MiT Computer Training Centre
Old ways don't open new door....
20/11/2023
M i T
Computer Training Centre
- Computer ကို အခြေခံကစပြီး သွက်သွက်
လက်လက် သုံးတတ်ချင်သူများ ...
- Computer လုံးဝမကိုင်ဖူးသေးသူများ ...
- Computer သုံးဖူးပေမဲ့ စနစ်တကျ မသုံးတတ်. သေးသူများအတွက်....
- Computer ကို အခြေခံမှစ၍ စနစ်တကျ
သင်ကြားပေးမှာဖြစ်ပြီး ကျွမ်းကျင်ပိုင်နိုင်တဲ့
အထိ သေချာ လေ့ကျင့်ပေးမှာဖြစ်ပါတယ်...
ကွန်ပျူတာ အခြေခံသင်တန်း (Computer Basic)
ပြီးဆုံးပါက မိမိကိုယ်တိုင် စာစီစာရိုက်ပြီး ကိုယ်တိုင်
Print Out ထုတ်နိုင်သည် အထိ အာမခံ သင်ကြားပေးပါသည်။
၅ နှစ်အထက် ကလေးငယ်များအတွက် လဲ
ကွန်ပျူတာနှင့်ရင်းနှီးကျွမ်း၀င်မှုရှိအောင်
Computer For Kids အတန်းတွင်တက်ရောက်
နိုင်ပါသည်။
ဆက်သွယ်ရန် - ဖုန်း 09-792777203
လိပ်စာ - ဈေးဟာင်းရပ် ၊ MAB Bank အနောက်။
14/06/2023
intel CPU (i3/i5/i7) မော်ဒယ်တစ်ခုနဲ့တစ်ခု ဘာကွာသလဲ❓
---------------------------------
အက်ဒမင်တို့ ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုရင် မဖြစ်မနေ ရွေးချယ်ရမယ့် အစိတ်အပိုင်းတစ်ခုက CPU (Central Processing Unit) ဖြစ်ပါတယ်။ ကွန်ပျူတာစနစ်တစ်ခုရဲ့ တွက်ချက်မှုတွေကို ပြုလုပ်ပေးတဲ့ အစိတ်အပိုင်းဖြစ်လို့အရေးပါပါတယ်။ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည် မြန်ခြင်းနှေးခြင်းကို လွန်စွာသက်ရောက်မှုရှိပါတယ်။
1️⃣Personal Computer (PC) တွေမှာ အဓိကအသုံးပြုတဲ့ CPU အမှတ်တံဆိပ်နှစ်ခုရှိပါတယ်။ တစ်ခုက Intel ဖြစ်ပြီး နောက်တစ်ခုက AMD ဖြစ်ပါတယ်။ AMD ရဲ့ CPU တွေကို မြန်မာနိုင်ငံမှာ အသုံးအလွန်နည်းပါတယ်။ ယေဘုယျအားဖြင့် Intel CPU တွေက စွမ်းဆောင်ရည်ပိုကောင်းတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် Intel ဆိုတိုင်း ပိုကောင်းတယ်၊ AMD ဆိုတိုင်း ညံံ့တယ်ဆိုရင် လုံးဝမှားပါတယ်။ မော်ဒယ်အလိုက်၊ စျေးနှုန်းအလိုက်အားသာချက်၊ အားနည်းချက်တွေရှိပါတယ်။
2️⃣ Intel က သူရဲ့ CPU တွေကို အသုံးပြုသူတွေ နားလည်လွယ်အောင် စီးရီးတွေ ခွဲခြားထုတ်လုပ်ပါတယ်။
🎆 စွမ်းဆောင်ရည်အနိမ့်ဆုံးစီးရီးကို အက်တမ် (Atom) စီးရီးနဲ့ ဆယ်လီရွန် (Celeron) စီးရီး
🎆 ဒုတိယအနေနဲ့ ပင်တီယမ် (Pentium) စီးရီး၊
🎆 Core i3/ Core i5/ Core i7 စသည်ဖြင့် စွမ်းဆောင်ရည်အဆင့်ဆင့် သတ်မှတ်ရောင်းချပါတယ်။
🎆 Desktop CPU တွေမှာ Core i9 ကို ၂၀၁၈ ခုနှစ်မှာစတင်ထုတ်လုပ်ပါတယ်။
🎆 အလွန်ပါးလွှာတဲ့ လက်တော့ (Ultra-book) နဲ့ တက်ဘလက်တွေအတွက် ပါဝါစားသက်သာတဲ့ Core m စီးရီးလည်းရှိပါသေးတယ်။ စွမ်းဆောင်ရည်က အကြမ်းအားဖြင့်တော့ Core i3 စီးရီး ဝန်းကျင်ရှိပါတယ်။ ဘက်ထရီစားသက်သာဖို့နဲ့အပူစွန့်ထုတ်မှုနည်းအောင်အဓိကထားပါတယ်။
