7Stars News
News & Media Co.,Ltd Base at Myanmar The 7Stars News (Seven Stars News Group) is a non-profit Burmese media organization committed to responsible journalism.
13/05/2026
KIA ရဲဘော်တစ်ဦးအား SSPP/SSA တပ်ဖွဲ့မှ မူးယစ် ဆေးသုံးစွဲကြောင်းစွပ်စွဲကာ ဖမ်းဆီးနှိပ်စက် သတ် ဖြတ်မှုဖြစ်ပွား။
၁၃ မေ ၂၀၂၆။ - 7Stars News
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ဆင်လီကောင်ဒေသ၌ တာဝန်ထမ်းဆောင်နေသော KIA တပ်မဟာ (၆)၊ အမှတ် (၉) တပ်ရင်းလက်အောက်ရှိ MHH တပ်ခွဲ (၂) မှ ရဲဘော် မဟော်လဒွဲအား SSPP/SSA တပ်ဖွဲ့က မေလ (၂) ရက်နေ့ ညနေ (၄:၀၀) နာရီအချိန်တွင် မူးယစ်ဆေး သုံးစွဲသည်ဟု စွပ်စွဲကာ ဖမ်းဆီးချုပ်နှောင်သွားကြောင်း သိရသည်။
SSPP/SSA တပ်ဖွဲ့မှ ဦးမဟော်လဒွဲအား မူးယစ်ဆေးဝါတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် မေလ ၂ ရက်နေ့တွင်ဖမ်းဆီးသွားခြင်းဖြစ်ပြီး မေလ ၁၁ ရက်နေ့တွင် သေဆုံးနေသော ဦးမဟော်လဒွဲ၏ ရုပ်အလောင်းကို လာယူရန် မိသားစုကို အကြောင်း ကြားခဲ့ကြကြောင်း ဒေသတွင်း သတင်းရင်းမြစ်က 7stars News ကို ပြောသည်။
"SSPP/SSA တပ်ဖွဲ့တွေက ရွာအဝင်လမ်းမှာ မူးယစ်ဆေးဝါး စစ်ဆေးတာတွေလုပ်ဆောင်နေချိန် ဦးမဟော်လဒွဲ ကိုတွေ့လို့ စစ်ဆေးကြတယ်။ စစ်ဆေးနေချိန် မသင်္ကာဖြစ်ပြီး သူတို့ စခန်းဘက် ဖမ်းခေါ်သွားကြတယ်။ မေလ ၂ ရက်နေ့ ညနေပိုင်းမှာ ဖမ်းခေါ်သွားကြတာပါ။ KIA ဘက်က သူတို့ရဲ့ရဲဘော်ကို SSPP/SSA တွေ ဖမ်းသွားမှန်းမသိခဲ့ကြဘူး။
ဦးမဟော်လဒွဲ ကို SSPP/SSA စစ်သားတွေ အတော်နှိပ်စက်ခဲ့ပုံရတယ်။ အလောင်းသန့်ရှင်းရေးလုပ်ချိန် ဦးမဟော်လဒွဲရဲ့ ခန္ဓာကိုယ် တစ်ခုလုံး ညှိုမည်းနေတာပဲ။ ဦးမဟော်လဒွဲ မူးယစ်ဆေး သုံး မသုံးကိုတော့ ကျွန်တော်လည်းမသိဘူး။ ဒါပေမဲ့ မူးယစ်ဆေးသုံးစွဲရုံနဲ့ နှိပ်စက်သတ်ဖြတ်တဲ့အထိတော့ မလုပ်သင့်ဘူးလေ။ ဒါလည်း လက်နက်ကိုင်ပြီး အကြမ်းဖက်တဲ့ လုပ်ရပ်ဖြစ်တယ်။ KIA ဘက်က ဘယ်လို အရေးယူမှုတွေ လုပ်မယ်ဆိုတာတော့ မသိသေးဘူး။” ဟု ပြောဆိုသည်။
ဦးမဟော်လဒွဲ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ခံရမှု နှင့် ပတ်သက်၍ ၎င်း၏ မိသားစုဝင်များအနေဖြင့် တရားမျှတမှုရလိုကြောင်း နှင့် ထိုသို့နှိပ်စက်သတ်ဖြတ်ခဲ့ကြသော SSPP/SSA တပ်ဖွဲ့၏ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်းကိုလည်း အောက်ပါအတိုင်းပြောဆိုသည်။
"မူးယစ်ဆေး သုံးစွဲသူတွေရော ရောင်းဝယ် ဖောက်ကား သူတွေရော ရှမ်းမြောက်ဒေသတစ်ခုလုံး ဒုနဲ့ဒေးရှိနေကြတာပဲ။ နေ့တိုင်းလည်း မြင်နေတွေ့နေရတာပဲ။ နှိပ်စက်သတ်ဖြတ်ကြေးဆိုရင် အားလုံးကို လိုက်သတ်ရမှာပေါ့။ သူတို့စစ်သားတွေကိုယ်တိုင်တောင် မူးယစ်ဆေးသုံးနေကြတာ မြင်နေတွေ့နေရတာကို။ မူးယစ်ဆေး အကြီးအကျယ်လုပ်နေတာလည်း သူတို့လက်နက် ကိုင်သူတွေပဲ။ ငါတို့ပြည်သူတွေက အ နေကြတာမဟုတ်ဘူး။ တွေ့နေမြင်နေရပေမဲ့ မသက် သာလို့သာကြည့်နေရတာပါ။ ခုလို ဦးမဟော်လဒွဲကို ရက်ရက်စက်စက် ရိုက်နှက်သတ်ဖြတ်တဲ့ အပေါ် တရားမျှတမှုလိုချင်ပါတယ်။ SSPP/SSA တပ်ဖွဲ့ရဲ့ ရက်စက် ယုတ်မာတဲ့ လုပ်ရပ်ကိုလည်း ပြင်းပြင်း ထန်ထန် ကန့်ကွက် ရှုတ်ချပါတယ်။” ဟု ပြောဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် ယခင် စစ်အစိုးရ လက်ထက်၌သော်လည်းကောင်း၊ အရပ်သားအစိုးရ လက်ထက်၌သော်လည်းကောင်း၊ ၁၀၂၇ စစ်ဆင်ရေးကာလနောက်ပိုင်း၌သော်လည်း ကောင်း မူးယစ်ဆေးဝါး ထုတ်လုပ်၊ ရောင်းချ သုံးစွဲမှုများသည် အစိုးရအဆက်ဆက် ရာခိုင်နှုန်းလျော့ကျသွားခြင်းမျိုး မရှိချေ။
ဲဘော်တစ်ဦးကိုSSPP_SSAတပ်ဖွဲ့မှသတ်ဖြတ်
#ဦးမဟော်လဒွဲအတွက်တရားမျှတမှုတောင်းဆို
်ဖွဲ့လုပ်ရပ်ကိုရှုတ်ချ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pyi Daung Hsu Road, Homon Quater
Mu-Se
06403