Colourful Poem
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Colourful Poem, Art school, Corner of San Pya Street and Dawar St. , Aung Chan Thar ward, Monywa.
05/03/2020
သားသားမီးမီးတို့အတွက် Colourful Poem နွေရာသီပန်းချီသင်တန်း
----------------------------------------------------------------------
🖌Colourful Poem ဆိုတာကတော့ လက်ရှိချဉ်းနင်းဝင်ရောက်နေပြီဖြစ်တဲ့ နွေကျောင်းပိတ်ရက်မှာ ကလေးငယ်တွေအတွက် ရည်ရွယ်ဖွင့်လှစ်သွားမယ့် ပန်းချီသင်တန်းလေးပဲဖြစ်ပါတယ်။
🖌ကလေးငယ်တိုင်မှာ မူလကတည်းက အနုပညာဓာတ်ခံဆိုတာ ပါလာခဲ့ပြီးသားပါ။ Colourful Poem သင်တန်းရဲ့ရည်ရွယ်ချက်က ကလေးတစ်ဦးချင်းစီရဲ့ စိတ်ဝင်စားမှုအပေါ် အခြေခံပြီး အနုပညာအရည်အသွေးတိုးတက်လာအောင် မြေတောင်မြှောက်ပေးသွားဖို့ပဲဖြစ်ပါတယ်။
🖌နွေရာသီအားလပ်ရက်တွေကို အကျိုးရှိရှိအသုံးချမယ် ... ကောင်းနိုးရာရာ ပန်းချီကားလေးတွေကို စိတ်ဝင်တစားရေးဆွဲမယ်။ သူငယ်ချင်းအသစ်တွေကို ရှာဖွေရင်း ပန်းချီအနုပညာအကြောင်း အခြေခံကျကျသင်ယူမယ်ဆိုတဲ့ ကလေးငယ်တွေအတွက် Colourful Poem က အသင့်တော်ဆုံးသင်တန်းပါပဲ။
သင်ကြားပေးမယ့်နည်းပြဆရာမကတော့ မုံရွာမြို့က Bright ကိုယ်ပိုင်ကျောင်းနဲ့ Bright Mind ကိုယ်ပိုင်မူလတန်းကျောင်းတွေမှာ ပန်းချီနည်းပြအဖြစ် တာဝန်ယူသင်ကြားပေးနေတဲ့ ဆရာမဒေါ်ရွှေလီထွေး ပဲဖြစ်ပါတယ်။
🎨ဒေါ်ရွှေလီထွေးဟာ ၂၀၀၄-၀၅ ခုနှစ်၊ မန္တလေးပန်းချီပန်းပုကျောင်းဆင်းဖြစ်ပြီး ပန်းချီပြပွဲ ၄ ပွဲမှာ ပါဝင်ပြသခဲ့တဲ့ပန်းချီပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက နွေရာသီကျောင်းပိတ်ရက်တွေမှာ ကလေးငယ်တွေအတွက် ပန်းချီသင်တန်းဖွင့်လှစ်သင်ကြားခဲ့တဲ့ ဝါရင့်ပန်းချီဆရာမလည်း ဖြစ်နေပါတယ်။
Colourful Poem ပန်းချီသင်တန်းကို ယခုမတ်လ ၈ ရက်နေ့(တနင်္ဂနွေနေ့) မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ သင်တန်းချိန်တွေကတော့ -
🕖စနေ-တနင်္ဂနွေတန်းခွဲတွေအဖြစ် မနက် ၈ နာရီကနေ ၁၀ နာရီအထိတစ်ချိန်၊
🕖မနက် ၁၀ နာရီကနေ ၁၂ နာရီအထိ တစ်ချိန်သင်ကြားပေးသွားမှာပါ။
ကြားရက်တွေမှာတော့ တနင်္လာ၊ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ တစ်ရက်ကို ၄ ကြိမ်ခွဲပြီး သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ကြားရက်သင်တန်းချိန်တွေကတော့ -
🕖မနက် ၈ နာရီကနေ ၉ နာရီခွဲ၊
🕖နေ့လည် ၂ နာရီကနေ ၃ နာရီခွဲ၊
🕖ညနေ ၃ နာရီခွဲကနေ ၅ နာရီ၊
🕖ညနေ ၅ နာရီကနေ ၆ နာရီခွဲအထိဖြစ်ပါတယ်။
👉သင်တန်းလိပ်စာက စံပြလမ်းနဲ့ ဒေဝါလမ်းထောင့်၊ အောင်ချမ်းသာရပ်ကွက်၊ မုံရွာမြို့မှာဖြစ်ပြီး မိဘများအနေနဲ့ ဖုန်းနံပါတ် ၀၉ ၇၇၉၂၂၀၄၃၇ ကို ဆက်သွယ်စုံစမ်းပြီး အပ်နှံနိုင်ပါတယ်။
🎨သားသားမီးမီးတို့အတွက် အရောင်အသွေးစုံလင်တဲ့ စုတ်ချက်တွေနဲ့အတူ နွေရာသီကို အလှပဆုံးဖြတ်သန်းဖို့ Colourful Poem ပန်းချီသင်တန်းက စောင့်ကြိုနေပါပြီ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Corner Of San Pya Street And Dawar St. , Aung Chan Thar Ward
Monywa