Yadanar Linn
ပုံဖော်လှပ၊အနာဂတ်ဘဝ
ယုံကြည်စိတ်ချစေဖို့
ရတနာလင်းမှာ ရွှေဝယ်စို့။
16/02/2026
နှစ်သစ်ကူးမင်္ဂလာအခါသမယတွင် စီးပွားရေးအောင်မြင်မှုများ၊ ကျန်းမာရေးကောင်းမွန်မှုများနှင့် ပျော်ရွှင်ချမ်းမြေ့မှုများ ပြည့်စုံပါစေ..နှစ်သစ်မှာ ကံကောင်းခြင်းများ၊ ငွေကြေးစီးဆင်းမှုများ တိုးတက်များပြားပြီး မိသားစုနှင့်အတူ စည်းလုံးပျော်ရွှင်နိုင်ပါစေ..အခက်အခဲများ ကင်းဝေးပြီး လိုရာဆန္ဒများ အားလုံး ပြည့်ဝပါစေ.. ကျန်းမာသန်စွမ်း၍ အောင်မြင်မှုများစွာကို ဆက်လက်ရရှိနိုင်ပါစေ..နှစ်သစ်မှာ ချမ်းသာကြွယ်ဝ၍ ကံကောင်းမှုများ အမြဲတမ်းတွဲဖက်နေပါစေ လို့ “ရတနာလင်း” မိသားစု မှ ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင့် Gong Xi Fa Cai🎉🍊🧧🥰
#ရတနာလင်းရွှေဆိုင် #မြိတ်
13/02/2026
အရည်အသွေးကောင်းတဲ့ သဘာဝရေငံပုလဲကိုမှ စျေးအသင့်အတင့်နဲ့ လိုချင်တယ်ဆိုရင်……..
Luster လည်းကောင်းရမယ် အလုံးလည်းလူးမယ် သဘာဝလည်းဖြစ်ရမယ် ရေငံပုလဲလည်းဖြစ်ရမယ်ဆိုရင် မြန်မာ့ပုလဲလောက်လည်းစျေးမရှိချင်ဘူးဆိုရင် Akoya pearl
လို့ခေါ်တဲ့ ဂျပန်ပုလဲဆိုတာရှိပါတယ်ရှင် 🥰
အကျဉ်းချုပ်ပြောရရင် Akoya Pearl ဆိုတာ ဂျပန်နိုင်ငံရဲ့ ပင်လယ်ရေပြင်မှာရှိတဲ့ Pinctada Fucata Martensii ဆိုတဲ့ Oyster အမျိုးအစားလေးတွေကနေ ထွက်ရှိတာပါ။
✨ သူ့ရဲ့ ထူးခြားချက်က Akoya ပုလဲတွေဟာ တခြားပုလဲတွေထက် "အရောင်အဝါ (Luster)" ပိုတောက်ပပါတယ်။ အဓိကကတော့ ဖြူစင်ဝင်းပတဲ့ အဖြူရောင်ရှိပါတယ်။ ဂျပန်ပုလဲဟာ အဖြူပေါ်မှာမှ ပန်းရောင်ဖျော့ဖျော့ (Rose) ဒါမှမဟုတ် ငွေရောင် (Silver) သန်းနေတတ်ပါတယ်။
မြန်မာ့ပုလဲနဲ့ ဘာကွာလဲဆိုရင်….မြန်မာ့ရေငံပုလဲတွေက အရွယ်အစား ပိုကြီးပြီး ရွှေရောင်၊ ဖြူဝါရောင် အသားပေးပါတယ်။ Akoya ကတော့ အရွယ်အစား 6mm ကနေ 9mm ဝန်းကျင်လောက်ပဲ ရှိတတ်ပေမယ့် "အလုံးအဝန်း ညီညာမှု" နဲ့ "တောက်ပမှု" မှာတော့ ထိပ်ဆုံးကရှိနေတာပါ။ ဒါကြောင့် စျေးနှုန်းသင့်တင့်ပြီး အရည်အသွေးမြင့်တဲ့ ပုလဲစစ်စစ်ကိုမှ ဝတ်ချင်တယ်ဆိုရင်တော့ Akoya Pearl လေးတွေကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်ရှင်။ ✨
ဒီနေ့ပြထားတဲ့ Akoya Pearl ဆွဲကြိုးလေးကတော့ အမြဲအားပေးတဲ့အန်တီ့အတွက် သူ့စိတ်ကြိုက်ဖန်တီးပေးထားတဲ့ akoya ပုလဲလေးကိုမှ ခရမ်းစွဲဆွဲသီးလေးနဲ့တွဲဖက်ဖန်တီးထားတဲ့ necklace လေးပါရှင်💕
ပုလဲချစ်သူတွေအတွက်လည်း လိုချင်တဲ့ပုံစံတိုင်းလေးရဖို့ လက်မနှေးဘဲ အမြန်ဆုံး အားပေးလိုက်တော့နော်။ 🥰🥰🥰
01/01/2026
2026ခုနှစ်ရဲ့ နှစ်သစ်မှာ ကျောက်မျက်ရတနာ ချစ်ခင်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။ နေ့ရက်တိုင်းမှာလည်း ပျော်ရွှင်အေးချမ်းကြပါစေ။ စီးပွါးလာဘ်လာဘများလည်း တိုးပွါးကြပါစေ။ ကပ်ကြီး(၃)ပါးမှလည်းကျော်လွှားနိုင်ကြပါစေလို့ ရတနာလင်းမိသားစုမှ ဆုမွန်ကောင်းတောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။ 🙏🏻🙏🏻🙏🏻
Happy New Year, 2026! 🎊❤️🥳
23/12/2025
နားပေါက်မရှိတဲ့ အမျိုးသမီးတို့အတွက် အဆင်ပြေစေတဲ့ စိန်နားကပ်ဒီဇိုင်းလေးပါရှင့်…
ရတနာဆိုရင်တော့ "Yadanar Linn Jewellery" မှာပဲ အမြန်ဆုံး လာဝယ်လိုက်နော်😘
🛒 ဆိုင် (၁) - အမှတ် (၁၇၊ ၁၈၊ ၁၉)၊ ရုံ (၈)၊ ဆိပ်ငယ်စျေးကြီး၊ မြိတ်မြို့
09-41005105,095640783,09422195858, 09775836802
🛒 ပန်းတိမ်ဆိုင် (၂) - အမှတ်(၃၆), ဘုရင်ဂျီကျောင်းလမ်း, ဆိပ်ငယ်ရပ်, မြိတ်မြို့
0592042386
🛒ရန်ကုန်ဆိုင်(၃)- အမှတ်၁၀၅၊ နဝရတ်ရုံ၊ ဗိုလ်ချုပ်စျေး၊ ရန်ကုန်မြို့
09-5640471, 09401540529, 09422199150
🛒ဆိုင်(၄)- B(211), ဒုတိယထပ်, ကမ်းနားဘက်, Sea View Mall, မြိတ်မြို့ (Temporary closed)
⏰ဆိုင်ဖွင့်ချိန် - မနက် (၉း၀၀)နာရီမှ ညနေ (၄း၀၀)နာရီအထိ
#ရတနာလင်းရွှေဆိုင်
#မြိတ်မြို့
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
အမှတ်(၁၇, ၁၈, ၁၉)၊ ရုံ(၈)၊ ဆိပ်ငယ်စျေးကြီး
Myeik
14051