Chindwin Comprehensive University - CCU
The name of University symbolize the Chindwin River, the emblem of the Sagaing Region(Chindwin State)
16/05/2026
10/03/2026
“လေ့လာသင်ယူစရာအခြေခံစိုက်ပျိုးရေးသိပ္ပံပညာ”
စိုက်ပျိုးရေးလို့ပြောလိုက်ရင် လူငယ်တွေက ကြောက်သွားကြပြီး မိဘတွေဘက်ကတော့ အရေးမပါ ဘူးလိုမြင်ကြပါတယ်။ တကယ်တော့ စိုက်ပျိုးရေးဆိုတာ အလွန်ကျယ်ပြန့်ပါတယ်။ မိရိုးဖလာစိုက်ပျိုးရေးထက် ကျော်လွန်ပြီး မမြင်နိုင်ကြသေးတာပဲဖြစ်ပါတယ်။ စိုက်ပျိုးရေးပညာဟာ မိသားစုတွေရဲ့ အသက်မွေးဝမ်း ကြောင်းနှင့် တိုးတက်ရာတိုးတက်ကြောင်းဖြစ်ပါတယ်။ စိုက်ပျိုးရေးပညာက မိရိုးဖလာထယ်ထိုး၊ လယ်ထွန်ဆို တာမျိုးသာမဟုတ်ပါဘူး။ စိုက်ပျိုးရေးပညာမှာ အခြေခံအားဖြင့် (၁) စိုက်ပျိုးရေးနည်းပညာ (၂) အပင်ရောဂါ၊ ဖျက်ပိုးနှင့် ဆေးဝါးပညာ (၃) စီးပွားရေးပညာ ဆိုပြီး လေ့လာသင်ယူရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ မိမိ စိတ်ပါဝင်စားသောဘာသာရပ်ကို အထူးပြုရွေးချယ်လေ့လာသင်ယူနိုင်ပါတယ်။
မြန်မာနိုင်ငံလို စစ်မက်ဖြစ်ပွားနေတဲ့ ကာလတွေမှာ စိုက်ပျိုးရေးဟာ ရိုးရိုးတန်းတန်း စားနပ်ရိက္ခာ ထုတ်လုပ်မှုထက်မကဘဲ "အမျိုးသားလုံခြုံရေး (National Security)" အဆင့်အထိ အရေးပါလာပါတယ်။ စစ်အတွင်းမှာ စိုက်ပျိုးရေးကဏ္ဍက အသက်သွေးကြော ဖြစ်ပါတယ်။
စစ်ပွဲကာလမှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တာ၊ ကုန်သွယ်မှု ရပ်ဆိုင်းတာတွေ ဖြစ်တဲ့အခါ ပြည်ပက သွင်းကုန် ဒါမှမဟုတ် တခြားဒေသက လာမယ့်ရိက္ခာကို မစောင့်ရဘဲ ဒေသတွင်းမှာတင်စိုက်ပျိုးထုတ် လုပ်နိုင်ရင် မိမိကိုယ်ကို ဖူလုံမှု (Self-sufficiency)ကြောင့် ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်ကနှင့် စားနပ်ရိက္ခာကို လက်နက်သဖွယ် အသုံးချခံရမှုမှ ကာကွယ်နိုင်ပါတယ်။ ရိက္ခာဖူလုံနေမှသာ ခံနိုင်ရည် (Resilience) ရှိမှာ ဖြစ်ပါတယ်။
စစ်အတွင်းမှာ စက်ရုံ၊ အလုပ်ရုံတွေ ရပ်နားသွားနိုင်ပေမဲ့ စိုက်ပျိုးရေးကတော့ ရပ်တန့်လို့မရပါဘူး။ စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံတွေအတွက် အခြေခံ အလုပ်အကိုင်နဲ့ ဝင်ငွေလမ်းစကို ဖန်တီးပေးနိုင်ပါတယ်။ ဒေသတွင်း စီးပွားရေး ပတ်လည်မှုကို ထိန်းသိမ်းနိုင်ပါတယ်။ ရွာတွင်း၊ ဒေသတွင်းမှာ သီးနှံတွေ ထွက်ရှိနေ ခြင်းက ငွေကြေးဖောင်းပွမှုကို ထိန်းညှိပေးပြီး ဒေသတွင်း ကုန်စည်ဖလှယ်မှုနှင့် စီးပွားရေး မပြိုလဲအောင် ထောက်ကူပေးပါတယ်။
