NSS Health Supplements
ဖြည့်စွက်စာအကြောင်းမျှဝေမည်
ဖြည့်စွက်စာများကိုလည်းသင့်တင့်တဲ့ဈေးနှုန်းနှင့် ရောင်းမည်
06/10/2021
💠 စတုတ္ထလှိူင်းကိုကာကွယ်ရန် ကိုဗစ်နှင့်ပတ်သက်၍
သိထားသင့်တဲ့ ပို့စ်တချို့ 💠 *******t*******h*******u*******r*******a*******
သွေးပျစ်ရင် သွေးတွင်း အောက်စီဂျင် ကျတာကြောင့် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင် စောင့်ရှောက်ဖို့ လိုပါတယ်။
သွေးပျစ်ရတဲ့ အကြောင်းက စိတ်နဲ့ ပတ်သက်တဲ့ခံစားချက်၊ ခန္ဓာနဲ့ ပတ်သက်တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ပတ်သက်ပါတယ်။
သွေးပျစ်လာရင် ခန္ဓာကပေးတဲ့ မက်ဆေ့ ၄မျိုးကတော့_
၁။ မနက်ထလာရင် ခေါင်းမူးတယ်၊ အားမရှိဖြစ်တယ်။ မနက်စာစားပြီးမှ တဖြည်းဖြည်း နိုးကြားလာပြီး ညနက်လေ လန်းဆန်းလေ ဖြစ်လာတယ်။
၂။ နေ့လည်စာစားပြီးရင် အရမ်းအိပ်ချင်တယ်၊ မအိပ်လို့ မရတာမျိုး။
၃။ ဆောင့်ကြောင့်ထိုင်ချလိုက်တာနဲ့ မွန်းကြပ်ပြီး အသက်ရှူလို့မကောင်းတာ၊ ခန္ဓာကိုယ် ဝဖြိုးတာ။
၄၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးတာ၊ ချက်ချင်း
ကောင်းကောင်းမမြင်ရတာ။ ခန္ဓာက သွေးပျစ်ကြောင်း အချက်ပြလာပြီဆိုရင် အမြန်ကုစားကြပါ။
သွေးပျစ်တာကို သက်သာစေဖို့ နည်းလမ်း၅မျိုးကတော့_
*******t*******h*******u*******r*******a*******
၁။ ရေများများသောက်ပါ။
၂။ ကိုလက်စထရောကို တားဆီးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေဟာ ရေဓာတ် အများကြီးပါတဲ့အပြင် ကြွယ်ဝတဲ့ ဗီတာမင်စီနဲ့ ဖိုက်ဘာအမျှင်ဓာတ်တွေပါပါတယ်၊ ဒါကြောင့် ဟင်းသီးဟင်းရွက်၊ ပြောင်းဖူး၊ အသီးအနှံ အစေ့အဆံ အစုံစားပါ။
၃။ တိရစ်ဆာန် ဝမ်းတွင်းကလီစာ လျှော့စားပါ ။
၄။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။
၅။ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ။
သွေးပျစ်ရင် ရေများများသောက်ဖို့ "ပထမ" ဆိုတော့
ရေ နဲ့ ပတ်သက်တာကို နည်းနည်းထပ်ပြီး မျှဝေပါမယ်။
ဒါကြောင့် သွေးပျစ်တာမဖြစ်အောင် သွေးတွင်း အောက်စီဂျင်များအောင် ရေများများသောက်ပါ။ အထူးသဖြင့် ရေနွေးများများသောက်ပါ။ ရေနွေးက အဆီတှကျေို ခြေဖျက်နိုင်တယ်၊ အစာကြေတယ်၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။
