Oasis Engineering Group

Oasis Engineering Group

Share

Design, Estimate, Training& Consultancy Work

Photos from Oasis Engineering Group's post 17/10/2020

ကိုဗစ်ကာလအတွင်း ကျွန်တော်တို့ Oasis Engineering Group မှ တာဝန်ယူရေးဆွဲပေးသော အလျား ၃၆ပေ အနံ ၄၃ပေရှိတဲ့ အိပ်ခန်း ၅ခန်း (+အိမ်သာ ၁ခန်း) ၊ဘုရားခန်း ၊ဧည့်ခန်း ၊ထမင်းစားခန်း မီးဖိုချောင် ပါဝင်သော တစ်ထပ် အုပ်ညှပ်အိမ်လေးပါ. . ပုံနဲ့ တူအောင် တည်ဆောက်ပေးသော ကိုရှည်ရီးအဖွဲ့အား ကျေးဇူးတင်ပါတယ်ဗျာ. . . .အိမ်ရှင်မိသားစုမှလည်း သဘောကျ နှစ်ခြိုက်တယ်လို့ သိရတဲ့အတွက် အထူးပင် ဝမ်းသာမိပါတယ်ခင်ဗျာ အိမ်တက်ကတော့ သီတင်းကျွတ်မှ လုပ်မယ်လို့ သိရပါတယ်ခင်ဗျာ။

Name of Work- One storey Brick Nogging Building
Location- ထင်ရှူးမြိုင်၊ နမ့်စန်မြို့၊ ရှမ်း(တောင်)
Draw By- Oasis Engineering Group
09-661516373, 09-427230729

Photos from Oasis Engineering Group's post 08/07/2020

Oasis Engineering အနေနဲ့ နမ့်စန်မြို့နယ် ဖားအောက်တောရ ဘုန်းကြီးကျောင်းအတွက် နှစ်ပါး ကျောင်းဆောင်လေး ဆွဲပေးဖြစ်တာလေးပါဗျ.....ကုန်ကျစရိတ်ပါ (Estimate) အသေးစိတ်တွက်ပေးထားပါတယ်ဗျ....အလှူရှင်မိသားစုလည်း ဒီထက်မက လှူနိုင်တန်းနိုင်ပါစေဗျာ...

Oasis Engineering Group
09-661516373, 09427230729

Photos from Oasis Engineering Group's post 17/03/2020

17.3.2020 (Tuesday) ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ စတိုးဆုတောင်းပြည့်စေတီတော်အား ရွှေစည်းခုံပုံစံတူ လှိုင်အတွင်းထည့်၍ တည်ဆောက်နေမှု အခြေအနေလေးပါ။ မြေပေါ် ၃ပေ ခွဲမှာ ရှိတဲ့ plinth Beam လောင်းဖို့ လုပ်နေတာပါ...beam နဲ့ slab ကို monolithic တသားတည်းရအောင် လောင်းမှာ ဖြစ်တဲ့အတွက် အတွင်းကနေ formwork မကာဘဲ အုတ်ပဲ စီလိုက်ပါတယ်ဗျ...မကြာခင် မြေကြီး ထပ်ဖြည့်ပြီးတာနဲ့ ဇကာကွက် သံဆင်ပါတော့မယ်....သံဆင်ပြီးရင်တော့ ကွန်ကရစ် လောင်းဖို့ သိပ်မလိုတော့ပါဘူးဗျ.....ဒီဇိုင်းနဲ့ ပတ်သက်ရင် ဖြစ်ဖြစ် အိမ်ဆောက်လိုသူများ စိတ်ဝင်စားသူများ messenger သို့မဟုတ် 09-661516373, 09427230729 ကို ဆက်သွယ်နိုင်ပါတယ်ဗျာ


#09-661516373, 09427230729

Photos from Oasis Engineering Group's post 16/02/2020

16.2.2020 ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် ဆတိုးဆုတောင်းပြည့်စေတီတော်အား ရွှေစည်းခုံပုံစံတူ လှိုင်းအတွင်းထည့်သွင်းပူဇော် တည်ဆောက်နေတဲ့ အခြေအနေလေးပါဗျ..မြေကြီးဖို့ ပြီးတာနဲ့ သံဆင်လို့ ရပါပြီဗျ....အဆောက်အဦးနဲ့ပတ်သက်၍ ပံုစံဒီဇိုင်းအလှရေးဆွဲခြင်း၊ ခိုင်ခန့်မှု တွက်ချက်ခြင်း၊ကုန်ကျစရိတ်အသေးစိတ်တွက်ချက်ခြင်း၊လုပ်ငန်းပိုင်းကြီးကြပ်ဆောင်ရွက်ပေးခြင်း အစရှိသောလုပ်ငန်းများလည်း ဆောင်ရွက်ပေးပါတယ်ဗျ...


09-661516373, 09-427230729

Photos from Oasis Engineering Group's post 05/02/2020

Oasis Engineering Group အနေနဲ့ လွိုင်လင်ခရိုင် ကျေးလက်ရုံးမှာ Autocad 2d/3d(Intermediate) အတန်းနဲ့ ETABS&SAFE(Basic) အတန်းကို သင်ပေးခဲ့ပါတယ်ဗျ......ကျွန်တော် သိရှိနားလည်သလောက်ကို အကုန် Sharing လုပ်ပေးခဲ့ပါတယ်ဗျ....ကျွန်တော့်ကို သင်ပေးခဲ့တဲ့ သင်ဆရာမြင်ဆရာ အားလုံးကို ဂါရဝပြုပါတယ်ဗျ....နောက်နှစ်​တွေမှာလည်း မတူတဲ့ Course တွေ ထပ်သင်ပေးပါမယ်ဗျ.....ကျွန်တော့်ကို ခေါ်သင်ဖို့ ပြောပေးတဲ့ EE ဦးဇေယျမင်းကိုလည်း ကျေးဇူးတယ်ပါတယ်ဗျ....သင်တန်းပြီးတဲ့အခါ တစ်ယောက်ချင်းဆီကနေ Feedback ကိုလည်း ပြန်ယူပါတယ်ဗျ...အားလုံးလည်း အတိုင်းအတာတစ်ခုထိ ရသွားကြမယ်လို့ မျှော်လင့်မိပါတယ်ဗျ....အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျ....
သင်တန်းနဲ့ပတ်သက်ရင် အောက်မှာလေ့လာလို့ ရပါတယ်ဗျ
https://m.facebook.com/story.php?story_fbid=493927974725193&id=473319023452755

27.1.2020

Want your business to be the top-listed Gym/sports Facility in Namsang?
Click here to claim your Sponsored Listing.

Telephone

Address


NO. 3/177, Ye Set Street, 3 Quarter
Namsang