Rangoon VIP Car Services
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rangoon VIP Car Services, Motor Vehicle Company, Mogaung.
21/08/2022
နောက်ဆုံးရောက်ရှိနံပါတ်များ
11/08/2022
Photo - Crd
05/05/2022
ရုတ်တရက် ကားဘရိတ်ပေါက်သွားရင် ဘာလုပ်သင့်သလဲ
ယာဉ်မောင်းသူတိုင်း သိထားသင့်တဲ့ အချက်လေးတွေ ဖြစ်လို့ ပြန်လည်မျှဝေပေးချင်ပါတယ်။
အခြေခံအားဖြင့်တော့ ကားမှာ ပုံမှန် ဘီးလေးဘီး စလုံးအလုပ်လုပ်တဲ့..
Hydraulic Brake – ဘရိတ်ဆီ Fluid Pressure နဲ့ ကားဘီးလေးဘီးကို ထိန်းချုပ်ပါတယ်။ Electromagnetic Brake – Electric Motor နဲ့ ကားကို ထိန်းချုပ်ပါတယ် (အထူးသဖြင့် Fuel + Battery Hybrid Car တွေမှာပါပါတယ်)။
Servo Brake – Vacuum Pressure နဲ့ ကားဘီးလေးဘီးကို ထိန်းချုပ်ပါတယ်။
မော်တော်ယာဉ်တစ်စီးတွင် အဆိုပါ ဘရိတ်စနစ်တွေထဲက တစ်ခုခု ပါဝင်ပါတယ်။ တကယ်လို့များ တစ်ခုခုချွတ်ယွင်းသွားလို့ ဘရိတ်ပေါက်သွားခဲ့ရင် အခုပြောပြပေးမယ့် အရေးပေါ်လုပ်ဆောင်ချက် တွေကို မှတ်ထားပါ။
(၁) ယာဉ်ရှင်းသော လမ်းကြောကို ပြောင်းယူပါ။ အချက်ပြ စုံမီး ပြပါ။ ဟွန်း မီး တောက်ပြီး မိမိကား စက်ချွတ်ယွင်း နေကြောင်း လမ်းကြောတူ အရှေ့ ကားများကို သတိပေးပါ။ တစ်ချိန်တည်းမှာပဲ Brake Pedal ကို ခြေဖြင့် လေးငါးကြိမ် နင်းစမ်းပြီး Power တက်အောင် လုပ်ကြည့်ပါ။
(၂) (Manual Transmission) ကားများအတွက် လက်ရှိ သွားနေတဲ့ ဂီယာ ကနေ နံပါတ်အမြင့်ဆုံးကို တစ်ဆင့်ချင်းချိန်းချပါ။ ဥပမာ သင့်ကားက ဂီယာ နံပါတ် ၄ မှာဆို နံပါတ် ၁ အထိကို တစ်ဆင့်ချင်းချိန်းချ ခြင်းဖြင့် ကားဂီယာဘောက်စ် မှတစ်ဆင့် ကားရဲ့ အရှိန်ကို ပုံမှန်ထက်ပိုပြီး မြန်မြန် အရှိန်လျော့သွားစေမှာ ဖြစ်ပါတယ်။
(Automatic Transmission) ကားများအတွက် အော်တိုဂီယာကားတွေဆိုရင်တော့ ဂီယာ D ကနေ 2.. ထိုမှ L အထိ မန်ယူရယ် ဂီယာတွေ အတိုင်း ပြောင်းထိုးပြီး ကားအရှိန်ကို လျော့သွားအောင်လုပ်ပါ။ ဒီလို ဂီယာပြောင်းပြီး ကားအရှိန်လျော့ သွားအောင်လုပ်ခြင်းကို Engine Braking လုပ်တယ်လို့ခေါ်ပါတယ်။
အထူးရှောင်ကြဉ်ရန်
Free Gear/ N Neutral Gear ကို လုံးဝ မထိုးမိဖို့ အထူး သတိပြုပါ။ Free Gear ထိုးလိုက်ခြင်းဖြင့် အင်ဂျင် နဲ့ ဂီယာဘောက်စ် ကို Disconnect အဆက်အသွယ်ဖြတ်လိုက်ခြင်းဖြစ်ပြီး ကားလက်ရှိသွားနေသော ကိန်းသေအလျင် ကို ထိန်းထားနိုင်စွမ်း လုံးဝမရှိတော့ပါဘူး။
