Chit Su Cosmetics

Chit Su Cosmetics

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chit Su Cosmetics, Shopping & retail, Pathein.

Photos from Chit Su Cosmetics's post 07/02/2024

💛

Photos from Chit Su Cosmetics's post 07/02/2024

💦🩵💙🌴🏖️🏝️🌅🌊

Photos from Lavish Floral's post 13/01/2024

😍

04/01/2024

🎵

Photos from Țhe Ĥouse's post 20/12/2023
16/12/2023

ညနေတုန်းကလမ်းလျှောက်ရင်း ခွေးဖြူလေးကို ဆိုင်ကယ်ပေါ်တင်ပြီး ပတ်မောင်းနေတဲ့ သခင်တစ်ယောက်ကိုတွေ့တော့. ... . ကိုယ့်ဘေးမှာ အတူလျှောက်လာတဲ့လူက ထပြောတယ်။

” ခွေးလေး ချစ်တော့ချစ်စရာလေးနော်
ငါလည်း သူ့လိုတော့ ခွေးလေးတွေချစ်တယ်၊
ဒါပေမယ့် ကြာရင်အနံ့ မခံနိုင်ဘူး။ အရမ်းကြီးကပ်တာလည်း မခံနိုင်ဘူး၊ ဒါကြောင့် မမွေးတာ” တဲ့။

ကိုယ်ပြုံးပြီး ပြန်ပြောလိုက်တယ် ။

” ဒါဆို သူ့လိုချစ်တယ်မပြောနဲ့လေ။ အဲဒါ တကယ့်အချစ်မဟုတ်ဘူး။ အပေါ်ယံလေး သဘောကျနေတာ၊ ချစ်တယ်မ‌ခေါ်ဘူး။
ချစ်တယ်ဆိုရင် အနံ့မခံနိုင်တာရော၊ အရမ်းကပ်တာကပါ ဘာကမှပြဿနာဖြစ်စရာကိုး လိုမနေဘူး ” လို့။

တကယ်. ..... . .။
တစ်ချို့လူတွေဟာ ချစ်တာနဲ့ အပေါ်ယံလေးသဘောကျတာကို တော်တော်မသဲကွဲဘူး။
တစ်ခုခုပေါ် မက်မောစိတ်လေးဖြစ်လာတာနဲ့ အလွယ်တကူ ချစ်တယ်လို့ ခေါင်းစဉ်တပ်လိုက်တာပဲ။ ပြီးမှ အဲဒီ့နောက်မှာ. ....

ချစ်တော့ချစ်ပါတယ်. ... ဒါပေမယ့်၊
ပိုင်တော့ပိုင်ဆိုင်ချင်ပါတယ်. ... ဒါပေမယ့် ၊
ဝေးတော့ မဝေးချင်ပါဘူး. ... ဒါပေမယ့်တွေ တန်းစီရောက်လာပြီး တစ်ဖက်လူဘဝကို ကမောက်ကမဖြစ်အောင်လုပ်တာ။

တကယ့်စစ်မှန်တဲ့ ခံစားချက်ရဲ့နောက်ကွက်မှာတော့

ဒါပေမယ့်. ... ငါမင်းကို ချစ်တယ်‌လေ၊
ဒါပေမယ့်. . . ငါကမင်းကိုပိုင်ချင်တယ်လေ
ဒါပေမယ့်. .... ငါမင်းနဲ့မဝေးနိုင်ဘူးလေကွာ ဆိုတဲ့ တစ်ဇွတ်ထိုးသတ္တိတွေပဲ လိုက်တတ်ကြတာ။

မယုံရင် ခံစားကြည့်။
လှမ်းကြည့်ရုံလေးပဲ သဘောကျနိုင်ရင် အဲဒါလှမ်းကြည့်ရုံလေးလောက်ပဲ သဘောကျလို့။
နည်းနည်းထပ်တိုးချင်လာရင် အဲဒါနည်းနည်းလေးပို သဘောကျလာလို့။
နောက်ဆုံး အရမ်းကြီးနီးကပ်နေဖို့ ဘာဒုက္ခတွေပဲ ပေးဆက်ရရ၊ ဂရုမစိုက်တော့ဘူး။ ပေးဆပ်တော့မယ်ဆိုကာမှ အဲဒါတကယ်ချစ်မိလာပြီလို့ခေါ်တာ။

” မဟုတ်ပဲ ငါအဲ့အရာလေးကို အရမ်းတော့ချစ်ပါတယ်၊
ဒါပေမယ့် သူ့ဒုက္ခလေးမခံနိုင်လို့ကွာဆိုတဲ့လူက ၊

အနားမှာ သူ့ဒုက္ခတွေခံပြီး ပျော်ပျော်ကြီးထိုင်ချစ်ပေးနေတဲ့ လူရဲ့ ချစ်ခြင်းမေတ္တာနဲ့တော့ . ... .ချစ်တာချင်းအတူတူပါပဲကွာလို့
ဘယ်လိုမှ ရင်ဘောင်သွားတန်းလို့မရဘူးဆိုတာ လက်ကို လက်ခံမှရမှာ ”

အဲဒါ ချစ်ခြင်း‌မေတ္တာရဲ့ အတိမ်အနက်ပဲ၊

#နေမီကျော်
Crd 💛

Photo လေးကတော့ မဆိုင်ပေမဲ့
ဒို့ချစ်လို့ ပါ❤

Want your business to be the top-listed Shop in Pathein?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pathein