ESLC

ESLC

Share

စိတ်ဓါတ်၊စည်းကမ်း၊ပညာ English and Education service

Photos from ESLC's post 02/06/2026

✳️First day of school✳️

မြိတ်မြို့ ESLC International School တွင် 2026-2027 ပညာသင်နှစ်အသစ်အတွက် Nursery to Primary 6 အတန်းတွေအားလုံးကို ဇွန်လ (၁) ရက်နေ့မှာ စတင်ဖွင့်လှစ်ပေးခဲ့ပြီပဲ ဖြစ်ပါတယ်ရှင်။ ကျောင်းသူ၊ ကျောင်းသားအားလုံးကို ပညာသင်နှစ်အသစ်ကနေ ပြန်လည်ကြိုဆိုရင်း အကောင်းဆုံးသောနိုင်ငံတကာပညာရေးကို ပေးစွမ်းနိုင်ဖို့၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်ကနေ လေ့ကျင့်သင်ကြားပေးသွားဖို့၊ ကျောင်းသား - မိဘ - ဆရာတွေရဲ့ ပူးပေါင်းခြင်းဖြင့်ပထမဆုံးကျောင်းတက်ရက်ရဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်ရှင်😘

☎️၀၉၂၅၄၄၀၆၉၃၇၊ ၀၉၉၈၂၉၃၈၃၂၃


#မြိတ်မြို့

Photos from ESLC's post 31/05/2026
Photos from ESLC's post 31/05/2026

Date: 24th May, 2026

ESLC Preschool မှာ တက်ရောက်နေကြတဲ့ မူကြိုသားငယ်သမီးငယ်လေးတွေအတွက် မူကြိုကျောင်းတက်မြောက် အောင်မြင်ပြီးစီးကြောင်းကို ဂုဏ်ပြုတဲ့အနေနဲ့ Preschool Graduation ကို မေလ ၂၄ရက်နေ့မှာ Royal Myeik hotel အတွင်း စီစဥ်ပြုလုပ်ပြီး Certificate တွေကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ အခုမြင်တွေ့နေရတာကတော့ မေလ ၂၄ရက်နေ့တုန်းက မူကြိုဘွဲ့ယူ ကလေးတွေရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ခန်းမအတွင်းမှာ ကလေးတွေရဲ့ အောင်မြင်မှုနဲ့အတူ မိဘတွေ၊ ဆရာ၊ ဆရာမတွေရဲ့ ပီတိဖြစ်ရမှုတွေကို မြင်တွေ့ခံစားနိုင်မယ့်အပြင် ESLC ကျောင်းအနေနဲ့ အခုလိုမျိုး နိုင်ငံတကာပညာရေး ကို ပေးစွမ်းနေပြီး ကလေးငယ်လေးတွေကို အကောင်းဆုံး မြေတောင်မြှောက်ပေးနိုင်ခဲ့တဲ့အတွက်လည်း အတိုင်းမသိ ဝမ်းမြောက်မိပါတယ်။ ဒီအခမ်းအနားဟာ ESLCကျောင်းနဲ့အတူ သားငယ်၊ သမီးငယ်လေးတွေ၊ ဖေဖေ၊ မေမေတွေ၊ အုပ်ထိန်းသူတွေ၊ ဆရာ၊ ဆရာမတွေရဲ့ ပေါင်းစည်းမှုတွေကို ပြသနိုင်ခဲ့တဲ့ ပြယုဂ်တစ်ခုဖြစ်ပါသည်ရှင်

☎️09254406937, 09982938323

Want your school to be the top-listed School/college in Myeik?
Click here to claim your Sponsored Listing.

Category

Telephone

Address


Myeik