Sirius
English Language Center
05/05/2024
📖 IELTS ကို ခြေလှမ်းမှန်မှန်နဲ့ စတင်ချင်သူတို့အတွက် Tr.Sophiaရဲ့ Beginner Class 📖
ဒီသင်တန်းမှာ
✔️ IELTS အတွက်သိသင့်သိထိုက်တဲ့ အခြေခံအကြောင်းအရာတွေ
✔️ လက်တွေ့လေ့ကျင့်ရမယ့် လေ့ကျင့်ခန်းတွေနဲ့
✔️ Practise Tests တွေကို ပြည့်ပြည့်စုံစုံ ပါတယ်
ဒါ့အပြင် သူငယ်ချင်းလိုရော ဆရာလိုပါ အနီးကပ်သင်ကြားပေးတာဖြစ်လို့
✨ စာလေ့လာတဲ့အခါ
✨ Vocabulary တွေကျက်တဲ့အခါ
✨ Grammar ဖတ်တဲ့အခါ
✨ Speaking လေ့ကျင့်တဲ့အခါမျိုးတွေမှာ ကြောက်နေစရာမလိုဘဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ပါတယ်ရှင့်🫶🏻
သင်တန်းချိန်၊ သင်တန်းကြေးနဲ့ သင်တန်းကာလတွေကိုတော့ အောက်မှာ အသေးစိတ်ဖတ်ပေးပါနော်
📆 Every Friday, Saturday and Sunday
⏰ Time - 7:30 pm to 9:00 pm
⏳ Duration - 3 months
💰 Fee - 20000 MMK par month
❗️ ကျောင်းသား (၁၀) ဦးတည်းသာ လက်ခံသင်ကြားပေးသွားမှာဖြစ်လို့ IELTS ကိုအခြေခိုင်ခိုင်နဲ့လေ့ကျင့်ခွင့်ရဖို့ ခုပဲ Page Messenger ကနေတစ်ဆင့် သင်တန်းအပ်နှံလိုက်တော့နော် 🫶🏻
# English language center
05/05/2024
Collocation with go, get and keep.
23/03/2024
Activities that I make in class.
Thanks my students for actively participate.
10/03/2024
Vocabulary for injuries
07/03/2024
Eassy ရေးနည်းတွေကို beginner level များ လေ့ကျင့် ကိုးကားလို့ရအောင်တင်ပေးလိုက်ပါတယ်🥰
Please like and share
28/02/2024
26/02/2024
🙆 English စာကို ဘယ်ကနေ စလေ့လာရမလဲ?🙆
🧞♂English စာကို အခုမှ စလေ့လာမယ့် Beginner တွေအတွက် ဦးစားပေးပြီး ပြောရမယ်ဆိုရင်👇
1.Collecting English Vocabularies
🧚♀Englishစာ ကို ယုံကြည်ချက် ရှိရှိ ဆက်လေ့လာဖို့ဆိုရင် ကိုယ့်ဆီမှာ လုံလောက်တဲ့ အဂ်လိပ်စာ ဝေါဟာရတွေ ရှိရပါမယ်....
English vocabs တော်တော်များများ ကို အခြေခံကျောင်းတွေမှာလည်း သင်ဖူး သိဖူးကြပြီးသားဖြစ်ပါတယ်...
ဒါပေမယ့် အဲဒီ vocabs လောက်နဲ့ Englishစာ ကို ဆက်လေ့လာဖို့ ခက်ခဲပါတယ်....
ဘာလို့လဲဆိုတော့ ကိုယ်က ဘာ vocabs မှ မသိထားရင် အဂ်လိပ်စာ တွေ ဖတ်တဲ့အခါ ဘာမှ နားမလည် ဖြစ်ပြီး စိတ်ဓာတ်ကျသွားတတ်လို့ပါ....
ဒါကြောင့် English vocabularies တွေကို မှတ်တတ်တဲ့ စုဆောင်းတတ်တဲ့ အလေ့အကျင့် လုပ်ထားပေးရပါမယ်....
ဟုတ်ပြီ...English vocabs တွေကို ဘယ်လို စုရမလဲ?
တစ်ချို့တွေကပြောတယ် ကိုယ်အရင်က မမြင်ဖူးတဲ့ vocabs တွေမြင်ရင် မှတ်သာမှတ်တဲ့.......
Adminကတော့ တွေ့သမျှ အကုန် လိုက်မှတ် လိုက်ကျက်နေတာထက် လက်တွေ့မှာ တကယ် အသုံးပြုတဲ့ English vocabs တွေကို ပဲ ရွေးမှတ် ရွေးကျက်စေချင်ပါတယ်....
Adminလည်း အရင်တုန်းက English စာတွေ ဖတ်တဲ့အခါ Dictionary တွေ ကြည့်တဲ့အခါ မမြင်ဖူးတဲ့
vocabs တွေကို စာအုပ်ထဲမှာ ရေးမှတ်ထားပြီး ပြန်ပြန် ကျက်ပါတယ်......
