Golden Vision Optical Center

Golden Vision Optical Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Vision Optical Center, Medical and health, NO180 Mingalar Street , PATHEIN, Pathein.

01/01/2021

.အမြင်အာရုံ ကျန်းမာရေး အတွက် နည်းလမ်း ၁၀ အမြင် အာရုံ ကျန်းမာရေး အတွက် လူတိုင်း လိုက်နာ သင့်တဲ့ နည်းလမ်းတွေကို ရေးသား လိုက်ရပါတယ်။

၁)ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
အဝလွန်တာက မျက်စိ အမြင်အာရုံကို ထိခိုက်စေတဲ့ အဓိက အကြောင်းရင်း လေးရပ်နဲ့ ဆက်စပ်မှု ရှိတယ်လို့  Royal National Institute for the Blind က ဆိုပါတယ်။
အဝလွန်တာကြောင့် ဖြစ်နှုန်း မြင့်မားစေတဲ့
အကြောင်းရင်း လေးခုက ရေတိမ် ရောဂါ၊
အသက်အရွယ်ကြောင့် ဖြစ်တဲ့
မက်ကူလာယိုယွင်းပျက်စီးတာ၊ ဆီးချိုကြောင့်
အာရုံကြော ထိခိုက်တာနဲ့ အတွင်းတိမ် ရောဂါ တို
့ဖြစ်တယ်လို့ ရှင်းပြပါတယ်။
လူတွေမှာ BMI၃၅-နဲ့ အထက် မြင့်တက်နေရင် BMI ၂၂-အောက် လျော့နည်းသူတွေထက်
ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၈၀-ဆ မြင့်တက်နေတယ်လို့ သိရပါတယ်။
အဝလွန်တာကြောင့် အတွင်းတိမ် ဖြစ်နိုင်ခြေကလည်း နှစ်ဆ တိုး သွားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မျက်စိ ကျန်းမာရေး အတွက်
ကိုယ်အလေးချိန်ကို ထိန်းဖို့ လို ပါတယ်။

၂)မုန်လာဥနီ စားပါ လူ ၄၃%ဟာ အာဟာရ ချို့ တဲ့မှုကြောင့် မျက်စိ
ကျန်းမာရေး ထိခိုက်မှု ဖြစ်နေတာကို
သတိမမူမိကြကြောင်း Health Sight Survey ရဲ့ လေ့လာမှု အရ သိရပါတယ်။
အာဟာရ ချို့ တဲ့မှုဖြစ်ရင် အသက်ကြီးတာကြောင့်
ဖြစ်တဲ့ မက်ကူလာ ယိုယွင်း ပျက်စီးမှု(AMD)
ဖြစ်နှုန်းကို မြင့်တက်စေနိုင်ပါတယ်။
မျက်စိ ကျန်းမာရေးအတွက် အင်တီအောက်ဆီးဒင့်
တွေက အရေးပါ ပါ တယ်။
အရောင်ရင့်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ တွေ့ ရတဲ့ လူတင်နဲ့ ဇီဇန်သင်းဓာတ်တွေကလည်း မက်ကူလာကို အကာအကွယ် ပေးနိုင်ပါတယ်။
ဒါကြောင့် မုန်လာဥနီ အပါအဝင် အပင်ထွက် အစားအစာတွေကို စားပေး ရပါမယ်။

၃)မျက်စိအတွက် ယောဂကျင့်ပါ
မျက်စိ ကြွက်သားတွေကို သန်စွမ်းအောင်နဲ့ 
အပန်းပြေအောင် လေ့ကျင့်ခန်း လုပ်ပေးတာကြောင့် အမြင်အာရုံကို ကျန်းမာစေပါတယ်။
မျက်စိအတွက် လုပ်ရမယ့် လေ့ကျင့်ခန်း ကတော့ နာရီ လက်တံလည်တဲ့ အတိုင်း မျက်စိကို
ရွေ လျားပေးရမှာပဲ ဖြစ်ပါတယ်။
မျက်စိကို ဒဏ်ပိလောက်တဲ့ အထိ တွန်းတာမျိုး
မလုပ်ပါနဲ့ ။နာရီလက်တံ လည်တဲ့ အတိုင်း မျက်စိကို ရွေ့ လျားပြီးရင် နာရီလက်တံ ပြောင်းပြန် အတိုင်း ရွေ့ လျားကြည့်ပါ။
ပြီးရင် မျက်တောင်ခတ်ပြီး မျက်စိစုံမှိတ်ကာ
အနားယူပေးပါ။

၎)တစ်ကိုယ်ရေ သန့် ရှင်းရေး အလေးထားပါ သန့် ရှင်းရေး ညံ့ဖျင်းတာကြောင့် မျက်စိ နီရဲပြီး
မျက်မြှေးယောင်နာ ဖြစ်တာ၊မျက်စိ စွန်တာတွေ ဖြစ်စေ နိုင်ပါတယ်။ မျက်စိကိုဓာတုပစ္စည်းတွေနဲ့ ထိတွေ့ မှု၊ဘက်တီးရီးယားနဲ့  ဗိုင်းရပ်စ်ပိုးဝင်မှုတွေကြောင့်လည်း မျက်စိ ကျန်းမာရေး ထိခိုက် ရတတ်ပါတယ်။
ဒါကြောင့် မျက်စိ ကျန်းမာ သန့် ရှင်းဖို့ အတွက်
တဘက်ကို သူများနဲ့ မျှပြီး မသုံးဖို့ ၊
မျက်စိကိုလက်နဲ့မပွတ်မိအောင် သတိထားဖို့
အရေးကြီးပါတယ်။ မျက်စိစွန်တာ၊ မျက်စိနီရဲတာတွေ ဖြစ်ပြီးရင် မျက်စိအတွက်သုံးတဲ့ အလှပြင်ပစ္စည်းတွေကို အသစ်သုံး ပေးဖို့ လိုပါတယ်။
မျက်ကပ်မှန်ကိုဆေးရည်အသစ်ထဲ ပြောင်းထည့်ပြီး
သေချာဆေးကြေားပြီးမှသုံးပါ။

၅)ဆေးလိပ်သောက်တတ်လျှင် ဖြတ်ပါ
ဆေးလိပ်သောက်သူတွေက
ဆေးလိပ်မသောက်သူတွေထက် မက်ကူလာ ယိုယွင်းမှု့(AMD)ဖြစ်နိုင်ခြေ ၄၇%ပိုများ ကြောင်း၊
ဆေးလိပ်မသောက်သူတွေထက် ၅-နှစ်စောပြီး
ဖြစ်နိုင်ဖြေရှိကြောင်း လေ့လာမှု့တွေက ဆိုပါတယ်။
ဆေးလိပ်သောက် တာနဲ့ AMDအကြား
ဆပ်ဆက်မှုကိုတော့ ရှင်းရှင်းလင်းလင်း
မသိကြသေးပါဘူး။
ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် .
အတွင်း တိမ် ရောဂါနဲ့ အရောင်တွေကို
ခွဲခြားမြင်နိုင်စွမ်း ထိခိုက်မှု့တွေကိုလဲ
ဖြစ်စေနိုင်ပါတယ်။

၆)နေကာ မျက်မှန် တပ်ဆင်ပါ
ဆောင်းရာသီမှာတောင် အပြင်ထွက်ရင်
နေကာမျက်မှန်ကို တပ်ဆင်ပေး သင့်ပါတယ်။
ဝီကွန်ဆင် တက္ကသိုလ်ရဲ့ လေ့လာ တစ်ရပ်အရ
တစ်နေ့ မှာ ငါးနာရီနဲ့ အထက်
ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့ မှုကြောင့်
အသက်ကြီးချိန်မှာ မက်ကူလာ ယိုယွင်း ပျက်စီးမှု
ဖြစ်နိုင်ခြေနဲ့ အတွင်းတိမ် ဖြစ်နိုင်ခြေမြင့်မားကြောင်း သိရပါတယ်။ဒါကြောင့် ခရမ်းလွန်ရောင်ခြည် ထိခိုက်မှုမှ ကာ ကွယ်နိုင်အောင် နေကာမျက်မှန်ကို
တပ်ဆင် ပေးးဖို့ လိုပါတယ်။

၇)ကွန်ပျူတာ သုံးချိန်ကို လျှော့ချပါ
ကွန်ပျူတာကို တစ်နေ့ ခြောက်နာရီနဲ့ အထက်
အသုံးပြုတဲ့ လူ ၇၀%ဟာ အမြင်အာရုံ ဝေဒနာ
ရနိုင်ခြေ မြင့်မားကြောင်း လန်ဒန် စင်တာက
ဆိုပါတယ်။
ကွန်ပျူတာကို ကြာကြာ သုံးတာကြောင့်
မျက်စိ ညောင်းတာ၊နှစ်ထပ်မြင်တာနဲ့ ယာယီ အမြင်
ဝေဝါးတာ စတဲ့ ကွန်ပျူတာအမြင် အာရုံဆိုင်ရာ ရောဂါစု ဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။
ကွန်ပျူတာသုံးတဲ့ အခါ မျက်တောင်ခတ် နှုန်း နှေးတာကြောင့် မျက်စိ ခြောက်သွေ့ မှု ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာသုံးချိန် နာရီဝက်ကြာတိုင်း မျက်စိကို စုံမှိတ်ပြီး မျက်ကြည်လွှာ စိုစွတ်သွားအောင် အနားပေးဖို့ လိုပါတယ်။

၈)ပုံမှန် မျက်စိ စမ်းသပ်မှု ခံယူပါ
တစ်နှစ် တစ်ကြိမ် မျက်စိကို ပုံမှန် စမ်းသပ် စစ်ဆေးမှု ခံယူ သင့်ပါတယ်။
အမြင်အာရုံက အချိန်နဲ့ အမျှး
ပြောင်းလဲနေနိုင်ပါတယ်။
လမ်းဘေးက ဆိုင်းဘုတ်တွေကို ဖတ်ရခက်နေရင်၊
စာဖတ်တဲ့ အခါ စာလုံးတွေ ဝါးနေရင် မျက်စိကို
စမ်းသပ်ပေးပါ။မျက်စိ ကျန်းမာရေးကို
စမ်းသပ်တာကြောင့် သိုင်းရွိုက်ရောဂါ၊ဆီးချိုရောဂါ
၊သွေးတိုး ရောဂါ စတဲ့ အခြေခံ ရောဂါတွေ ရှိ/မရှိ ကိုလည်း သိ နိုင်ပါတယ်။
၉)စံပယ်ပန်း ရနံ့ မွှေးကြူပါ စံပယ်ပန်း ရနံ့ ကို မွှေးကြူတာကြောင့် အမြင်အာရုံ
စူးစိုက် နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။
စံပယ်ပန်း ရနံ့ ဟာ ဦး နှောက် အရှေ့ ဘက်ရှိ
ဘီတာလှိုင်းတွေကို လှုံ့ ဆော်ပေး နိုင်တာကြောင့်
လန်းဆန်း တက်ကြွမှု ဖြစ်ပေါ် စေတာပါ။

၁၀)အောက်ဆီဂျင်ရအောင် လှုပ်ရှားပါ
မျက်စိ ကျန်းမာပြီး သက်သောင့်သက်သာ ရှိစေဖို့ အောက်ဆီဂျင် လိုအပ်ပါတယ်။ဒါကြောင့် အောက်ဆီဂျင် ရရှိအောင် အေရိုးဗစ် လေ့ကျင့်ခန်း လုပ်ပေးပါ။
လေ့ကျင့်ခန်း လုပ်တာကြောင့် စက္ခုအာရုံကြောကို
အောက်ဆီဂျင် ထောက်ပံ့မှု ကောင်းစေကာ
မျက်စိတွင်း ဖိအားကို လျော့ကျစေပါတယ်။
ဒါ့အပြင် ပုံမှန်လှုပ်ရှားမှု လုပ်သူတွေက
အထိုင်များသူတွေထက်
မက်ကူလာ ယိုယွင်းမှု ဖြစ်နိုင်ခြေ ၇၀%
လျော့နည်းကြောင်း ဝီကွန်ဆင် တက္ကသိုလ်မှ
လေ့လာသူတွေက ရှင်းပြပါတယ်။

Credit-ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)

01/01/2021

GOLDEN VISION OPTICAL CENTER
ကွန်ပျုတာမျက်စိစမ်းသပ်ခန်း နှင့်
မျက်မှန် ၊ မျက်ကပ်မှန်အရောင်းခန်းမ
အမှတ် ( ၁၈၀ ) မင်္ဂလာလမ်း
ရွှေဧရာဒံပေါက်ဆိုင်ရှေ့ ၊ ပုသိမ်မြို့ ။
Ph. 09441626265 / 09401726455
09264221045
Viber Ph. 09401726455

01/01/2021

သင့် ကျန်းမာရေး (မျက်လုံး)

မျက်စိသည် အလွန်နုနယ်သော အရေးကြီး ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုဖြစ်သည်။

မျက်စိနှစ်ကွင်း အလင်း မရလျှင် တစ်ကိုယ်ရည် စိတ်ဆင်းရဲမှုများ ဖြစ်ပေါ်ကာ ပတ်ဝန်းကျင် အပေါ်၌ မှီခိုရမှု၊ လုပ်အား ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။ မြန်မာ နိုင်ငံတွင် မျက်ခမ်းစပ် ရောဂါ၊ ဗီတာမင်အေ ချို့တဲ့၍ ဖြစ်ပွားသော ကြက်မျက်သင့် ရောဂါ၊ မျက်စိ မတော်တဆ ထိခိုက်ဒဏ်ရာ ရခြင်းများ အဖြစ်များလျက် ရှိသည်။

ထို့ကြောင့် မျက်စိ ကျန်းမာရေး အတွက် အောက်ပါတို့ကို လိုက်နာသင့် ပါသည်-

(၁) အလင်းရောင် နည်းသော အချိန်များနှင့် နာလန်ထ အားနည်း နေချိန်တွင် မျက်စိအားစိုက်ရသော အလုပ်များ ကို ရှောင်ပါ။

(၂) စာကြည့်စဉ်နှင့် အလုပ်လုပ်စဉ် အလင်းရောင်ကို မျက်စိထဲသို့ တိုက်ရိုက် မဝင်အောင် အကာအကွယ်ဖြင့် နေပါ။ အလင်းရောင်ကို နောက်ကျောမှ လာစေလျှင် ပိုကောင်းပါ၏။

(၃) အနီးကြည့်စဉ် ကြည့်သော အရာဝတ္ထုနှင့် မျက်စိကို သာမန်အားဖြင့် တစ်ပေမျှ ကွာသင့်သည်။ နီးပါက မျက်စိ အားစိုက်ရ တတ်သည်။

(၄) နာရီဝက်၊ တစ်နာရီ တစ်ခါ စာဖတ်ပြီးတိုင်း ၅ မိနစ် ၁ဝ မိနစ်ခန့် မျက်စိကို အနားပေးပါ။

(၅) နေရှိန်ပြင်းသော နေရာများနှင့် တံလျှပ်များ ထနေသော နေရာများတွင် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ရန် နေကာ မျက်မှန် သို့မဟုတ် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်မည့် မျက်မှန် တပ်ပါ။

(၆) ပါဝါ မျက်မှန်ကို မျက်စိဆရာဝန်ဖြင့် စမ်းပြီးမှသာ တပ်ပါ။ သူတစ်ပါး မျက်မှန်ကို ခေတ္တတပ်ခြင်း ရှောင်ပါ။

(၇) မျက်စိထဲသို့ ဖုန် သို့မဟုတ် အမှိုက်သရိုက် ဝင်ခဲ့သော် တအား မပွတ်ပစ်ဘဲ မျက်စိဆရာဝန်နှင့် ပြသ၍ ကုသမှု ခံယူပါ။ မျက်စဉ်းဆေး ကောင်းနိုးရာရာ ထည့်ခြင်း ရှောင်ပါ။

(၈) ကျောင်းသား လူငယ်များ ဗီတာမင်အေ ကြွယ်ဝသော နို့၊ ထောပတ်၊ ဒိန်ခဲ၊ ဥနှင့် ဟင်းသီးဟင်းရွက် များများစားပါ။

(၉) ခေါင်းကိုက်ခြင်း၊ ဇက်ကြောထိုးခြင်း၊ မျက်စိမှုန်ခြင်း စသည့် မျက်စိနှင့် ပတ်သက်သည့် ထူးခြားသော ဝေဒနာ တစ်ခုခု တွေ့ရလျှင် မျက်စိ ဆရာဝန်နှင့် ပြသ စစ်ဆေး ကုသမှု ခံယူပါ။

(၁ဝ) ဗီတာမင်အေသည် အမြင်အာရုံအတွက် အရေးကြီးသော်လည်း ကိုယ်ဝန်သည် များသည် တိရစ္ဆာန် များ၏ အသည်းကို ချက်ထားသော ဟင်းလျာ စားလျှင် သို့မဟုတ် ဗီတာမင်အေ အားဆေးများ စားပါက သန္ဓေသား အမြင်လွှာ ပျက်ယွင်းတတ်သည်။

ဗီတာမင်အေမှာ လူတို့ကို ဒုက္ခပေးလျက်ရှိသော အောက်ဆီးဒင့်များကို ဖျက်ဆီး ဖယ်ရှားနိုင်သည်။ အရိုးနု၊ အရိုးနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ကြီးထွား ဖွံ့ဖြိုးရန် အတွက်မူ ဗီတာမင်အေ လိုသည်။ ခန္ဓာကိုယ်တွင် မြူးကပ် လွှာ အောက်ရှိ တစ်သျှူးများ၏ ခုခံစွမ်းအားကို ကောင်းစေသဖြင့် ရောဂါပိုးမွှား ဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေး သည်။

ဗီတာမင်အေ လုံလောက်စွာ ရရှိစေရန် အသည်း၊ နို့နှင့် နို့ထွက် ပစ္စည်း၊ ဥအမျိုးမျိုး၊ ငါးကြီးဆီ၊ မုန်လာဥတို့ စားပေးသကဲ့သို့ အားဆေး အေဒီဗစ် တစ်နေ့တစ်လုံး တစ်လခန့် စားလျှင် ဗီတာမင်အေ ချို့တဲ့မှုမှ ကာကွယ်နိုင်သည်။ ကလေး အားဆေး ရက်ကီနော ကျွေးလျှင် မျက်စိအတွက် လိုအပ်သော ဗီတာမင်အေ ရရှိနိုင်ပါသည်။

မျက်စိအဆုံး ဆိုသကဲ့သို့ မြင်လွှာ ထိခိုက်စေတတ်သည့် ဖုန်ဝင်၊ သဲဝင်၊ အမှိုက် ဝင်သဖြင့် မျက်စိနာလျှင် ဆရာဝန်နှင့် ပြ ပါ။ မျက်စဉ်းဆေး ထည့်ပါ။ ပိုးသတ်ဆေး အမောက်စလင်နှင့် ပါရာ သုံးကြိမ် လေးရက် စားပါ။

Credit:. .........,
ဒေါက်တာလွင်သန့် (ဆေး-၂)

Want your practice to be the top-listed Clinic in Pathein?
Click here to claim your Sponsored Listing.

Category

Website

Address


NO180 Mingalar Street , PATHEIN
Pathein
11111

Opening Hours

Monday 07:00 - 08:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00