Paperie Tale - Modern Invitations
𝑰𝒏𝒗𝒊𝒕𝒂𝒕𝒊𝒐𝒏𝒔, 𝑭𝒊𝒏𝒆 𝑺𝒕𝒂𝒕𝒊𝒐𝒏𝒆𝒓𝒚 𝒂𝒏𝒅 𝑪𝒂𝒍𝒍𝒊𝒈𝒓𝒂𝒑𝒉𝒚 for Weddings and Events. Based in Yangon.
26/05/2026
𝐖𝐞𝐝𝐝𝐢𝐧𝐠 𝐈𝐧𝐯𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐟𝐫𝐨𝐦 𝟏𝟗𝟔𝟎 💍
သင်တို့ရဲ့ မင်္ဂလာဖိတ်စာဟာ စာရွက်တစ်ရွက်သက်သက် မဟုတ်ပါဘူး—ဒါဟာ သင်တို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်း ပထမဆုံးအခန်းဆက် ဖြစ်ပါတယ်. 💌✨
ဒီဘက်ခေတ် မြန်မာနိုင်ငံမှာ မင်္ဂလာပွဲတစ်ခု ပြင်ဆင်တော့မယ်ဆိုရင် အရာရာတိုင်းကို ပြီးပြည့်စုံနေစေချင်ကြတာ သဘာဝပါ။ စိတ်ကူးယဉ်အိမ်မက်ထဲက မင်္ဂလာခန်းမ၊ ငေးမောရလောက်အောင် လှပတဲ့ ပန်းအလှဆင်မှုတွေ၊ အပြစ်ပြောစရာမရှိတဲ့ မိတ်ကပ်ပညာရှင်တွေနဲ့ နေ့ထူးနေ့မြတ်မှာ အလန်းပန်းဆုံးဖြစ်စေမယ့် ဝတ်စုံတွေကို ရွေးချယ်ဖို့ လနဲ့ချီပြီး အချိန်ပေး ပြင်ဆင်ကြပါတယ်။
ဒါပေမဲ့ မင်္ဂလာဖိတ်စာ အလှည့်ရောက်တဲ့အခါမှာတော့ စုံတွဲအများစုက "အော်... ဖိတ်စာဆိုတာ ပြီးရင် လွှင့်ပစ်ကြမှာပဲ၊ ပြီးစလွယ်နဲ့ ဈေးသက်သာတာပဲ လုပ်လိုက်ရအောင်" လို့ တွေးလေ့ရှိကြပါတယ်။
🪄သို့သော်လည်း 𝐏𝐚𝐩𝐞𝐫𝐢𝐞 𝐓𝐚𝐥𝐞 ရဲ့ ဖိတ်စာကိုလက်ခံရရှိတယ့် တစ်ချို့သူတွေက သေသပ်လှပလ်ို့မပြစ်ရက်လို့ဆိုပြီးသိမ်းထားတာတို့, တစ်ယောက်မှာဆို quality ကြိုက်လို့ Christmas card မှာပြန်ပြီး recycle ပြန်ယူသုံးတာမျိုးကြားရတာ အရမ်းကိုပျော်ရပါတယ်!
သင်တို့ရဲ့ မင်္ဂလာဖိတ်စာဟာ မင်္ဂလာမော်ကွန်းတင် လက်မှတ်အတိုင်းပဲ အရေးကြီးလှပါတယ်။ 🌸💍
⚜️ 𝟏) လက်ထပ်စာချုပ်က ဥပဒေအတွက်၊ ဖိတ်စာကတော့ အမှတ်တရ အမွေအနှစ်အတွက်...
