Wine Diary
Sharing is caring ❤️
27/01/2026
ACCA Part 2/3 ရှိပြီး full set မဆွဲတတ်သော
Accountant များအတွက်
"သင်တန်း တက်ရမှာလား? Self-study လုပ်ရမှာလား? ဘယ်လိုစလုပ်ရမှန်းမသိ..."
ဒီစိုးရိမ်မှုတွေ သင့်မှာရှိနေပြီဆိုရင် ဒီ Post က သင့်အတွက်ပါ။
ဝိုင်း ကို မေးလာတဲ့ အမေးအများဆုံး မေးခွန်း:
"ACCA Part2 ထိ ပြီးထားတယ်၊ Banking /NGO မှာ နှစ်အတော်ကြာ လုပ်နေတယ်။ AP/AR ပဲကိုင်ခဲ့ဖူးတယ်။ Full Set of Accounts ကို တစ်ခုလုံး ကိုယ်တိုင် မပြင်တတ်ဘူး။ သင်တန်းဖွင့်ပေးပါလား?"
အဖြေက - သင်တန်း မလိုအပ်သေးပါဘူး။
သင်တန်းထက် ပိုထိရောက်တဲ့ နည်းလမ်း ရှိပါတယ်။
ဘာကြောင့် သင်တန်း မလိုသေးတာလဲ?
၁။ လာမေးတဲ့သူတွေ မှာ
အကောင်းဆုံး အခြေခံရှိပြီးသားပါ
ACCA ရဲ့ theoretical foundation မှာ သေချာသင်ခဲ့ရပြီးသားပါ။
၂။ NGO Experience ကမှာလဲ Asset
Donor reporting, fund management, compliance - ဒါတွေက commercial accounting ထက် ပိုရှုပ်ထွေးပါတယ်။ Banking မှာ လဲ ဒီလိုပါပဲ။
၃. Gap က သေးငယ်ပါတယ်
လိုနေတာလေးက Practical Application တစ်ခုတည်းပါ။ ဒါကို ဖြည့်ဖို့ လွယ်ကူပါတယ်။
သင်တန်းမတက်ပဲ ဘယ်လိုလေ့လာမလဲ?
အဆင့် ၁: လက်တွေ့ဆွဲကြည့်ပါ
· ကိုယ်တိုင်လုပ်နိုင်တဲ့ Company ရဲ့ Sample Data တစ်ခုယူပါ
· Excel မှာ Trial Balance ကနေ Financial Statements အထိ ကိုယ်တိုင်ဆွဲကြည့်ပါ
· မှားရင် ပိုကောင်းပါတယ် - မှားတဲ့နေရာကနေ သင်ယူပါ
အဆင့် ၂: YouTube ကို စနစ်တကျသုံးပါ
Search these keywords:
· "Full set of accounts practical demonstration"
· "From trial balance to financial statements"
· "Month-end closing process step by step"
· အကြံပေးချက်: India/ Pakistan channels တွေက Practical ပိုကောင်းပါတယ်
အဆင့် ၃: အခမဲ့ Resources တွေသုံးပါ
1. Accounting Coach (website) - ရိုးရှင်းပြီး လက်တွေ့ကျတဲ့ ရှင်းလင်းချက်များ
2. Corporate Finance Institute (free courses available)
3. သင့်ရဲ့ ACCA Study Text ကို ပြန်ဖွင့်ပါ - P2 မှာ Financial Reporting ကို အပြည့်အစုံပါပြီးသား
အဆင့် ၄: လုပ်ငန်းခွင်မှာ အတွေ့အကြုံယူပါ
· လက်ရှိအလုပ်မှာ Full Set ပြင်တဲ့သူကို ကူညီခွင့်တောင်းပါ
· "ဒီလိုဆိုရင် ဘယ်လိုလုပ်မလဲ" ဆိုတဲ့ မေးခွန်းတွေ မေးပါ
· Month-end process ကို observation လုပ်ပါ
သင်တန်းတက်မှ ဖြစ်မယ့် အခြေအနေများ:
✅ ကိုယ်တိုင် Self-study လုပ်ဖို့ စည်းကမ်းမရှိဘူး
✅ လုပ်ငန်းခွင်မှာ လေ့လာဖို့ အခွင့်အရေးမရဘူး
✅ အချိန်တိုအတွင်း လိုအပ်နေတယ် (အလုပ်လျှောက်ဖို့အချိန်နီးနေတယ်)
✅ အခြေခံကျကျ လက်တွေ့ပြချင်တယ်
ဒီ ၄ ချက်ထဲ ၃ ချက်ပါနေရင်တော့ သင်တန်းစဉ်းစားသင့်ပါတယ်။
အရေးအကြီးဆုံး အကြံပြုချက်:
"လုပ်ကြည့်၊ မှား၊ ပြန်၊ မေး"
ဒီ Cycle ကို ၃ ကြိမ်လောက် လုပ်ကြည့်ပါ။ ၉၀% သက်သာသွားပါလိမ့်မယ်။
ဘယ်အချိန်မှာ ဆက်သွယ်ရမလဲ?
တစ်ပတ်လုံး ကိုယ်တိုင်ကြိုးစားကြည့်ပြီး...
· "TB ကနေ FS ထုတ်တာ" လုပ်တတ်သွားပြီ
· ဒါပေမယ့် "ဘာကြောင့် ဒီလိုလုပ်ရတာလဲ" ဆိုတာ နားမလည်ဘူး
· Adjusting Entries တွေရဲ့ Logic ကို ချိတ်ဆက်မရဘူး
ဒီအဆင့်ရောက်ရင် သင်တန်းတက်ဖို့ အချိန်တန်ပါပြီ။
Motivation
ACCA Part2 ရှိသူတစ်ယောက်အနေနဲ့ Full Set of Accounts ကို မတတ်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။
သင်မသိသေးတာက လက်တွေ့ဘယ်လိုချိတ်ဆက်ရမလဲ ဆိုတာပါ။
ဒါကို သင်ယူဖို့ သင်တန်းထက် လက်တွေ့လုပ်ကြည့်တာ ပိုမြန်ပါတယ်။"
To Do
၁။ ဒီ Post ကို Save ထားပါ
၂. ဒီနေ့ညပိုင်း Excel ဖွင့်ပြီး Trial Balance တစ်ခုကနေ Financial Statement ဆွဲကြည့်ပါ
၃. မရဘူးဆိုရင် ဝိုင်း cb ကနေ အချိန်မရွေး လာမေးပါ။
မှတ်ချက်: ကိုယ့်အားကိုယ်ကိုးတတ်တဲ့ Accountant တစ်ယောက်ဖြစ်ဖို့ ပထမဆုံးခြေလှမ်းက ကိုယ်တိုင်စလုပ်ကြည့်တာပါ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pathein