PACT - Engineering & Construction

PACT - Engineering & Construction

Share

Engineering & Construction, Home & Condominium Development, Smart City & Infrastructure Developer

02/09/2025

စင်ကာပူမှာ နည်းပညာမျိုးစုံ ထည့်သွင်းထားတဲ့ စမတ် လမ်းမီးတိုင်တွေကို တပ်ဆင်
==============================================

စင်ကာပူရဲ့လမ်းတွေပေါ်မှာ သင်လမ်းလျှောက်နေချိန် လမ်းဘေးက မီးတိုင်တစ်တိုင်ကို သာမန်အလင်းရောင်ပေးတဲ့ တိုင်တစ်တိုင်လို့ပဲ ထင်နေပါသလား။ အဲဒီမီးတိုင်တွေက သင့်ရဲ့လုံခြုံရေးကို CCTV နဲ့ စောင့်ကြည့်ပေးနေတယ်၊ သင့်ကို WiFi အခမဲ့ ပေးသုံးနေတယ်၊ သင်ရှူရှိုက်နေတဲ့လေက သန့်ရှင်းရဲ့လားဆိုတာကိုတောင် စစ်ဆေးပေးနေတယ်ဆိုရင် သင်အံ့ဩသွားမလား။

ဟုတ်ပါတယ်၊ ဒါဟာ စင်ကာပူရဲ့ "စမတ်လမ်းမီးတိုင်" စီမံကိန်းဖြစ်ပြီး သာမန်မီးတိုင်တွေကို မြို့ပြရဲ့ အသက်သွေးကြောတွေအဖြစ် ပြောင်းလဲလိုက်တာပါပဲ။

မြို့တစ်မြို့မှာ လုံခြုံရေးကင်မရာတိုင်၊ WiFi တိုင် စတဲ့ တိုင်တွေရှုပ်ပွမနေတော့အောင် စင်ကာပူက ဖြေရှင်းလိုက်ပုံကတော့ ရိုးရှင်းပြီး ထိရောက်ပါတယ်။ အဲဒါကတော့ အားလုံးကို မီးတိုင်တစ်တိုင်တည်းမှာ ပေါင်းထည့်လိုက်တာပါပဲ။ ဒီလို ဘက်စုံသုံးမီးတိုင်တွေကြောင့် လူစည်ကားတဲ့ မြို့ပြမှာ နေရာချွေတာနိုင်ရုံသာမက ပြုပြင်ထိန်းသိမ်းရေးစရိတ်တွေနဲ့ မြင်ကွင်းရှုပ်ထွေးမှုတွေကိုပါ သိသိသာသာ လျှော့ချနိုင်ခဲ့ပါတယ်။

ဒီမီးတိုင်တွေက အရေးပေါ်အခြေအနေမှာ အားကိုးရာတစ်ခုလည်း ဖြစ်လာပါတယ်။ တစ်စုံတစ်ယောက် အကူအညီလိုတဲ့အခါ အရေးပေါ်ခလုတ်ကို နှိပ်လိုက်ရုံနဲ့ သက်ဆိုင်ရာကို ချက်ချင်းအကြောင်းကြားနိုင်သလို၊ ပါဝင်တဲ့ WiFi hotspot တွေကလည်း ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို မြန်ဆန်တဲ့အင်တာနက်ဝန်ဆောင်မှု ပေးစွမ်းပါတယ်။

ဒါတင်မကသေးပါဘူး။ မီးတိုင်တွေမှာ တပ်ဆင်ထားတဲ့ အာရုံခံကိရိယာတွေက လေထုညစ်ညမ်းမှု၊ မီးခိုးမြူတွေနဲ့ ယာဉ်အိတ်ဇောငွေ့တွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်တိုင်းတာနေတာကြောင့် အာဏာပိုင်တွေအနေနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကိစ္စတွေကို ချက်ချင်းအရေးယူဆောင်ရွက်နိုင်ဖို့ အထောက်အကူပြုပါတယ်။

