နောက်ကွယ်ကနေ အလုပ်လုပ်နေပြီး RAM (Random Access Memory) နဲ့ ဘက်ထရီ ကို အသုံးပြုနေပါတယ်။
Background App Refresh ပိတ်ပါ: Setting ထဲကနေ မလိုအပ်တဲ့ App တွေရဲ့ Background ကနေ Data ယူသုံးခြင်းကို ကန့်သတ်ပါ။
Notification များ လျှော့ချပါ: မလိုအပ်တဲ့ App တွေဆီက Notification တွေကို ပိတ်ထားခြင်းဖြင့် ဖုန်းရဲ့လုပ်ငန်းဆောင်တာ ဝန်ကို လျှော့ချနိုင်ပါတယ်။
၃။ Software နှင့် System ကို အမြဲ Update လုပ်ပါ။
ဖုန်းထုတ်လုပ်သူတွေဟာ Software Update တွေကနေတစ်ဆင့် Performance ပိုကောင်းအောင် ပြုပြင်တာနဲ့ Bugs (ချို့ယွင်းချက်) တွေကို ပြင်ဆင် ပေးတာတွေ လုပ်ဆောင်လေ့ရှိပါတယ်။
ဖုန်းကနေ Update ရှိကြောင်း အကြောင်းကြားလာပါက နောက်ဆုံးပေါ် Software Version ကို အမြဲ Update လုပ်ထားပါ။
၄။ Live Wallpaper နှင့် Widget များကို ရှောင်ပါ။
Live Wallpaper များဟာ သာမန်ပုံမှန်နောက်ခံပုံများထက် RAM နဲ့ CPU ကို ပိုမိုအသုံးပြုစေပါတယ်။
Home Screen ပေါ်က Widget များ (ဥပမာ- ရာသီဥတု၊ သတင်း) ဟာလည်း အမြဲတမ်း Data ကို Update လုပ်နေရလို့ ဖုန်းကို နှေးစေနိုင်ပါတယ်။ အနည်းဆုံးသာ အသုံးပြုပါ။
၅။ ဖုန်းကို ပုံမှန် Restart လုပ်ပါ။
ကွန်ပျူတာလိုပဲ သင့်ဖုန်းကို တစ်ပတ်ကို တစ်ကြိမ် လောက် ပါဝါပိတ်ပြီး ပြန်ဖွင့်ခြင်း (Restart) ပြုလုပ်ပေးပါ။
ဒီလိုလုပ်ခြင်းဖြင့် ဖုန်းရဲ့ RAM ထဲမှာ စုနေတဲ့ မလိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေကို ရှင်းလင်းပေးပြီး အသစ်တစ်ဖန် သွက်လက်လာစေပါတယ်။
ဒီအချက်တွေကို စနစ်တကျ လိုက်နာဆောင်ရွက်မယ်ဆိုရင် သင့်ဖုန်းဟာ စက်မဟန်းဘဲ အမြဲတမ်း လျင်မြန်သွက်လက် နေမှာ အမှန်ပါပဲ။
25/12/2025
ဖုန်းပြင်ဆိုင်ရောက်နေတဲ့သင့်ဖုန်းကို အမြန်ဆုံးပြုပြင်ပေးအောင် ဘယ်လိုလုပ်မလဲ။
တစ်ချို့တွေကြုံဖူးကြပါလိမ့်မယ် ဖုန်းကလေးတစ်ခုခုဖြစ်လို့ ဆိုင်မှာ အပ်ထားရင် ဟိုရက်ချိန်းလိုက်ဒီရက်ချိန်းလိုက်နဲ့ အရမ်းကြာသွားတတ်ပါတယ်။ အပိုပစ္စည်း ပြတ်လပ်လို့ပဲဖြစ်ဖြစ် ပြစ်ချက်ရှာမတွေ့ရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် ရှေ့ကအလုံးတွေပြင်နေရလို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာတတ်ပါတယ်။ အဲဒီထဲကမှ ဆားဗစ်ဆိုင်မှာအပ်ထားတဲ့
မိတ်ဆွေရဲ့ဖုန်းလေးကို အမြန်ဆုံးပြုပြင်ပေးအောင် ဘယ်လိုလုပ်သင့်လဲဆိုတာ ပြောပြပေးပါတယ်။
၁။ ပြစ်ချက်အကုန်ပြောပြပါ
-------------------------------
ကိုယ့်ဖုန်းမှာ သုံးရတာ ဘယ်လိုအဆင်မပြေတဲ့အကြောင်းကို သေသေချာချာရှင်းပြပါ။ ဥပမာ မှန်ဆွဲရတာ တစ်ချက်တစ်ချက်လေးတယ်၊ အားသွင်းရင် တစ်ခါတစ်လေမဝင်ဘူး ဆိုတာမျိုးပေါ့။ ဖုန်းကသုံးရတာဘယ်လိုဖြစ်မှန်းမသိဘူး အားလုံးကောင်းအောင်စစ်ပေးပါ ဆိုပြီးတော့ မပြောလိုက်ပါနဲ့ အစအဆုံးစစ်ပေးနေရရင် မိတ်ဆွေရဲ့ဖုန်းက ဆိုင်မှာပို ကြာသွားနိုင်ပါတယ်။
၂။ ဖြစ်ကြောင်းကုန်စင်ရှင်းပြပါ
-----------------------------------
