KMD Academy
Learning With Fun
10/06/2026
အလုပ်တော်တာကိုပဲ ကြည့်ပြီး အဆိပ်အတောက်ဖြစ်စေတဲ့ 'Brilliant Jerk (Toxic လူတော်)' ကို ဆွဲထိန်းထားမိသရွေ့လူကြီးမင်းရဲ့ လုပ်ငန်းခွင်ဟာ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်သလို၊ စနစ်တကျနဲ့ ကြီးပွားတိုးတက်လာမှာလည်း မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ပုပ်နေတဲ့ ပန်းသီးတစ်လုံးဟာ တစ်ခြင်းလုံးကို ပုပ်အောင် ဖျက်ဆီးနိုင်လို့ပဲဖြစ်ပါတယ်"
အလုပ်ရှင်တော်တော်များများက "သူထွက်သွားရင် အလုပ်တွေ လည်ပတ်ရခက်ကုန်မှာ စိုးလို့" ဆိုတဲ့ အကြောက်တရားနဲ့ Toxic ဝန်ထမ်းတွေကို မျက်နှာသာပေး၊ အလိုလိုက်ထားတတ်ကြပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ အနာဂတ်ကို ကိုယ်တိုင် မီးရှို့ဖျက်ဆီးနေတာနဲ့ အတူတူပါပဲ။
Toxic ဝန်ထမ်းတစ်ယောက်ကို ရုံးထဲမှာ လွှတ်ထားခြင်းက ကုမ္ပဏီကို ဘယ်လို ထိခိုက်နစ်နာ စေလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ....
၁။ ဝန်ထမ်းကောင်းတွေ အသံတိတ် ထွက်ပြေးခြင်း (The Silent Resignation) - ရုံးခန်းထဲမှာ Drama ဖန်တီးတတ်တဲ့သူ၊ အတင်းအဖျင်း ပြောတတ်တဲ့သူ၊ အချင်းချင်း ခြေထိုးကန်တတ်တဲ့ Toxic လူတော်တစ်ယောက် ရှိနေရင် အေးအေးဆေးဆေးနဲ့ ရလဒ်ထွက်အောင် အလုပ်လုပ်ချင်တဲ့ "တကယ့် ဝန်ထမ်းကောင်းတွေ" က အဲဒီ ပတ်ဝန်းကျင်ဆိုးကြီးကို စိတ်ကုန်လာကြပါတယ်။ နောက်ဆုံးမှာ သူဌေးက Toxic သမားကို နေရာပေးထားတာပဲဆိုပြီး စိတ်နာကာ ဝန်ထမ်းကောင်းတွေ လူကြီးမင်းဆီကနေ အသံတိတ် ကျောခိုင်းထွက်ပြေးကုန်ကြပါလိမ့်မယ်။ လူကြီးမင်းဆီမှာတော့ အဆိပ်အတောက်တွေပဲ ကျန်ခဲ့မှာပါ။
၂။ Teamwork တစ်ခုလုံးရဲ့ စွမ်းဆောင်ရည် ကျဆင်းခြင်း (The Performance Drop) - သူတစ်ယောက်တည်း ပုဂ္ဂိုလ်ရေးအရ အရည်အချင်းရှိပြီး Result ပြနေပေမယ့် သူ့ကြောင့် တစ်ရုံးလုံးက ဝန်ထမ်းတွေ စိတ်ဓာတ်ကျ (Morale Down) နေရင်၊ တစ်ဦးချင်းစီရဲ့ Productivity တွေ အကုန် ထိုးကျသွားနိုင်ပါတယ်။ သူ သယ်လာပေးတဲ့ အမြတ်ထက် ကျန်တဲ့သူတွေရဲ့ စိတ်ဓာတ်ကျမှုကြောင့် ကုမ္ပဏီက ဆုံးရှုံးရတဲ့ တန်ဖိုးက ပိုပြီး ကုန်ကျစရိတ် ကြီးမားလွန်းပါတယ်။
၃။ စမတ်ကျတဲ့ 'Hire for Attitude, Train for Skill' ဗျူဟာကို သုံးပါ - ခေါင်းဆောင်ကောင်းဆိုတာ ဝန်ထမ်းခန့်ရင် အရည်အချင်း (Skill) တစ်ခုတည်းကိုပဲ မကြည့်ပါဘူး။ သူ့ရဲ့ စရိုက် (Attitude) နဲ့ Teamplayer ဖြစ်ရဲ့လားဆိုတာကိုပါ မျှမျှတတ စစ် ဆေးတာ ဖြစ်ပါတယ်။ Skill ညံ့ရင် သင်ပေးလို့ရတယ်၊ စရိုက်ညံ့ရင်တော့ ပြင်ရတာ တော်တော့်ကို ခက်ခဲပါတယ်။ လူကြီးမင်း မရှိလည်း အလိုအလျောက် စနစ်တကျ လည်ပတ်မယ့် အင်ပါယာ ဆောက်ချင်ရင် အရည်အချင်းရော စရိုက်ပါ ကောင်းမွန်တဲ့ "A-Player" တွေကိုပဲ နေရာပေး မြေတောင်မြှောက်ပေးလိုက်ပါ...
