Aung la

Aung la

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung la, Business service, Myitkyina, kachinland, Mogaung.

27/09/2022

#သံပုရာပင် အကိုင်းကူးနည်း_🍊🍊🍊

ဒီနည်းက အင်္ဂလိပ်လို"Air Layering Citrus"လို့ခေါ်ပါတယ်။

အကိုင်းကူးယူတော့မည့်ဆိုလျှင် အုန်းသီးအခွံမှ ထွက်ရှိသော အမှုန့် အုန်းဆံမှုန့်ကို ကြိုတင်ပြီး ရေဝအောင် အရင်စိမ်ထားပေးပါ။

ကိုင်းကူးယူတဲ့နေရာမှာ မိမိကူးယူလိုသော အကိုင်းကို ပုံမှာပြထားသလို တစ်လက်မခန့် အကျယ်ယူ၍ သံပရာပင်၏ အခေါက်ကို ခွာထုတ်ပေးလိုက်ပါ။

ဒါဟာ အပင်အမနှင့်ကိုယ်ကူးယူမည့်အကိုင်းကို ရေကြောဖြတ်ပစ်တဲ့သဘောပါ။

အခေါက်ခွာသည့်နေရာမှာလည်း အရိုးတံ ပတ်ပတ်လည်မှာ သေချာသန့်ရှင်းစွာ ခြစ်ထုတ်ပေးရပါမယ်။

သေချာခြစ်ထုတ်မပေးပါက ရေကြောဆက်နေတတ်ပြီး အမြစ်မထွက်လာတတ်ပါ။

အဲသလိုသန့်စင်စွာခွာထုတ်ပြီးပါက ရေစိမ်ထားသော အုန်းဆံအမှုန့်ကို ရေညှစ်၍

ပလပ်စတစ်အိတ်ထဲထည့်ကာ ပုံမှာပြသထားသည့်အတိုင်း ပြင်ပရေမ၀င်နိုင်အောင် ကျစ်လစ်စွာ ချည်နှောင်ပြီး စည်းပေးထားလိုက်ပါ။

တစ်လခန့် ကြာသော် ၎င်း နေရာမှ အမြစ်လေးများ စတင်ထွက်ရှိလာပါလိမ့်။

အမြစ်များ လုံလောက်စွာ ထွက်ရှိလာပါက မိမိစိုက်ပျိုးလိုသော နေရာသို့ ဖြတ်တောက်၍

ပြောင်းရွေ့စိုက်ပျိုးနိုင်ပါသည်။

ကျေးဇူးတင်ပါတယ်...။

Credited
agricultural service business

Want your business to be the top-listed Business in Mogaung?
Click here to claim your Sponsored Listing.

Telephone

Website

Address


Myitkyina, Kachinland
Mogaung