စစ်အတွင်းမှာ ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာ ကုထုံးအဖြစ် စစ်ဘေးစစ်ဒဏ်ကြားမှာ အပင်စိုက်ခြင်း ဟာ ပြည်သူတွေအတွက် စိတ်ဖိစီးမှု လျော့ကျစေပြီး မျှော်လင့်ချက်ကို ပေးစွမ်းနိုင်ပါတယ်။ စစ်ပွဲတွေ ပြီးဆုံး သွားတဲ့အခါ နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့အတွက် စိုက်ပျိုးရေးဟာ အမြန်ဆုံး နာလန်ထူနိုင်တဲ့ ကဏ္ဍဖြစ် ပါတယ်။
စိုက်ပျိုးရေးနည်းပညာ (Agricultural Technology) ဆိုတာ သိပ္ပံပညာနဲ့ အင်ဂျင်နီယာ အတတ်ပညာ တွေကို အသုံးပြုပြီး စိုက်ပျိုးထုတ်လုပ်မှု စွမ်းအားမြှင့်တင်ခြင်း၊ အရည်အသွေးကောင်းမွန် စေခြင်းနဲ့ သယံဇာတ တွေကို အကျိုးရှိရှိ အသုံးချခြင်းပဲ ဖြစ်ပါတယ်။ အလွန်ကျယ်ပြန်သောဘာရပ်ဖြစ်ပါတယ်။ Precision Agriculture ဟာ မြေကွက်တစ်ခုလုံးကို ပုံသေနည်းနဲ့ လုပ်ဆောင်တာမျိုးမဟုတ်ဘဲ အပင်တစ်ပင်ချင်းစီရဲ့ လိုအပ်ချက်အလိုက် နည်းပညာသုံးပြီး စီမံခန့်ခွဲတာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးဒရုန်း တွေဟာ လယ်သမားတွေ အတွက် မျက်စိနဲ့ လက်သဖွယ် အသုံးဝင်လာပါတယ်။ လူနဲ့ဖျန်းတာထက် ပိုမြန်ပြီး ဆေးပမာဏ သက်သာစေပါ တယ်။ အပင်တွေ ရောဂါကျနေသလား၊ ကြီးထွားမှု ပုံမှန်ရှိရဲ့လားဆိုတာကို အပေါ်စီးကနေ Multispectral camera တွေနဲ့ ရိုက်ကူးစစ်ဆေးနိုင်ပါတယ်။ ရေရှားပါးမှုကို ဖြေရှင်းဖို့အတွက် အလိုအလျောက် ရေပေးဝေတဲ့ စနစ် အဆင့်မြင့် ရေပေးဝေမှုစနစ် (Smart Irrigation) တွေ ဖြစ်ပါတယ်။ Drip Irrigation (အစက်ချရေပေး စနစ်): ရေကို အပင်ရဲ့ အမြစ်ခြေကိုပဲ တိုက်ရိုက်ရောက်အောင် ပေးတဲ့အတွက် ရေလေလွင့်မှု အနည်းဆုံးဖြစ် ပါတယ်။ Smart Sensors: မြေကြီးခြောက်မှ ရေစက်ပွင့်ပြီး စိုသွားရင် အလို အလျောက်ပိတ်ပေးတဲ့စနစ်တွေ ဖြစ်ပါတယ်။ ဖန်လုံအိမ်နှင့် မြေမဲ့စိုက်ပျိုးရေး (Hydroponics & Vertical Farming) စနစ်က ရာသီဥတုဒဏ်ကို မကြောက်ရဘဲ နေရာကျဉ်းကျဉ်းမှာ စိုက်ပျိုးနိုင်တဲ့ နည်းပညာတွေ ဖြစ်ပါတယ်။ Hydroponics: မြေကြီး မလိုဘဲ အာဟာရဖျော်ရည် ထည့်ထားတဲ့ ရေထဲမှာပဲ စိုက်ပျိုးခြင်း။ Vertical Farming: အထပ်လိုက် စင်တွေနဲ့ စိုက်ပျိုးတာဖြစ်လို့ မြို့ပြတွေမှာပါ စိုက်ပျိုးနိုင်ပါတယ်။ ဇီဝနည်းပညာ (Biotechnology)မှာ မျိုးစေ့တွေရဲ့ အရည်အသွေးကို ဓာတ်ခွဲခန်းထဲမှာ မြှင့်တင်ခြင်း ဖြစ်ပါတယ်။ Bio-pesticides: ဓာတုဆေးတွေအစား သဘာဝ ပိုးသတ်ဆေးတွေကို အသုံးပြုခြင်း။ GM Seeds: ပိုးမွှားဒဏ်နဲ့ မိုးခေါင်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ မျိုးစေ့များ ထုတ်လုပ်ခြင်း။ အပင်အာဟာရဓာတ်များ ဖြည့်တင်းပေးခြင်း (Nutrient Supplement) အပင်တစ်ပင် ကြီးထွားဖို့အတွက် အဓိက အာဟာရဓာတ် (၃) မျိုး (NPK) မရှိမဖြစ် လိုအပ်ပါတယ်။ Nitrogen (N) - နိုက်ထရိုဂျင်: အပင်ကို စိမ်းလန်းစေပြီး ပင်စည်နဲ့ အရွက် ကြီးထွားမှုကို အားပေးပါတယ်။ Phosphorus (P) - ဖော့စဖရပ်: အမြစ်ဆင်းအားကောင်းစေပြီး အပွင့်ပွင့်ခြင်းနဲ့ အသီးသီး ခြင်းကို ကူညီပါတယ်။ Potassium (K) - ပိုတက်စီယမ်: အပင်ရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ရောဂါဒဏ်နဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။ Foliar Fertilizers (ရွက်ဖျန်းမြေသြဇာ): အမြစ်ကနေ အာဟာရ မစုပ်နိုင်တဲ့ အခြေအနေမှာ အရွက်ကနေတ ဆင့် တိုက်ရိုက်အာဟာရပေးနိုင်ပါတယ်။ မြေဆီလွှာဟာ သီးနှံတွေ ထပ်ခါတလဲလဲ စိုက်ပျိုးတဲ့အခါ အာဟာရ ဓာတ်တွေ ပြုန်းတီးသွားတတ်ပါတယ်။ မြေသြဇာကို စနစ်တကျ သုံးစွဲခြင်းဖြင့် ကန့်သတ်ထားတဲ့ မြေဧရိ ယာလေးအတွင်းမှာတင် အထွက်နှုန်းကို နှစ်ဆ၊ သုံးဆ တိုးတက်လာ စေပါတယ်။ မြေဆီလွှာ အရည်အသွေး ထိန်းသိမ်းခြင်း (Soil Fertility Management) စိုက်ပျိုးမြေတွေ ပျက်စီးမသွားအောင် မြေသြဇာကဏ္ဍက နည်းလမ်းအမျိုးမျိုးနဲ့ ထိန်းသိမ်းပေးပါတယ်။ Organic Fertilizers (သဘာဝမြေသြဇာ): မြေဆီလွှာရဲ့ တည်ဆောက်ပုံကို ကောင်းမွန်စေပြီး အကျိုးပြုပိုးမွှားတွေကို တိုးပွားစေပါ တယ်။ Bio-fertilizers (ဇီဝမြေသြဇာ): အဏုဇီဝပိုးလေးတွေကို သုံးပြီး လေထုထဲက နိုက်ထရိုဂျင်ကို အပင်က ရယူနိုင်အောင် ကူညီပေးပါတယ်။ အပင်ဖြစ်ထွန်းဖို့ဆိုရင် မြေသြဇာ သုံးစွဲရာတွင် (The 4R Principles) ဒီအချက် (၄) ချက်ကို လိုက်နာဖို့ လိုပါတယ်။ Right Source အပင်နဲ့ မြေဆီလွှာအတွက် မှန်ကန်တဲ့ မြေသြဇာ အမျိုးအစား ဖြစ်ရမည်။ Right Rate လိုအပ်တဲ့ ပမာဏအတိအကျ ဖြစ်ရမည် (များလွန်းလျှင် မြေပျက်စီး နိုင်သည်)။ Right Time အပင်က အာဟာရ အလိုချင်ဆုံး အချိန်တွင် ကျွေးရမည်။ Right Place အပင်ရဲ့ အမြစ်က အလွယ်တကူ စုပ်ယူနိုင်မည့် နေရာတွင် ကျွေးရမည်။
အပင်ရောဂါ၊ ဖျက်ပိုးနှင့် ဆေးဝါးပညာ (Plant Pathology, Entomology, and Pesticide Science)
အပင်ရောဂါ၊ ဖျက်ပိုးနှင့် ဆေးဝါးပညာဟာ စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖို့အတွက် အရေးအကြီးဆုံး အစိတ် အပိုင်းတွေ ဖြစ်ပါတယ်။ သီးနှံတွေ ရောဂါကင်းပြီး ကျန်းမာမှသာ တောင်သူတွေ မျှော်မှန်းတဲ့ အထွက်နှုန်းကို ရရှိမှာပါ။ အပင်ရောဂါဗေဒ (Plant Pathology): အပင်တွေမှာ ရောဂါဖြစ်စေတဲ့ အဓိက အကြောင်းရင်း ရှိပါ တယ်။ အပင်ရောဂါ အများစုဟာ မှို (Fungi)ကြောင့် ဖြစ်တတ်ပါတယ်။ အရွက်တွေ တွန့်ခြင်း၊ အရောင်ပြောင်း ခြင်း (Mosaic) တို့ ဖြစ်စေပါတယ်။ များသောအားဖြင့် ဗိုင်းရပ်စ် (Viruses) ပိုးမွှားတွေကတစ်ဆင့် ကူးစက်တတ် ပါတယ်။ ဘက်တီးရီးယား (Bacteria) က အပင် ညှိုးကျခြင်း၊ အနာစိမ်းဖြစ်ခြင်းနဲ့ ရေစိုနာ ဖြစ်ခြင်းတို့ကို ဖြစ်စေပါတယ်။ အပင်ဖျက်ပိုးဗေဒ (Agricultural Entomology): ဖျက်ပိုးတွေကို နှိမ်နင်းဖို့ သူတို့ရဲ့ သဘာဝကို အရင်သိဖို့ လိုပါတယ်။ ဆေးဝါးဗေဒနှင့် နှိမ်နင်းခြင်း (Pesticide Science & Management): ရောဂါနဲ့ ပိုးမွှားကို နှိမ်နင်းတဲ့နေရာမှာ ဆေးဝါးကို စနစ်တကျ သုံးစွဲဖို့ လိုပါတယ်။ မှိုသတ်ဆေး (Fungicides): မှိုရောဂါ ကာကွယ် ရန်နှင့် ကုသရန်။ ပိုးသတ်ဆေး (Insecticides): ဖျက်ပိုးများကို သတ်ရန်။ ပေါင်းသတ်ဆေး (Herbicides): သီးနှံပင်အတွက် အာဟာရလုယူနေတဲ့ ပေါင်းပင်များကို သတ်ရန်။ ပေါင်းစပ်ပိုးမွှားစီမံခန့်ခွဲမှု (Integrated Pest Management - IPM): ခေတ်မီစိုက်ပျိုးရေးမှာ ဓာတုဆေးဝါးကိုပဲ အားကိုးတာမျိုး မဟုတ်ဘဲ နည်းလမ်းပေါင်းစုံ ကို သုံးရပါတယ်။
Agriculture Economics (စိုက်ပျိုးရေးဘောဂဗေဒပညာ) နှင့် Agribusiness (စိုက်ပျိုးရေးအခြေခံ စီးပွားရေးလုပ်ငန်း) Agriculture Economics နှင့် Agribusiness ကဏ္ဍဟာ တောင်သူတစ်ဦးချင်းစီရဲ့ ဝင်ငွေ ကနေ နိုင်ငံတော်ရဲ့ GDP အထိ တိုက်ရိုက်သက်ရောက်မှုရှိတဲ့ အရေးပါသော ဘာသာရပ်များဖြစ်ပါတယ်။
စိုက်ပျိုးရေးကို "ဝမ်းစာရှာရုံ" အဆင့်ကနေ "အကျိုးအမြတ်ဖြစ်ထွန်းတဲ့ စီးပွားရေး" အဆင့်ရောက်အောင် ပြောင်းလဲပေးနိုင်ပါတယ် Agriculture Economics (စိုက်ပျိုးရေးစီးပွားရေးပညာ) ဆိုတာ စိုက်ပျိုးရေးကဏ္ဍမှာ ရှိတဲ့ အကန့်အသတ်ရှိသော အရင်းအမြစ်တွေကို အကျိုးရှိရှိ အသုံးချပြီး လူသားတွေရဲ့ လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ လေ့လာတဲ့ ပညာရပ်ဖြစ်ပါတယ်။ ၎င်းဟာ ရိုးရိုးစိုက်ပျိုးရေးနဲ့ စီးပွားရေး သီအိုရီတွေကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ အရင်းအမြစ်များကို အကျိုးရှိစွာ စီမံခန့်ခွဲခြင်း (Resource Optimization): စိုက်ပျိုးရေးမှာ မြေ၊ ရေ၊ လူအင်အားနဲ့ အရင်းအနှီး (Capital) တွေက အကန့်အသတ်ပဲ ရှိပါတယ်။ Economic Choice: "ကုန်ကျစရိတ် အနည်းဆုံးနဲ့ အမြတ်အများဆုံး" ရမယ့် နည်းလမ်းကို တွက်ချက်ရွေးချယ်တတ်စေပါတယ်။ Opportunity Cost: အရင်းအမြစ်တစ်ခုကို သုံးလိုက်တဲ့အတွက် လက်လွှတ်လိုက်ရတဲ့ တခြားအခွင့်အလမ်းတွေရဲ့ တန်ဖိုးကို တွက်ချက်တတ်စေပါတယ်။
ဈေးကွက်နှင့် ဝယ်လိုအား၊ ရောင်းလိုအား (Market Demand and Supply): စိုက်ပျိုးရေးစီးပွားရေးဟာ ဈေးကွက်ရဲ့ သဘောသဘာဝကို နားလည်ဖို့ ကူညီပေးပါတယ်။ Price Determination: သီးနှံဈေးနှုန်းတွေ ဘာကြောင့် တက်တယ်၊ ကျတယ်ဆိုတာကို ဝယ်လိုအား (Demand) နဲ့ ရောင်းလိုအား (Supply) အပေါ် မူတည်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ Market Information: တောင်သူတွေအနေနဲ့ ဘယ်အချိန်မှာ ရောင်း ရမလဲ၊ ဘယ်သူ့ကို ရောင်းရမလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ထောက်ပံ့ပေးပါတယ်။ အန္တရာယ်နှင့် မသေချာမှုများကို စီမံခန့်ခွဲခြင်း (Risk Management): စိုက်ပျိုးရေးဟာ ရာသီဥတုနဲ့ ဈေးကွက်အတက် အကျအပေါ် အလွန်မှီခိုနေရတဲ့ လုပ်ငန်းပါ။ Risk Mitigation: သီးနှံအာမခံ (Crop Insurance)၊ ကြိုတင်ရောင်း ဝယ်မှု (Future Markets) နဲ့ သီးနှံစုံ စိုက်ပျိုးခြင်း (Diversification) စတဲ့ နည်းလမ်းတွေကတစ်ဆင့် ဆုံးရှုံးနိုင် ခြေကို လျှော့ချဖို့ လေ့လာပါတယ်။ စားနပ်ရိက္ခာဖူလုံရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် နိုင်ငံတော် အဆင့်မှာ Agriculture Economics ဟာ မူဝါဒချမှတ်သူတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ Food Security: လူဦးရေတိုးတက်မှု နဲ့အညီ ရိက္ခာဖူလုံဖို့အတွက် လိုအပ်တဲ့ ထုတ်လုပ်မှုပမာဏနဲ့ ဖြန့်ဖြူးမှုစနစ်တွေကို ရေးဆွဲနိုင်ပါတယ်။ Rural Development: ကျေးလက်နေပြည်သူတွေရဲ့ ဝင်ငွေတိုးတက်စေဖို့နဲ့ လူမှုစီးပွားဘဝ မြှင့်တင်ပေးမယ့် စီမံကိန်းတွေကို ပုံဖော်ပေးပါတယ်။ စိုက်ပျိုးရေးဆိုင်ရာ မူဝါဒများ (Agricultural Policy): အစိုးရရဲ့ ထောက်ပံ့ကြေး (Subsidies)၊ အခွန် (Taxes) နဲ့ ပို့ကုန်သွင်းကုန် မူဝါဒတွေက စိုက်ပျိုးရေးအပေါ် ဘယ်လိုသက်ရောက်သလဲဆိုတာကို ခွဲခြမ်း စိတ်ဖြာပါတယ်။ Trade Policy: နိုင်ငံတကာ ကုန်သွယ်ရေးမှာ မိမိနိုင်ငံက ထွက်တဲ့ သီးနှံတွေ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို လမ်းပြပေးပါတယ်။ Agriculture Economics ၏ အဓိက လေ့လာမှု နယ်ပယ်များကတော့ Production Economics (ထုတ်လုပ်မှု စွမ်းအား မြင့်မားအောင် အားထုတ်ခြင်း) Agricultural Marketing (ထုတ်ကုန်တွေကို ဈေးကွက် ဆီ ထိရောက်စွာ ပို့ဆောင်ခြင်း) Agricultural Finance (လယ်ယာကဏ္ဍအတွက် ချေးငွေနဲ့ ရင်းနှီးမြှုပ်နှံမှုများ ကို စီမံခြင်း) Farm Management (လယ်ယာတစ်ခုချင်းစီ၏ စီးပွားရေးလုပ်ငန်းလည်ပတ်မှုကို စီမံခြင်း) စသဖြင့် လေ့လာရမှာဖြစ်ပါတယ်။ Agriculture Economics ဟာ စိုက်ပျိုးရေးကို "လုပ်ရိုးလုပ်စဉ် စိုက်ပျိုးမှု" ကနေ "သိပ္ပံနည်းကျ စီးပွားရေးလုပ်ငန်း" အဖြစ် ပြောင်းလဲပေးတဲ့ ပညာရပ်ဖြစ်ပါတယ်။ Agribusiness (စိုက်ပျိုးရေး အခြေခံစီးပွားရေးလုပ်ငန်း) ဆိုတာ စိုက်ပျိုးရေးထုတ်ကုန်တွေကို အစအဆုံး စနစ်တကျ စီမံခန့်ခွဲတဲ့ ကွင်းဆက် တစ်ခုလုံးကို ဆိုလိုတာပါ။ မျိုးစေ့ထုတ်လုပ်ခြင်းကနေ စားသုံးသူလက်ထဲရောက်တဲ့အထိ ပါဝင်တဲ့ လုပ်ငန်းစဉ် အားလုံးဟာ Agribusiness ထဲမှာ ပါဝင်ပါတယ်။ တန်ဖိုးကွင်းဆက် တစ်လျှောက် အလုပ်အကိုင် ဖန်တီးပေးနိုင် ခြင်း။ စိုက်ပျိုးရေးဆိုတာ လယ်ကွင်းထဲမှာတင် ပြီးသွားတာမဟုတ်ပါဘူး။ Agribusiness ကဏ္ဍ ကျယ်ပြန့်လာ တာနဲ့အမျှ လုပ်ငန်းအခွင့်အလမ်းတွေ အများကြီး ပေါ်ပေါက်လာပါတယ်။ (Input Sector): မျိုးစေ့၊ မြေသြဇာ၊ စက်ပစ္စည်းနှင့် နည်းပညာဝန်ဆောင်မှုများ။ (Processing Sector): သီးနှံများကို သန့်စင် ခြင်း၊ ထုပ်ပိုးခြင်းနှင့် စက်ရုံထုတ်ကုန်အဖြစ် ပြောင်းလဲခြင်း။ (Output Sector): သိုလှောင်ခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဈေးကွက်ရှာ ဖွေခြင်းနှင့် လက်လီရောင်းချခြင်း။ လယ်ယာထွက်ကုန်များကို တန်ဖိုးမြှင့်တင် ပေးခြင်း (Value Addition): ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက် Agribusiness နည်းလမ်းအရ တန်ဖိုးမြှင့်ထုတ်ကုန် (Value-added product) အဖြစ် ပြောင်းလဲခြင်းက ဝင်ငွေကို အဆပေါင်းများစွာ တိုးတက်စေပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပို့ကုန် ကဏ္ဍမှာ Agribusiness ဟာ အဓိကမောင်းနှင်အား ဖြစ်ပါတယ်။ Agribusiness စနစ်ကနေ ထုတ်ကုန်တွေကို GAP (Good Agricultural Practices) သို့မဟုတ် ISO စံချိန်စံညွှန်း မီအောင် ထိန်းချုပ်ပေးတဲ့အတွက် ပြည်ပဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်စွမ်း မြင့်မားလာပါတယ်။ Agribusiness ဟာ စိုက်ပျိုးရေးကို ရိုးရာနည်းလမ်းကနေ ခေတ်မီစက်မှုနည်းလမ်းဆီ ကူးပြောင်းပေးပါတယ်။
