For link Fiber Internet
Nightmare
FTTH ဘာကြောင့် လိုင်းကျကျနေရတာလဲ?
မင်္ဂလာပါ ခဗျ ကျွန်တော် သိသလောက်လေး
ပြန် Share ပေးတာပါ.... ဆရာကြီးလုပ်တာမဟုတ်ပါဘူး....
ဆရာကြီးလုပ်တယ်ထင်ရင် ဒီpost ကို ကျော်သွားပေးဖို့မေတ္တာ ရပ်ခံပါရစေ......
FTTH အပြည့်အစုံက fiber to the home... ပါ
အိမ်တိုင်းရာရောက် ဖိုင်ဘာ ကြိုး နဲ့ တပ်ဆင်ပေးတာပါ.....
Fiber ကြိုးနဲ့ တပ်ပြီဆိုထဲက လိုင်းကတော့ ငြိမ်တယ်ဆိုတာ သိကြမှာပေါ့.... ဟုတ်ပါတယ် fiber ဆိုတာ လိုင်းငြိမ်ပါတယ်.........
ဒါဆိုဘာလို့ တချို့တွေ network ကျတာတွေ လိုင်းမငြိမ်တာတွေဖြစ်နေရတာလဲ... ဟုတ် ကဲ့ ကျွန်တော် အချက် (2)ချက်နဲ့ ရှင်းပြပါမယ်
(1) ပုံမှန် အားဖြင့် လိုင်းကျခြင်း
(2) ပုံမှန် မဟုတ်တဲ့ လိုင်းကျခြင်း
(1) ပုံမှန် အားဖြင့် လိုင်းကျခြင်း...
ဒါကတော့ အကုန်လုံးသိပြီးသာဖြစ်မှာပေါ့... (ရာသီဥတုမကောင်းလို့/
ကြိုးပြတ်လို့ / Servay တိုးမြင့်ဖို့ / ဓာတ်တိုင်းကြိုးပြတ်လို့ )
စသဖြင့်ပေါ့ အမျိုးမျိုးရှိကြတယ်။
(2)ပုံမှန် မဟုတ်တဲ့ လိုင်းကျခြင်း
ပုံမှန် မဟုတ်ဖူးဆိုတာ က တော့ လိုင်းပြတ်တာ ပုံမှန်မဟုတ်တာကို ပြောချင်းတာမဟုတ်ပါဘူး... ပုံမှန်လိုင်းကျနေတာကိုလဲ ပြောချင်းတာမဟုတ်ပါဘူး...
တကယ်တော့ fiber ကြိုးလေးတွေဆိုတာ သေးသေးမျှင်မျှင် လေးတွေပါ တနည်းအားဖြစ် ကြိုးလို့သာပြောတာ တကယ်တော့ ပိုက်လုံးလေတွေပါ အဲ့ဒီ ပိုက်လုံးလေတွေ ခေါက်တာပဲဖြစ်ဖြစ် ချိတ်ထားတဲ့ ကြိုးလေးတွေကိုပုံမှန်တပ်ထားတဲ့နေရာကနေတခြားတစ်နေရာကို ပြောင်းထားတာပဲဖြစ်ဖြစ် အဲ့လိုအချိန်ကြ ရင် စောစောက ပြောခဲ့တဲ့ fiber ကြိုးလေးတွေက ခေါက်နေရင် အဲ့ဒီပိုက်ကနေ သွားတဲ့ network က ငြိမ်ဖို့ဆိုတာ မဖြစ်နိင်တော့ပါဘူး... (ဥပမာ ရေ ပိုက်တစ်ချောင်းကို ခေါက်လိုက်သလိုပေါ့ ရေ သွားဖို့ ခက်ခဲသွားပါတယ်...)
ထို့ ကြောင့် fiber စသုံးတော့မယ်ဆိုရင်
ပထမသိထားရမှာက ကြိုးကို မခေါက်ဖို့ နဲ့ ကိုယ့်စိတ်နဲ့ ကိုယ် မေ့ရွပြောင်းမိဖို့ တော့ လိုပါမယ်
နောက်တခုက သတ်မှတ်ထားတဲ့ လူဦးရေ ပမာဏ ကျော်လွန်ပြီးသုံးဆွဲတာ ကိုယ်ယူထားတဲ့ mbps နဲ့ မမျှအောင် သုံးဆွဲတာမျိုးတွေပါ...( ဥပမာ - ကိုယ်ယူထားတာ 8mbps ၈ယောက်လောက်အသုံးပြုလို့ရတယ် အဲ့တာကို ၁၅ယောက်ထိ အသုံးပြုတာမျိုးပေါ့) ပြီးတော့ ယူထားတာ 4mbps၊ Download ဆွဲနေတာ 8mbps speed လောက်လိုချင်းတာမျိုးတွေပါ service သမားအများစု သိပါတယ် 8mbps speed ကို Downlonadဆွဲ ရင် 1mb သို့မဟုတ် 2mb လောက်ပဲတပ်ပါတယ်.... 2mb ဆိုရင် တော်တော် Downlonad speed ကောင်းနေပါပြီ
အဲ့ဒီတော့ နေရာပြောင်းချင်းတယ်ဆိုရင် ကိုယ်သုံးနေတဲ့ network ရဲ့ service's ကို အရင်ဆုံး တိုင်ပင်ပါ
ဝန်ဆောင်ခ တွေ ပေးနေရမှာကို မကြောက်ပါနဲ့ အခု ချိန်မှာ ဝန်ဆောင်ခ မယူပဲ Free ဝန်ဆောင်မူပေးနေတဲ့ network တွေအများကြီးပါ... မသုံးခင်တော့ သေချာ စဉ်စားပေါ့ ကိုယ်သုံးတဲ့ network ကဘယ်လောက်ဝန်ဆောင်မူကောင်းလဲပေါ့... ပုံမှန် အားဖြင့်လိုင်းကျတာပဲဖြစ်ဖြစ် ပုံမှန် မဟုတ်ပဲ လိုင်းကျတာပဲဖြစ်ဖြစ် ဘယ်လောက်အတိုင်းအတာထိရော service ပေးနိင်လဲပေါ့....
ကျေးဇူးတင်ပါတယ်ခဗျ ကျွန်တော်ရေးထားတာလေးကို အချိန်ပေးပြီး ဖက်ပေးလို့ ... ကျွန်တော်သိသလောက် လေးတွေ ထက်ပြီး reviews လုပ့်ပေးသွားပါအုံမယ်ခဗျ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Meiktila