Dr.Smile

Dr.Smile

Share

Family Dental Clinic

24/11/2025

သွားတိုက်ဆေး အမျိုးအစားများ (သင့်တော်ရာ ရွေးချယ်နိုင်ရန်)

🦷သွားပိုးစားခြင်းကာကွယ်ရန် (Fluoride Toothpaste)
- လူအများစုအတွက် အခြေခံအကျဆုံးနှင့် အထိရောက်ဆုံး ရွေးချယ်မှုဖြစ်သည်။
🦷သွားအရမ်းကျဉ်ခြင်းအတွက် (Desensitizing Toothpaste)
- (ဥပမာ - Sensodyne) Potassium Nitrate သို့မဟုတ် Strontium Chloride ကဲ့သို့သော ပစ္စည်းများ ပါဝင်သည်။
🦷သွားဖြူစေရန် (Whitening Toothpaste)
- သွားပေါ်ရှိ ကော်ဖီ၊ လက်ဖက်ရည်၊ စီးကရက်စသည့် အစွန်းအထင်းများကို ဖယ်ရှားပေးသော ချေးခြွေပစ္စည်းများ ပိုမိုပါဝင်သည်။ သို့သော် သွားကြွေလွှာကို ပျက်စီးစေနိုင်သောကြောင့် အလွန်အမင်းအသုံးမပြုသင့်ပါ။ သတိထားရမည်။ Hydrated silica(abrasive) နဲ့ hydrogen peroxide (bleaching agent) ကဲ့သို့သော ပစ္စည်းများပါဝင်ပါသည်။
🦷သဘာဝသွားတိုက်ဆေး (Natural/Herbal Toothpaste)
- သဘာဝပစ္စည်းများဖြစ်သော လက်ဖက်စေး၊ ပူစီနံ၊ ပရုတ်ဆီ စသည်တို့ဖြင့် ပြုလုပ်ထားပြီး Fluoride မပါဝင်တတ်ပါ။ ထို့ကြောင့် သွားပိုးစားကာကွယ်နိုင်စွမ်း အားနည်းနိုင်သည်။
🦷ကလေးသွားတိုက်ဆေး (Children's Toothpaste)
- ကလေးငယ်များ မြိုချမိပါက အန္တရာယ်ကင်းစေရန် Fluoride ပါဝင်မှုနှုန်း လျှော့ထားသည်။ ငယ်သွားများကို ကာကွယ်ရန်နှင့် သွားတိုက်တတ်သည့် အလေ့အကျင့်ဖြစ်စေရန် ရည်ရွယ်သည်။

🦷Dr.Smile Dental Clinic
📞09791711500
ပြည်သာယာလမ်း၊မြို့သစ်မီးပွိုင့်(ဆန်းသီရိဧည့်ရိပ်သာအနီး)၊ မြို့သစ်ရပ်၊မြိတ်မြို့။
ဆေးခန်းဖွင့်ချိန်
မနက်ပိုင်း ၉နာရီမှ ၁၁နာရီအထိ
ညနေပိုင်း ၄နာရီမှ ၈နာရီအထိ
သွားကျန်းမာရေးနှင့်ပတ်သက်၍ သိလိုသည်များကို ဖုန်း သို့မဟုတ် messengerမှတဆင့် မေးမြန်းစုံစမ်းနိုင်ပါသည်ရှင်

28/06/2025

သွားညှိဖို့ စဉ်းစားနေရင် ဒါမှမဟုတ် ညှိနေရင် ဒီကောင်းကျိုးလေးတွေ သိထားရင် အားတက်မယ်နော်။ အလှအပအတွက်ဆိုတာထက်ပိုတဲ့ အချက်တွေပါ 😊

1. စားလို့ပိုကောင်းမယ်
သွားညီရင် အစာကို ကောင်းကောင်းဝါးလို့ရတာပေါ့။ ကြိတ်ဖို့လွယ်တော့ အစာချေရတာလည်း သက်သာတယ်။

2. သွားပိုးစားနည်းမယ်
သွားထပ်နေရင် သွားတိုက်ရခက်တယ်။ ညှိလိုက်ရင် သွားကြားထဲ ရှင်းရတာ လွယ်သွားပြီး ပိုးလည်းမစားတော့ဘူး။

3. ခေါင်းကိုက်/မေးနာတာတွေ သက်သာမယ်
သွားမညီလို့ မေးရိုးအဆစ်လေး ညောင်းနာနေရင် ခေါင်းကိုက်တတ်တယ်။ ညှိလိုက်ရင် ဒီဖိအားတွေ ပြေသွားတတ်တယ်။

4. အသံထွက်ပိုကြည်လင်မယ်
အထူးသဖြင့် "စ"၊ "သ" လိုမျိုး အသံတွေ ပြောရင် ပိုရှင်းလာတယ်။ စကားပြောလည်း ပေါ့သွားတာပေါ့။

5. ပါးစောင်/လျှာ ပွန်းတာနည်းမယ်
ထိုးထွက်နေတဲ့ သွားတွေက ပါးစောင်ကို ပွန်းတတ်တယ်။ ညှိလိုက်ရင် ဒီဒုက္ခကလည်း ကင်းသွားတာပေါ့။

7. ယုံကြည်မှုတက်လာမယ်
သွားလှပညီညာလာတာနဲ့အမျှ အပြုံးလေးတွေအသက်ဝင်လာမယ်။ လူရှေ့သူရှေ့ စကားပြောရတာ ပိုအဆင်ပြေလာတယ်နော်။

သွားညှိတာက အပြုံးလှဖို့တစ်ခုတည်းမဟုတ်ဘူးနော်။ စားလို့ကောင်း၊ နာတာသက်သာ၊ ယုံကြည်မှုတိုးစေတဲ့ ကုသမှုဖြစ်ပါတယ်။

Want your practice to be the top-listed Dentist in Myeik?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


ပြည်သာယာလမ်း
Myeik