Animals House
We Love Animals so we do pet service Business. We can available for any appointmented customer
26/12/2021
How to take care of your puppies❓
သင့်ရဲ့ ခွေးငယ်လေးတွေကိုဘယ်လိုပြုစုမလဲ❓
ခွေးငယ်လေးတွေကို စနစ်တကျ ဘယ်လိုဂရုစိုက် မွေးမြူရမလဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။
ခွေးငယ်လေးတွေဟာ အင်မတန်မှဂရုစိုက်ရပါတယ်။
အထူးသဖြင့်ငယ်တုန်းအချိန်မှာ weaning period (သားခွဲတဲ့အချိန်) ၄၅ရက်မှာ ဂရုစိုက်ဖို့လိုပါတယ်။အဲ့အချိန်က အရေးကြီးဆုံးအချိန် ဖြစ်လို့သူတို့ရဲ့ခန္ဓာကိုယ်က ခုခံအားစနစ်ရော အူလမ်းကြောင်းတွေရဲ့ အလုပ်လုပ်ပုံကရော
မပြည့်စုံသေးတဲ့ အချိန်မှာ ရောဂါတွေဝင်လွယ်ပါတယ်။
✅ ပထမအနေနဲ့ အစာနဲ့ပတ်သက်ပီးပြောပါမယ်။
အစာကတော့ dog food puppy စာ တစ်မျိုးထဲပဲကျွေးပါ။လူစားတဲ့ အစာတွေလျောက်မကျွေးပါနဲ့။တချို့က ပြောပါတယ် ဒီနေရာမှာ dog food puppyစာ မစားဘူးတဲ့ဆရာ။
မိခင်နို့ပြတ်ကထဲက ကျွေးရင် စားပါတယ်။တချို့က ကြက်သားပြုတ်ကျွေးပါတယ်။မကျွေးလို့မရတာတော့ မဟုတ်ပါဘူး အဲ့ချိန်က အူလမ်းကြောင်းက ကောင်းကောင်းမဖွံ့ဖြိုးတဲ့အချိန်မှာ ဒီအသားတွေကို သူတို့ရဲ့ အူလမ်းကြောင်းက ကောင်းစွာမချေဖျက်နိုင်သလို ကောင်းစွာလဲ အာဟာရဓါတ်တွေကို ပြည့်ပြည့်ဝဝ မစုပ်ယူနိုင်ပါဘူး။အခန့်မသင့်ရင် အူလမ်းကြောင်းရောင်ရမ်းတာတွေဖြစ်ပီးတော့ အခြားမလိုလားအပ်တဲ့ရောဂါတွေ ဝင်လာနိုင်ပါတယ်။
ဒါကြောင့် တက်နိုင်သမျှ ငယ်တုန်းအချိန်မှာ puppyစာ တစ်မျိုးထဲပဲ ကျွေးပါ။puppyစာထဲမှာ ခွေးငယ်လေးတွေအတွက်လိုအပ်မဲ့ nutrient အာဟာရအကုန်ပါပြီးသားဖြစ်ပါတယ်။
✅ ဒုတိယအနေနဲ့ပြောချင်တာ ခွေးငယ်လေးတွေကို လျှောက်လွှတ်မထားပါနဲ့။သူတို့က လျှောက်သွားပီး အေးတဲ့နေရာတွေမှာ အိပ်မယ်။ကျောက်စရစ်လေးတွေ ခဲလေးတွေကို ကောက်စားမိမယ်။မာတဲ့အရာတွေကို သွားယားလို့ကိုက်တဲ့ အခါ အဲ့မာတဲ့အပိုင်းစလေးတွေက အူလမ်းကြောင်းထဲ၀င်သွားပြီး အူလမ်းကြောင်းမှာ စူးနေရင် ဗိုက်နာတာတွေ ဝမ်းသွားတာတွေ အန်တာတွေဖြစ်လာပီး ခုခံအားကျရာကနေ ရောဂါပိုးတွေဝင်ရောက်တက်ပါတယ်။
✅ နောက်တစ်ခုက အေးတဲ့နေရာတွေမှာ မထားပါနဲ့။ရေစိုစိုနေရာတွေ ကြွေပြားပေါ်တွေမှာ ရေချိုးခန်းလို အေးတဲ့နေရာတွေ airconအခန်းတွေထဲမှာ ပန်ကာရှေ့မှာ အကြာကြီးထားတာမျိုးတွေရှောင်ကြင်ပါ။
✅ကာကွယ်ဆေးအပြည့်စုံထိုးပီး အသက် ၅လလောက်မှ ရေချိုးပေးပါ။အအေးဓါတ်ကလဲ သွေးကြောတွေကို ကျုံ့စေပီး သွေးလည်ပတ်မှု ကောင်းကောင်းမရတဲ့အခါ ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်ကို ကျစေလို့ အသက်ရှူလမ်းကြောင်းရောဂါတွေ သွေးဝမ်းလိုကူးစက်ရောဂါတွေဝင်ရောက်တက်တာကို သတိပြုပါ။
ဖြစ်နိုင်မယ်ဆို အကျီလေးတွေဝတ်ထားပေးပါ။
✅ပုံမှန် သံချဆေးတိုက်ပါ။
✅ကာကွယ်ဆေးကိုလဲ ပုံမှန်ထိုးပါ။
Hein _ Veterinary Clinic
Click here to claim your Sponsored Listing.
Category
Website
Address
Kyaung Street
Mingaladon
11021
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |