Soe Moe - Notes
Learn and study
02/09/2023
------------------------------------------------
စံပယ်ပွင့်ချိန်
မထွေးနိုင် မအံနိုင်..ကိုယ့်မှာ-
တဖြည်းဖြည်းရုန်းကြွလာနေတဲ့
မီးပုံးပျံတစ်လုံးရှိတယ်
ကမ္ဘာမြေနဲ့ ဝေးရာ....ဝေးရာ.....ဆီသို့။
ဆွံ့ ဆွံ့ အအ..ကိုယ့်မှာ-
ဇစ်(zip) ဖွင့်ပြဖို့တောင် အတော်ခက်နေတဲ့
အ---အ အိပ်မက်တခုရှိတယ်
တိမ်ပြာသော နေ့တွေ.......နေ့တွေ......ဆီသို့။
ပုန်းလျှိုးကွယ်လျှိုးကိုယ့်မှာ-
လူတကာ လှောင်ပြောင် နှပ်ပစ်ခံရနိင်တဲ့
မိုးမလုံ လေမလုံ ဆန္ဒ အိမ်လေးတခုရှိတယ်
စိုးထိတ်မှုတွေ စိုလို့ .......ရွှဲလို့.။
တိမ်မယောင်နဲ့ နက်တဲ့
အလင်းနှစ်......
မင်းအချစ်......
စကားထာတပုဒ်ဆိုစေဦး......
ကဗျာတပုဒ်ဆိုစေဦး.....
၀ိုးတဝါးအတွေးထဲမှာတော့
( အကန်း ) တစ်ယောက်အတွက်
စံပယ်ရုံလေးတခုပေါ့။
အိမ်မက်ရနံ့တွေ
တိမ်းဆွတ်....
ယိမ်းညွတ်....။
အဆင်းအရောင် မသိရသေးပေမဲ့
ရင်ထဲမှာတော့
ဖွေးလို့....
ဖြူလို့.....။
ငွေစံပယ်တစ်ရုံလုံး ဘယ်တော့ပွင့်မှာလဲ။...?
မောင်းဆွဲထားတဲ့ ရင်ထဲကမြားတစ်စင်း
ချွန်းအုပ်အုပ်ထားရင်....ညှို့အတင်း...
မသိစိတ်၀ယ်....
သိစိတ်၀ယ်....
လက်လွတ်စပယ် ဖြစ်ခဲ့တယ်....။
----------------------------------------------------------------
ဦးဏှောက် ခြောက်မှာဆိုးရင် မဖတ်ပါနဲ့
တချိန်ကဖတ်ခဲ့ဘူးတဲ့ ပုဂံရာဇဝင်စာအုပ်တအုပ်မှာ..ကျန်စစ်သားက စောလူမင်းကိုကယ်ဖို့အတွက် ပုဂံကနေ အောင်သာအရပ်ကို မြင်းစစ်သည်တော်တွေနဲ့ တရက်ထဲနဲ့ အသွားအပြန်လုပ်ခဲ့တယ်
မှတ်ချက်..မူရင်းစာရေးသူက အောင်သာအရပ်ရဲ့တည်နေရာကို အတိအကျ ထည့်သွင်းရေးသားခဲ့ခြင်းမရှိပါ...
လွန်ခဲ့တဲ့နှစ်အနည်းငယ်က အောင်သာအရပ်ကို မထင်မှတ်ပဲတွေ့ခဲ့တယ်..အနီးစပ်ဆုံးပြောရရင်
ဝမ်းတွင်း နဲ့ ကူမဲ ကြားလောက်မှာရှိပါတယ်
တကယ်လို့ အဲ့နေရာသာ အစစ်အမှန်သွားခဲ့တဲ့နေရာဆိုရင် အခုချိန် ကားနဲ့သွားမယ် ဆိုရင် 80ကီလိုအထက် ကတ္တရာလမ်းအတိုင်း မောင်းရင် အသွားအပြန် ၁၃ နာရီ အနည်းဆုံးကြာမယ်...
ပုဂံနားတဝိုက်မှာ အောင်သာအရပ်ဆိုတာရှိခဲ့ရင်တော့ မပြောတတ်ဘူး
ဝမ်းတွင်းနဲ့ ကူမဲကြားက အောင်သာ ဆိုရင် သူတို့မြင်းတွေနဲ့ ဘယ်လမ်းကနေ ဘယ်လိုသွားခဲ့တာလဲ
# # # # # # # # # # # # # # # # # # # # # # # # # # # # #
နောက်တခုက
တရက်က ဝမ်းတွင်းဘက်က ဘုန်းကြီးကျောင်းတခုကို မြေလှူဖို့သွားရင် ဘုရားစု ရွာကိုရောက်ခဲ့တယ် အဲ့မှာ မြေတူးရင် အညာ အခေါ် ကျောက်ရောမြေ/ဂျင်းမြေ...ရန်ကုန် အခေါ် အာလူးကျောက်/မြစ်ကျောက်တွေ အများကြီးကို တွေ့မိတယ်..
ဆိုလိုချင်တာက အဲ့နေရာမှာ မြစ်တခု သို့မဟုတ် တော်တော်ကြီးတဲ့ ချောင်းတခုရှိခဲ့လိုသာ အဲ့ကျောက်တွေကိုတွေ့နိုင်တာပါ
အဲဒိ ချောင်း/မြစ် ကကော ဘယ်ခေတ်မှာ တိမ်ကောခဲ့တာလဲ....
ဘာလဲ
ဘာလဲ
ဘာတွေလဲ
ပျင်းလို့တွေးမိတွေးရာလျောက်ရေးမိတာပါ 😁
နောက်တခါပျင်းရင် သာစည် ညောင်ရမ်းက.. ညောင်ရမ်းမင်းသားကြီး ရဲ့ နန်းတော် အကြောင်းနဲ့ သာစည်မှာ တည်ရှိတဲ့ ပုဂံက ရွှေစည်းခုံ ပုံတူ ဘုရားအကြောင်း ရေးပါဦးမယ်
Click here to claim your Sponsored Listing.
Telephone
Website
Address
Meiktila