ရေသောက်ခြင်းရဲ့ အကျိုးအာနိသင် ( ၈ )မျိုးကတော့
*******t*******h*******u*******r*******a******* ၁။ အဆိပ်အတောက်တွေကို သန့်စင်စေတယ်။ ၂။ အရေပြားကို သန့်ရှင်း ကျန်းမာစေတယ်။ ၃။ ကြွက်သားကို သန်မာစေတယ်။ ၄။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်။ ၅။ စွမ်းအင် တိုးပွားစေတယ်။ ၆။ ဝိတ်ကျစေတယ်။ ၇။ ခေါင်းကိုက်တာကို သက်သာစေတယ်။ ၈။ မှတ်သားနိုင်တဲ့စွမ်းရည်ကို တိုးပွားစေတယ်။
- ရေခဲရေကို ရှောင်ပါ။
- ရိုးရိုးရေကို များများသောက်ပါ။ - ရေနွေးကို များများသောက်ပါ။
- ရိုးရိုးရေနွေးဖြူအပြင်၊ ရေနွေးကို လက်ဖက်ခြောက် ခတ်သောက်တာ၊
- ပျားရည်နဲ့ သံပရာ ညှစ်သောက်တာကလည်း ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ Credit.... - [ ] https://m.facebook.com/story.php?story_fbid=384015983091226&id=100044484822051
♦️ #သွေးခဲပြီးမသေစေလိုပါ ♦️
*****t*****h*****u*****r*****a***** အခုတလော ကြုံတွေ့နေကြရတာက သွေးခဲပြီး သေတဲ့ အဖြစ်တွေပါပဲ။
ကိုဗစ်ရောဂါကူးစက်ခံရလို့ နည်းမျိုးစုံနဲ့ကုသပြီး
အသက် ဘေး က လွတ်လာကြပေမယ့် နောက်ပိုင်း မှာ သွေးခဲပြီး ရုတ်တရက်သေနေကြပါတယ်။
အဲဒီသွေးခဲခြင်းမဖြစ်အောင်နည်းလမ်းရှာကြဖို့လိုပါတယ်။
သွေးမခဲအောင်ဆိုပြီး သွေးကျဲဆေးတွေသောက်ကြ
ရတယ်။ ဒါကြောင့် သွေးကျဲဆေးဈေးတွေမိုးပေါ် ရောက်သွားတယ်။ လူအများမေးကြတာက သဘာဝ နည်းနဲ့ သွေးကျဲအောင် လုပ်လို့မရဘူးလားတဲ့။
ရပါတယ်။သဘာဝနည်းနဲ့ သွေးကျဲအောင် လုပ်တဲ့
နည်းကို အခုပြောပြပါမယ်။
သွေးကျဲဆေးလိုပဲ သဘာဝမှာ သွေးကျဲအောင် လုပ်
ပေးနိုင် တာကတော့ကြက်သွန်ဖြူဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဓါတုသွေးကျဲဆေးထက် အများ ကြီးပိုကောင်းပါတယ်။
ပြီးတော့ ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်တဲ့ ပုလိပ်
ရောဂါကိုလည်း ကြက်သွန်ဖြူနဲ့ပဲ အနိုင်ယူခဲ့ကြ တာဖြစ်တယ်။ ထမင်းစားရင် ကြက်သွန်ဖြူ သုံးလေးတက်လောက် စားပေးသင့်တယ်။
သဘာဝမှာ သွေးမခဲအောင်လုပ်ပေးနိုင်တာရှိပါ
သေးတယ်။ အဲဒါကတော့ နနွင်း ဖြစ်ပါတယ်။ နနွင်းက ဆီနဲ့ဖျော်သောက် မှ အူတွေကနေ စုပ် ယူနိုင်တာဖြစ်တယ်။ အခုလိုအခါမှာ ဇွန်းသေးနဲ့ မနက်တစ်ဇွန်း၊ ညနေတစ်ဇွန်း သောက်သင့် တယ်။
နောက်တစ်ခုကတော့ သံလွင်ဆီဖြစ်တယ်။ ဆံချည်
မျှင်သွေးကြောလေးတွေ အတွင်းထဲအထိ ရှင်းလင်း ပေးနိုင်တာ ကမ္ဘာပေါ်မှာသံလွင်ဆီတစ်မျိုးပဲရှိတယ်။
နနွင်းဖျော်သောက်ရာမှာ သံလွင်ဆီနဲ့ပဲ ဖျော်
သောက်ကြပေါ့။သွေးခဲတဲ့သူတွေရဲ့သွေးဟာ ပျစ် နေလေ့ရှိတယ်။ သွေးခဲရခြင်းက သွေးပျစ်နေလို့။
သွေးပျစ်ရတာက ရေသောက်နည်းလို့။ ရေများများသောက်မှ သွေးက ကျဲလာမှာဖြစ်တယ်။ဘဒါကြောင့် တစ်နေ့ကို ရေ ၄ လီတာလောက် သောက်ရမယ်။ ရေခပ်နွေးနွေး သောက်တာ အကောင်းဆုံးပဲ။
သွေးပျစ်တဲ့သူတွေဟာ အချဉ်ကြောက်ကြသူတွေ
များတယ်။ အချဉ်ဓါတ်စားပေးရင် သွေးကျဲတယ်။ ဒါကြောင့်သံပရာရည် ချဉ်ချဉ်လေးသောက်ပေး ဖို့ကောင်းတယ်။
အနောက်နိုင်ငံကတွေကတော့ သွေးကျဲဖို့ ကီဝီသီးတွေ စားလေ့ရှိပါတယ်။ အခု မြန်မာပြည်မှာတော့ ကင်ပွန်း
ချဉ် ဟင်းချိုသောက်ပြီး အဆင်ပြေနေကြပါတယ်။
သွေးထဲမှာရောနေတဲ့ အရည်ကြည်တစ်မျိုးရှိပါတယ်။အဲဒါကို သွေးသည်းခြေလို့ ခေါ်ပါတယ်။ သွေးသည်း
ခြေ နည်းနေရင် လည်းသွေးကပျစ်တတ်တယ်။
သွေးသည်းခြေဓါတ် အားကောင်းဖို့အတွက်ကတော့ အခါးကြွယ်ဝတဲ့ကြောင်ရှာ၊ခွေးတောက်၊ငရုတ်ခါး၊ဆင်တုံးမနွယ်၊ရဲယို၊ဒန့်ဒလွန်တွေစားပေးသင့်တယ်။ အခါးစားမှလည်း ဝါယောအားကောင်းပြီး သွေးလည်
ပတ်မှု မှန်မှာဖြစ်တယ်။
အထိုင်များအအိပ်များရင် သွေးလေးပြီး သွေးခဲတတ်
တယ်။ ဒါကြောင့်လမ်းလျှောက်ပေးရမယ်။ လမ်းလျှောက်လို့ခြေသလုံးကြွက်သားတွေညှစ်တော့မှ သွေးက နှလုံးကို တွန်းအားနဲ့ ရောက်တာဖြစ်တယ်။ ခြေသလုံး၂ခုဟာ ဒုတိယနှလုံးတွေ ဖြစ်တယ်။ ခပ်ဖြေးဖြေးလျှောက်ပေါ့။ သွေးခဲတာခြေထောက် ပိုင်းမှာ အဖြစ်များတယ်။ ခဲတဲ့သွေးဖတ်က ပင်မသွေးကြော ထဲမှာ ပါလာပြီး နှလုံး၊ ဦးနှောက်တွေမှာ သွား ပိတ်တာ များတယ်။
သွေးမခဲဖို့က တစ်ခုကောင်းလုပ်လို့မရဘူး။ အခု
ပြောခဲ့တာ တွေကို Network နဲ့လုပ်မှ ပြည့်စုံမှာ ဖြစ်တယ်။ ဒီလိုပဲ ဉာဏ်ရှိသလို လုပ်ရမှာပဲ။ ဉာဏ်ရှိရှိလုပ်သွားမယ်ဆိုရင် သေဘေးကနေ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
ချစ်ခင်လေးစားလျှက်..
မူရင်းစာရေးသူ (sharing is caring) https://m.facebook.com/story.php?story_fbid=384015983091226&id=100044484822051 ~~~~t~~~h~~~u~~~r~~~a~~~~
ပုံမှန် ၉၈ - ၉၉% ရှိတဲ့သူတစ်ယောက်က
၉၅ ကနေ မတက်တော့ဘူးဆို ကျတော့မယ်ဆိုတာ သိရပါမယ်။ လိုအပ်တဲ့ ကုသမှု အချိန်မီ စတင်ရပါမယ်။ ကျရင် အောက်စီဂျင်ရှူရုံနဲ့ ကိုဗစ်က မပျောက်ပါဘူး။ လေအိတ်တွေ ပျက်စီးကုန်လို့ အောက်စီဂျင်ကျတာပါ။ ဒါ့အပြင် လေအိတ်ပတ်ဝန်းကျင်မှာ ရောင်ရမ်းကုန်လို့ အောက်စီဂျင်ကျတာပါ။ ဒါကို မကုဘဲ အောက်စီဂျင်ပဲ ရှူနေလို့ မရပါဘူး။ လေအိတ်တွေ ပျက်စီးတာကို မတားဘဲ အောက်စီဂျင် သက်သက်ပဲ ရှူနေလို့ကတော့ ပိုဆိုးဆိုးလာဖို့ပဲ ရှိပါမယ်။ ကိုဗစ် တစ်ခုပဲ ကုလို့လည်း မရပါဘူး။ နဂိုရှိရင်းစွဲ ရောဂါတွေကိုလည်း ကုရပါမယ်။ ဆီးချိုရှိရင် ဆီးချိုက ထိန်းရခက်အောင် တက်ပါတယ်။ ကိုဗစ်အတွက် သုံးတဲ့ ဆေးတွေကလည်း ဆီးချို သွေးတိုးကို ပိုဆိုးစေပါတယ်။ Dexa တွေ၊ Prednisolone တွေ ဖောဖောသီသီ သုံးရုံနဲ့ ကိုဗစ်ကို ကုလို့မရပါဘူး။ လူတကိုယ်လုံးကို ခြုံငုံသုံးသပ်ပြီး ဆုံးဖြတ် ကုသရ ပါတယ်။ တစ်ဦးနဲ့ တစ်ဦးစီအတွက် ကုသပုံဟာ တူမလိုနဲ့ မတူပါဘူး။
နောက်ဆုံးမှတ်ရမှာက...
လက္ခဏာတစ်ခုခု စဖြစ်တဲ့ ရက်ကနေ (၇ ) ရက်ပြည့်ရင် ဆေးခန်း သွားကို သွားပြရပါမယ်။
ကိုဗစ်ကြောင့် အောက်စီဂျင်ကျပြီး အချိန်မီ မကု
သလိုက်နိုင်တဲ့ အဖြစ်ဆိုးတွေ မြင်လည်း မမြင်ချင်၊ ကြားလည်း မကြားချင်တော့ပါ။ https://m.facebook.com/story.php?story_fbid=384015983091226&id=100044484822051
💠 ကိုဗစ် ပြုစုကုသပုံ အဆင့်ဆင့် 💠
====t====h====u====r====a==== ၁။ ဖျားပြီ ညောင်းကိုက်ပြီဆိုတာနဲ့ ကိုဗစ်ဖြစ်ပြီဆို တာ လက်ခံလိုက်ပါ။ (ဆရာဝန်နဲ့ ပြိုင်ငြင်းမနေပါနဲ့)
၂။ ကိုဗစ်လို့လက်ခံပြီး ကိုဗစ်ပိုး မစစ်ဆေးရသေးသော်လည်း ကိုဗစ်စည်းကမ်းအတိုင်း နေထိုင်ပါ။
၃။ အစားများများစားပါ။ အရည်များများသောက်ပါ။
ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ နေပူစာလှုံပါ။
၄။ ပထမ ၇ ရက်အတွင်း အောက်စီဂျင် တနေ့ ၃ ကြိမ်
တိုင်းပါ။ ၇ ရက်ကျော်လျှင် မိမိ၏ ပုံမှန်တိုင်းတာမှုမှ ၃ % ကျပြီဆိုလျှင် ဆရာဝန်နှင့် ချက်ချင်း တိုင်ပင်ကုသပါ။
၅။ အောက်စီဂျင် စပြီး ကျပြီဆိုကတည်းက မနက်၊
နေ့၊ ည အစာစားပြီးတိုင်း ရေနွေးငွေ့ရှူပါ။ တခါရှူလျှင် အနည်းဆုံး ၅ မိနစ်၊ အများဆုံး ၁၅ မိနစ်ထက် မပိုရ။ ရေနွေးအပေါ်တွင် အနည်းဆုံး ၈ လက်မအကွာ၌ မျက်လုံးပိတ်၍ မျက်နှာသုတ်ပုဝါ ခေါင်းတွင် ခြုံ၍ အသက်ပြင်းပြင်း ရှူသွင်း ရှူထုတ် ပြုရမည်။ မျက်နှာသုတ်ပုဝါအား လေလုံအောင် မဖုံးထားရပါ။ ရေနွေးပူမလောင်စေရန် သတိပြုပါ။
၆။ အစားစားပြီး ရေနွေးငွေ့ ရှူပြီးပါက အသက်ရှူလေ့
ကျင့်ခန်း လုပ်ရပါမယ်။ အသက်ရှူလေ့ကျင့်ခန်း ၂ မျိုး ထဲမှ ချောင်းတအားဆိုနေလျှင် ပြင်းပြင်းရှူ တစက္ကန့် အောင့် ပြင်းပြင်းရှူထုတ် ၅ မိနစ်လုပ်ပါ။ ချောင်းမဆိုး ဘဲ ခံနိုင်ရည်ရှိလာလျှင် ၄ စက္ကန့်ပြင်းပြင်းရှူ၊ ၇ စက္ကန့် အောင့်ထား၊ ၈ စက္ကန့် ရှူထုတ် လေ့ကျင့်ခန်း ၅ မိနစ် လုပ်ပါ။
၇။ စားမယ်၊ ရှူမယ် ပြီးရင် မှောက်ပါမယ်။ မှောက်
နေစဉ် ချီးပါသေးပေါက်၊ ဟိုလူနဲ့စကားပြော ဒီလူနဲ့ စကားပြော မလုပ်ရပါ။ အနည်းဆုံး တနာရီ အများ ဆုံး ၄ နာရီမှောက်ရပါမယ်။ တအားမောနေလျှင် တအားဝ နေလျှင် ထိုင်လျှက် မှောက်ခြင်းဖြင့် စ လုပ်ပါ။ သက်သာလာလျှင် အိပ်ယာပေါ်မှာ မှောက်ပါ။ အိပ်ယာပေါ်မှာ မှောက်လျှင် ဗိုက်မပိအောင် ခေါင်းအုံးများ သေချာ ခုထားရပါမယ်။ ပုခုံးကို အမြင့်ဆုံး ဖြစ်အောင်ထားပါ။
၈။ ဆရာဝန်နှင့် အမြဲဆက်သွယ် တိုင်ပင်နေရပါမယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို သေချာ နားထောင်ရပါမယ်။
https://m.facebook.com/story.php?story_fbid=384015983091226&id=100044484822051
♦️👉အိမ်သူအိမ်သားများ၏ တာဝန်👈♦️
======t====h====u====r===a======
ဒီအချိန်မှာ ကူးစက်ရောဂါ ပေါက်ကွဲပျံ့နှံ့နေတဲ့
အချိန်မှာ လူနာများ သက်သာ ကောင်းမွန်ဖို့ ဆရာဝန် များချည်းသာ တာဝန်ရှိတာ မဟုတ်ပါဘူး။ လူနာရဲ့ ဆွေမျိုးသားချင်းများရဲ့ အခန်းကဏ် ဍဟာလည်း အလွန် အရေးကြီးပါတယ်။ ဆရာဝန်က လူနာကို မှာကြားလိုက်တာတွေကို ဘေး ကနေ သေချာနားထောင်ပြီး မိမိလူနာ အကျိုးအတွက် စနစ်တကျ လိုက်နာဆောင်ရွက်စေဖို့ ကူညီပေးရပါမယ်။ တချို့လူနာတွေက ကိုဗစ်ဖြစ်ပြီလို့ ပြောလိုက်တာနဲ့ စိတ်ဓာတ်တွေ ကျသွားပါတယ်။ ကြောက်လန့်သွား ကြပါတယ်။ နောက်ပြီး မထူးဇာတ်ခင်းကြပါတယ်။ ဆရာဝန်ပြောတာကို ဘာတစ်ခုမှ အလေးအနက် မထားတော့ပါဘူး။ မိမိထင်ရာလုပ်၊ နေချင်သလို နေကြတော့တဲ့ သူတွေလည်း တွေ့ရပါတယ်။ ကိုဗစ်ဆိုတာ လေဖြတ်သလို၊ တခြားနာတာရှည် ရောဂါတွေလို အချိန်အကြာကြီး ပြုစုကြရမှာ မဟုတ်ပါဘူး။ ၂ ပတ်လောက်သာ သေချာ ပြုစုပေးရင် အသက် အန္တရာယ် မရှိနိုင်ပါဘူး။ မလိုအပ်ဘဲ သေဆုံးမှုတွေ ကို လျှော့ချနိုင်ပါတယ်။ စဖျားတဲ့နေ့ကနေ ၇ ရက်အထိကာလမှာ အစား ကောင်းကောင်း ကျွေးမယ်၊ စိတ်ဓာတ်မကျအောင် အားပေးမယ်။ ဆရာဝန်ညွှန်ကြားထားတာတွေကို စနစ်တကျဖြစ်အောင် ကူညီပေးမယ်။ တပတ်ကျော်ရင် ရောဂါ စပြီးဆိုးတတ်တော့ ပိုပြီး ဂရုစိုက်မယ်။ အသက်ရှူလေ့ကျင့်ခန်းတွေ၊ နေထိုင်ရမယ့် ပုံစံတွေကို သေချာလုပ်ခိုင်းမယ်။ အားတင်းထားဖို့ အားပေးမယ်။ ၁၀ ရက်ကျော်လို့ အောက်စီဂျင် ပုံမှန်ပဲဆို အတော် လေး စိတ်ချရပါပြီ။ နောက်ထပ် ၄ ရက်ကို သေချာ ဂရုတစိုက် ထပ်ပြီး စောင့်ရှောက်မယ်ဆို လူနာအသက်အန္တရာယ်နဲ့ သေ ဆုံးနှုန်းကို သိသိသာသာလျှော့ချနိုင်မှာပါ။ ပထမ ၇ ရက်အတွင်းမှာ စိတ်ပူစရာမရှိပါဘူး။ အဲဒီအချိန်မှာ လူနာကို စိတ်အေးအေးနဲ့ စောင့်ရှောက်နိုင်ပါတယ်။ တစ်ပတ်နဲ့ ၁၀ ရက်အတွင်းကို အထူးဂရုစိုက်ပြီး ဆရာဝန် ညွှန်ကြားချက်တွေကို တသွေမတိမ်း လိုက်နာရုံပါပဲ။ရာခိုင်နှုန်း အနည်းငယ်လောက်ပဲ အသက်အန္တရာယ်ရှိမှာပါ။ ဒီလိုသာ အိမ်သားတွေရဲ့ တာဝန်ကျေမယ်ဆိုရင် စိတ်ဆင်းရဲ ဝမ်းနည်းရတာတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါတယ်။ ကဲ ကိုဗစ်ကို ကြောက်မနေဘဲ ခပ်မာမာနဲ့ ရင်ဆိုင် လိုက်ကြရအောင်။
Credit: ဒေါက်တာသန်းထိုက်
/ Health & Knowledge https://m.facebook.com/story.php?story_fbid=384015983091226&id=100044484822051 15 - 9 - 2021 Photo Credit
24/09/2021
ခေါင်းအစ ခြေအဆုံး ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ သဘာဝအာဟာရ'Astaxanthin'
Astaxanthin အကြောင်းသိတာကြာပေမယ့်...ခု ကိုဗစ် တတိယလှိုင်းကျမှပဲ သေချာဖတ်ဖြစ်ပြီး သောက်ဖူးပါတော့တယ်၊ကျနော်ကိုယ်တိုင်လည်း July လတုန်းက ကိုဗစ်ဖြစ်လိုက်တာမို့ပါ၊ကိုဗစ်အလွန် ကာလတွေမှာ အဆုတ်,အသည်း နဲ့ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ရာမှာ အာနိသင်ကောင်းမွန်တယ်လို့ သုတေသနအချို့က ဆိုတာရယ်၊အသားအရည်ကို လှစေတဲ့ အာနိသင်ရှိတာကြောင့်ရယ်ပါ။
Astaxanthin ဆိုတာ Astaxanthin ဆိုတာပင်လယ်ရေအောက် သန္တာကျောက်တန်းတွေမှာ ရှိတဲ့ အနီရောင်ရေမှော်(ရေညှိ)(Red Microalgae) ကနေ ရတာပါ၊ပင်လယ်ပုဇွန်,ဆော်လမွန်ငါး စသည်တို့ကနေလည်း ရရှိနိုင်ပါတယ်၊ရှားပါးပြီး အာဟာရတန်ဖိုး မြင့်မားတဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။
အဓိက အာနိသင် ၃ ခုရှိပါတယ်
1.Anti-inflammatory
2.Antioxidant
3.Immunomodulating တို့ ဖြစ်ပါတယ်။
1.Anti-inflammatory(ရောင်ရမ်းခြင်းကို လျှော့ချနိုင်ခြင်း)ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်ရောဂါ ဖြစ်တဲ့အချိန်မှာ ကုသနိုင်မယ့် ဆေးဝါး,ကုထုံးတွေကို ရှာဖွေကြပါတယ်၊ကိုဗစ်ကို ကုသရာမှာ လူနာရဲ့ အသက်ကို ကယ်နိုင်ဖို့ မူ ၂ ခု အသုံးပြုရပါတယ်၊တစ်ခုက ကိုယ်ခံအားကို မြှင့်တင်ခြင်း(Immune Boosting) နဲ့ အခြားတစ်ခုက ရောင်ရမ်းခြင်းကို လျှော့ချခြင်း((Anti-inflammatory) တို့ ဖြစ်ပါတယ်၊ဒီ ရည်ရွယ်ချက် ၂ ခု ကို ဟန်ချက်ညီအောင် လုပ်နိုင်မှ ဆိုးရွားတဲ့ နောက်ဆက်တွဲ အခြေအနေတွေကနေ ရှောင်ရှားနိုင်လို့ အသက်ရှင်နိုင်တာ ဖြစ်ပါတယ်။ကိုဗစ်ရောဂါဖြစ်တဲ့အခါ ပြင်းထန် အဆုတ်ရောင်ခြင်း အခြေအနေကြောင့် အောက်ဆ်ီဂျင်ကျ,မောကြပ်ပြီး သေဆုံးတတ်ပါတယ်၊ဒီဖြစ်စဥ်ကို 'Cytokine Storm' လို့ ခေါ်ပါတယ်၊နားလည်လွယ်အောင် ထပ်ရှင်းရရင် တိုင်းပြည်နှစ်ပြည် စစ်ဖြစ်လို့ စစ်မြေပြင်ပျက်ဆ်ီးကျန်ခဲ့သလိုပဲ ရောဂါပိုးနဲ့ ကိုယ်ခံအား တိုက်ပွဲဖြစ်ကြတဲ့အခါ အဆုတ်အပါအဝင် ကလီစာတွေပျက်ဆီးပြီးကျန်ခဲ့တတ်ပါတယ်။ရောဂါပိုး နဲ့ ကိုယ်ခံအားရဲ့ တိုက်ပွဲမှာ ခန္ဓာကိုယ်အထိမနာအောင် ရောင်ရမ်းခြင်းကို လျှော့ချဖို့ မဖြစ်မနေပြုလုပ်ရပါတယ်၊ဒီ့အတွက် တန်ဖိုးကြီးမားတဲ့ ဆေးဝါးတွေနဲ့ ကုသရသလို အာဟာရကုထုံးအနေနဲ့ ချွဲပျော်အရောင်ကျဆေး(NAC),ငါးကြီးဆီ(Omega-3) နဲ့ အကျိုးပြုပိုးလေးများ(Probiotics)ကို အသုံးပြုကြပါတယ်။Astaxanthin ဟာ ရောင်ရမ်းခြင်းကို ထိရောက်စွာ လျှော့ချနိုင်ပါတယ်၊ဒါ့ကြောင့်မို့ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေ ကို ထိန်းညှိရာမှာ ကောင်းမွန်တယ်လို့ ဆိုပါတယ်။
2.Antioxidant(ဓာတ်တိုးဆန့်ကျင် အာနိသင်)ဓာတ်တိုးဆန့်ကျင်ပစ္စည်း(Antioxidant) တွေဆိုတာ ခန္ဓာကိုယ်ရဲ့ အမှိုက်သိမ်းသမားတွေပါပဲ၊အိုမင်းရင့်ရော်ခြင်း နဲ့ နာတာရှည်ရောဂါတွေကနေ ကာကွယ်ပေးတယ်,အရွယ်တင် နုပျိုစေတယ်,ရောဂါဖြစ်ရင်လည်း ကုရလွယ်စေပါတယ်။Astaxanthin က လူသိများတဲ့ Antioxidants တွေထက်တောင် အဆများစွာထိရောက်တယ်လို့ Dr.Eric Berg က ပြောပါတယ်...
🔸ဗီတာမင် A ထက် တစ်ဆယ်ဆ
🔸ဗီတာမင် E ထက် အဆ တစ်ရာ
🔸ဗီတာမင် C ထက် အဆ တစ်ထောင် အစွမ်းပိုထက်ပါသတဲ့။ဒီ အာနိသင်ကြောင့်ပဲ အသက်ကြီးလို့ ဖြစ်တဲ့ အတိတ်မေ့ခြင်း(Alzheimer's Disease),မျက်စိမှုန်ခြင်း(Macular Degeneration), အပြင် အချို့သော ကင်ဆာရောဂါ(ဥပမာ-အဆုတ်ကင်ဆာ) တွေမှာပါ တွဲဖက် အသုံးပြုကြပါတယ်။
3.Immunomodulating(ကိုယ်ခံအားကို ထိန်းညှိပေးတဲ့ အာနိသင်)ကျန်းမာနေဖို့က လူတစ်ယောက်ရဲ့ ကိုယ်ခံအားစနစ် အလုပ်လုပ်ပုံက ဘရိတ်ကောင်းတဲ့ကားတစ်စီးလို ဖြစ်နေရပါမယ်၊ကားရဲ့ ရည်ရွယ်ချက်က ခရီးသွားဖို့ ဆိုပေမယ့် ရပ်သင့်တဲ့နေရာမှာ ရပ်နိုင်မှ အဆင်ပြေမှာပါ။ဒီလို ဟန်ချက်ညီနေဖို့ ကိုယ်ခံအားစနစ်ရဲ့ ဆဲလ်တွေကို အူလမ်းကြောင်းနဲ့ အစားအစာက ညွှန်ကြားပေးပါတယ်၊Astaxanthin ဟာ ကိုယ်ခံအားကို ထိန်းညှိပေးတာမို့ ကိုယ်ခံအားတက်စေခြင်းအပြင် ကိုယ်ခံအားကစဥ့်ကလျားဖြစ်တဲ့ အော်တိုအင်မြူန်းရောဂါ(Autoimmune Diseases) တွေမှာပါ အသုံးတည့်ပါတယ်။
Astaxanthin က အရေပြားကိုလှပစေနိုင်ပါတယ်၊အမည်းစက်နဲ့ အရေပြားညိုညစ်တာတွေကို သက်သာစေပါတယ်၊ကျနော်ခု စသောက်တာ တစ်ပတ်ဝန်းကျင်မှာကို အရင်ထက် အသားရည်ကြည်လာတာ သတိထားမိပါတယ်။
Astaxanthin က အဆီမှာ ပျော်ဝင်တာမို့ အစာစားပြီးချိန် ဒါမှမဟုတ် အဆီစားပြီးချိန်မှာ သောက်ရင် ပိုကောင်းပါတယ်၊သောက်လို့ရတဲ့ သံလွင်ဆီ,အုန်းဆီ စသည်တို့နဲ့ ရောသောက်လို့ ရပါတယ်။
သဘာဝက ရတဲ့ အာဟာရမို့ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားမရှိဘူးလို့တော့ ဆိုပါတယ်၊တစ်နေ့ကို 4 mg(၄ မီလီဂရမ်) မှ 20 mg(၂၀ မီလီဂရမ်) ထိသောက်ပေးလို့ ရပါတယ်။
ဦးနှောက်နဲ့ အာရုံကြော,မျက်စိ,အဆုတ်,ကိုယ်ခံအားနဲ့ အရေပြား လှပခြင်းထိ အသုံးဝင်တဲ့ Astaxanthin အကြောင်းမျှဝေပေးလိုက်ပါပြီ၊Astaxanthin ပါဝင်တဲ့ အစားအစာတွေက ဒီမှာ ရှားပါးတဲ့အတွက် တတ်နိုင်သူတွေက ဆေးအနေနဲ့လာတာကို ဝယ်ယူပြီး ဖြည့်စွက်သောက်သုံးပေးလို့ ရပါတယ်။
Astaxanthin နဲ့ ပတ်သက်တဲ့ သုတေသနစာတမ်းတွေကို အောက်ပါ Links တွေမှာ ဖတ်ကြည့်လို့ရပါတယ် 👇👇👇
-https://www.ncbi.nlm.nih.gov/pmc/articles/PMC7436866/
-https://www.ncbi.nlm.nih.gov/pmc/articles/PMC7566765/
Photo~Internet
#ကျန်းမာကြပါစေ,စိတ်ချမ်းမြေ့ကြပါစေ
#ဒေါက်တာရဲပြည့်ဟိန်း
၂၂.၉.၂၀၂၁
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mu-Se
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |