Code Palace
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Code Palace, Education, Naypyidaw.
20/12/2025
Mcafee Internet security -1 Year/ 1 Device
တစ်နှစ်အာမခံပါတယ်ဗျ။
စျေးနှုန်း 20000 ကျပ်
PC/ Mobile Device အားလုံးအတွက်အဆင်ပြေပါတယ်။
31/05/2024
Hello 👋🏻
မင်္ဂလာပါဗျ။ လူကြီးမင်းတို့အားလုံး သိကြတဲ့အတိုင်း လက်ရှိမြန်မာနိုင်ငံကြီးဟာဆိုရင်ဖြင့် VPN တွေ အသုံးပြုလို့မရတဲ့ပြဿနာနဲ့ကြုံနေရတာပဲဖြစ်ပါတယ်ဗျ။ 🫥 နာမည်ကြီး လူသုံးများတဲ့ VPNတွေ ဖြစ်တဲ့ 1.1.1.1 နဲ့ အခြား Free VPN တချို့ကိုပါ ပိတ်ထားတာကြောင့် လတ်တလောမှာတော့ အသုံးပြုလို့ရအုန်းမှာမဟုတ်ပါဘူး 🥲 ဘယ်အချိန်မှ ပြန်လည်အသုံးပြုလို့ရမယ်ဆိုတာပိုလဲ အတိအကျမသိရသေးပါဘူးဗျ။😔 ဒါပေမဲ့ အခြား paid vpnတွေကတော့ ဆက်လက် အသုံးပြုလို့ရနေပါသေးတယ်ဗျ။ အဲ့ထဲမှာမှ Surfshark VPNလဲ အပါအဝင်ဖြစ်ပါတယ်ဗျ။ လူကြီးမင်းတို့အနေနဲ့ ဈေးနှုန်းလဲ သက်သာရမယ် အသုံးပြုရလဲ အဆင်ပြေချင်တယ်ဆိုရင်တော့ Surfshark VPNကို အသုံးပြုကြည့်ဖို့အကြံပြုချင်ပါတယ်ဗျ။ 💁🏻 Surfshark VPN ကိုတော့ ဈေးနှုန်းချိုသာစွာဖြင့် Device တစ်ခုကို တစ်နှစ်စာ 15000 ကျပ်ဖြင့် ကျနော်တို့ Page Messenger မှာ လာရောက်စုံစမ်း ပြီး ဝယ်ယူလို့ရနေပြီပဲဖြစ်ပါတယ်ဗျ။ 🥰 အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။ 🙇🏻
10/05/2024
Robot Technology 🤖
အားလုံးမင်္ဂလာပါဗျ။ 🙇🏻 Code Palace Pageကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျ။ 🤗 ကျနော်တို့ ဟိုနေ့က AI (Artificial Intelligence) 🧠 အကြောင်းတင်ဆက်ပြီးပီ ဆိုတော့ ဒီနေ့မှာ Ai နဲ့ ဆက်စပ်နေတဲ့ Robot တွေအကြောင်းတင်ဆက်ပေးချင်ပါတယ်ဗျ။ 🦾🤖 Robot တွေကို ကျနော်တို့ အန္တာရယ် ရှိတဲ့အလုပ်တွေခိုင်းစေဖို့ပဲဖြစ်ဖြစ်၊ အိမ်သန့်ရှင်းရေး လုပ်ဖို့ဖြစ်ဖြစ် စသည်ဖြင့ အသုံးပြုကြပါတယ်ဗျ။ နည်းပညာတိုးတက်လာသည်နှင့်အမျှ Robot 🤖တွေကို နေရာအများအပြားမှာ အသုံးပြုလာကြပီုပဲဖြစ်ပါတယ်ဗျ။ ဥပမာ- စားသောက်ဆိုင်တွေမှာ service ပေးဖို့ နဲ့တချို့ လေယာဉ်ကွင်း တွေမှာပါ Robot တွေကိုအသုံးပြုလာကြပါတယ်။
ဆိုတော့ Robot တွေကို ဘယ်လို တည်ဆောက်ထားလဲ ?🤖 🤔
ကျနော့်အနေနဲ့ လူကြီးမင်းတို့ နားလည်ရလွယ်ကူအောင် ရှင်းပြပေးပါမယ်ဗျ။ 🤗 Robot တစ်ရုပ်တည်ဆောက်ဖို့ Hardware နဲ့ Software လိုအပ်ပါတယ်ဗျ။ Hardware ကတော့ စက်ရုပ် ရဲ့ physical ပိုင်း ဖြစ်ပြီး Software ကတော့ စက်ရုပ် အလုပ်လုပ်ဖို့အတွက်ပဲဖြစ်ပါတယ်ဗျ။
ဆိုတော့ Hardware မှာ Body, Motors, sensors နဲ့ energy ဆိုပြီး ပါရှိပါတယ်။
🤖Body
Body ဟာဆိုရင် တည်ဆောက်မဲ့စက်ရုပ်ပေါ်မူတည်ပြီး အမျိုးမျိုးရှိပါတယ်ဗျ။🤗 ဥပမာ- Humanoid robots (လူပုံစံ စက်ရုပ်), arms only🦾or legs only 🦿 robots နဲ့ wheeled robotsတို့ပဲဖြစ်ပါတယ်ဗျ။ Robot bodyကိုတော့ များသောအားဖြင့် အတွင်းပိုင်း စက်ကိရိယာတွေကို မထိခိုက်အောင် လို့ Metal နဲ့တည်ဆောက်ကြတာများပါတယ်ဗျ။ ဒါပေမဲ့ plastic သို့မဟုတ် အခြား materialsတွေဖြစ်တဲ့ (Carbon or fiber) တို့နဲ့ လဲ Robot bodyကို ပြုလုပ်လို့ရပါတယ်ဗျ။ 🛠️
⚙️Motors
Motors သည်လဲ စက်ရုပ် တစ်ရုပ်ရွေ့လျား နိုင်ဖို့အတွက် အရေးကြီးအစိတ်အပိုင်း တစ်ခုပဲဖြစ်ပါတယ်ဗျ။ Motorsအမျိုးအစားအများကြီးထဲကမှ တစ်ချို့ကိုဖော်ပြပေးချင်ပါတယ်ဗျ။ Bidirectional step motors, rotational motors, pumps နဲ့ vibrating disks တို့ပဲဖြစ်ပါတယ်ဗျ။ ဒီmotorsတွေဟာဆိုရင်ဖြင့် စက်ရုပ် တစ်ရုပ်ရွေ့လျားဖို့အတွက်အရေးကြီးအစိတ်အပိုင်းအနေနဲ့ပါရှိပါတယ်ဗျ။ အစိတ်အပိုင်းများစွာပါရှိတဲ့ စက်ရုပ်တွေမှာဆို motorsတွေကို တစ်ထပ်တည်းကျအောင်လို့ micro-scaleကိုအသုံးပြုပြီး တပ်ဆင်ရပါတယ်ဗျ။ ဒါမှ ခိုင်းစေတဲ့အခါ စက်ရုပ်တွေက အတိအကျရွေ့လျားနိုင်မှာပဲဖြစ်ပါတယ်ဗျ။ ဥပမာ- ခြေလှမ်းတစ်လှမ်းလှမ်းခြင်း🦿၊ လက်တစ်ဖက်ထဲဖြင့် ပစ္စည်းတစ်ခုခုကို ကိုင်ပြီးလိုချင်တဲ့နေရာသို့ကွေ့လျား စသည်တို့ကို လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်ဗျ။🤗
Sensors & Energy 🤖🦾
Sensors ဟာစက်ရုပ်တစ်ရုပ်ကိုစေခိုင်းအတွက်အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်သည့်အလျှောက် ပတ်ဝန်းကျင်အခြေအနေတွေကိုစုဆောင်းကာပြန်လည်တွက်ချက်၍ စေခိုင်းချက်တွေကိုလုပ်ဆောင်ဖို့အတွက်အသုံးပြုပါတယ်ဗျ။ Robots မှာပါရှိတဲ့ sensors အချို့ကတော့ cameras, microphones, pressure sensors, thermometers, position sensors, speed sensors, location sensors, humidity sensors နဲ့ tactile sensors တို့ပဲဖြစ်ပါတယ်ဗျ။🤗 Energy ကလဲ စက်ရုပ်တစ်ရုပ်လည်ပတ်ဖို့အရေးကြီးပါတယ်ဗျ။ Energy🦾 မရှိရင်စက်ရုပ်ကမလှုပ်ရှားနိုင်သလို စေခိုင်းတာတွေကိုလဲလုပ်နိုင်မှာမဟုတ်ပါဘူး။ Energy ကိုတော့ စက်ရုပ်မှာပါရှိတဲ့ battery ကနေထုတ်လွှတ်ပေးပါတယ်ဗျ။ Solar power နဲ့ gas အပေါ်မူတည်ပြီးလည်ပတ်ဖို့တည်ဆောက်ထားတဲ့စက်ရုပ်တွေလဲရှိပါတယ်ဗျ။ တည်ဆောက်မဲ့စက်ရုပ်အပေါ်မူတည်ပြီး energy base ကိုရွေးချယ်လို့ရပါတယ်ဗျ။🤗
Software 🤖⚙️
Software တွေကစက်ရုပ်တစ်ရုပ်အလုပ်လုပ်ဖို့အတွက်လိုအပ်ပါတယ်ဗျ။ စက်ရုပ်မှာပါရှိတဲ့ software တွေက လူတွေကိုအဝေးကနေထိန်းချုပ်ဖို့အတွက်အထောက်အကူပြုတယ်။ ဥပမာ- smartphone application📱 or remote control 🕹️နဲ့စက်ရုပ်ကိုထိန်းချုပ်လို့ရတာပဲဖြစ်ပါတယ်ဗျ။ နည်းပညာတိုးတက်လာသည်နှင့်အမျှစက်ရုပ်မှာပါရှိတဲ့ software ကို internet နဲ့ပါ upgrade လုပ်လို့ရနေပြီပဲဖြစ်ပါတယ်ဗျ။ ထိုသို့ upgrade လုပ်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ service နဲ့ function အသစ်တွေကိုပါရရှိနိုင်ပါတယ်ဗျ။ နောက်ထပ်အရေးကြီးတဲ့ software တစ်ခုကတော့ AI🧠 ပဲဖြစ်ပါတယ်ဗျ။ AI ဟာဆိုရင် software technology မှာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး robot တွေကို next level✴️ ဖြစ်အောင်စွမ်းဆောင်ပေးပါတယ်။ AI ပါရှိတဲ့ robot တွေဟာဆိုရင်သာမန်စက်ရုပ်တွေထက်တစ်ဆင့်မြင့်နေတာကို တွေ့ရှိရမှာပဲဖြစ်ပါတယ်ဗျ။ ဥပမာ- Sophia robot🤖 ဟာဆိုရင် humanoid robot အမျိုးအစားဖြစ်ပြီး AI ပါရှိတဲ့robotပဲဖြစ်ပါတယ်ဗျ။ ဒီ robot ကို Hong Kong အခြေစိုက်ကုမ္ဗဏီတစ်ခုဖြစ်တဲ့ Hanson Robotics ကတီထွင်ခဲ့တာဖြစ်ပါတယ်။ Sophia robot ရဲ့စွမ်းရည်တွေကို အောက်က video link မှာ ကြည့်ရှုလို့ရပါတယ်ဗျ။
https://youtu.be/5_jp9CwJhcA?si=B3ju0Kw2Snqk6yZK
အချိန်ပေးပြီးဖတ်ရှုပေးတဲ့တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ရှိပါတယ်ဗျ။ တခြား သိချင်တဲ့ Technology နဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေရှိရင်လဲ Comment မှာ ရေးခဲ့လို့ရပါတယ်ဗျ။🙇🏻 နောက်နေ့တွေမှာလဲ တခြား IT & Technology အကြောင်းအရာတွေ တင်ဆက်ပေးမှာမလို့ကျနော်တို့ Code Palace Pageလေးကို like & follow လုပ်ထားဖို့မမေ့ပါနဲ့အုန်းနော် 😁 အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။ 🙇🏻
06/05/2024
Ai ( Artificial Intelligence) 🧠🦾
အားလုံးမင်္ဂလာပါဗျ။ Code Palace Pageကနေ ပြန်လည်ဆိုကြိုလိုက်ပါတယ်ဗျ။🙇🏻 ဒီနေ့မှာ ကျနော်က Ai 🧠 အကြောင်းကို အနည်းငယ် ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗျ။
Ai ဆိုတာဘာလဲ? 🤖🤔
Ai ရဲ့ အဓိပ္ပာယ် ကတော့ Artificial Intelligence ဖြစ်ပြီးကျနော်တို့ မြန်မာလိုခေါ်ရင် လူလုပ် မှတ်ဉာဏ်တုပဲဖြစ်ပါတယ်ဗျ။ Ai Technology ဟာဆိုရင်ဖြင့် ကျနော်တို့ လူငယ်တွေအတွက် ရင်းနှီးနေတဲ့စကားလုံး ဆိုရင်လဲမမှားပါဘူးဗျ။ Ai ကဘာတွေအသုံးပြုလို့ရလဲဆိုရင် ကျနော်တို့ သိချင်တဲ့အကြောင်းအရာတွေ ကိုအချိန်တိုအတွင်း အလွယ်တကူ Ai ကိုအသုံးပြုပြီးရှာလို့ပါတယ်ဗျ။ ဥပမာ- Open Al နဲ့ ChatGPT တို့လို့ Ai tools တွေကိုအသုံးပြုပြီးAssignmentတွေ နဲ့ ကျနော်တို့ သိချင်တာတွေကို Research လုပ်လို့ရနေပြီပဲဖြစ်ပါတယ် ဗျ။ 🤩 ဒါ့အပြင် Ai နဲ့ သီချင်းတွေဖန်တီးခြင်း၊ စိတ်ကူးယဥ် ဓာတ်ပုံတွေကိုဖန်တီးခြင်းနဲ့ Video editing တွေကိုပါ လုပ်လို့ရနေပီပဲဖြစ်ပါတယ်ဗျ။ 🤩 အခုဆိုရင် Smart Phone တွေမှာပါ Ai Technology နဲ့ Photo နဲ့ Videoတွေကိုပါ စိတ်ကြိုက် editလုပ်လို့ရနေပီပဲဖြစ်ပါတယ်ဗျ။ 😉
ဆိုတော့ Ai အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ ?🤖🧠
Ai မှာ Capabilities-based types of Ai နဲ့ Functionalities-based types of Ai ဆိုပြီး ၂မျိုးရှိပါတယ်ဗျ။ Capabilities-baeed Ai မှာဆိုရင်ဖြင့် Narrow Ai, General Ai နဲ့ Super intelligent Aiဆိုပြီး (၃)မျိုး ပါရှိပါတယ်ဗျ။ Functionalities-based Aiမှာဆိုရင်ဖြင့် Reactive Machine, Theory of Mind, Limited Memory နဲ့ Self- Awareness ဆိုပြီး (၄) မျိုး ပါရှိပါတယ်ဗျ။ 😉 ကျနော်အနေနဲ့ ကျနော် တို့နဲ့ရင်းနှီးတဲ့ Capabilities-baeed types of Ai (၃)မျိုးအကြောင်းကိုပြောပြပေးချင်ပါတယ်ဗျ။
✅ Narrow AI (Artificial Narrow Intelligence)🤖🧠
Narrow Ai ကတော့ ကျနော်တို့ အခုလက်ရှိအသုံးပြုနေတဲ့ Ai tools တွေဖြစ်တဲ့ (ChatGPT, OpenAI, Gemini AI) တွေအပြင် chatbot & conversational assistants နဲ့ Self- driving vehiclesတွေမှာ အသုံးပြုနေတဲ့ Ai ကို Narrow Ai လို့ခေါ်ပါတယ်ဗျ။ Narrow Ai ကတော့ သူ့ကို Train ပေးထားတဲ့ Data အတိုင်းသာလုပ်ဆောင်တာဖြစ်ပြီး အဲ့ထက် ကျော်လွန်ပြီး လုပ်ဆောင်နိုင်ခြင်း မရှိပါဘူးဗျ။
✅ General AI (Artificial General Intelligence)🤖🧠
General AI ကတာ့ အခုချိန်ထိ Research stageမှာသာ ရှိသေးတာပဲဖြစ်ပါပြီး Narrow Ai ထပ်ပိုအဆင့်မြှင့်ပါတယ်ဗျ။ General Ai ကတော့ လူသားတစ်ယောက်လို critical thinking တွေကိုပါ လုပ်ဆောင်နိုင်တဲ့Ai အမျိုးအစားပဲဖြစ်ပါတယ်ဗျ။ 🤖🤯
✅ Super Intelligence AI (Artificial Super Intelligence)🤯🤖🧠
Super Intelligence AI ကတော့ General Ai ထပ်များစွာသာလွန်ပြီး လူသားတွေမတွေးတောနိုင်သေးတဲ့အရာတွေကိုပါ တွေးခေါ်စဉ်းစားနိုင်တဲ့ Ai အမျိုးအစားပဲဖြစ်ပါတယ်ဗျ။ 🤯🤖 ဒီ Ai ကတော့ အခုချိန်ထိ ကမ္ဘာပေါ်မှာမပေါ်သေးပါဘူးဗျ။ 😁 Sci-fi ရုပ်ရှင်တွေထဲမှာသာတွေ့ရှိရအုန်းမှာပဲဖြစ်ပါတယ်ဗျ။😁 ဒါကတော့ ကျနော်တို့အခုခေတ်လူငယ်တွေကြားရေပန်းသားနေတဲ့ Ai Technology 🧠 အကြောင်းပဲဖြစ်ပါတယ်ဗျ။ အချိန်ပေးပြီးဖတ်ရှုပေးတဲ့တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ရှိပါတယ်ဗျ။ တခြား သိချင်တဲ့ Technology နဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေရှိရင်လဲ Comment မှာ ရေးခဲ့လို့ရပါတယ်ဗျ။🙇🏻 နောက်နေ့တွေမှာလဲ တခြား IT & Technology အကြောင်းအရာတွေ တင်ဆက်ပေးမှာမလို့ကျနော်တို့ Code Palace Pageလေးကို like & follow လုပ်ထားဖို့မမေ့ပါနဲ့အုန်းနော် 😁 အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။ 🙇🏻
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Naypyidaw