စရိုက်မကောင်းတဲ့ အဆိပ်အတောက်တွေကို ပြတ်ပြတ်သားသား ထိန်းချုပ်ပါ... ပြုပြင်ဖို့ သတိပေးပါ။ လုံးဝပြုပြင်လို့မရရင် လုပ်ငန်းခွင် သန့်ရှင်းသွားအောင် (Cultural Fit) မဖြစ်လို့ဆိုပြီး ရဲရဲဝံ့ဝံ့ လမ်းခွဲလိုက်ပါ။ အဲဒါမှ ကျန်တဲ့ ဝန်ထမ်းကောင်းတွေ စိတ်အေးချမ်းသာစွာနဲ့ ကုမ္ပဏီကြီးကို အရှိန်အဟုန်နဲ့ ဝိုင်းဝန်း ဆွဲတင်ပေးကြမှာ ဖြစ်ပါတယ်ဗျာ။
ခေါင်းဆောင်စစ်စစ်ဆိုတာ အလုပ်တစ်ခုတည်း တော်ပြီး စရိုက်ဆိုးတဲ့သူတွေကို နှမြောပြီး သိမ်းထားတတ်သူ မဟုတ်ပါဘူး။ အရည်အချင်းရော စရိုက်ပါ မျှတပြီး အဖွဲ့အစည်းနဲ့ တစ်သားတည်း လည်ပတ်နိုင်မယ့် ဝန်ထမ်းကောင်းတွေကိုပဲ စနစ်တကျ နေရာပေးကာ အဆိပ်အတောက်ကင်းစင်တဲ့ ဖွံ့ဖြိုးတိုးတက်သော အလုပ်ခွင်ယဉ်ကျေးမှု (Elite Culture) ကြီးကို ကာကွယ်တည်ဆောက်တတ်သူ ဖြစ်ပါတယ်။
သင့်လုပ်ငန်းမှာကော... အလုပ်တော်ပေမယ့် စရိုက်ဆိုးလို့ ဝန်ထမ်းကောင်းတွေ ထွက်ပြေးအောင် ဖျက်ဆီးခဲ့တဲ့ Toxic ဝန်ထမ်းမျိုးကြောင့် သင်ခန်းစာကြီးကြီးမားမား ရခဲ့ဖူးတဲ့ အဖြစ်အပျက်မျိုး ရှိလား? Comment မှာ ဆွေးနွေးခဲ့ဦးဗျာ။
07/06/2026
English ဘာသာစကား ကျောင်းချိန်ပြင်ပမှာ တက်ချင်တဲ့ သားသားမီးမီး တို့ အတွက် စနေ၊တင်္နဂနွေ ကျောင်းချိန် ပြင်ပ တန်းခွဲသစ်များကို စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ လူပြည့်မြန်တာမို့ စာရင်း အမြန်အပ်မှ စိတ်ချရမယ်နော် 😊။
သားသား၊ မီးမီးတို့အတွက် ဘာသာစကား ပြောတတ်၊ ဆိုတတ်၊ရေးတတ်နိုင်စေရန် အခြေခံမှစပြီး သေချာလေ့လာယူဖို့ရန်အတွက် ကြောငျးကောငျးကောငျး ရှာနေတဲ့ မိုးညှင်းက မိဘများအတွက် စနေ၊တင်္နဂနွေနေ့တစ်ပိုင်းစီဖွင့်တဲ့ English class,
ကျောင်းချိန် ပြင်ပ အတန်းများဖြစ်တဲ့ ဘာသာရပ် များနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။
- ကိုယ့်ကလေးရဲ့ English level ကို အရင် စမ်းစစ်ပြီး ရရှိလာတဲ့ placement test score အရ အတန်းခွဲပြီး ဘာသာစကားစွမ်းရည်
Reading,
Writing,
Listening,
Speaking ,
Grammar,
Phonics အစရှိတဲ့ skills တွေ ကျွမ်းကျင်လာအောင် level အဆင့်လိုက် သေချာ လေ့ကျင့်ပေးတဲ့ Young learners English Course ဖြစ်ပါတယ်။ သားသားမီးမီးတို့ရဲ့ level သိရပြီးမှ ဘယ် level က စသင်ရမလဲသိပြီး သင်တော့ပိုထိရောက်ပါတယ် 😊။
ဘယ်လိုသင်မှာလဲ
- ကလေးတွေရဲ့ English တိုးတက်မြန်ဖို့အတွက် English to English Explanation (90%) နဲ့ အတန်းထဲတွင် သင်ကြားပြောဆိုပေးမှာပါ။
Cambridge က ထုတ်တဲ့ စာအုပ်
များအပြင် အခြား နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ သားသားမီးမီးတွေအတွက် အင်မတန်ထိရောက်မှုရှိတဲ့ (4) skills သင်ရိုးညွှန်းတမ်းကို မှီငြမ်းပြီး သင်ကြားပေးသွားမှာဖြစ်ပါတယ်။
အရည်အသွေးပြည့်ဝသော ကျွမ်းကျင်ဆရာမများက လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပြီး ကလေးတစ်ဦးချင်းစီကို အထူးဂရုစိုက်မှုပေးနိုင်စေရန်၊ ထိရောက်မှု ပိုမိုရှိစေရန် အတန်းတစ်တန်းစီမှာ လူဦးရေ ကန့်သတ်ထားပါတယ်ရှင့်။
ဘယ်သူတွေသင်ကြားပေးမှာလဲ?
- သင်ကြားပြသမယ့်ဆရာမတွေက ပညာရေးဆိုင်ရာ ဘွဲ့ရရှိထားသူများ၊ အင်္ဂလိပ်စာသင်ကြားပြသနည်း နဲ့ဆိုင်တဲ့ လက်မှတ်များ၊ ECCD လက်မှတ်တွေကို ကိုင်ဆောင်ထားပြီး သင်ကြားရေးနည်းပညာများကို သေချာ လေ့ကျင့်ခံယူထားကြသော ဆရာ၊ မများဖြစ်ပြီး ကလေးများကို သေချာ စိတ်ရှည်စွာနဲ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်
လူပြည့်မြန်တာမို့ အမြန်အပ်မှ စိတ်ချရမယ်နော် 😊
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Mohnyin