MY Mobile

MY Mobile

Share

Online / Quality Shop

24/10/2025

ဒီမှာ

12/09/2024

ရေကြီးနိုင်ခြေ ရှိ ၊ မရှိ ဆိုတာကို ကြိုတင်စစ်ဆေးနိုင်တဲ့ နည်းစနစ်

မူရင်း ခရက်ဒစ်ပါ

အားကောင်းတဲ့ တိုင်ဖုန်းမုန််တိုင်း ရာဂီကြောင့် မြန်မာနိုင်ငံအတွင်း ရေကြီးမှုဖြစ်စဉ် ဖြစ်ပွားနေချိန် မှာ နည်းပညာ ပညာရှင်တွေက ရေကြီးနိုင်ခြေ ရှိ ၊ မရှိ ဆိုတာကို ကြိုတင်စစ်ဆေးနိုင်တဲ့ နည်းစနစ် တွေကို မျှဝေပေးနေပါတယ်။

" မိုးလေဝသ သတင်းကို အခုခေတ်မှာက မြို့နယ် အဆင့်အထိ ဂြိုလ်တုကနေ တွက် ထုတ်ပေး နေတာကို အသုံးချတတ်ဘို့ လိုပါတယ်။ ဆုတောင်းတာတွေ ဗေဒင်မေးတာတွေ လုပ်နေမယ့်အစား၊ practical ကျကျ လုပ်သင့်တာကို လုပ်ကြပါ။ Google Flood Hub ဆိုတဲ့ research project က မိမိမြို့က ရေကြီးမယ်/မကြီးဘူး၊ အဝေးက မြို့တစ်ခု အခု ရေကြီးနေသလား/မကြီးဘူးလား ဆိုတာကို LIVE update ကြည့်ရှုနိုင်တာလေး မျှလိုက်ပါတယ်။" လို့ အိုင်တီပညာရှင်တစ်ဦး ဖြစ်သူ ကိုဇော်ထွဋ်က သူရဲ့ ဖေ့စ်ဘွတ်ခ်ကနေ မျှဝေထားပါတယ်။

အခုစစ်ဆေးနိုင်တဲ့ နည်းပညာက မြန်မာနိုင်ငံအတွင်း မြို့နယ်တိုင်းကို စစ်ဆေးလို့ မရရှိ သေးဘူးဆိုပေမယ့်လည်း ကြည့်လို့ရတဲ့နေရာတွေထဲမှာ ကိုယ်ကြည့်ချင်တဲ့နေရာ ပါ ၊ မပါ ဆိုတာကို သေခြာအောင် စစ်ဆေးပါလို့လည်း အသိပေးထားပါတယ်။

ရေကြီးနိုင်ခြေ ရှိ ၊ မရှိ ဆိုတာကို
https://sites.research.google/floods/l/18.310320002788735/96.67103529748611/5.2523710502539815?layers&fbclid=IwY2xjawFP0EBleHRuA2FlbQIxMAABHf_82-8oIJ7ye2qDZOzrE5EdwC_eiGt9Hqb8PPD9NePUqOvP45xgQm_Ysw_aem_q2baZ8LbXSXyKdRSNKuDyw
လင့်ထဲကိုဝင်ရောက်ပြီးတော့ ၊ မိမိ အခု ရောက်ရှိနေတဲ့ နေရာကို ရေကြီးနိုင်/မကြီးနိုင် စစ်ဆေးမယ် ဆိုရင် "အနီရောင် မျှား" ပြထားတဲ့ my location ခလုတ်ကို နှိပ်ကြည့်ရမှာဖြစ်ပါတယ်။

အခြားမြို့ကို စစ်ဆေးကြည့်ချင်တယ်ဆိုရင် အပြာရောင် မျှား" ပြထားတဲ့ မှန်ဘီလူးကို နှိပ်ပြီး၊ သိလိုတဲ့ မြို့/ရွာ နာမည်ကို ရိုက်ထည့်ပြီး ရှာကြည့်လို့ ရပါတယ်။ အဲဒီလိုစစ်တဲ့အခါမှာ စစ်လို့ရတဲ့ ဧရိယာတွေထဲ ပါမှသာ ပြသမှာဖြစ်ပါတယ်။

"မြေပုံကို တန်းပြီး အကြီးချဲ့ကြည့်လို့လည်း ရပါတယ်။ ရွှေ့ကြည့်လို့လည်း ရပါတယ်။ ပုံထဲက ညာဘက်ခြမ်းမှာ ပြထားသလို လွန်ခဲ့တဲ့ ၂ ရက်က အခြေအနေ၊ ယနေ့ အခြေအနေ၊ နောက်တစ်ရက် အခြေအနေ တို့ကို ပြသထားတာ တွေ့ရပါမယ်။" လို့ ကိုဇော်ထွဋ်က ရှင်းပြထား ပါတယ်။

ကိုယ်ကြည့်ရှုတဲ့နေရာက အနီရင့်ရောင်ဆို အန္တရာယ် အများဆုံးဖြစ်ပြီး အဝါရောင် မျှားချွန်လေးဆိုရင် သတိထားရမှာဖြစ်တယ် ဆိုတာနဲ့ အစိမ်းရောင် ဆိုရင်တော့ အန္တရာယ် မရှိဘူးလို့ ဆိုပါတယ်။

ဒါအပြင်UNOSAT S-1 ( https://unosat-rm.cern.ch/FloodAI/apps/MMR/?fbclid=IwY2xjawFP0QVleHRuA2FlbQIxMAABHf_82-8oIJ7ye2qDZOzrE5EdwC_eiGt9Hqb8PPD9NePUqOvP45xgQm_Ysw_aem_q2baZ8LbXSXyKdRSNKuDyw) ဆိုတဲ့ ကမ္ဘာ့ ကုလသမဂ္ဂရဲ့ မိုးလေဝသ ဂြိုလ်တုမှာလည်း ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။

UNOSAT S-1 က ရေကြီးပြီးသွားမှ ဘယ်ဒေသတွေမှာ ဖြစ်ခဲ့တာလည်းဆိုတာကို ကြည်ရတာဖြစ် တဲ့အတွက် ကယ်ဆယ်ရေး ပရဟိတ သမားတွေအတွက် ပိုအသုံးဝင်မှာ ဖြစ်တယ်လို့လည်း ကိုဇော်ထွဋ်က ရှင်းပြထားပါတယ်။

30/06/2024

ဖုန်းဘေ ဝယ်ရခက်နေတဲ့ မိုးကုတ် အရှေ့ပိုင်း၊ အနောက်ပိုင်းက သူတွေအတွက်ဖုန်းဘေအလှူလေး တက်နိုင်သလောက် ကူညီချင်ပါတယ်ဗျ ၊
Page ChatBox မှာ ဖုန်းနံပါတ်လာပြောပေးပါဏော် Any Operator ၊ Profile Check ပြီးမှ ထည့်ပေးမှာပါဗျ ၊ လိုင်းမရတဲ့အနောက်ပိုင်းက သူတွေကိုလည်း တစ်ဆင့်စကား ပြောပေးကြပါဦး 🤝🤝🤝 သို့ ဆိုင်ဖုန်းနံပါတ်ကို message or miss call ပို့ပေးပါဗျ
#အားလုံး ဘေးရန်ကင်းကြပါစေ 🙏🙏🙏

Want your business to be the top-listed Shop in Mogok?
Click here to claim your Sponsored Listing.

Telephone

Website

Address


National Highway
Mogok
05092