ဖုန်းမပျက်ခင်ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို မှတ်မိသမျှပြောပြပါ။ "ဖုန်းကဘာဖြစ်သွားမှန်းမသိဘူး" တို့ "ကလေး ဘာလုပ်လိုက်လဲမသိဘူးတို့" ပြောမယ့်အစား ဖုန်းကတော့ဖြင့် ရေစိုသွားတယ်၊ ခါးကြားထဲအကြာကြီးထိုးမိထားတယ်(ချွေးစို)၊ ပြုတ်ကျဖူးတယ် စသဖြင့် ပြောပြပေးပါ ဒါမှ ကျွမ်းကျင်တဲ့သူကလည်း ဆက်စပ်စဉ်းစားပြီး အမြန်ဆုံးအဖြေရှာတွေ့မှာပါ။ဥပမာ ကိုယ့်ဖုန်းက ရေစိုထားဖူးတာကိုမေ့ပြီးမပြောမိဘဲ ဖုန်းက အကောင်းကနေ ဘာမှမဖြစ်ဘဲ မှန်ဆွဲမရတော့ဘူး လို့သာပြောရင် ဆားဗစ်ဆရာကလည်း ဖုန်းမှာ warranty ကျန်သေးရင် ဝယ်ခဲ့တဲ့ဆိုင်မှာပဲ ပြန်ပြဖို့ညွှန်းမှာပါ ရေစိုထားတဲ့ပြစ်ချက်ကြောင့် အာမခံတဲ့ကုမ္ပဏီကလည်း တာဝန်ယူမှာမဟုတ်တာကြောင့် အချိန်ကုန်လူပန်းဖြစ်နိုင်ပါတယ်။
၃။ ကိုယ်သုံးမယ့် ကုန်ကျစရိတ်ကိုပြောပြထားပါ
-----------------------------------------------------
သင့်ဖုန်းရဲ့ပြင်ဆင်ခကို တစ်ခါတစ်လေ ချက်ချင်းမသိနိုင်ပါဘူး။ စစ်ဆေးပြီးမှသာ သိနိုင်တာမို့လို့ ခန့်မှန်းကုန်ကျငွေကို မေးပါ။ မိမိပြင်နိုင်တဲ့ပမာဏကိုကြိုပြောထားပါ။ ဥပမာ "ဖုန်းပြင်ခ ၅၀၀၀၀ အထိတော့ ပြင်မယ်ကွာ အဲဒီထက်ကျော်မယ်ဆိုရင်တော့ အသစ်ပဲဝယ်တော့မယ်" ဆိုတာမျိုးပေါ့။ ဒါမှသာဆိုင်ကလည်း ပြင်သင့်ရင် ချက်ချင်းပြင်ပြီး ပြန်ဆက်သွယ်သင့်ရင်ဆက်သွယ်မှာပါ။
၄။ မလောပြပါနဲ့
------------------
တကယ်အရေးတကြီးလိုနေရင်တောင် အရမ်းကြီးမလောပြပါနဲ့။ ဘာကြောင့်လည်း ဆိုတော့ လူအတော်များများက အဲဒီနည်းလမ်းသုံးနေကြလို့ပါ။ "မနက်ဖြန်ခရီးထွက်ရမှာမို့လို့၊ အမြန်လေးလုပ်ပေးပါ"၊ "အလုပ်ကိစ္စအရေးတကြီးသုံးစရာရှိလို့၊ မြန်မြန်ရမှဖြစ်မယ်" ဆိုတာမျိုးက ဆိုင်တွေမှာကြုံနေကျမို့ သိပ်အသုံး၀င်မှာမဟုတ်ပါဘူး။ ပြီးတော့ အရမ်းကြီးလည်း အေးဆေးပြတာမျိုးကလည်း မကောင်းပါဘူး။ ပုံမှန်အတိုင်းပဲ အကျိုးသင့်အကြောင်းသင့် ပြောပြပါ။
၄။ ဆက်သွယ်ရမယ့်ဖုန်းပေးခဲ့ပါ
-------------------------------------
ဒါကတော့ ရှင်းပါတယ်။ ကိုယ့်ကိုဆက်သွယ်ဖို့ပါ။ တကယ်လို့ ပြင်ထားတဲ့ဖုန်းက အကြောင်းထူးတစ်ခုခုရှိလာခဲ့ရှိ မိမိရဲ့ဖုန်း ဒါမှမဟုတ် သူငယ်ချင်းရဲ့ဖုန်းနံပါတ်ကို ပေးဖြစ်အောင်ပေးခဲ့ပါ။
ကဲ...ဒီအချက်ကလေးတွေအတိုင်းသာ သေသေချာချာ လုပ်ခဲ့မယ်ဆိုရင် ဖုန်းပြုပြင်တဲ့သူနဲ့ ကိုယ်နဲ့ နားလည်မှုတွေမလွဲတော့ဘဲ မြန်မြန်သွက်သွက် ပြင်ဆင်ပြီးမှာမို့ ပြင်ဆိုင်ရောက်နေတဲ့ သင့်ရဲ့ဖုန်းကို အမြန်ဆုံးပြန်ပြီးအသုံးပြုနိုင်မှာပါ။
အားလုံးအစစအရာရာ အဆင်ပြေဖို့ ဆန္ဒပြုပါတယ်။🙏
21/05/2024
ဖုန်စုတ်ဖုန်ပြတ်များ ရေဝင်လုံးများ ရိုက်ခွဲလုံးများ ဘုတ်စုတ်ဘုတ်ပြတ်များ errorလုံးများဝယ်သည်
09971311135
05/04/2024
သင်္ကြန်တွင်း ငွေဖြည့်ကဒ် မရှိပူးမပြောချင်လို့
👌👌👌
သင်္ကြန် လက်ကားလိုသူတွေ ဆိုင်လာယူနော်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Conor Of Theingi Street & ThinTwel St Myothit POL
Maymyo