(Pentium စီးရီးဟုဆိုရာတွင် ယခင် Pentium III/ Pentium IV/ Pentimum D ကဲ့သို့ မော်ဒယ်ဟောင်းများကို ဆိုလိုခြင်းမဟုတ်ပါ။ ၂၀၀၆ ခုနှစ်မှ စတင်ထုတ်လုပ်တဲ့ Pentium များကိုဆိုလိုပါတယ်။)
(အထူးအသုံးပြုပုံတွေအတွက် အခြား CPU စီးရီးများလည်းရှိပါသေးသည်။ ပုံမှန်အသုံးပြုသော စီးရီးများကိုသာ ရွေးချယ်ဖော်ပြထားပါသည်။)
3️⃣နောက်တစ်ခုက Core i7 တိုင်းက Core i5 ထက်ကောင်းတယ်။ Core i3 တိုင်းက Pentium ထက်ကောင်းတယ်လို့မှတ်ထားရင် လုံးဝမှားပါတယ်။ CPU ရဲ့ စွမ်းဆောင်ရည်မှာ Core i3/ Core i5 စသည်ဖြင့် သိရှိရန်လိုသလို ထွက်ရှိတဲ့ ခုနှစ် (Generation) နဲ့ မော်ဒယ်နံပါတ်ကလည်း အရေးကြီးပါတယ်။ ဥပမာအားဖြင့် ၂၀၁၈ မှာထွက်ရှိတဲ့ ဒေါ်လာ ၁၃၀ တန် Core i3 8100 က ၂၀၁၀ ခုနှစ်က ထွက်ရှိတဲ့ ဒေါ်လာ ၅၀၀ ကျော်တန်ခဲ့တဲ့ Core i7 880 ထက် စွမ်းဆောင်ရည် ၆၀% လောက်ပိုမြန်ပါတယ်။
4️⃣ Intel Core CPU (i3/ i5/ i7) တွေမှာ အရှေ့ဆုံးနံပါတ်က ထွက်ရှိတဲ့အမှတ်စဉ် (Generation) ကိုဖော်ပြပါတယ်။ ဥပမာ i3-8100 ဆိုတာ 8th Generation ဖြစ်ပြီး i3-7100 ဆိုတာ 7th Generation ဖြစ်ပါတယ်။ i3-6100 ဆိုရင်တော့ 6th Generation ပါ။
အနောက်မှာပါဝင်တဲ့ အက္ခရာတွေမှာလည်း ဆိုလိုချက်တွေရှိပါတယ်။
🎆 “u” ဆိုတာ လက်တော့ မှာသုံးတဲ့ စီးရီးဖြစ်ပါတယ်။ (i3-7100u)
🎆 “HQ” ဆိုတာ လက်တော့မှာသုံးတဲ့ စွမ်းဆောင်ရည်မြင့် High Performance စီးရီးဖြစ်ပါတယ်။ (i7-7700HQ)
🎆 ရိုးရိုး Desktop CPU တွေမှာ မည်သည့် အက္ခရာမှ ပါလေ့မရှိပါ။ (i3-7100)
🎆 “T” ဆိုတာ Desktop CPU ကို ပါဝါစားနဲ့အပူထွက်ရှိမှုသက်သာတဲ့ အမျိုးအစားဖြစ်ပါတယ် (အဆင်သင့် တပ်ဆင်ပြီး ကွန်ပျူတာတွေမှာ တွေ့ရတတ်ပါတယ်။ အပြင်စျေးကွက်မှာ တွေ့ရလေ့မရှိပါ။) (i3-7100T)
🎆 “K” ဆိုရင် Desktop ရဲ့စွမ်းဆောင်ရည်မြင့်မော်ဒယ်ပါ။ အမြန်နှုန်းမြှင့်တင်ခြင်း (Overclocking) ကို အသုံးပြုနိုင်တဲ့ စီးရီးဖြစ်ပါတယ်။ (i7-7500K)
5️⃣ကွန်ပျူတာတစ်ခုမှာ CPU အပြင် Memory၊ Storage (Hard Disk, SSD)၊ Graphic Card (GPU) နဲ့အခြားအစိတ်အပိုင်းတွေရှိပါသေးတယ်။ ဒါ့အပြင် Operating System (Windows/ Mac/ Linux) နဲ့အသုံးပြုထားတဲ့ ဆော့ဝဲလ် (ဥပမာအားဖြင့် Antivirus လို့ဆော့ဝဲလ်) ကိုလည်းထည့်သွင်း စဉ်းစားရမှာပါ။ ကွန်ပျူတာ တစ်လုံးထဲကိုပဲ မတူတဲ့ Windows ဗားရှင်း (ဥပမာ Windows 10 နှင့် Windows 7) အသုံးပြုရင် အမြန်နှုန်းကွာခြားပါတယ်။ Antivirus သွင်းထားတာနဲ့မသွင်းထားတာ အမြန်နှုန်းမတူပါဘူး။ ❗စာဖတ်သူအနေနဲ့ သဘောပေါက်ရမှာက Core i7 သုံးလိုက်ရုံနဲ့ ချက်ချင်း လိပ်က ဒုံးပျံဖြစ်ချင်မှဖြစ်မယ်။ အခြားအစိတ်အပိုင်းတွေကလည်း Core i7 နဲ့ လိုက်မှီအောင်အလုပ်လုပ်နိုင်မှ အပြည့်အဝ အမြန်နှုန်းကို ရရှိမှာပါ။ (ဥပမာအားဖြင့် လုပ်သားတစ်ယောက်က မုန့်ဖုတ်တယ်။ နောက်တစ်ယေက်က မုန့်ကို ပါကင်ထုပ်တယ်ဆိုပါစို့။ လုပ်သားတစ်ယောက်ကို သုံးဆပိုမြန်တဲ့ သူနဲ့အစားထိုးလိုက်ရင် မုန့်သုံးဆ ပိုရမှာလား။ နောက်တစ်ယောက်ပေါ်လည်း မူတည်တယ်မဟုတ်လားဗျ။)
6️⃣ကွန်ပျူတာတစ်လုံးကို မြန်တယ်လို့ပြောချင်ရင် ဘာတွေမြန်တာလဲဆိုတာရှိပါတယ်။ Windows တက်တာ (ကွန်ပျူတာဖွင့်တာ) မြန်ချင်တာလား။ ဂိမ်းတွေ ဆော့ဝဲလ်တွေ ဖွင့်လိုက်ရင် ချက်ချင်းပွင့်ချင်တာလား။ ဂိမ်းဆော့ရင် မထစ်ချင်တာလား။ Photoshop တို့၊ Video Editing တို့မှာ လုပ်ဆောင်ချက်မြန်ချင်တာလား စသည်ဖြင့်အမျိုးမျိုးရှိပါတယ်။ အသုံးပြုသူပေါ်မူတည်ပြီး လိုအပ်ချက်တွေကွာခြားပါတယ်။ အားလုံးကောင်းတဲ့ ကွန်ပျူတာမရှိဘူးလားဆိုတော့ ရှိပါတယ်။ စျေးလည်းအကြီးဆုံးဖြစ်မှာပါ။
ဒါပေမယ့် ကွန်ပျူတာအသုံးပြုသူတွေက ဖန်ရှင်အားလုံးကို အသုံးမပြုသလို စျေးအကြီးဆုံးကိုလည်းမဝယ်ကြပါဘူး။ ဒီတော့ လိုအပ်တဲ့ဖန်ရှင်ပေါ်မူတည်ပြီး ပိုမိုအလေးပေးသင့်တဲ့ အပိုင်းတွေကို ဖော်ပြလိုက်ပါတယ်။
🎆 တွက်ချက်မှု (Photo editing, Video editing, Auto CAD rendering,…) တွေအတွက် CPU ရဲ့ စွမ်းဆောင်ရည်ပေါ်ပိုမိုမူတည်ပါတယ်။
🎆 ဂိမ်းဆော့ဖို့အတွက်ဆိုရင် Graphic Card ရဲ့ စွမ်းဆောင်ရည်က ပိုပြီးအရေးပါပါတယ်။
🎆 ဖွင့်တာ ပိတ်တာ (Windows တက်တာ၊ ဂိမ်းနဲ့ ဆော့ဝဲလ်တွေစတင်တာ) မြန်ချင်တယ်ဆိုရင် SSD (Solid State Drive) က ပိုအရေးကြီးပါတယ်။ Hard Disk Drive (HDD) တွေက ဖွင့်တာပိတ်တာ နှေးပါတယ်။
🎆 ဆော့ဝဲလ်တွေအများကြီးပြိုင်တူသုံးမယ်၊ ဆော့ဝဲလ်အကြီးတွေသုံးမယ်၊ ပရောဂျက်အကြီးတွေလုပ်မယ်၊ အင်တာနက် ဗရောက်စာ (Internet Explorer, Chrome, Firefox, …) မှာ Tab တွေအများကြီးသုံးမယ်ဆိုရင် RAM များဖို့လိုပါတယ်။
7️⃣CPU တစ်ခုမှာ မော်ဒယ်နံပါတ်ကို သိရင် သူ့ရဲ့အချက်အလက် (Specification) တော်တော်များများကို သိနိုင်ပါတယ်။ စျေးကွက်ထဲမှာအပြောများတဲ့ အမြန်နှုန်း (GHz) အပြင် အခြားအရေးကြီးတဲ့အချက်တွေလည်းရှိပါသေးတယ်။ တည်ဆောက်ထားတဲ့ နည်းပညာ (နာနိုမီတာ)၊ ပါဝါစားနှုန်း (TDP/ Watt)၊ CPU အစိတ်အပိုင်းအရေအတွက် (Cores/ Threads)၊ Cache Memory၊ တွဲဖက်ပါရှိတဲ့ internal GPU တို့ကိုမူတည်ပြီး စွမ်းဆောင်ရည်၊ အသုံးဝင်ပုံနဲ့ရွေးချယ်မှုတို့ကွာခြားနိုင်ပါတယ်။
Crd to Original Uploader
06/01/2022
Google သုံးတတ်ရင်........
တော်ရုံကတော့ အေးဆေးပဲနော် !
ပြည်တွင်းရှိ ကျောင်းသားများအတွက် Google သည် မရှိမဖြစ် အရာတစ်ခုဟုသာ အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်သည်။