Ref : Tech Viral

04/05/2024

5G ထက် အဆ ၂၀ မြန်တဲ့ 6G wireless ကိရိယာတစ်ခုကို ဂျပန်လုပ်ငန်းစုတွေ ဖန်တီး

ဂျပန်နိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်းစုတွေ ပူးပေါင်းထားတဲ့ အဖွဲ့အစည်းတစ်ခုဟာ 5G ထက် အဆ ၂၀ မြန်တဲ့ 6G wireless ကိရိယာတစ်ခု ဖန်တီးခဲ့ပါတယ်။ အဲဒီကိရိယာဟာ ပေ ၃၃၀ အကွာအဝေးအတွင်း တစ်စက္ကန့်ကို 100 gigabits (Gbps)နှုန်း ဒေတာတွေ ပို့လွှတ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

DOCOMO ၊ NTT Corporation ၊ NEC Corporation ၊ Fujitsu လုပ်ငန်းစုတွေ ပူးပေါင်းထားတဲ့ အဖွဲ့အစည်းဟာ ၂၀၂၁ ခုနှစ်ကတည်းက 6G ကိရိယာကို သုတေသနပြု၊ ဖန်တီးခဲ့ကြတာပါ။

Ref: Japan develops world’s first 6G device that’s 20 times faster than 5G

16/02/2024

Site ထဲမှာ စက္ကန့်ပိုင်းအတွင်း Slab သံချောင်းရေများ အမြန်တွက်နည်း

Site ထဲမှာ သံချီသံကွေး လေခေါင်းတွေက အင်/ယာတွေထက် သုံးရမယ့်သံချောင်းအရေအတွက်ကိုတွက်တာ ပိုမြန်တတ်တယ်ဗျ 🙂
ဒါက အကြောင်းရှိတယ်...သူ့တို့လည်း သူတို့နည်းနဲ့ သူတို့ပဲ .. တခါတလေဆို ကိုယ်တွေအင်/ယာတွေ ခပ်ကြောင်ကြောင်ဖြစ်မိတတ်တယ်(သူတို့တွက်တာ စွန်း မြန်တာကိုးဗျ 🙂 🙂 )
တခါကဆို ကျနော်က (အင်/ယာတွေတွက်တဲ့အတိုင်း) 1st floor မှာ Slab ဆင်ဖို့ (12'x 15') အခန်းအတွက် ကုန်မယ့် သံချောင်းအရေ တွက်နေတာ။ ကျနော် တွက်နေတာက ဒီလို 🙂 🙂 ....
(12'-0" x15'-0") > spacing က @6"c/c (10 mm dia) ဆိုတော့ ...
Short span (12'-0")
>12' x 12 = 144 "
> 144 ÷ 6" = 24
= 24+1 = 25 nos ( by 15'-0" )
> 25 x 15' = 375 R-ft.
Long span (15'-0")
> 15' x 12 = 180 "
> 180 ÷ 6 = 30
= 30 + 1 = 31 nos (by 12'-0")
> 31 x 12' = 372 R-ft
therefore,
short span + long span =375 + 372
= 747 R-ft
Layer က အပေါ်/အောက် 2 layers ဆိုတော့ 2 နဲ့ထပ်မြှောက်
> 747 x 2 = 1494 R-ft
> 1494 R-ft ÷ 39'-4" ( as 1 nos steel = 39'-4")
>> Ans.... = 38 nos .......
အဲလိုတွက်နေခိုက်.. အိုက်သံဆရာ လေခေါင်းက ရောက်လာပီးတော့ " ဆရာ... မနက်ဖြန် (12' x 15') အခန်းအတွက် သံကုန်ပီ.. မှာပေးပါအုံး ဆရာ") တဲ့ ယဉ်ယဉ်ကျေးကျေးပဲ သူက အဲလိုပြောတယ်။ ကျနော်လည်း ရုတ်တရတ် မော့ကြည့်ပီး ဘာမှတော့ မဖြေမိသေးဘူး။
ဒါနဲ့ သူက ဆက်ပြောတယ်.. ရေရွတ်ရင်း ( " 12 ပေ.. 15 ပေ ဆိုတော့ ... 180......360 ...ဆို..တော့ >> 37 ချောင်းလောက် ကုန်မယ် ဆရာ" ) တဲ့ ...ကိုင်း ကြည့်...
ကျုပ် မျက်လုံးပြူးသွားတယ်...
(" ဟာ .. ခင်ဗျာ့ တွက်တာမြန်လှချည်လား
ကျနော် စောနက အဲဒါပဲ တွက်နေတာ 38 ချောင်းရတယ်.... ခင်ဗျား အမြန်တွက်လိုက်တာကလည်း 37 ချောင်း ဆိုတော့ ဟုတ်လှချီလားဗျ 🙂 🙂 " )
အေးလေဗျာ .. ကျနော်တွက်နေတာက Calculator တွေရော ၊ စာရွက်တွေရော၊ ဘောပင်တွေရော ရှုပ်ရှက်ခက်လို့လေ:-) 🙂 နှိပ်လိုက်၊တွက်လိုက်၊ရေးလိုက်နဲ့။ ခုကျ ... သူတွက်တာ စက္ကန့်ပိုင်းပဲ ကြာလိုက်တယ်။:-) 🙂
အာ့နဲ့ ကျနော်လည်း စိတ်ဝင်စားတာနဲ့ မသိမသာလေး ဆွေးနွေးသလို မေးသလိုနဲ့.....( " လုပ်စမ်းပါအုံးဗျ ခင်ဗျာ့ စောနက အမြန်တွက်လိုက်တဲ့ နည်းလေး.." ) ဆိုတော့ သူက
" သြော်... ဆရာရယ်.. ဒီလိုပါ
12 ပေ ၊ 15 ပေ ဆိုတော့ မြောက်လိုက်ရင် 180 ft2 ရတယ်....ပီးတော့ ၂ ထပ် သံစဉ်မှာ ဆိုတော့ ၂ နဲ့ ထပ်မြှောက် ... 360 ရရော..
အိုက် 360 ကို 10 နဲ့ စားပီး 1 ပေါင်းလိုက်တာပဲ... လွယ်ပါတယ် ဆရာရယ်.." တဲ့
ကိုင်းဗျာ:-) 🙂 .. ကျုပ်လည်း သူ့ကို ကျေးဇူးလည်းတင် လေးလည်း လေးစားလိုက်မိပါတယ်။
သူဆိုလိုတာ ဒီလို..
(12' x 15' Room)
12'x 15' = 180 Sft
> 180 x 2 = 360 Sft ( as two layers)
> 360 ÷ (10) = 36
= 36 + 1 = 37 nos
Next eg..
(10' x 10' Room)
> 10 x 10 = 100 Sft
> 100 x 2 = 200 Sft (As two layers)
> 200 ÷ (10) = 20
= 20 + 1 = 21 nos

မှတ်ချက်။ ။ ဒီနည်းက site ထဲမှာ သုံးရလေ့ရှိတဲ့ အလွယ်နည်းသပ်သပ်သာ ဖြစ်ပါတယ်။ တနည်းအား ယေဘုယျအားဖြင့်သာ မှန်ပါတယ်( 6" c/c နဲ့ပဲ အားလုံးတွက်ထားတာ). ... Spacing ပြောင်းသွားရင် မှားပါပီ...ဒါကြောင့် တကယ်က အပေါ်က အင်/ယာ တွက်နည်းဖြင့်သာ တွက်ယူပါ။ သူတို့ လေခေါင်းတွေ တွက်တတ်တဲ့ နည်းလေးသိထားတော့လည်း သူတို့လို တမ်း ကောက်ပြောနိုင်တာပေါ့ဗျာ 🙂 🙂 ။

ဒါက ခန့်မှန်းခြေ အလွယ် အနီးစပ်ဆုံး မှန်းပြောနိုင်ခြင်းမျှသာ ဖြစ်ပါသည်။

Want your business to be the top-listed Engineering Company in Naypyidaw?
Click here to claim your Sponsored Listing.

Address


Naypyidaw
15015

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00