Aung Muse Mobile

Aung Muse Mobile

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Muse Mobile, Muse Township, Mu-se.

Photos from Aung Muse Mobile's post 21/12/2016

“Huawei GR5 (2017)”

လူကြိုက်များသော Huawei ဟန်းဆက်များထဲတွင် GR5 လည်း ပါဝင်ပါတယ်။ အခုအခါ Huawei မှ GR5 (2017) ကိုလည်း ထပ်မံ မိတ်ဆက်ရောင်းချလာပါ တယ်။ GR5 (2017) မှာ မျက်လုံးညောင်းညာခြင်းကို သက်သာစေဖို့ အပြာ ရောင်အလင်းတွေကို စစ်ထုတ်လို့ရပါတယ်။ 2G, 3G, 4G Network များကို အသုံးပြုနိုင်ပြီး ဖုန်းရဲ့အရွယ်အစားပမာဏ ကတော့ 150.9 × 72.6 × 8.2 mm ဖြစ်ကာ အလေးချိန်မှာ 162g ရှိပါတယ်။ GR5 (2017) တွင်လည်း လက်ဗွေစနစ်ကို အသုံးပြုနိုင်ပါမယ်။ Huawei စမတ်ဖုန်းများတွင် ပါရှိသော လက်ဗွေနည်းပညာဟာ မြင့်မားတိုးတက်လာပြီး လက်ဗွေရာဖတ်စနစ် 3.0 ဟာ ၃၆၀° အာရုံခံနိုင်စွမ်းရှိပါတယ်။ ဖုန်းအသုံးပြုသောသူများအနေဖြင့် စိုစွတ်သော လက်ချောင်းနဲ့ပဲဖြစ်ဖြစ်၊ ခြောက်သွေ့ သောလက်ချောင်းနဲ့ပဲ ဖြစ်ဖြစ် မျက်နှာပြင်ကို ၀.၃ စက္ကန့်အတွင်းမှာ Unlock ပြုလုပ်နိုင်ပါမယ်။ ဖုန်းမျက်နှာပြင်အတွက် IPS LCD Capacitive Touch Screen ကို အသုံးပြု ပေးထားပါတယ်။ ဖုန်းမျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5 inches ရှိပါ တယ်။ ဖုန်းမျက်နှာပြင် အကြမ်းခံနိုင်စေဖို့အတွက်လည်း လုပ်ဆောင် ပေးထား ပြီး ကြည်လင်ကောင်းမွန်သော ပုံရိပ်ကို ဖော်ဆောင်နိုင်ဖို့ အတွက် 1080 × 1920 Pixels ပမာဏနဲ့ ထောက်ပံ့ပေးထားပါတယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 401 ppi ပါ။ Mulititouch စနစ်တွင် လက်ချောင်းများစွာ အသုံးပြုနိုင်ပါမယ်။

GR 5 (2017) ရဲ့ ထူးခြားသော စွမ်းရည်တစ်မျိုး ကတော့ ကင်မရာပိုင်း စနစ်ဖြစ်ပါတယ်။ ဖုန်းတွင် Dual Camera တပ်ဆင်ပေးထားပါတယ်။ စွမ်းရည် ကတော့ 12 MP + 2 MP ဖြစ်ပါတယ်။ မိမိရိုက်လိုသော အရာဝတ္ထုကိုသာ ထင်းစေပြီး နောက်ခံကိုမှုန်ဝါးသွားစေသော လုပ်ဆောင်ချက်ရှိပါတယ်။ ရှေ့ ကင်မရာငယ်ကတော့ 8 MP စွမ်းရည်ရှိပါတယ်။ ဓာတ်ပုံရိုက်တာနဲ့ တစ်ပြိုင် တည်း အလှပုံချိန်ညှိချက်တွေကို ပြုလုပ်ပေးတဲ့ 10 - Levels Beauty စနစ်၊ Auto Make up စနစ်များ ပါရှိပါတယ်။ Panorama ပုံစံရိုက်ကူးမှုများကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ ကောင်းမွန်သော ဗီဒီယိုရိုက်ကူးမှုများကိုလည်း ထောက်ပံ့ပေးထားသော ဖုန်းဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် Android Version ကတော့ Marshmallow ဖြစ်ပါတယ်။ အသုံးပြုပေးထားသော Chipset အမျိုး အစားကတော့ HiSilicon, Kirin 655 ပါ။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 3GB ထည့်သွင်းပေးထားပြီး ဖုန်းတွင်းမှတ်ဥာဏ်ပမာဏအဖြစ် 32 GB ပါရှိအောင် ဆောင် ရွက်ပေးထားပါတယ်။ အချက်အလက်အများအပြား သိမ်းဆည်းလိုပါကလည်း မှတ်ဥာဏ်ပမာဏကို ချဲ့ထွင် သုံးစွဲနိုင်ပါမယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 3340 mAh ဖြစ်ပါတယ်။ အသင့်အနေအထားအတွက် နာရီ ၆၅၀ နီးပါးနှင့် စကားပြောဆိုဖို့ ၂၃ နာရီနီးပါး ခံနိုင်စွမ်းရှိပါမယ်။ ဘက်ထရီနှင့် ဆက်စပ်ပတ်သက်သော စနစ် များကိုလည်း သုံးနိုင်ပါမယ်။



Network - GSM/HSPA/LTE
Processor - Octa Core
Screen - 5.5 inches
Camera - 12 MP + 2 MP
Bluetooth - v 4.1
Storage - 32 GB
OS - Android OS, v6.0
Resource;
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Photos 21/12/2016

“Samsung Galaxy J7 Prime”

Samsung ဟာ ၂၀၁၆ ခုနှစ်၏ အကောင်းမွန် အထူးခြားဆုံး အရောင်းပွဲကြီး ကို ယခုလကုန်အထိ ကျင်းပပြု လုပ်နေပါတယ်။ Samsung ဖုန်းများထဲတွင် J Series ဖုန်းများဟာ နောက်ဆုံးပေါ် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ J7 Prime ဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာလက ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ ဖုန်းရဲ့ထောင့်စွန်းများဟာ အ၀န်းအ၀ိုင်းပုံရှိပြီး အဓိက ကင်မရာကို အနောက်ဘက်တွင် လေးထောင့်ပုံစံ ထည့်သွင်းပေးထားပါတယ်။ ဘေးဘက် တွင် Flash မီး ပါရှိပါတယ်။ 2G/3G/4G Network များတွင် အသုံးပြုနိုင်မယ့် ဖုန်းဖြစ်ပါတယ်။ ကိုင်ဆောင်အသုံးပြုရမယ့် အရွယ်အစားပမာဏကတော့ 151.7 × 75 × 8 mm ဖြစ်ကာ အလေးချိန်သည် 167 g ရှိပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သောဖုန်းများ ဈေးကွက်ထဲတွင် ပေါများနေသောကြောင့် အခု J7 Prime ကိုလည်း ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ ထည့်သွင်း သုံးစွဲရမယ့် ဆင်းကတ်အမျိုးအစားကတော့ Nano SIM ပါ။ ဖုန်းမျက်နှာပြင် အတွက် IPS LCD Capacitive Touch Screen ကို အသုံးပြုပေးထားပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5 inches ရှိသောကြောင့် ကျယ်ပြန့်သော မြင်ကွင်းပုံရိပ်များကို ရရှိပါမယ်။ မြင်ကွင်းစွမ်းရည် အပိုင်း အတွက် 1080 × 1920 pixels ပမာဏနဲ့ ထောက်ပံ့ပေးထားပြီး တစ်လက်မ မှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 401 ppi ပါ။ ဖြန့်ချိရာဈေး ကွက်ပေါ်မူတည်၍ Gorilla Glass တပ်ဆင်ပေးမှာဖြစ်ပါတယ်။

ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင်ပေးထားပြီး Auto Focus, LED Flash စနစ် တို့နဲ့ အသုံးပြုနိုင်မယ့် အဓိကကင်မရာဟာ 13 MP, f/1.9 စွမ်းရည်ရှိပါမယ်။ ရှေ့ကင်မရာငယ်ကတော့ 8 MP , f/1.9 စွမ်းရည်ပါ။ ဗီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည်ကတော့ 1080 p ဖြစ်ပြီး နှုန်းမှာ တစ်စက္ကန့်ကို 30 Frames ဖြစ်ပါ တယ်။ Bluetooth Version ကတော့ 4.1 ပါ။ မှတ်ဥာဏ်ပမာဏအပိုင်းအတွက် RAM ကို 3 GB ထည့် သွင်းပေးထားပြီး Internal Storage တွင် 16 GB ပါရှိ အောင် ဆောင်ရွက်ပေးထားပါတယ်။ ထို့အပြင် Cardslot စနစ် အသုံးပြုနိုင် အောင်လည်း လုပ်ဆောင်ပေးထားပါတယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစား ကတော့ Android ဖြစ်ပြီး Version မှာ Marshmallow ဖြစ်ပါတယ်။ ထည့်သွင်း ပေးထားသော Chipset ကတော့ Exynos 7870 Octa ဖြစ်ပါတယ်။ CPU စွမ်းရည်မှာ Octa Core 1.6 GHz Cortex - A 53 ဖြစ်သောကြောင့် ဖုန်းကို လျင်မြန်သွက်လက်စွာ အသုံးပြုနိုင်ပါလိမ့်မယ်။ GPU ကတော့ Mali-T830 MP2 ပါ။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီ အမျိုးအစားမှာ Li-Ion 3300 mAh ဖြစ်ပြီး 3G Network တွင် စကားပြောဆိုဖို့အတွက်၂၁ နာရီနီးပါး ခံနိုင်စွမ်း ရှိမှာဖြစ်ကာ သီချင်းနားထောင်ဖို့အတွက် ၈၄ နာရီနီးပါးခံနိုင်စွမ်း ရှိပါမယ်။



Network - GSM/HSPA/LTE
Processor - Octa Core 1.6 GHz
Screen - 5.5 inches
Camera - 13 MP
Bluetooth - v 4.1
Storage - 16/32 GB
OS - Android OS, v6.0.1

Want your business to be the top-listed Furniture Store in Mu-se?
Click here to claim your Sponsored Listing.

Telephone

Address


Muse Township
Mu-Se