သို့သော်လည်း ကျောင်းသားအများစုက မည်သို့အသုံးပြုရမည်ကို သေချာစွာ သိရှိခြင်း မရှိသေးပေ။
မိမိရှာဖွေလိုသည့် အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့ကို သေချာစွာ မသိရှိခြင်းကြောင့် အချိန်ကုန်၊ လူပန်း၊ ငွေကုန်ကြေးကျ များရသည့် အဖြစ်မျိုးနှင့်လည်း ကြုံနေရသည်။
ယင်းကဲ့သို့ အခြေအနေများရှိသည့် အတွက် ပြည်တွင်းရှိ ကျောင်းသားတိုင်းအတွက် Google အသုံးပြုနည်း လမ်းညွှန်အနေနှင့် အချက်အလက်များ ရှာဖွေခြင်း၊
သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့အတွက် နည်းလမ်းများကို စုစည်းဖော်ပြပေးအပ်ပါသည်။
...............................................
Google Web Search (Tips and Tricks)
၁။ စာအုပ်တစ်အုပ်ကို pdf file format နှင့် ရှာဖွေလိုပါက filetype:pdf ဟု ထည့်သွင်းရေးသားပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ ။ ။ electronics filetype:pdf
၂။ အချို့စကားလုံးများကို မိမိရှာဖွေသည့် အဖြေရလဒ်အတွင်း ထည့်သွင်းမဖော်ပြစေလိုပါက ” – ” ( အနုတ်လက္ခဏာ) ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ restaurant -japan (Japan စားသောက်ဆိုင်မရှာရန် လုပ်ဆောင်ခြင်း ဖြစ်သည်။)
၃။ တစ်မျိုးမဟုတ်တစ်မျိုး တစ်ခုခုကို ရှာဖွေမှုရလဒ်မှာ ထည့်သွင်းဖော်ပြစေလိုပါက ‘OR’ ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ Drone OR UAV
၄။ Google တွင် အင်္ဂလိပ်ဘာသာမှ အင်္ဂလိပ်ဘာသာ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှာဖွေလိုပါက "Define" ကို အသုံးပြုနိုင်မည် ဖြစ်သည်။ ဥပမာ။ define Drone
၅။ ကိုယ်ရှာဖွေလိုတဲ့ အကြောင်းအရာရဲ့ စာလုံးပေါင်းကို မသိဘူးဆိုရင် "*" ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ electroni*s
၆။ ရှာဖွေမှုရလဒ်မှာ ကိုယ်ရှာချင်တာကို ရေးထားတဲ့အတိုင်း အတိအကျရှာဖွေဖို့အတွက် ဆိုရင်တော့ " " ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ “I am student”
၇။ Google မှာ Graph ရေးဆွဲလိုပါက ကိုယ်ရေးဆွဲမည့် Graph ၏ ညီမျှခြင်းကို ရိုက်ထည့်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်သည်။
ဥပမာ။ y=x^2+6x+9
၈။ Website တစ်ခုကနေ မိမိရှာဖွေလိုတာကို Google အသုံးပြုပြီး ရှာဖွေဖို့ဆိုရင် site:easy devboards.com Bluetooth ဟု ရိုက်ထည့်ပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
၉။ အင်တာနက် ဆက်သွယ်မှု မရှိစဉ် ယခင်ရှာဖွေထားသည့် ရှိပြီး Cache များကို ပြန်လည်ကြည့်ရှုလိုပါက cache: ကို ခံပြီးရှာဖွေနိုင်မည် ဖြစ်ပါသည်။
ဥပမာ။ cache:easydevboards.com................................
Advanced Google Web Search
ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ နောက်ထပ်မံပြီး Webpage များတွင် ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကို သိရှိထားရန် လိုအပ်ပေသည်။
• စကားလုံးတိုင်းသည် ရှာဖွေမှုတိုင်းတွင် အရေးပါသည်ကို သတိပြုပါ။
who, the who, a who သုံးမျိုးကို ရှာဖွေကြည့်ပါက ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။
• အကြောင်းအရာများကို ရှာဖွေရာတွင် စကားလုံး ရှေ့နောက်အထားအသိုသည်လည်း မှန်ကန်ရန် လိုအပ်ပါသည်။
ဥပမာအားဖြင့် blue sky, sky blue အထားအသို နှစ်ခုအပေါ်တွင် ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။
• မိမိရှာဖွေလိုသည့် စကားလုံးများကို စာလုံးအကြီးဖြင့်ဖြစ်စေ၊ စာလုံးအသေးဖြင့်ဖြစ်စေ ရေးသားနိုင်ပါသည်။ ရလဒ်ကွဲပြားမှု မရှိနိုင်ပါ။
•comma (,) ကဲ့သို့သော စာလုံးများကို မည်သို့ပင် ထည့်သွင်းစေကာမူ အရေးမကြီးလှပေ။
• သို့သော် အချို့သော C #, C++, Google+ စသည်ဖြင့် Programming language အမည်များ နောက်တွင် တွဲလျက်ပါသည့်
# သို့မဟုတ် + စသည်တို့မှာ အရေးပါသည်ကို သတိပြုရန် လိုအပ်ပေသည်။
ရံဖန်ရံခါ မိမိရှာဖွေသည့် အချက်အလက်များကို မတွေ့ဘဲ လည်နေခြင်းမျိုး ကြုံလာပါက Keyword လွဲမှားခြင်းကြောင့် ဖြစ်နိုင်ပါသည်။ Keyword ကို ပြောင်းလဲရှာဖွေ ကြည့်နိုင်ပါသည်။
ရှာဖွေမှုရလဒ်များ......
တစ်စုံတစ်ခုကို ရှာဖွေမည်ဆိုပါက ကြော်ငြာများကိုလည်း ရလဒ်များတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။
အဓိက မိမိရှာဖွေသည့် ရလဒ်အဖြေကိုသာ တိုက်ရိုက်ဖတ်ရှုဖို့ လိုအပ်မည် ဖြစ်ပါသည်။
Search Bar ၏ အောက်ဘက်ရှိ Filter တွင်
Web, image, maps, shopping စသည်ဖြင့် မိမိလိုအပ်သည့်အရာကို ရွေးချယ်နိုင်ပါသည်။
ပုံများကိုသာ ရှာဖွေလိုပါက image ကို ရွေးချယ်နိုင်ပါသည်။ ရှာဖွေသည့် စကားလုံးကလည်း အတိအကျရှိမည်၊ Google ဘက်ကလည်း ရလဒ်ရှိမည် ဆိုပါက Knowledge အနေနှင့် ဘေးဘက်တွင် သီးခြားပြသထားခြင်းမျိုးလည်း ရှိပါသည်။ အထူးသဖြင့် နေရာများကို ရှာဖွေရာတွင် သီးခြားပြသမှုများကို မြင်တွေ့ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။.....................................
Advanced Searching
Advanced Searching ကို နည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။
၁။ Advanced Search page ဒီနေရာမှာ ပုံတွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_image_search တွင် ရှာဖွေနိုင်မည် ဖြစ်ပြီး၊ Website တွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_search တွင် ရှာဖွေနိုင်မည် ဖြစ်ပါသည်။
၂။ ဒုတိယ နည်းလမ်းတစ်ခု အနေနှင့် Operator များကို အသုံးပြုပြီးလည်း ရှာဖွေနိုင်မည် ဖြစ်ပါသည်။ Operator List များကို https://support.google.com/websearch/answer/2466433 ဤလင့်ခ်တွင် ကြည့်ရှုနိုင်မည် ဖြစ်ပြီး Operator များ အကြောင်းကို အထက်တွင် Tips and Tricks အနေနှင့် ဖော်ပြပြီး ဖြစ်ပါသည်။
စာအုပ်များ ရှာဖွေခြင်း မိမိဖတ်ရှုလိုတဲ့ စာအုပ်တွေကို ရှာဖွေမည် ဆိုပါက Google Book မှတစ်ဆင့် ရှာဖွေပါက အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ ယင်းအပြင် Google Book တွင် စာအုပ်တစ်အုပ်လုံးကို မဟုတ်သော်လည်း အချို့အစိတ်အပိုင်းများကို နမူနာဖတ်ရှုခွင့် ပေးထားသည့်အတွက် စာအုပ်ရှာဖွေ ဒေါင်းလုပ်ရယူမည့်သူများ အတွက် အထူးပင် အဆင်ပြေစေနိုင်မည် ဖြစ်ပါသည်။
https://books.google.com/ တွင် စာအုပ်များကို ရှာဖွေနိုင်မည် ဖြစ်ပါသည်။
နမူနာအနေနှင့် Wireless Communication နှင့် ပတ်သက်သည့် စာအုပ်စာတန်းများ ရှာဖွေလိုပါက အထက်ပါလင့်ခ်တွင် Wireless
Communication ဟု ရိုက်ထည့်ပြီး ရှာဖွေပါက စာအုပ်စာတမ်းများ ကျလာမည် ဖြစ်သည်။ ယင်းစာအုပ်များ၏ လင့်ခ်တွင်
“https://books.google.com/books?isbn=_______” ဟု ဖော်ပြထားမည် ဖြစ်သည်။ ယင်းကွက်လပ်နေရာတွင် ဂဏန်းများပါရှိမည် ဖြစ်ပြီး
ယင်းနံပါတ်များသည် အပြည်ပြည်ဆိုင်ရာသုံး စာအုပ်နံပါတ် (ISBN) ဖြစ်သည်။
အကယ်၍ မိတ်ဆွေ၊ သူငယ်ချင်းများက စာအုပ်တစ်အုပ်ကို ညွှန်းပါက ISBN ကို ကွက်လပ်နေရာမှာ ရိုက်ထည့်ပြီး အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါသည်။
ISBNနံပါတ်တွေကို စာအုပ်တွေရဲ့ ရှေ့ဆုံးစာ မျက်နှာမှာလည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။
စာအုပ်များကို ဖတ်ရှုပြီးပါကလည်း စာအုပ်ကို မိမိ Library တွင် သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ Google Account လိုအပ်မည် ဖြစ်သော်လည်း ကျောင်းသားအများစုက gmail အသုံးပြုတာကြောင့် Google Account ရှိပြီး ဖြစ်ပေလိမ့်မည်။
Library အတွင်း သိမ်းဆည်းထားခြင်းဖြင့် မိမိဖတ်ရှုပြီး စာအုပ်များကို မှတ်သားထားနိုင်ပြီး ဖတ်ရှုရန် လိုအပ်သည့် စာအုပ်များကိုလည်း အလွယ်တကူ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
အထက်ပါအချက်များကို Google မှာ လေ့လာရှာဖွေမည့် ကျောင်းသူ/သားများအတွက် အထောက်အကူဖြစ်ရန်အတွက် အသုံးများသောအချက်များကို ဖော်ပြလိုက် ရပါသည်။
တကယ်တော့ Google SE ကသင်တို့ထင်တာထက် အများကြီးကျယ်ပြန့်ပါတယ်။
မူရင်းပိုင်ရှင်အား Credit ပေးပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
Mogok
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |