Success Light Chinese Language Center

Success Light Chinese Language Center

Share

Success Light offers AutoCAD, English & Chinese Language courses.

12/02/2023

Sunday 12/2/2023

ဒီ တနင်္ဂနွေ လေ့လာကြမယ့် ဝေါဟာရ သုံးခု နဲ့ ဝါကျ သုံးကြောင်း ကတော့ 回 (huí) ဆိုတဲ့ စာလုံးနဲ့ ပတ်သက်ပါတယ်။回 (huí) ရဲ့ အဓိပ္ပါယ်တွေကတော့ ပြန်သည်၊ လှည့်သည်၊ ပြန်ဖြေသည်၊ စာပြန်သည်၊ သတင်းပြန်ပို့သည်၊ ငြင်းသည်၊ ပြန်ပို့သည်၊ အကြိမ်အခါအတွက် မျိုးပြစာလုံး၊ ပြန်လည်၍ စတာတွေပဲ ဖြစ်ပါတယ်။ အောက်မှာ သက်ဆိုင်ရာ ဝေါဟာရ တချို့ကို လေ့လာ ကြည့်ကြရအောင်ပါ။.

1. 回忆 (huíyì) အမှတ်တရများ။ ပြန်လည်စဉ်းစားသည်။ ပြန်ပြောင်းအောက်မေ့သည်။

相册一丢,里面存放的珍贵回忆也全没了。

Xiàngcè yī diū, lǐmiàn cúnfàng de zhēnguì huíyì yě quán méile.

Once the photo album is lost, all the precious memories stored in it are gone.

ဓာတ်ပုံအယ်လ်ဘမ် ပျောက်သွားတာနဲ့ အထဲမှာ သိမ်းထားတဲ့ အဖိုးတန် အမှတ်တရအားလုံးလည်း မရှိတော့ဘူး။

相册 (Xiàngcè) ဓာတ်ပုံအယ်လ်ဘမ်။

丢 (diū) ပျောက်ဆုံးသည်။ လွှင့်ပစ်သည်။ ပစ်သည်။ ဘေးဖယ်ထားသည်။

里面 (lǐmiàn) အထဲမှာ။

存放 (cúnfàng) သိမ်းထားသည်။ တယောက်ယောက်ထံတွင် အပ်ထားသည်။ (ဘဏ်တွင်) ငွေစုသည်။

珍贵 (zhēnguì) အဖိုးထိုက်တန်သော။

也 (yě) လည်းပဲ။

全 (quán) အားလုံး။ အကုန်လုံး။

没了 (méile) မရှိတော့ဘူး။

2. 回音 (huíyīn) အကြောင်းပြန်သည်။ စာပြန်သည်။ ပဲ့တင်သံ။

写了几封信去催,都石沉大海,至今仍然未见回音。

Xiěle jǐ fēng xìn qù cuī, dōu shíchéndàhǎi, zhìjīn réngrán wèi jiàn huíyīn.

I wrote several letters to remind, but as if they all fell into the sea, and I still haven't heard anything back till now.

စာ သုံးလေးစောင်ရေးပြီး သွားတိုက်တွန်းပေမယ့် ပင်လယ်ထဲကျောက်တုံးမြုပ်သွားသလိုပဲ ဒီနေ့အထိတော့ အရင်အတိုင်းပဲ ဘာအကြောင်းပြန်တာမှ မကြားရသေးပါဘူး။

写 (Xiě) ရေးသည်။

几封信 (jǐ fēng xìn) စာ သုံးလေးစောင်။

去催 (qù cuī) (အမြန်ပြီးအောင်) သွားပြီးတွန်းသည်။ သွားလောသည်။

都 (dōu) အားလုံး။

石沉大海 (shíchéndàhǎi) ပင်လယ်ထဲ ကျောက်တုံးမြုပ်သလို။

至今 (zhìjīn) အခုအထိ။ ယနေ့အထိ။ ဒီနေ့အထိ။

仍然 (réngrán) အရင်လိုပဲ။ အရင်လိုဖြစ်နေသေးတယ်။ ...သေး။

未 (wèi) မ...။ မ...သေး။ (ဥပမာ။ မမြင်သေး။)

见 (jiàn) မြင်သည်။

3. 回报 (huíbào) သတင်းပြန်ပို့သည်။ ပြန်ပေးသည်။ လက်တုံ့ပြန်သည်။

这种舍己救人,不求回报的精神是非常难能可贵的。

Zhè zhǒng shě jǐ jiù rén, bù qiú huíbào de jīngshén shì fēicháng nánnéngkěguì de.

This spirit of sacrificing oneself to save others without expecting anything in return is very commendable.

အကျိုး တစ်စုံတစ်ရာ မမျှော်ကိုးပဲ ကိုယ်ကျိုးစွန့်ပြီး သူတစ်ပါးကို ကယ်တင်တယ်ဆိုတဲ့ စိတ်ဓာတ်ဟာ အလွန်တရာ ရှာမှရှားပြီး မြင့်မြတ်လှပါတယ်။

这种 (Zhè zhǒng) ဒီလိုမျိုး။

舍己救人 (shě jǐ jiù rén) ကိုယ်ကျိုးစွန့်ပြီး သူတစ်ပါးကို ကယ်တင်သည်။

不求 (bù qiú) မတောင်းဆို။ မမျှော်ကိုး။

精神 (jīngshén) စိတ်ဓာတ်။ စိတ်။ သတိ။ စိတ်ပိုင်း။ အနှစ်သာရ။

非常 (fēicháng) အလွန်။

难能可贵 (nánnéngkěguì) ရှာမှရှားပြီး မြင့်မြတ်လှသည်။ ရှာမှရှားပြီး တန်ဖိုးကြီးလှသည်။



တရုတ်စာလေ့လာရင်း အတတ်ပညာ၊ အသိပညာ တိုးပွားကြပါစေ။


ဦးမောင် (陈老师)



#ဝေါဟာရပဒေသာ #周日三词三句
#回忆 #回音 #回报

05/02/2023

Sunday 5/2/2023

ဒီ တနင်္ဂနွေ လေ့လာကြမယ့် ဝေါဟာရ သုံးခု နဲ့ ဝါကျ သုံးကြောင်း ကတော့ 面 (miàn) ဆိုတဲ့ စာလုံးနဲ့ ပတ်သက်ပါတယ်။ 面 (miàn) ရဲ့ အဓိပ္ပါယ်ကတော့ မျက်နှာ၊ မျက်နှာပြင်၊ ဘက်၊ မျက်နှာဖုံး၊ မျက်နှာမူသည်၊ မျက်နှာခြင်းဆုံသည်၊ ဂျုံ၊ ဂျုံမှုန့်၊ အမှုန့်၊ ခေါက်ဆွဲ စတာတွေပဲ ဖြစ်ပါတယ်။ အောက်မှာ သက်ဆိုင်ရာ ဝေါဟာရ တချို့ကို လေ့လာ ကြည့်ကြရအောင်ပါ။.

1. 面对 (miàn duì) ရင်ဆိုင်သည်။

如果勇敢地面对现实,可能找到属于自己的方向。

Rúguǒ yǒnggǎn de miànduì xiànshí, kěnéng zhǎodào shǔyú zìjǐ de fāngxiàng.

If you face reality bravely, you may find your own direction.

အဖြစ်မှန်ကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ရင် ကိုယ်နဲ့သက်ဆိုင်တဲ့ ဦးတည်ရာဘက်ကို ရှာတွေ့နိုင်ပါတယ်။

如果 (Rúguǒ) အကယ်၍။ တကယ်လို့သာ။

勇敢地 (yǒnggǎn de) ရဲရဲဝံ့ဝံ့။ ရဲဝံ့စွာ။

现实 (xiànshí) အဖြစ်မှန်။ လက်တွေ့။

可能 (kěnéng) ဖြစ်နိုင်သော။

找到 (zhǎodào) ရှာတွေ့သည်။

属于 (shǔyú) နဲ့သက်ဆိုင်သည်။

自己 (zìjǐ) မိမိ။ ကိုယ်။

方向 (fāngxiàng) အခြေအနေ။ ဦးတည်ရာဘက်။

2. 面试 (miànshì) အင်တာဗျူး။ လူတွေ့မေးမြန်းသည်။

参加招聘面试应该有准备,然后随机应变。

Cānjiā zhāopìn miànshì yīnggāi yǒu zhǔnbèi, ránhòu suíjīyìngbiàn.

Going into a recruiting interview should be prepared, then improvised.

အလုပ်အင်တာဗျူးဝင်ဖို့ဆိုတာ ပြင်ဆင်မှုရှိသင့်တယ်၊ ပြီးရင်တော့ မီးစင်ကြည့်ကပေါ့။

参加 (Cānjiā) ပါဝင်သည်။ ဆင်နွှဲသည်။

招聘 (zhāopìn) အလုပ်ခေါ်သည်။

*应该 (yīnggāi) …သင့်သည်။

有 (yǒu) ရှိသည်။

准备 (zhǔnbèi) ပြင်ဆင်သည်။

然后 (ránhòu) ပြီးနောက်။ ပြီးရင်။ ပြီးတော့။

*随机应变 (suíjīyìngbiàn) အခြေအနေကို ကြည့်၍ သင့်လျော်သလို ပြောင်းလဲသည်။ မီးစင်ကြည့်၍ ကသည်။

*应 ကို (yīng, yìng) ဆိုပြီး အသံ ၂ မျိုး ထွက်ပြီး၊ အဓိပ္ပါယ်လည်း ကွဲတယ်ဆိုတာ သတိပြုပါ။

3. 面子 (miànzi) (ဂုဏ်သိက္ခာ၊ နာမည်စသည်ကို ရည်ညွှန်းသော) မျက်နှာ။

接受她的建议并不是什么丢面子的事情。

Jiēshòu tā de jiànyì bìng bùshì shénme diūmiànzi de shìqíng.

It is not a shame in taking her advice.

သူမရဲ့အကြံဥာဏ်ကို ရယူတာဟာ ဘာမှ မျက်နှာပျက်ရတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။

接受 (Jiēshòu) လက်ခံသည်။ ရယူသည်။

建议 (jiànyì) အကြံဉာဏ်။

并不是 (bìng bùshì) …တာလည်းမဟုတ်။

什么 (shénme) ဘာ။ ဘာမှ။

丢面子 (diūmiànzi) မျက်နှာပျက်ရသည်။ အရှက်ရသည်။

事情 (shìqíng) ကိစ္စ။



တရုတ်စာလေ့လာရင်း အတတ်ပညာ၊ အသိပညာ တိုးပွားကြပါစေ။


ဦးမောင် (陈老师)



#ဝေါဟာရပဒေသာ #周日三词三句
#面对 #面试 #面子

Want your school to be the top-listed School/college in Naypyidaw?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Naypyidaw