S&W Computer Training Center

S&W Computer Training Center

Share

Computer Training Center

01/03/2023

🏘️အိမ်မှာနေရင်းTVကြည့် ဖုန်းကြည့်နဲ့အချိန်ကုန်မဲ့အတူတူအကျိုးရှိတဲ့ screen timeလေးဖြစ်အောင်
💻ကွန်ပျူတာအခြေခံသင်တန်းလေးတက်ထားသင့်တယ်နော်

👉ဘယ်သူတွေတတ်သင့်လဲ

- လုပ်ငန်းခွင်ဝင်ဖို့ပြင်ဆင်နေသူတွေ
- လုပ်ငန်းခွင်ထဲမှာကွန်ပျူတာကျွမ်းကျင်စွာသုံးတတ်ချင်သူတွေ
- လက်ရှိအခြေအနေတွေအရကျောင်းနားထားရတဲ့သားသားမီးမီးတွေ
- တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတက္ကသိုလ်တက်ဖို့စောင့်ဆိုင်းနေရတဲ့မောင်လေးညီမလေးတွေ
- ကွန်ပျူတာပညာရပ်ကိုစိတ်ဝင်စားတဲ့မည်သူမဆို

👉ဘာတွေသင်ပေးမှာလဲ

🧑‍🤝‍🧑အသက်(၈-၁၄)နှစ် သားသားမီးမီးတို့အတွက်
➡️ Introduction to computer
➡️ Typing (English and Myanmar)
➡️ Microsoft Paint
➡️ Microsoft word
➡️ Microsoft Excel
➡️ Microsoft PowerPoint

👩‍💻အသက်(၁၅)နှစ်အထက် မောင်လေး၊ ညီမလေး၊ ကိုကို၊ မမ၊ ဦးဦး၊ ဒေါ်ဒေါ်အားလုံးအတွက်
➡️ Introduction to computer
➡️ Typing (English and Myanmar)
➡️ Microsoft word
➡️ Microsoft Excel
➡️ Microsoft PowerPoint
➡️ ရုံးစာရေးသားနည်း

ဒါတွေအပြင် အပိုဆုအနေနဲ့အားလုံးကို
- 🌐 Internet and Email
- 🖨️ Printထုတ်နည်း
- 💿 CD/DVD burn နည်း
- 📱ဖုန်းနဲ့ကွန်ပျူတာချိတ်ဆက်အသံုး ပြုနည်း/
- 💻ကွန်ပျူတာနဲ့internetသံုးနည်း
တို့ကိုမေတ္တာလက်ဆောင်သင်ကြားပေးမဲ့အပြင် certificateလဲပေးအပ်သွားမှာပါ
🏫ဘယ်မှာသင်တာလဲ

📣 တောင်ကြီးမြို့
📣 နမ့်စန်မြို့၊ အမှတ်3ရပ်ကွက်

တို့မှာတက်ရောက်နိုင်ပြီး သင်တန်းကိုလာတက်ဖို့အဆင်မပြေသူတွေကိုလည်း အိမ်လိုက်(ညှိနှိုင်း)သင်ပေးပါတယ်နော်😊
တက်ရောက်ချင်သူတွေကတော့ page messager သို့ 09401621031/ 09428350476တို့ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်

💸သင်တန်းကြေးကကော

- သင်တန်းကြေး 40000 ကျပ်ဖြင့်သင်ပေးသွားပါမယ်ရှင်

👉 ဘယ်သူတွေသင်ပေးမှာလဲ

👩‍💼 Computer Diplomaရရှိထားပြီး လုပ်ငန်းအတွေ့အကြုံရှိတဲ့ ဆရာမတွေကစိတ်ရှည်စွာတတ်မြောက်သည်အထိသင်ကြားပေးသွားမှာပါ😍

👉 သင်တန်းအချိန်ကကော

- 9:00 AM to 10:30 AM
- 4:00 PM to 5:30 PM
(အချိန်ညှိနှိုင်းနိုင်ပါသည်)

- သင်တန်းကာလ(၁)လခွဲဖြစ်ပြီးလိုအပ်ပါကထပ်တိုးသင်ပေးမှာပါ

- သင်တန်းကို တနင်္လာ မှ သောကြာထိ
တပတ်(၅)ရက်သင်ကြားပေးသွားမှာပါ။

အားလုံးပဲစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်

01/03/2023

Desktop / Laptop ရှိပြီး English Typing နှင့် Unicode Fonts Typing လေ့ကျင့်ဖို့ software ရှာဖွေနေသူများအတွက် အကောင်းဆုံးsoftware များနှင့် online website များကို ဖော်ပြပေးသွားပါမည်။

၁။ Typing Master
Typing Master သည် English Typing လေ့ကျင့်ဖို့အတွက် offline software အမျိုးအစားဖြစ်ပြီး Exercises များ၊ Paragraph ကျင့်ဖို့အတွက် Room များ၊Game များလည်း ပါဝင်သောကြောင့် ခုမှစကျင့်မည့် beginner / ကလေးငယ်များအတွက် တော်တော်အသုံးတည့်မည့် software တစ်ခုဖြစ်သည်။ Typing master ကို ( https://www.typingmaster.com ) တွင် သွားရောက်download ပြုလုပ်နိုင်ပြီး Typing Master Typing software သည် ပိုက်ဆံပေး၍ ဝယ်အသုံးပြုရသည့် software အမျိုးအစားဖြစ်သည့်အတွက် limit ဖြင့်သာ အသုံးပြုနိင်ပါမည်။ crack version အဖြစ်အသုံးပြုလိုပါက --> https://drive.google.com/file/d/1NRlpSGzrLmOy1SB7ZaygTKNFYaE4vupx/view?usp=sharing တွင် သွားရောက် download ပြုလုပ်နိုင်ပါသည်။
Video တွင်လည်း 👉 https://youtu.be/dty0E4Vqul4 software installation ဆွဲနည်းကိုကြည့်ရှုနိုင်ပါသည်။

၂။ Mavis Beacon
Mavis Beacon သည်လည်း English Typing ကျင့်ရသည် offline software အမျိုးအစားတစ်ခုဖြစ်ပြီး Computer သင်တန်းအများစုတွင် အသုံးပြုသင်ကြားပေးသည့် typing software တစ်ခုလည်းဖြစ်သည်။ Mavis Beacon Typing software သည် ရိုးရှင်းသည့် feature များဖြင့် ပြုလုပ်ထားသည့်အတွက် အခုမှစလေ့ကျင့်မည့် user များအကြိုက်ဖြစ်စေမည့် software အမျိုးအစားလည်းဖြစ်သည်။
Mavis Beacon သည်လည်း ပိုက်ဆံပေး၍ ဝယ်အသုံးပြုရသည့် software အမျိုးအစားဖြစ်သည်။ မိမိအနေဖြင့် license version ဖြင့် ဝယ်ယူအသုံးပြုလိုပါက https://www.broderbund.com/mavis-beacon-teaches-typing-deluxe-20 သွားရောက်ဝယ်ယူနိုင်ပါသည်။
crack version အဖြစ်အသုံးပြုလိုပါက --> https://drive.google.com/file/d/1AVat_hcPJNQJfxkETBMoXJHfH18q6X2S/view?usp=sharing တွင်သွားရောက် download ပြုလုပ်ပါသည်။
Video တွင်လည်း 👉https://youtu.be/3vqbCr2dK88 software installation ဆွဲနည်းကိုကြည့်ရှုနိုင်ပါသည်။

၃။ typinggames.zone
typinggames.zone သည် English Typing ကိုအတော်အသင့်ရပြီး မိမိ Typing skill ကို ပိုမိုတိုးတက်အောင် ကျင့်လို့ရမည့် website တစ်ခုလည်းဖြစ်သည်။ထို website တွင် typing games များတွင်စုစည်းပေးထားသည့်အတွက် games ဆော့ရတာ ကြိုက်သည့် user များအတွက် gameလည်းဆော့ရင်း typing လည်းကျင့်သားရသွားမည်ဖြစ်သည်။ ထို့အပြင် typing games အများစုသည် english vocabulary များဖြင့် ဖန်တီးထားသည့်အတွက် မိမိအနေဖြင့် vocabulary များပါ လေ့လာပြီးသား ဖြစ်သွားပါမည်။
( https://www.typinggames.zone/ ) တွင်သွားရောက်လေ့ကျင့်နိုင်ပါသည်။

၄။ play.typeracer.com
play.typeracer.com သည် online english typing platform တစ်ခုဖြစ်သည်။ ထိုwebiste သည် car racing ပုံစံသဘောဖြင့် ဖန်တီးထားပြီး မိမိအနေဖြင့် online ပေါ်ရှိ friends များဖြင့် သွားရောက်ပြိုင်ဆိုင်ကျင့်လို့ရပါမည်။ Typing ကျင့်ရင်း မိမိ၏ typing skill wpm(words per minute) များတိုးတက်လာတာကိုလည်း တွေ့မြင်ရပါမည်။
( https://play.typeracer.com/ ) တွင်သွားရောက်လေ့ကျင့်နိုင်ပါသည်။

၅။ WhizzoTypingTutor
WhizzoTypingTutor သည် Unicode Typing software အမျိုးအစားတစ်ခုဖြစ်ပြီး Myanmar Unicode ကို အခုမှစတင်လေ့ကျင့်မည့် beginner များအတွက် ကျင့်ရအလွယ်ကူဆုံး software တစ်ခုဖြစ်သည်။
Software အား --> https://drive.google.com/file/d/1v4mwWAO5nMWTWH68L4TH2vwbmr3hIPHF/view?usp=sharing တွင်သွားရောက် download ပြုလုပ်ပါသည်။
Video တွင်လည်း 👉 https://youtu.be/wCig9BIRe4E software installation ဆွဲနည်းကိုကြည့်ရှုနိုင်ပါသည်။

၆။ typingbaba.com
Typingbaba.com သည် india developer များ Develop လုပ်ထားသည့် website တစ်ခုဖြစ်ပြီး language များစွာကို Typing ကျင့်လို့ရအောင် ဖန်တီးထားသည့် online platform တစ်ခုဖြစ်သည်။ Keyboard များစွာကို ထည့်သွင်းထားသည့်အတွက် english နှင့် myanmar unicode အပြင် တခြား ဘာသာစကားများ၏ typing များကိုလည်း ကျင့်လို့ရသည့် website တစ်ခုလည်းဖြစ်သည်။ (မှတ်ချက် - တစ်ချို့languageများသည် develop လုပ်နေသေးသည့်အတွက် အသုံးပြု၍မရနိုင်သေးပါ။)
( https://www.typingbaba.com/keyboard/online-myanmar-keyboard.php ) တွင် Myanmar Unicode ကို သွားရောက်လေ့ကျင့်လို့ရပါသည်။

ကျနော်အနေဖြင့် user များ ငွေမကုန်ပဲ crack version များဖြင့်အဆင်ပြေအောင် software များရှာ၍ software Download link များချပေးထားခြင်းသာဖြစ်ပါသည်။ ထို link များအားသွားရောက်၍ download ပြုလုပ်နိုင်ပါသည်။ Software insatllation အသေးစိတ်ကို Youtube Channel https://www.youtube.com/channel/UCsd6jamowj2lX6UGAoD9nhQ တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။






#လေးစားစွာဖြင့်

18/01/2023

ဘယ်အဆင့်လဲကြွားခဲ့ကြဦး😁😁😁

Want your business to be the top-listed Computer & Electronics Service in Namsang?
Click here to claim your Sponsored Listing.

Telephone

Website

Address


Namsang