ထုတ်ကုန်မရှိတဲ့နိုင်ငံဟာ ငွေကြေးဖောင်းပွမှုကိုမထိမ်းသိမ်းနိုင်ပါဘူး။ ဆင်းရဲနေဦးမှာပါပဲ။ မြန်မာ နိုင်ငံမှာ ထုတ်ကုန်တွေ ထုတ်လုပ်နိူင်ဖို့ ကုန်ကြမ်းပေါကြွယ်ဝလှသော်လည်း အသိပညာ၊ အတတ်ပညာ နည်းပါးမှုကြောင့် အသုံးမချနိုင်ပဲ့ လေလွင့်ပျက်စီးနေတာတွေကို စိတ်မကောင်းဖွယ်မြင်တွေ့နေရပါတယ်။ စိုက်ပျိုးရေးကိုအခြေခံတဲ့ထုတ်ကုန်ထုတ်လုပ်နိုင်အောင်ကြိုးစားခြင်းက ပို၍လက်တွေ့ကျပြီး တိုးတက်မှုမြန် ဆန်လာနိုင်ပါတယ်။ ဒါကြောင့်စိုက်ပျိုးရေးနှင့်ပတ်သက်သော အခြေခံသဘောတရာကို လေ့လာသင်ယူခြင်း ဖြင့် မိမိ မိသားစုနှင့်တကွ အများပြည်သူကို အကျိုးရှိစေမှာဖြစ်တာမို့ မိရိုးဖလာအတွေးမှား အမြင်မှားတွေကို စွန့်လွတ်ပြီး လေ့လာသင်ယူကြဖို့တိုက်တွန်းလိုက်ပါတယ်။
ကိုကိုအောင်
စိုက်ပျိုးရေးဘာသာရပ်ခွဲများနှင့် စိုက်ပျိုးနှင့်ဆက်စပ်ဘာသာရပ်များ မည်သည့်ဘာသာရပ်များကို စိတ်ဝင်စားပါသလဲ
1. လယ်ယာသီးနှံ (Agronomy)
2. ဥယျာဉ်ခြံသီးနှံ (Horticulture)
3. စိုက်ပျိုးစီးပွားရေးပညာ (Agricultural Economics)
4. မြေဆီလွှာသိပ္ပံ (Soil Science)
5. စိုက်ပျိုးရေးဆိုင်ရာကိမိလဗေဒ (Agricultural Entomology)
6. စိုက်ပျိုးပညာပေးရေး (Agricultural Extension)
7. အပင်မျိုးစပ်မွေးမြူရေး (Plant Breeding)
8. အပင်အနုဇီဝဗေဒနှင့်အပင်ရောဂါ (Plant Microbiology and Pathology)
9. ဇီဝနည်းပညာ (Biotechnology)
10. အပင်သိပ္ပံ (Plant Science)
11. မြေဆီလွှာသိပ္ပံ (Soil Science)
12. သီးနှံသိပ္ပံ (Crop Science)
13. အစားအသောက်သိပ္ပံ (Food Science)
14. အစားအစာအာဟာရဓာတ်နှင့်ကျန်းမာရေး (Food Nutrition and Dietetics)
15. တောရိုင်းတိရစ္ဆာန်များဘဝဆိုင်ရာသိပ္ပံ (Wildlife Science)
16. မြင်းမွေးမြူရေး၊ အသုံးပြုမှုနှင့်ဆိုင်သောသိပ္ပံ (Equine Science)
17. စားကျက်သိပ္ပံ (Pasture Science)
18. စိုက်ပျိုးရေးအင်ဂျင်နီယာ (Agricultural Engineering)
19. အစားအစာအင်ဂျင်နီယာ (Food Engineering)
20. စိုက်ပျိုးရေးဆိုင်ရာကူးသန်းရောင်းဝယ်ရေးပညာ (Agribusiness)
21. စီးပွားရေးနှင့်ဈေးကွက်ပညာ (Economics and Marketing)
22. ထောက်ပံ့ပို့ဆောင်ရေးနှင့်ကွင်းဆက်စီမံခန့်ခွဲမှု (Logistics and Supply Chain Management)
23. သဘာဝအရင်းအမြစ်များ စီမံထိန်းသိမ်းရေး (Natural Resources management)
24. ပတ်ဝန်းကျင်သိပ္ပံ (Environmental Science)
25. ထုတ်ပိုးပစ္စည်းသိပ္ပံပညာ (Packaging Science)
26. မွေးမြူရေးသိပ္ပံ (Animal Science)
27. ပိုးစာပင်စိုက်ပျိုးရေးနှင့်ပိုးမွေးမြူရေး (Sericulture)
28. သီးနှံသစ်တောရောနှောစိုက်ပျိုးရေး (Agroforestry)
29. နို့နှင့်နို့ထွက်ပစ္စည်းဆိုင်ရာသိပ္ပံ (Dairy Science)
30. ဝိုင်ထုတ်လုပ်ခြင်းဆိုင်ရာသိပ္ပံ (Wine Science)
31. ပျားမွေးမြူရေး (Apiculture)
32. စပျစ်စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာသိပ္ပံ (Viticulture)
33. မြင်းမွေးမြူရေးနှင့်မြင်းနှင့်ဆိုင်သောအားကစားသိပ္ပံ (Equine Science)
34. သဘာဝအရင်းအမြစ်များစီမံခန့်ခွဲရေး (Natural Resources Management)
35. ပတ်ဝန်းကျင်ဆိုင်ရာအင်ဂျင်နီယာ (Environmental Engineering)
36. ဇီဝနည်းပညာ (Biotechnology)
37. ဇီဝဆိုင်ရာအချက်အလက်များ (Bioinformatics)
38. စိုက်ပျိုးရေးဆိုင်ရာအချက်အလက်နည်းပညာ (Agricultural Information Technology)
39. ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကွပ်ကဲရေး (Rural Development, Administration and Management)
40. ရာသီဥတုနှင့် လိုက်လျောညီထွေသော စိုက်ပျိုးရေး Climate Smart Agriculture
41.အပင်ဇီဝကမ္မဗေဒနှင့်ဇီဝဓာတုဗေဒ (Plant Physiology and Biochemistry)
42. အစားအစာသိပ္ပံနှင့်နည်းပညာ (Food Science and Technology)
43. အပူပိုင်းဆိုင်ရာ လယ်ယာသီးနှံသိပ္ပံ (Tropical Crop Science)
44. အပူပိုင်းဆိုင်ရာ စားကျက်သီးနှံသိပ္ပံ (Tropical Pasture Science)
45. အပူပိုင်းဆိုင်ရာ ဥယျာဉ်ခြံသီးနှံသိပ္ပံ (Tropical Horticultural Science)
46. အပူပိုင်းဆိုင်ရာ တိရစ္ဆာန်မွေးမြူထုတ်လုပ်ရေးပညာ (Tro-pical Animal Production)
47. စုပေါင်းဘာသာရပ်များ (Multidisciplinary/ Inter-disciplinary Subjects)
48. တိကျသော စိုက်ပျိုးမွေးမြူရေး(Precision Agriculture/ Farming)၊
59. အော်ဂဲနစ်စိုက်ပျိုး ရေး (Organic Agriculture)
50. ရာသီဥတု နှင့်လိုက်လျောညီထွေ ဖြစ်သော စိုက်ပျိုးမွေးမြူရေး (Climate-Smart Agriculture)
51. အချက်အလက်ဆိုင်ရာစိုက်ပျိုး ရေး (Data Science in Agriculture)
52.ဒစ်ဂျစ်တယ် စိုက်ပျိုးရေး (Digital Agriculture)
Click here to claim your Sponsored Listing.
Category
Website
Address
Bogyoke Aung San Road
Monywa
HTTPS://MAPS.APP.GOO.GL/7HYSR9FCMVKQLMYM8