White Energy-SHG
Whiteenergy
26/05/2024
တစ်ခုတော့ မှာထားမယ်။
အာဏာရှင် ဆိုတာ..
သူတို့ရဲ့လက်သီးဆုပ်ကို
ဘယ်တော့မှ ဖြန့်မပေးဘူး။
သူတို့ရဲ့လက်သီးဆုပ်
ဖြန့်သွားတာကို လိုချင်ရင်
လက်အရင်းကနေ ခုတ်ဖြတ်လိုက်။
~ လူထုဒေါ်အမာ ~
ကမ္ဘာ့ $ ပေါကြီးများ
-------------------
နိုင်ငံရေးသမား မဟုတ်ဘူးနော် ...
ဒါပေမယ့် လွှတ်တော်တက်တယ် ။
UEC မဟုတ်ဘူးနော် ...
ဒါပေမယ့် မဲစာရင်းစစ်တယ် ။
ရွေးကောက်ခံ မဟုတ်ဘူးနော် ...
ဒါပေမယ့် ရွေးကောက်ပွဲကို ပြဿနာရှာတယ် ။
ဘယ်သူမှ မတောင်းဆိုဘူးနော် ...
ဒါပေမယ့် မကြာခဏ သတင်းစာရှင်းလင်းပွဲ လုပ်တယ် ။
နိုင်ငံရေးပါတီ မဟုတ်ဘူးနော် ...
ဒါပေမယ့် နိုင်ငံရေးပါတီလိုပဲလူထုထောက်ခံပွဲ အမြဲလုပ်တယ် ။
ဘုန်းကြီး မဟုတ်ဘူးနော် ...
ဒါပေမယ့် အမျိုးဘာသာသနာကို
သူတို့ပဲ စောင့်ရှောက်တယ်လို့ ကြွေးကြော်တယ် ။
စီးပွားရေးသမား မဟုတ်ဘူးနော် ...
ဒါပေမယ့် ဆင်းကဒ် ရောင်းတယ်၊ ကုမ္ပဏီ ထောင်တယ် ။
လယ်သမား မဟုတ်ဘူးနော် ...
ဒါပေမယ့် လယ်သိမ်းတယ် ။
ပြည်သူ့ပိုက်ဆံနဲ့ ထမင်းစားနေရတဲ့
ပြည်သူ့ဝန်ထမ်းနော် ...
ဒါပေမယ့် ပြည်သူ့ကျေးဇူးရှင်လို့
ကိုယ့်ကိုကိုယ် ထင်နေတယ် ။
တိုင်းပြည်ကို တစ်သက်လုံး ဒုက္ခပေးလာတာနော် ...
ဒါပေမယ့် တိုင်းပြည်ကို ကယ်တယ်လို့ပဲတချိန်လုံး ပြောတယ် ။
အစိုးရ မဟုတ်ဘူးနော် ...
ဒါပေမယ့် အစိုးရလိုပဲ ပြုမူနေထိုင်တယ် ။
ဂဏန်း မဟုတ်ဘူးနော် ...
ဒါပေမယ့် ဂဏန်းလိုပဲ ဘေးတိုက်ပဲ သွားတယ် ။
အဲဒီလိုရေးတော့
ခင်ဗျားတို့မျက်စေ့ထဲ ဘယ်အဖွဲ့ကို
တန်းမြင်သလဲဟင် ?
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Myaing