Professional Development Institute
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Professional Development Institute, Computer training school, Naypyidaw.
Programming paradigm Part - 1
Programming paradigm (ပါရာဒိုင်း) ဆိုတာက program ရေးဆွဲတဲ့အခါ စဉ်းစားတွေးခေါ်တဲ့ ပုံစံနဲ့ အတွေးအခေါ်တွေဖြစ်ပါတယ်။ Developer တစ်ယောက်က logic တွေကို ဘယ်လိုပုံစံမျိုးနဲ့ စဉ်းစားတွေးခေါ် တည်ဆောက်ပြီး ပြဿနာတွေကို ဘယ်လိုဖြေရှင်းသလဲ၊ အဲဒီလို ဖြေရှင်းတဲ့နေရာမှာ code တွေရဲ့ အလုပ်လုပ်ပုံကို ဘယ်လိုရှုမြင်သလဲဆိုတဲ့အပေါ် paradigm တွေက အများကြီး လွမ်းမိုး သက်ရောက်မှုရှိပါတယ်။ ဒီဘက်ခေတ် နောက်ပိုင်း programming languages တွေကတော့ multi-paradigm တွေများပါတယ်။ ဆိုလိုတာကတော့ ပုံစံတွေ၊ အတွေးအခေါ်တွေကို လိုအပ်ရင် လိုအပ်သလို ရောယှက်အသုံးပြုနိုင်တာမျိုးပါ။
ဒီနေ့မှာတော့ အခြေခံ Programming Paradigms တွေကို သူတို့ရဲ့ အမျိုးအစားအလိုက် ပြောပြပေးသွားပါ့မယ်။
(၁) Imperative Paradigm
ဒါကတော့ လူအများစုနဲ့ ရင်းနှီးပြီးသား သက်တမ်းအရင့်ဆုံးထဲက တစ်ခုလည်း ဖြစ်ပါတယ်။ Program ရဲ့ state တွေကို ပြောင်းလဲသတ်မှတ်ပြီးတော့ တစ်ဆင့်ချင်းစီ ပုံစံနဲ့ အလုပ်လုပ်ပါတယ်။ အဖြေကို 'ဘယ်လို' ရအောင်လုပ်မလဲ (How to do) ဆိုတဲ့ ရှုထောင့်ကနေပြီးတော့ ချဉ်းကပ်ပါတယ်။ Statement ပေါင်းများစွာ ပါရှိပြီးတော့ တွက်ချက်မှုတွေ ပြီးတဲ့နောက်မှာလည်း ရလာတဲ့ ရလဒ်တွေကို သိမ်းဆည်းနိုင်ပါတယ်။ ဒီ Imperative Paradigm အောက်မှာမှ Procedural ရယ်၊ Object-oriented ရယ်ဆိုပြီး အမျိုးအစား (၂) ခု ထပ်ခွဲနိုင်ပါတယ်။
Procedural: ရေးလိုက်တဲ့ code တွေကို ပြန်သုံးနိုင်ပြီးတော့ step-by-step logic အတိုင်း သွားပါတယ်။ ဥပမာပြောရရင် C တို့၊ Pascal တို့ဟာ Procedural Languages တွေ ဖြစ်ပါတယ်။
Object-oriented: Class တွေ၊ Object တွေအဖြစ် ချိတ်ဆက်မှုတွေကို ရေးသားပြီးတော့ တွက်ချက်မှုတွေကို Object တွေပေါ်မှာပဲ လုပ်ဆောင်ပါတယ်။ လုပ်ဆောင်ချက် (Procedures) တွေထက် Data အပေါ်မှာ အာရုံပိုစိုက်ပြီးတော့ ဒီကနေ့ရဲ့ လက်တွေ့ ပြဿနာ အများစုကို ကိုင်တွယ်နိုင်ပါတယ်။ ဥပမာပြောရရင်တော့ အများကြီးပါပဲ။ Java, C++, Python စတာတွေဟာ Object-oriented Languages တွေ ဖြစ်ပါတယ်။
🧠💻 Computer Science vs Programming: What’s the Difference?
အတော်များများပြောကြတဲ့ အထူသဖြစ် beginners တွေကြားမှာ နားလည်မှု လွဲကြတဲ့ ဆွေးနွေးချက်တခုပါပဲ။ ဆိုတော့က programming သင်ယူခြင်းက ကွန်ပျူတာသိပ္ပံကို သင်ယူနေခြင်း ဖြစ်သလား?
👉 မဟုတ်သေးပါဖူး
သူတို့နှစ်ခုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကြည့်မယ်ဆိုရင်
📌Computer Science မှာက သီအိုရီး သဘောတရား၊ algorithms, data structures နဲ system design တွေအကြောင်းဖြစ်ပါတယ်။
💡Programming ကတော့ software တွေတည်ဆောက်ဖို့အတွက် code ရေးခြင်းဆိုတဲ့ လက်တွေ့ skill တခုဖြစ်ပါတယ်
ဒီလိုပြောကြည့်ရအောင်ပါ
Computer Science က Car engine ရဲ့ အလုပ်လုပ်ပုံကို နားလည်ခြင်းဖြစ်ပြီးတော့ ၊
Programming ဆိုတာက ကားကို မောင်းနှင်ခြင်းပဲဖြစ်ပါတယ်။
ဆိုတော့...ကို့အနေနဲ့ Programmer ဖြစ်ဖို့ computer science ကိုလေ့လာဖို့ လိုအပ်မလားဆိုရင်?
❌ မလိုပါဖူး
✅ ဒါပေမဲ့ Computer Science ကို အနည်းနဲ့အများ သိထားတာက ပိုကောင်းတဲ့ programmer ဖြစ်ဖို့ အထောက်ကူဖြစ်စေပါတယ်
🎯ကိုကအခုမှစတဲ့ Beginner ဆိုရင်-
Code စရေးပါ။
Theory စကားလုံး အကြီးကြီးတွေကို စိတ်ဖိစီ မခံပါနဲ
CS သဘောတရားတွေကို ဖြည်းဖြည်းချင်း သင်ယူပါ
💬 သင်ရော ဘယ်ဟာကို အရင် စခဲ့လဲ — theory လား code လား? Comment မှာရေးသွားပေးပါဦး!
05/02/2026
Dive Into Programming Online Course (Batch-3)
Duration - 2 Months (8 Weeks)
Lecture Time - 7:30 - 9:00 PM [Mon & Tue] (OR) Video Records
Class size - 16 Maximum
Start - 16th February, 2026
Normal Price - 270,000 Kyats
*** Promotions ***
Promotion Price - 150,000 Kyats
Early Bird price - 130,000 Kyats (ပထမဦးဆုံး ၅ယောက်)
Special Offer - 2 Person Apply Get 1 Person Free
ဒီဘက်ခေတ်နောက်ပိုင်း Software Industry ဟာ အရှိန်အဟုန်နဲ့ ပြောင်းလဲတိုးတက်လာပြီး ရပ်ကြည့်လို့မရနိုင်လောက်အောင် အပြောင်းအလဲတွေနဲ့ တိုးတက်လာတဲ့အလျောက် Programming Languages တွေ၊ Framework တွေဟာ အရင်ကာလတွေထက် ပိုမိုလွယ်ကူပြီး အလုပ်တွင်ကျယ်လာပါတယ် ဒီအပြောင်းအလဲတွေနောက်လိုက်ရင်း Low Level အခြေခံ Computer Science သဘောတရားတွေနဲ့ High Level ကျတဲ့ Modern Language တွေ၊ Framework တွေကြားမှာ ကွာဟမှုတစ်ခု ဖြစ်လာပါတယ်။ Computer Science သီအိုရီ သဘောတရားပိုင်းကို အလေးပေးတဲ့ Course တွေဟာ လက်တွေ့ Industry မှာ ကွာဟမှုတွေရှိနေပြီး၊ လက်တွေ့ Industry ရဲ့ Modern Language တွေ၊ Framework တွေကို အလေးပေးတဲ့ Course တွေဟာ သီအိုရီ သဘောတရားပိုင်း အားနည်းတဲ့အတွက် ရှေ့ဆက်လေ့လာဖို့အတွက် အခက်အခဲဖြစ်လာစေပါတယ်။ အဲဒီ Error ကို ဖြေရှင်းဖို့အတွက် Professional Development Institute ရဲ့ အတွေ့အကြုံနဲ့ လေ့လာမှုတွေကို ပေါင်းစပ်ပြီး စနစ်တကျရေးဆွဲထားတဲ့ သင်ရိုးတွေနဲ့ နည်းစနစ်ကျကျ ထိရောက်စွာ သင်ကြားပေးမယ့် "Dive Into Programming With C And JavaScript" - Online Beach Three ကိုမိတ်ဆက်လိုက်ပါတယ်။
ပထမဆုံး Introduction To Computer Science Module မှာ အခြေခံ ကွန်ပြူတာသိပ္ပံသဘောတရားတွေကို လေ့လာသွားရဖို့ရှိပြီး ဒုတိယ Programming Introduction In C Language မှာတော့ Coding အခြေခံကောင်းတွေရရှိအောင် C Language ကိုသင်ကြားမှာဖြစ်ပြီးတော့ တတိယ Module ဖြစ်တဲ့ Writing Webpage With HTML & CSS မှာတော့ ပျော်ပျော်ရွှင်ရွှင်စိတ်ကူးစိတ်သန်းတွေနဲ့ Webpage တွေရေးနိုင်ဖို့ လေ့ကျင့်ကြမှာဖြစ်ပြီးတော့ နောက်ဆုံး Programming With JavaScript မှာတော့ ဒီကနေ့ Industry ကိုလွှမ်းမိုးနေတဲ့ JavaScript ကိုလေ့လာရဖို့ရှိပါတယ်။
သင်တန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ProDev ရဲ့ Facebook Messenger၊ TikTok နဲ့ Email ကနေတစ်ဆင့် ဆက်သွယ်မေးမြန်း စာရင်းသွင်းလို့ ရပါပြီ။
Dive Into Programming Online Course မှာ ဘာတွေသင်မှာလဲ ဘယ်လိုသင်မှာလဲ ဘယ်သူတွေအတွက်လဲ ဆိုတာကို ရှင်းပြပေးထားပါတယ်။
AI ခေတ်ကြီးမှာ သူများတွေက Python တို့ Go တို့ Node တို့လို နာမည်ကြီး Language တွေကို အပြိုင်အဆိုင် သင်ယူနေကြတဲ့အချိန်၊ ဘယ်သူမှ မသုံးတော့ဘူးထင်ရတဲ့ C လိုမျိုး Language ကို ဘာကြောင့် သင်ယူသင့်တာလဲ?
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Naypyidaw