မင်္ဂလာလက်မှတ်ဆိုတာ သင်တို့နှစ်ဦးရဲ့ ပေါင်းဖက်ခြင်းကို ဥပဒေအရ သက်သေထူပေးတဲ့ လှပတဲ့အထောက်အထားတစ်ခုပါ။ ဒါပေမဲ့ မင်္ဂလာဖိတ်စာကတော့... နှလုံးသားရေးရာ သက်သေတစ်ခု ဖြစ်ပါတယ်။ ၎င်းဟာ သင်တို့နှစ်ဦးရဲ့ ဘဝတစ်သက်တာ ပြောင်းလဲသွားမယ့်နေ့ကို အသေးစိတ်ဖော်ပြပြီး နာမည်နှစ်ခုကို အတူတူ ပူးတွဲရေးထိုးထားတဲ့ ပထမဆုံးသော လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အမှတ်တရပစ္စည်းလေး ဖြစ်ပါတယ်။
နောင်နှစ်ပေါင်းများစွာ ကြာလို့ သင်တို့ရဲ့ သားသမီး၊ မြေးမြစ်တွေ အရွယ်ရောက်လာတဲ့အခါ မင်္ဂလာပွဲရဲ့ ရိုမန်တစ်ဆန်မှုကို ခံစားရုံတင်မကဘဲ အရည်အသွေးမြင့်မားတဲ့ သင်တို့ရဲ့ မင်္ဂလာဖိတ်စာလေးကိုလည်း တလေးတစားနဲ့ အမြတ်တနိုး သိမ်းဆည်းထားကြမှာပါ -
👴🏻♾️👵🏻 (ဒီမှာ ကျွန်မရဲ့ အဘိုးနဲ့ အဘွားတို့ရဲ့ နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ မင်္ဂလာဖိတ်စာလေးကို အခုထက်ထိ တန်ဖိုးထား သိမ်းဆည်းထားသလိုမျိုးပေါ့ရှင်။)
⚜️ 𝟐) ပွဲတစ်ခုလုံးရဲ့ Luxury အရသာကို စတင် ပုံဖော်ပေးခြင်း...
ဖိတ်စာဆိုတာ မင်္ဂလာပွဲတစ်ခုလုံးရဲ့ "ရုပ်ရှင်နမူနာ (Movie Trailer)" လိုပဲ စဉ်းစားကြည့်ပါ။ လူကြီးမင်းတို့ရဲ့ ဧည့်သည်တော်တွေဟာ လှပခမ်းနားတဲ့ အလှဆင်မှုတွေကို မမြင်ရခင်၊ အဆင့်မြင့်ဧည့်ခံကျွေးမွေးမှုတွေကို မမြည်းစမ်းရခင်၊ ဒါမှမဟုတ် သတို့သမီးရဲ့ လှပတဲ့ မင်္ဂလာဝတ်စုံကြီးကို မတွေ့ရခင်မှာ—ဒီဖိတ်စာကို အရင်ဆုံး ကိုင်တွယ်ထိတွေ့ကြရတာ ဖြစ်ပါတယ်။
စက်ရုံထုတ် အများသုံး ဖိတ်စာအညံ့စားလေးတစ်ခုက "ဒါဟာ ရိုးရိုးပွဲတစ်ပွဲပါပဲ" လို့ ဧည့်သည်ကို သတင်းစကားပါးသလို ဖြစ်နေတတ်ပါတယ်။
အဆင့်မြင့်ပြီး စိတ်ကြိုက်ဖန်တီးထားတဲ့၊ ဇိမ်ခံစက္ကူအမျိုးအစား၊ ဆွဲဆောင်မှုရှိတဲ့ စာလုံးအလှတွေနဲ့ သီးသန့်ဒီဇိုင်းထုတ်ထားတဲ့ ဖိတ်စာတစ်စောင်ကတော့—"ဒါဟာ ဘဝရဲ့ မှတ်တိုင်တစ်ခုဖြစ်တဲ့ ပွဲထူးပွဲမြတ်ပါ။ သင်ဟာ တကယ့်ကို ထူးခြားဆန်းပြားတဲ့ ပွဲတစ်ခုကို ဖိတ်ကြားခံရတာ ဖြစ်ပါတယ်" လို့ ပြောနေသကဲ့သို့ ခံစားရစေမှာပါ။
⚜️ 𝟑) ဧည့်သည်တော်များကို လေးစားမှုပြခြင်း (နှင့် သင်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု)...
သင်တို့ဟာ ဧည့်သည်တော်တွေကို မမေ့နိုင်တဲ့ အတွေ့အကြုံတွေ ပေးစွမ်းနိုင်ဖို့အတွက် အဆင့်မြင့်ဓာတ်ပုံဆရာတွေ၊ ထိပ်တန်းခန်းမတွေနဲ့ အရသာရှိတဲ့ အစားအသောက်တွေအတွက် ကျပ်ငွေ သိန်းပေါင်းများစွာ အသုံးပြုကြပါတယ်။ အဲဒီလို မျှော်လင့်ချက် မြင့်မားနေမှုကို အရည်အသွေးနိမ့်တဲ့ ဖိတ်စာတစ်စောင်နဲ့ အဖျက်မခံပါနဲ့။ အဆင့်မြင့်ဖိတ်စာတစ်စောင်ဟာ ဧည့်သည်တော်တွေအပေါ် ထားရှိတဲ့ အလေးအနက်ထား လေးစားမှုကို ပြသရာရောက်ပြီး၊ သူတို့ကို အကောင်းဆုံး ပြင်ဆင်ဝတ်ဆင်လာဖို့နဲ့ ပွဲကို စိတ်လှုပ်ရှားစွာ ဆင်နွှဲဖို့ တွန်းအားပေးရာ ရောက်ပါတယ်။
💐 မင်္ဂလာပန်းတွေက ၂၄ နာရီကြာရင် ညှိုးနွမ်းသွားပါလိမ့်မယ်။ အစားအသောက်တွေက တစ်နာရီအတွင်း ကုန်ဆုံးသွားပါလိမ့်မယ်…ခန်းမအလှဆင်တာတွေက နောက်တစ်နေ့မနက်မှာ ဖျက်သိမ်းခြင်း ခံရပါလိမ့်မယ်။ ဒါပေမဲ့ သင်တို့ရဲ့ မင်္ဂလာဖိတ်စာကတော့? ဘဝတစ်သက်တာလုံး တည်ရှိနေမယ့် မင်္ဂလာပွဲရဲ့ တစ်ခုတည်းသော ရုပ်ဝတ္ထုအမှတ်တရပစ္စည်း ဖြစ်ပါတယ်။ အရည်အသွေးမြင့် ဖိတ်စာတွေအတွက် ဘတ်ဂျက်သုံးစွဲတာဟာ ဖြုန်းတီးတာမဟုတ်ပါဘူး—သင်တို့အိမ်ထောင်ရေးရဲ့ တစ်သက်တာ မော်ကွန်းတိုက်မှာ ရင်းနှီးမြှုပ်နှံလိုက်တာပဲ ဖြစ်ပါတယ်။
𝐏𝐚𝐩𝐞𝐫𝐢𝐞 𝐓𝐚𝐥𝐞 မှာ ပုံနှိပ်ရုံသက်သက်ပဲ မဟုတ်ပါဘူး။ ပထမဆုံး ထိတွေ့မှုရဲ့ အထင်ကြီး လေးစားမှုကို ပုံဖော်ပေးတာ ဖြစ်ပါတယ်။ မျိုးဆက်ဆက် သိမ်းဆည်းရမယ့် အမွေအနှစ်တွေကို ဖန်တီးပေးတာ ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ဇိမ်ခံစက္ကူသားတွေကစလို့ သေသပ်လှပတဲ့ အသေးစိတ် အလှဆင်မှုတွေအထိ... ဧည့်သည်တော်တွေ တစ်သက်လုံး သိမ်းထားချင်မယ့် ဖိတ်စာမျိုးဖြစ်အောင် ကျွန်မတို့ ကူညီဖန်တီးပေးပါရစေ။
✍🏻 Premium မင်္ဂလာဖိတ်စာ Collections တွေကို လေ့လာပြီး ထာဝရခရီးစဉ်ရဲ့ ပထမဆုံးနိဒါန်းကို စတင်ပုံဖော်ဖို့ ဒီနေ့ပဲ Message (DM) ကနေ ဆက်သွယ်လိုက်ပါရှင်။ 🕊️✨
24/05/2026
𝑺𝒕. 𝑴𝒂𝒓𝒚'𝒔 𝑪𝒂𝒕𝒉𝒆𝒅𝒓𝒂𝒍 ရဲ့ watercolor venue illustration နဲ့ ပေါင်းစပ်ပြီး create လုပ်ထားတယ့် ခရစ်ယန်ဘုရားကျောင်းပွဲဖိတ်စာလေးပါ... 💍🕊️
20/05/2026
💍 ကိုယ်တို့နှစ်ယောက်ရဲ့ ကတိသစ္စာတွေကို အလှပဆုံး ပုံဖော်ခြင်း
Wedding Certificate ဆိုတာ အချစ်တစ်ခုကို သိမ်းထားတဲ့ စာရွက်တစ်ရွက်တည်း မဟုတ်ပါဘူး။ တစ်သက်တာလုံးအတွက် အဖိုးတန်တဲ့ အမှတ်တရတစ်ခုအဖြစ် သိမ်းဆည်းထားတဲ့ အရာလေးတစ်ခု ဆိုရင်လည်း မမှားပါဘူး။ 🤍
✨ အသေးစိတ်တိုင်းမှာ အနုပညာမြောက်စေဖို့
Premium Quality အတိုင်း Design တိုင်းကို အကောင်းမွန်ဆုံး ဖန်တီးပြီး စက္ကူသား ရွေးချယ်မှုက အစ အသေးစိတ်တိုင်းကို ဂရုစိုက် တန်ဖိုးထားပေးပါတယ်။
ကိုယ်လိုချင်တဲ့ Theme၊ Color၊ Vibe အတိုင်း စိတ်တိုင်းကျ ဖန်တီးပေးတာကြောင့် Couple တိုင်းအတွက် Unique Memory (တစ်ခုတည်းသော အမှတ်တရ) ဖြစ်စေမှာ အမှန်ပါပဲ။
ရိုးရှင်းတဲ့ Style ပဲဖြစ်ဖြစ်၊ ဆန်းသစ်တဲ့ Style ပဲဖြစ်ဖြစ်... “ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း” ရရှိဖို့ Paperie Tale မှ အမြဲအသင့် ရှိနေပါတယ်ရှင်။ 🕊️
ဒီလို လှလှပပလေးနဲ့ စိတ်တိုင်းကျ ဖန်တီးချင်တယ်ဆိုရင်တော့ Page Messenger ကနေဖြစ်စေ၊ ဖုန်း 📱 09251158839 ကနေဖြစ်စေ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင် 💌"
16/05/2026
𝑳𝒂𝒌𝒆 𝑪𝒐𝒎𝒐 𝒊𝒔 𝒂 𝒅𝒓𝒆𝒂𝒎 𝒂𝒏𝒅 𝒔𝒐 𝒊𝒔 𝒆𝒗𝒆𝒓𝒚 𝒘𝒆𝒅𝒅𝒊𝒏𝒈 𝒓𝒐𝒎𝒂𝒏𝒄𝒆 🪄✨
Featuring venue illustration of the Villa Erba
Creating bespoke wedding stationery for your dream wedding since 2018.
Every custom piece begins with a mock-up tailored to each couple and their personality.
𝐍𝐨𝐰 𝐚𝐜𝐜𝐞𝐩𝐭𝐢𝐧𝐠 𝐌𝐚𝐲 𝐰𝐞𝐝𝐝𝐢𝐧𝐠𝐬 𝐨𝐧𝐰𝐚𝐫𝐝𝐬 🌸
Paperie Tale ရဲ့ customer များဆီက ရရှိထားတဲ့ အချစ်တော် review လေးတွေပါနော် "
မင်္ဂလာပွဲအတွက် အမှတ်တရဖြစ်စေဖို့ "အသေးစိတ်ကို စုံစမ်းချင်ရင်တော့ 📩 Page Messenger ၊ ဖုန်း 📱 09251158839 နဲ့ အတူ Paperie Tale TikTok Channelမှ ဖြစ်စေ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင် 💌"
https://www.tiktok.com/?_r=1&_t=ZS-96PTku6vqB3
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Naypyidaw