အရမ်း လောဘကြီးပြီးတော့ တွေ့သမျှ အကုန်ကျက်တော့တာပဲ.....
မှတ်ထားတဲ့ တစ်ချို့ vocabs တွေက တကယ့် daily life မှာ သုံးနေကျ ပြောနေကျ စကားလုံးတွေ မဟုတ်လို့ ကျက်လိုက်မေ့လိုက်နဲ့ သံသရာကို လည်နေတာပါပဲ....
အဲ့တော့ လူလည်း ပင်ပန်းတယ်...မလိုတာတွေကို ခေါင်းထဲမှာ ထည့်ထားမိတယ်လို့ ခံစားရတယ်....
ဒါကြောင့် Admin ရဲ့ vocabs လေ့လာတဲ့ ပုံစံကိုပြောင်းလိုက်တယ်....
နောက်ပိုင်း ဘယ်လို လေ့လာပြီး စုဖြစ်လဲဆိုတော့ English movie တွေ Disney movies တွေ Lifestyle videos တွေ English conversions တွေကို နားထောင်ပြီး အဲ့ထဲက vocabs တွေကို Example sentences တွေနဲ့တကွ note ထုတ်ထားဖြစ်တယ်....
အဲ့လို လေ့လာတာက vocabs လေ့လာဖို့ အဆင်ပြေဆုံး နည်းလမ်းပါပဲ.....🌹
2.Basic English Grammar
🌹 Intermediate တို့ Pre intermediate တို့ Advanced တို့ ကို အသာထားအုံး...
ကိုယ်က အခုမှ အဂ်လိပ်စာ စလေ့လာမယ်ဆိုရင် Basic english grammar ကို ထုံးလိုကြေ ရေလိုနှောက် သိနေရပါမယ်....
ကိုယ်က အခြေခိုင်သွားရင် ဘယ်လောက် မြင့်တဲ့ level ကို လေ့လာ လေ့လာ easy going ပါပဲ....
Eight parts of speech တို့ Tenses တို့ဆိုတာ ဘာလဲ သေချာ မသိဘဲ နောက်တစ်လှမ်း ဆက်တက်မယ်ဆိုရင် သူငယ်တန်းကနေ ဆယ်တန်းကို ခုန်ကူးသလို ဖြစ်နေမှာပါ....
Basic grammar လေ့လာတဲ့ နေရာမှာလည်း လိုအပ်တဲ့ concept တွေကိုပဲ ခေါင်းထဲ ထည့်ပါ...
ဥပမာ noun ဆိုတာဘာလဲ၊ ဘယ်လို နေရာမှာ သုံးတာလဲ၊ ဘယ်လို အရာတွေက noun တွေလဲ စသဖြင့် Eight parts of speech ရဲ့ concept တွေကို နက်နက်နဲနဲ သိအောင်လေ့လာပါ.......
Tenses တွေလည်း ကြေညက်နေအောင်လုပ်ပါ....
ဘယ် tense ကို ဘယ်နေရာမှာ သုံးတာလဲ၊ ဘယ် tense အတွက် ဘယ် Helping verb ကို သုံးရမလဲ စသဖြင့်ပေါ့....
တကယ့် လက်တွေ့မှာတော့ Basic grammar ကို သုံးတာ နည်းပါတယ်...
ဒါပေမယ့် level မြင့်တဲ့ grammar ကို ဆက်လေ့လာဖို့ basic tenses တွေကို ပိုင်နိုင်နေရပါမယ်.....🌹
3.Listening to English Conversation
🌹 English စကားပြောတွေကို နားထောင်ပေးပါ...
Begineer တွေအတွက် play store မှာ English စကားပြော applications တွေ အများကြီး ရှိပါတယ်....
လောလောဆယ် စကားပြောတွေ နားမလည် သေးရင်တောင်မှ နေ့တိုင်း နားထောင်ပေးပါ...
နားထောင်ပါများ ရင်နားရည်ဝသွားပြီး ပြောသမျှ 90% နားလည်သွားပါလိမ့်မယ်...
ကဲ....ဒီ 3 ချက်ကတော့ အခုမှ စလေ့လာမယ့် begineer အတွက် အကြံပေးချင်တဲ့ လေ့လာတဲ့ ပုံစံပါ....
အခြေခိုင်မှ အမြင့်ကို ဆက်တက်နိုင်မှာပါ.....
ကိုယ့်က ဘယ်နေရာ အားနည်း နေတာ လဲဆိုတာလည်း ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်ပါ...
အားနည်းတဲ့ အပိုင်းကို ပိုလေ့လာပေးပါ..
ပို အချိန်ပေးပါ.....
အားလုံး အဆင်ပြေကြပါစေ။
26/02/2024
Speaking လေ့ကျင့်ဖို့အတွက်speaking cardsပါ
25/02/2024
Explore the versatile world of prepositions like ‘about,’ ‘to,’ ‘of,’ ‘in,’ ‘for,’ and ‘with.’ Enhance your language precision and elevate your communication skills effortlessly!
24/02/2024
Preposition of time
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
11th Street
Paungde