Budget Grower
06/02/2025
Telegram မှာ channelလေးတစ်ခုလုပ်လိုက်ပါပြီ
https://t.me/+6HQ2Y8ZWw-5jYjY9
Channelအသစ်လေးထဲမှာ စကားတွေပြောမယ်
အမေးအဖြေလေးတွေလုပ်မယ်
ပြီးတော့ မင်မင် ပြန်ပစ်ဖို့လည်း စီစဉ်ထားပါသေးတယ်
Fbမှာလည်း postအသစ်တွေ ဆက်တင်နေရင်း
Pageလေးကို runနေမှာပါ
Teleမှာလည်း runပါမယ်
Channelလေးထဲ joinပေးကြပါဦးဗျိုးးး Peace ✌🏻
-Steve
01/02/2025
ဝိသောက်ထားတာကို ဆေးစစ်ရင်ပေါ်လား?
ဝိသောက်ပြီး ဒါမှမဟုတ် ဝိနဲ့လုပ်ထားတဲ့ မုန့်တွေစားပြီးတဲ့နောက် ခန္ဓာကိုယ်ထဲမှာ THCက ဘယ်လောက်ကြာကြာနေလဲ?
ခင်ဗျားက ဆေးစစ်ဖို့ ပြင်နေတဲ့သူတစ်ယောက်လား?
ဒါမှမဟုတ် ခန္ဓာကိုယ်ထဲက THC ဓာတ်ကို
လျော့ချချင်နေတာလား?
ဘယ်လိုအချိန်မျိုးမှာ ဆေးစစ်တတ်တာလဲဆိုပြီးမေးခွန်းထုတ်နေသူလား?
ဒီလို အချက်အလက်တွေကိုသိချင်လို့ postတစ်ခုခုလိုက်ရှာနေတယ်ဆိုရင်
အခု postကိုသာအဆုံးထိဖတ်
ပထမဆုံး ဝိသောက်ထားတာကို ဆေးစစ်လို့ရလား
ဆေးစစ်ရင်ပေါ်လားဆို လုံးဝကို ပေါ်တယ်
ပေါ်တယ်ဆိုတိုင်းလည်း လန့်မသွားနဲ့
ဆေးစစ်တဲ့ကိစ္စတိုင်းမှာ ဝိသောက်ထားမထားစစ်တာမျိုးမဟုတ်ဘူး
မြန်မာနိုင်ငံမှာကတော့
အလုပ်လုပ်တဲ့နေရာ အလုပ်လျှောက်တဲ့နေရာတွေအတွက် ဝိသောက်/မသောက် မစစ်တတ်ပါဘူး
ကားမောင်းနေရင်း မော်တော်ပီကယ်ကလာတားလည်း ဆေးမစစ်ပါဘူး
ဘယ်လိုနေရာတွေမှာစစ်လဲဆိုရင်
အချို့နိုင်ငံတွေကို ခရီးသွားတဲ့အခါမှာ စစ်ပါတယ်
ဟုတ်ပါတယ် အချို့နိုင်ငံတွေပါ
ဘယ်နိုင်ငံသွားသွားစစ်နေတာမျိုးမဟုတ်ပါဘူး
အဲ့တာဆို ဘယ်နိုင်ငံတွေသွားရင်စစ်တာလဲ?
(UAE/ဒူဘိုင်း ၊ စက်ာပူ ၊ တောင်ကိုရီးယား)
အစရှိတဲ့ weedသောက်တာကို တင်းတင်းကျပ်ကျပ်
Banထားတဲ့ နိုင်ငံတွေကိုသွားမယ်ဆိုစစ်တတ်ပါတယ်
သို့သော်ငြားလည်း အမြဲစစ်နေလားဆို မစစ်ပါဘူး:)
ဂျပန်သွားဖို့ပြင်ထားတဲ့သူတွေ
USသွားမယ် Europeကနိုင်ငံတွေသွားမယ်ဆိုတဲ့သူတွေက လုံးဝစိတ်ပူဖို့မလိုပါဘူး (မျက်လုံးတွေနီရဲပြီး အနံ့တွေ ထောင်းထမနေဖို့တော့လိုတာပေါ့ သားကြီးတို့ရာ)
ပြီးရင် သဘော်တက်ဖို့ပြင်နေတဲ့သူတွေ
ရေကြောင်းနဲ့ပက်သတ်ပြီး အလုပ်တစ်ခုခုလုပ်မယ်
International shipping companyတွေအတွက်အလုပ်လျှောက်မယ်ဆိုရင်က များသောအားဖြင့်ဆေးသုံးထားမထား စစ်လေ့ရှိပါတယ်
ဆေးစစ်တဲ့နေရာမှာလည်း ဆီးကိုစစ်လေ့ရှိတာပါ
မြန်မာနိုင်ငံမှာတော့ ရေကြောင်းနဲ့ပက်သတ်ပြီးသွားလည်းစစ်တယ်လို့မကြားမိပါဘူး
ဒါပေမယ့် ဆေးစစ်တဲ့အခါ ဝိသောက်ထားတာပေါ်မှာကြောက်တယ်
ကျွန်တော်ကတော့ ခန္ဓာကိုယ်ထဲကTHCတွေကို လျော့ချချင်တယ် ဆိုရင် postကိုအဆုံးထိသာဆက်ဖတ်
ဝိသောက်ပြီးရင် ဝိက ခန္ဓာကိုယ်ထဲမှာ ဘယ်လောက်ကြာကြာနေလဲ?
ဒီနေရာမှာ အမြဲတမ်း သောက်နေကျလူနဲ့ တစ်ခါတစ်လေမှသောက်တဲ့သူတွေအတွက် ခန္ဓာကိုယ်ထဲမှာ THCကျန်နေတဲ့အချိန်က တူမှာမဟုတ်ပါဘူး
သွေးကိုစစ်မယ်ဆိုရင်
တစ်ခါတစ်လေမှ သောက်တတ်တဲ့သူတွေအတွက်က 1ရက်ကနေ 2ရက်အထိ ကြာတတ်ပါတယ်
အမြဲတမ်းသောက်နေတဲ့သူတွေအတွက်က တစ်ပတ်(7ရက်) အထိကြာနိုင်ပါတယ်
ဆီးကိုစစ်မယ်ဆိုရင်
တစ်ခါတစ်လေသောက်တဲ့သူတွေအတွက်က 3ရက်ကနေ တစ်ပတ်(7)ရက် အထိကြာတတ်ပြီး
အမြဲသောက်နေတဲ့သူတွေအတွက်က တစ်လကျော်(ရက်30 +)ကြာနိုင်ပါတယ်
တံတွေးကိုစစ်ရင်က
တစ်ခါတစ်လေသောက်ရင် 1ရက်ကနေ 3ရက်
အမြဲတမ်းသောက်ရင် တစ်ပတ်(7ရက်)
ဆံပင်ကိုစစ်တဲ့အခါကျ
တစ်ခါတစ်လေမှသောက်တဲ့သူတွေအတွက်တောင်
3လ(ရက် 90) လောက်အထိကြာတတ်ပြီး
အမြဲသောက်နေတဲ့သူတွေအတွက်ကတော့ 3လကျော်(ရက် 90+) အထိကြာမြင့်နိုင်ပါတယ်
အဲ့တာဆို ဆေးစစ်တဲ့အခါကျ မပေါ်အောင်
ကိုယ်ကဘယ်လိုတွေ ဆင်ခြင်လို့ရလဲ THCက ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့အချိန်လျော့အောင် ကိုယ့်ဘက်က ဘာတွေပြင်ဆင်လို့ရမလဲ?
ဝိသောက်ပြီးသွားရင် ဝိကို ခန္ဓာကိုယ်ရဲ့ အဆီတွေထဲမှာ သိုလှောင်ထားပြီး အချိန်ကြာလာတာနဲ့အမျှ အဆီတွေလောင်ကျွမ်းလာရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့THCဓာတ်က တဖြည်းဖြည်းနဲ့ ကုန်လာပါတယ်
ပိုများများသုံးတဲ့သူတွေရဲ့ခန္ဓာကိုယ်ထဲမှာ
THCဓာတ်က ပိုကြာကြာနေပါတယ်
ခန္ဓာကိုယ်ထဲက အဆီထဲမှာTHCကနေတာမို့လို့
THCဓာတ်နေတဲ့ အချိန်လျော့ချင်ရင်
- လေ့ကျင့်ခန်းများများလုပ်ပါ
THCသိုလှောင်ထားတဲ့ အဆီတွေကိုလောင်ကျွမ်းစေပါတယ်
- ရေများများသောက်ပါ
ခန္ဓာကိုယ်ထဲက THCတွေကို ဖြေးဖြေးချင်းဆေးချပေးပါတယ်
- fiber(အမျှင်) ဓာတ်ပါတဲ့ အစားအသောက်များများစားပါ
ငှက်ပျောသီး၊သရက်သီး၊လိမ္မော်သီး၊ပန်းဂေါ်ဖီစိမ်း အစရှိတဲ့ အသီးအနှံတွေအပြင် အမျှင်ဓာတ်များများပါတဲ့အစားအစာတွေစားပေးတာကလည်း THCသိုလှောင်တာကို လျော့ချပေးပါတယ်
- အချို့နေရာတွေမှာTHCလျော့ချပေးတယ်ဆိုတဲ့ ဆေးတွေရောင်းပါတယ်
မင်မင်ကိုယ်တိုင်လည်း နိုင်ငံခြားwebsiteတွေထဲမှာမြင်ဖူးပေမယ့် တစ်ချို့တစ်လေလောက်ကသာအလုပ်ဖြစ်ပြီးတော့ scamတွေပိုများတယ်လို့ googleမှာ ဖော်ပြထားပါတယ်
THCက ခန္ဓာကိုယ်ထဲမှာ ရက်၊လ ချီပြီးတော့နေပါတယ်
အဆီထဲမှာသိုလှောင်တာဖြစ်တဲ့အတွက်ကြောင့်မို့
ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုအပေါ်မူတည်ပြီး
ကိုယ်က ပိန်လား ဝလား အစရှိတဲ့အချက်တွေအပေါ်မှာလည်း သိုလှောင်ထားမှုအချိန်က အနည်းငယ်ကွာဟမှုရှိပါတယ်
THC testလုပ်ဖူးတဲ့သူတွေရောရှိလား?
ဘာတွေကြုံခဲ့ရလဲ
Commentထဲမှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး
အကယ်၍ အခုတင်လိုက်တဲ့postလေးက အထောက်အကူဖြစ်ခဲ့မယ်ဆိုရင် အခြားမသိသေးတဲ့သူတွေလည်း မြင်ရအောင်shareပေးလို့ရပါတယ်
Like and followလုပ်ပြီးတော့လည်း pageလေးကိုကူညီပေးကြပါဦးဗျ
https://t.me/+6HQ2Y8ZWw-5jYjY9
အဆုံးထိဖတ်ရှူပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုလည်း ကျေးဇူးအများကြီးတင်ရှိပါတယ်ဗျိုး
420နိုင်ကြပါစေ ငါးကောင်တို့ Peace✌🏻
-Steve
Click here to claim your Sponsored Listing.
Category
Website
Address
Myeik
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |