Y. F. E Korean Language Class & Computer Training Class
Let study Korean Language � & Computer + Thail Language�
재미있을 거야
보고 연습하세요
ဘာသာစကားသင်ယူတဲ့ အခါမှာ အသံဝဲတာတော့ ဖြစ်တတ်ပါတယ်။ အဲ့ဒါကို မလှောင်သင့်ပါဘူး။ ဒါပေမဲ့လဲ အဲ့လို "ငါးပိသံ"နဲ့ပဲ ကျေနပ်နေတော့မှာလား?
ဒီနေ့ ဗီဒီယိုလေးမှာ
쌤 တက္ကသိုလ်တက်တုန်းက လုပ်လေ့လုပ်ထရှိတဲ့ နည်းလမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ကိုရီးယားဘာသာစကားနှင့် ကွန်ပျူတာသင်တန်း
📞09-422194354
(Or) cb
안녕하세요
မနက်ဖြန် Topik Exam ဖြေရတော့မှာဆိုတော့ ဆောင်ရန် ရှောင်ရန်လေးတွေ ပြောပြချင်ပါတယ်။
1. နေရာ
သွားရမှာတော့ တစ်နေရာတည်းပါ ရန်ကုန် တက္ကသိုလ် လှိုင်နယ်မြေကို သွားရမှာပါ။
ဘတ်စ်ကားစီးမဲ့ သူတွေ
အတွက်ကတော့ ပြည်လမ်း AD မီးပွိုင့် မှတ်တိုင်က အနီးဆုံးပါပဲ။ ပါရမီလမ်းဘက်တော့ ချယ်လည်း မသိပါ။
အဲ့ကနေ သံရုံးက လမ်းညွှန်ထားတဲ့ အတိုင်း လမ်းလျှောက်သွားရင် နည်းနည်းတော့ ဝင်ရပါတယ်။
ကားနဲ့ လာမဲ့ သူတွေကတော့ သံရုံးက လမ်းညွှန်ထားတဲ့ အတိုင်း ပါရမီလမ်းက MICT ဝင်ပေါက်ကနေ ဝင်ရမှာပါ။
အပေါက်ဝကနေ လမ်းလျှောက်ဝင်တာ အကောင်းဆုံးပါ။ အထဲမှာ ကားတွေကြပ်တော့ ဝင်ရတာနဲ့တင် တော်တော်ကြာပါတယ်။
2. အချိန်
Topik 1 - မနက် 9နာရီမှ 11နာရီ 20 ထိဖြစ်ပြီး စာမေးပွဲခန်းထဲကို မနက် 8နာရီခွဲနောက်ဆုံး ဝင်ပေးရပါမယ်။
Topik 2 - နေ့လည် 12နာရီ မိနစ် 20 မှ 4နာရီ မိနစ် 20ထိ ဖြစ်ပြီး စာမေးပွဲခန်းထဲကို နေ့လည် 11နာရီ မိနစ် 50 နောက်ဆုံး ဝင်ပေးရပါမယ်။
ကားလမ်း ပိတ်တတ်တာရယ် စာမေးခွဲခန်း ရှာရဦးမှာရယ် ရှိသေးတာမို့ ကိုယ်နေတဲ့ နေရာ အကွာအဝေးကို ထည့်တွက်ပါ။
3. ဘယ်က စဖြေရမလဲ
Topik 1 - Listening အရင် ဖြေရပါမယ်။ ပြီးတာနဲ့ ချက်ချင်း Reading မေးခွန်းစာရွက် တန်းဝေပြီး ထပ်ဖြေရပါမယ်။
Topik 2 - Listening, Writing အရင် ဖြေရပါမယ်။ ပြီးရင် ခဏ အနားရပါတယ်။ ပြန်ဝင်ခိုင်းတဲ့ အချိန် အမီ အခန်းထဲ ပြန်ဝင်ပြီး Reading ထပ်ဖြေရပါမယ်။
4. ဘာတွေ ယူသွားရမလဲ။
မှတ်ပုံတင်နဲ့ ဖောင်တင်တုန်းက ပြန်ရတဲ့ ကတ်ပြားလေးရယ်ပါပဲ။
မှတ်ပုံတင် ပျောက်တာ ဘာညာဖြစ်တဲ့သူတွေ ယာဉ်မောင်းလိုင်စင် သို့မဟုတ် သန်းခေါင်စာရင်းမူရင်းယူသွားလို့ ရပါတယ်။
ကတ်ပြားမှာ ခုံနံပါတ်ပါလား စစ်ပါ။ မပါတဲ့ သူတွေ ဝင်ဝင်ချင်း ဘယ်ဘက် အဆောင်နားမှာ ရုံးခန်း ရှိပါတယ်။ အဲ့မှာ အကျိုးအကြောင်းသွားပြောရင် သူတို့ ပြန်ကြည့်ပြီး ရေးပေးပါတယ်။ မကြောက်ပါနဲ့။ တစ်ခုခုသိချင်ရင် အဲ့ကို သွားလို့ ရပါတယ်။
5. စာရေးကိရိယာတွေ ယူဖို့ လိုလား။
မလိုပါဘူး။ သူတို့ ပေးတဲ့ ဘောပင်နဲ့ပဲ ဖြေရမှာပါ။ ရေးလို့ မကောင်းဘူး ဆိုပြီး ကိုယ့်ဘောပင်နဲ့ ကိုယ်ရေးမိရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပါ။
အမှားပြင်ချင်ရင် correction tape လှမ်းတောင်းလို့ရပါတယ်။ လှမ်းသာ ခေါ်ပါ။ အားမနာပါနဲ့။ သူတို့ လာဖျက်ပေးပါတယ်။
ဟိုခြစ် ဒီခြစ် လုပ်ချင်လို့ ခဲတံ ဘာညာ ယူချင်တဲ့သူများ မလိုပါဘူး။
မေးခွန်းစာရွက်မှာ သူတို့ ပေးတဲ့ ဘောပင်နဲ့ပဲ စိတ်ကြိုက် ခြစ်လို့ ရပါတယ်။ မှင်ကုန်ရင် ထပ်တောင်းပါ။ ပေးပါတယ်။ ဘောပင်ပုံစံအောက်မှာ ပြထားပါမယ်။
6. နာရီ ဖုန်းတွေ ဘယ်လိုလုပ်ရမလဲ။
Digital နာရီတွေ Smart Watch တွေ မဟုတ်ရင် ရပါတယ်။ နာရီက alarm ထမြည်တာမျိုး အသံတခုခု ထထွက်တာမျိုး မဖြစ်စေရန် အထူးပြုပါ။
ဖုန်းလည်း ထိုနည်းလည်းကောင်းပါ။
ဖုန်းကိုက အတန်းစောင့်တဲ့ သူဆီမှာ ကိုယ့်နာမည် ကိုယ်ရေးပြီး အပ်ထားခဲ့ရပါတယ်။
7. အခန်းထဲ ရောက်ရင် ဘာလုပ်ရမလဲ။
နာမည် ခုံနံပါတ် ရေးပါ။ sample အောက်မှာ ပြထားပါမယ်။
မေးခွန်းစာရွက်နဲ့ အဖြေစာရွက်က သပ်သပ်စီပါ။
မေးခွန်းစာရွက်က သတင်းစာလောက်ရှိပြီး အဖြေစာရွက်က ကတ်ထူပြားလေးပါ။
ကတ်ထူပြားလေးမှာ နာမည်၊ ခုံနံပါတ်၊ စုံ/မ သေချာဖြည့်ပါ။ အရေးကြီးပါတယ်။
8. မေးခွန်း 2မျိုးရှိသည်ကို အထူးပြုပါ။
ခုံနံပါတ်အလိုက် ဖြေရတဲ့ မေးခွန်းကွာပါတယ်။
ခုံနံပါတ်ရဲ့ နောက်ဆုံးအလုံးကို ကြည့်ပါ။
1,3,5,7,9 ဖြစ်နေလျှင် မ မေးခွန်း (홀수형)
0,2,4,6,8 ဖြစ်နေလျှင် စုံ မေးခွန်း (짝수형) ဖြေရပါတယ်။
အဖြေလွှာမှာလည်း သေချာရေးရန် လိုသလို မေးခွန်းလာဝေရင်လည်း မှန်/ မမှန် စစ်ပါ။ သူတို့ မှားဝေတတ်ပါတယ်။ ကိုယ်က ပြန်စစ်ပါ။
9. ပြီးသွားရင် ဘာလုပ်ရမလဲ။
ကိုယ့်မှတ်ပုံတင် မကျန်ခဲ့အောင် ဂရုစိုက်ပါ။
မေးခွန်းစာရွက်က ထားခဲ့ရပါတယ်။ ယူလာလို့ မရပါ။
ဘောပင်ကတော့ Topik 2 တွေက ယူကို ယူလာပါ။
Topik 1 တွေကတော့ 2 တွေ ဖြေရဦးမှာမို့ မပေးတာမျိုး ရှိပါတယ်။ ဘာမှမပြောရင်တော့ ယူသာ ယူ။ 50000ပေးထားရတာလေနော့်။
10. အရေးမကြီးတဲ့ ဘာဝတ်သွားရမလဲ။
အရမ်း ခန္ဓာကိုယ် ပေါ်နေတာမျိုး မဟုတ်ရင် ရပါတယ်။ ထဘီပဲ ဝတ်ရမယ် မသတ်မှတ်ထားပါ။
ဟိုရောက်ရင် ခေါင်းအရမ်း ပူပြီး ပန်ကာလည်းမရှိလို့ ချောင်ချောင်ချိချိ အဝတ်အစားဝတ်သွားတာအကောင်းဆုံးပါ။
ချယ်တုန်းက ပူတော့ ရေဘူးယူသွားတာ ရပါတယ်။ ရေဘူးက အပတ်တော့ ဖြုတ်ပေးရတယ်။ အခုတော့ မသိပါ။
ကဲ စုံပြီ ထင်ပါတယ်။
အားလုံး ဖြေနိုင်ကြပါစေ။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Myeik