(၃) နောက်ထပ်လုပ်ရမှာကတော့ ကားရဲ့ အဲကွန်း..မီး..heater အစရှိတဲ့ accessories အားလုံးကို သုံးပါ။ ဒီလိုလုပ်ခြင်းဖြင့် ကားရဲ့ အရှိန်နဲ့ ပါဝါကို Alternator ကနေတစ်ဆင့် ရုတ်လျော့သွားစေမှာဖြစ်ပါတယ်။ (Alternator ဆိုတာကတော့ မြန်မာလို မော်တာ လို့ သိကြတဲ့ Battery ကို ကားမောင်းနေစဉ် Charging ပေးပြီး ကားလည်ပတ်ဖို့ လိုအပ်တဲ့ Electric Power ကို Electrical System ကို လျှပ်စစ်ဓါတ် ပို့လွှတ်ပေးနေတဲ့ အရာဖြစ်ပါတယ်။)
(၄) နောက်ဆုံးအနေနဲ့ Emergency Brake/Hand Brake ကို တဖြည်းဖြည်းချင်းဆွဲတင်ပြီး ကားအရှိန်ကို ထိုးကျသွားအောင်လျော့ပါ။
အထူးရှောင်ကြဉ်ရန်
အရေးပေါ်ဘရိတ် Hand brake သည် ကားရဲ့ နောက်ဘီး နှစ်လုံးကိုသာ ထိန်းကြောင်းပေးသော စနစ်ဖြစ်တာကြောင့် သီအိုရီအရ 20km/hr နှုန်းမှသာ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ High Speed နဲ့ သွားနေတဲ့ အချိန် အသုံးပြုလိုက်ရင် ကားဟာ ချာလည်ပတ်လည် သွားမှာပါ။
(၅) ရွေးချယ်စရာ မရှိတော့တဲ့ အချိန်မျိုးရောက်သွားခဲ့ရင်တော့ အဆုံးအရှုံးနည်းနိုင်မယ့် နည်းကိုပဲရွေးရတော့မှာပါ။ အကာအရံတစ်ခုကို ကားရဲ့ဘေးပါးခြမ်းနဲ့ ပွတ်ဆွဲပြီး ကားရဲ့ အရှိန်ကို လျော့လိုက်ပါ။ ဒါကတော့ ဘယ်သူမှ မလိုချင် မလုပ်ချင်တဲ့ ရွေးချယ်မှုပါ။ ဒါပေမဲ့လည်း လိုအပ်ရင်တော့ တစ်ခုခု ဆုံးဖြတ်ရမှာပဲလေ။
အားလုံးဘေးအန္တရာယ်ကင်းရှင်းနိုင်ကြပါစေ…
23/11/2020
ကညနရုံးဝန်ဆောင်မှုလုပ်ငန်းများ ဒီဇင်ဘာ ၁ ရက်တွင် ပြန်လည်စတင်မည်
------ ------ ------ ----- -----
ကိုဗစ်ပြည်တွင်းကူးစက်မှုများကြောင့် ရပ်နား ထားသည့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန) ဝန်ဆောင်မှုလုပ်ငန်းများကို ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ ပြန်လည်ခွင့်ပြုဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ကညနရုံများ ပြန်လည်ဖွင့်လှစ်၍ ဝန်ဆောင်မှုလုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးရာတွင် COVID-19 ရောဂါကုသ၊ ကာကွယ်၊ ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ကျန်းမာရေး ထုတ် ပြန်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကာ ကနဦးယာဉ်မှတ်ပုံတင်ခြင်း လုပ်ငန်းများအား အွန်လိုင်းမှ ကြိုတင်စာရင်းပေးသွင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးမျိုးကျော်က ပြောသည်။
''လုပ်ငန်းတွေ ပြန်လည်စတင်တာနဲ့ ကနဦးကြိုတင်စာရင်းပေးသွင်းပြီး လုပ်ရမယ်။ ဖြေလျှော့မှုတွေကတော့ ယခင်အတိုင်းပါပဲ။ အခုရုံးတွေပြန်ဖွင့်နိုင်ဖို့ ကျန်းမာရေးစိစစ်မှုတွေ ဆောင်ရွက်နေတယ်။ ဒီနေ့ပဲ စစ်ဆေးမှုလုပ်နေပါတယ်''ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ဆင့်ပွားကူးစက်သူဦးရေ များပြားလာသည့်အတွက် လူစုလူ ဝေးဖြစ်စေနိုင်သည့် ကညနရုံးများ၏ မော်တော်ယာဉ် လိုင်စင်သက်တမ်းတိုးခြင်း၊ ယာဉ်မောင်းလိုင်စင်သက် တမ်းတိုးခြင်းလုပ်ငန်းများကို COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီ၏ အမိန့်ညွှန်ကြားချက်ဖြင့် စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
''ကျွန်တော်တို့အနေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေရပ်ဆိုင်းထားပေမဲ့ ရုံးတွင်းမဖြစ်မနေလုပ်ရမည့် လုပ်ငန်းအချို့ကို ဝန်ထမ်းတဝက်ဆင်း၊ တဝက်နားပြီး စာပေးစာယူစနစ်နဲ့ ဆောင်ရွက်နေတာပါ။ လက်ရှိဝန် ဆောင်မှုလုပ်ငန်းတွေ ပြန်လည်စတင်ဖို့လုပ်ဆေင်နေပါတယ်''ဟု ကညန(မြင်သာ) ရန်ကုန်တိုင်းညွှန်ကြား ရေးမှူး ဦးသိန်းထွဋ်က ပြောသည်။
ထို့ကြောင့် ကညနရုံးများ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် နိုဝင်ဘာ ၁၈ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကညနဦးစီးမှူးရုံး(ရန်ကုန်)၊ တိုင်းဒေသ ကြီးရုံးခွဲ (ရွာသာကြီး)၊ ခရိုင်ရုံး (ရန်ကုန်အနောက် ပိုင်း)၊ ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း)၊ ခရိုင်ရုံး (ရန်ကုန် တောင်ပိုင်း)၊ ခရိုင်ရုံး (ရန်ကုန်မြောက်ပိုင်း)ရုံးများကို စိစစ်၍ COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့တင်ပြထားကြောင်း သိရသည်။
ကညနဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်လက်ခံဆောင်ရွက်ပေးရာတွင် ရပ်နားထားသည့်ကာလအတွင်း ကနဦး မှတ်ပုံတင်ယာဉ်များ၏ ရက်လွန်ဒဏ်ကြေး၊ သက်တမ်းတိုးမော်တော်ယာဉ်နှင့် ယာဉ်မောင်း လိုင်စင်များ၏ သက်တမ်းလွန် ဒဏ်ကြေးများ အပါအဝင်လုပ်ငန်းဆိုင်ရာများကို အများပြည်သူ ထိခိုက်နစ်နာမှုမရှိစေရန် တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးသပ်ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
Credit - ကျော်သူ
29/09/2020
ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် မော်တော်ယာဉ် ဝယ်ယူခွင့်ကိစ္စနှင့် စပ်လျဉ်းသည့် ကြေညာချက်
02/09/2020
ကားလိုင်စင်သက်တမ်းတိုးနိုင်မည့် မြို့နယ်စာရင်းများ
ဆက်သွယ်ရန် - 067405038 (ကညန)
Photo - Credit
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mogaung
11111