BeBee Coffee Distribution
Coffeeလက်လီ/လက်ကား ဝယ်ယူရရှိနိုင်ပါပြီ…
12/03/2024
ဒီနေ့မှာတော့ ကျနော့်အနေနဲ့ ကော်ဖီနဲ့ပက်သက်ပီးစိတ်ဝင်းစားစရာကောင်းတဲ့ အကြောင်းအရာလေးအနည်းငယ်ကိုပြောပြချင်ပါတယ်...🙏🙏🙏
ကျနော်တို့နေ့စဥ်သောက်သုံးနေတဲ့ ကော်ဖီကောင်းတစ်ခွက်ဖြစ်လာဖို့အတွက်ဆိုရင် ဘယ်လိုမျိုးအဆင့်ဆင့်ထုတ်လုပ်ခဲ့ရသလဲဆိုတဲ့အကြောင်းလေးမပြောခင် ယခင်ကကျနော်တို့သိခဲ့တဲ့ကော်ဖီဆိုတာဘာလဲဆိုတာ အနည်းငယ်ပြောပြချင်ပါတယ်။
ကျနော်တို့ကိုယ်တိုင်ငယ်စဥ်ကတည်းကမြန်မာနိုင်ငံရဲ့တောင်ဘက်ကျဆုံးတနင်္သာရီတိုင်းမှာကြီးပြင်းလာသူပီပီ ကော်ဖီဆိုတာကောင်းကောင်းမမြင်ဖူးခဲ့ပါဘူး။ ကော်ဖီဆိုတာ Ready made ထုတ်လေးဖောက်ပီးဖျော်သောက်လို့ရတယ်။ ကော်ဖီဆိုတာခါးတယ်။ သကြား၊ ခရင်၊ နို့ဆီစသဖြင့်တခုခုနဲ့ဖျော်သောက်ရတယ်လို့ပဲအကြမ်းဖျင်းသိခဲ့ပါတယ်။တကယ်တော့ကော်ဖီဟာ ကျနော်တို့သိထားခဲ့တာထက် အများကြီးကျယ်ပြန့်နက်ရှိုင်းတဲ့ ဘာသာရပ်ကြီးတခုဆိုလည်းမမှားပါဘူး။ Coffee subject ကိုprofessional carriers များအနေနဲ့ processing , brewing, Roasting, Cupping စသဖြင့် carrier အလိုက်ပိုင်းခြားထားပါတယ်။ စီးပွားရေးဘက်ကကြည့်ရင်လည်း လက်ရှိအချိန်ထိကမ္ဘာနဲ့တဝှမ်းကျယ်ကျယ်ပြန့်ပြန့် Import/export လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းကြီးတခုဖြစ်ပါတယ်။ ကော်ဖီမှာ အမျိုးအစားအများကြီးရှိသလို၊ ထုတ်လုပ်တဲ့ နည်းစနစ်တွေလည်းအများကြီးရှိနေပြန်တယ်။ လက်ရှိမြန်မာနိုင်ငံမှာတော့များသောအားဖြင့် Arabica နဲ့ Robusta ဆိုပီးအမျိုးစား(၂)မျိုးစိုက်ပျိုးထုတ်လုပ်ကြပါတယ်။ Arabica Coffeeကိုကုန်းမြင့်ကော်ဖီလို့ခေါ်ကြပီး၊ Robustaကိုတော့မြေနိမ့်ကော်ဖီလို့ခေါ်ကြပါတယ်။ အရည်သွေးမြင့်တဲ့မြန်မာနိုင်ငံက ကော်ဖီများကိုလည်း China,US, UK နိုင်ငံများနှင့်တခြားနိုင်ငံတော်တော်များများကိုလည်း တင်ပို့ရောင်းချနေတယ်လို့လည်းသိရပါတယ်။ ဒီနေ့မှာတော့ အထူးတန်း specialty Coffee ( Sundry Processing Method ) ထုတ်လုပ်မှုကို ပုံနှင့်တကွတင် ဖော်ပြပေးလိုက်ပါတယ်ဗျ။
ကျနော့်မိတ်ဆွေများအားလုံးလည်း ကော်ဖီကောင်းတခွက်ကို နေ့စဥ်သောက်သုံးခြင်းဖြင့်ဂုဏ်ယူနိုင်ကြပါစေ🙏🙏🙏
05/03/2024
We are ready to transport to our customers
❤️❤️❤️
02/03/2024
Speciality Arabica sun dry coffee
❤️❤️❤️
15/08/2023
Cold-pressed Espresso ဆိုတာ ဘာလဲ?
သမရိုးကျ espresso ဟာ ပြင်းတယ်၊ ပျစ်တယ်၊ 30-40ml ခန့်ပါဝင်ပြီး pressure 9bar ရေအပူချိန် 90-96’C အောက်မှာ ကြာချိန်အားဖြင့် 20-30 seconds အတွင်းမှာဖျော်ကြပါတယ်။ ခုနောက်ပိုင်းနှစ်တွေမှာတော့ barista တွေနဲ့ home brewer တွေဟာ ဒီ formula ကို အမျိုးမျိုးစမ်းသပ်တီထွင်လာခဲ့ကြပါတယ်။
Pre-infusion time ပိုကြာကြာထားကြည့်တယ်၊ pressure နှင့် flow profiling တို့ကိုလည်း ကစားကြည့်တယ်၊ ဒါ့အပြင် water temperature ကိုပါ လျှော့ပြီး စမ်းသပ်လာကြပါတယ်။
အဲ့ထဲမှာမှ ပုံမှန်အခန်းအပူချိန်ရေကို သုံးပြီး စမ်းသပ်ခဲ့တာကို cold-pressed espresso ဆိုပြီး နာမည်ပေးခဲ့ပါတယ်။ ဒီ cold-pressed espresso ကို စတင်စမ်းသပ်လာတာ နှစ်အနည်းငယ်ရှိခဲ့ပါပြီ။ ဘယ်လိုလုပ်လဲ၊ ဘယ်လိုအရသာလဲဆိုတာ လေ့လာကြည့်ရအောင်ဗျာ။
Cold-pressed espresso လို့ သတ်မှတ်ဖို့ ဒီအချက်တွေလိုပါတယ်။
- Cold water နှင့်ဖျော်ရပါမယ်
- Pre-infusion အတိုင်းအတာတစ်ခုထိပါဝင်ပြီး နောက်ပိုင်းမှာ pressure တစ်ခုနဲ့ extraction လုပ်တာဖြစ်ရပါမယ်
ဒီအချက်တွေနှင့်ပြည့်စုံဖို့ pre-infusion စနစ်ပါဝင်တဲ့ ပုံမှန် espresso machine နဲ့ ရပါတယ်။ သို့ပေမယ့် espresso machine တွေဟာ ဝင်လာတဲ့ရေကို အလိုအလျောက် ပူအောင် ချက်ချင်းလုပ်ဆောင်ပါတယ်။ temperature ကို စိတ်ကြိုက် ထိန်းချုပ်လို့ရတဲ့ စက်အနည်းငယ်ကလွဲလို့ ကျန်တဲ့ machine တွေမှာ ဒီအချက်ဟာ cold-pressed espresso လုပ်ဖို့ ခက်ခဲပါတယ်။
ဒါဆို cold-pressed espresso ဖန်တီးဖို့ ဘယ်လိုလုပ်ကြမလဲ?
အရိုးရှင်းဆုံးနည်းကတော့ flair espresso တို့လို့ manual espresso machine လေးတွေသုံးပြီး ဖန်တီးနိုင်ပါတယ်။ အဲ့လိုစက်တွေမှာ ရေနွေးအစား ရေအေးသုံးပြီး ရေအနည်းငယ်ကို ဖြေးဖြေးချင်းဖိချကာ pre-infusion လုပ်လိုက်မယ်။ ပြီးရင် ဆက်ပြီး 8-9 bar pressure နဲ့ ဖိချမယ်ဆိုရင် cold-pressed espresso ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
ဒီမှာ တစ်ချက်သတိထားရမှာက သုံးထားတာ ရေအေးဖြစ်နေတဲ့အချက်ပါ။ ဒါကြောင့် ရေနွေးနဲ့ဖျော်သလိုပဲ လုပ်ဆောင်လို့မရပါဘူး။ ရေအေးဟာ ရေနွေးထက် extraction rate ပိုနှေးပါတယ်။ ဒီအချက်ကို compensate လုပ်ဖို့ Grind Size ပိုသေးတာ၊ ကော်ဖီမှုန့် dose ကို ပိုသုံးပေးတာ၊ pre-infusion ကို အချိန်ပိုယူပြီး extraction time ကိုလည်း ပိုယူတာတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါမှ ရှိသင့်တဲ့ brew strength ရရှိမှာဖြစ်ပါတယ်။ brew ratio ကိုလည်း ပုံမှန် 1:2 သုံးနေရာကနေ 1:1 လောက်ထိ သုံးပေးရမှာဖြစ်ပါတယ်။ အဲ့အတွက် ကော်ဖီမှုန့် dose ကို ပိုသုံးပေးခြင်း (သို့) အရည် yield ကို လျှော့ယူတာတို့လည်း လုပ်နိုင်ပါတယ်။
ဒီမှာ မေးစရာရှိတာက espresso အအေးလိုချင်တာလား၊ ဒါဆို အပူနဲ့ ဖျော်ထားတဲ့ espresso ကို အအေးခံလည်းရတာပဲ...ဘာလို့ cold-pressed လုပ်နေမှာလဲပေါ့...
အဲ့အတွက် အဖြေကတော့ မတူပါဘူးလို့ပဲ ပြောရမှာပါ။
Cold-pressed espresso နဲ့ normal espresso ကို အေးထားတာနဲ့ ယှဉ်ရင် flavour ပိုကောင်းပါတယ်။ espresso အပူကို အအေးခံလိုက်တဲ့အခါ ကော်ဖီကနေပါလာတဲ့ chlorogenic acid ဟာ quinic acid ကို ပြိုကွဲသွားပါတယ်။ quinic acid ဟာ astringency ဖန်တဲ့အရသာ ကို ဖြစ်ပေါ်စေလို့ပါ။ ကော်ဖီရဲ့ astringent, bitter, tannic flavor တွေဟာ quinic acid ကနေ တစ်စိတ်တစ်ဒေသ သက်ရောက်ပါတယ်။
ဒီ cold-pressed espresso ဟာ cold brew လိုပဲ အအေး coffee menu တွေအတွက်ပဲသင့်တော်ပါတယ်။ သူတို့ကို အပူပေးပြီး အပူဖန်တီးလို့ မသင့်တော်ပါဘူး။ အပူအတွက်ကတော့ normal espresso သာ အသင့်တော်ဆုံးပါလို့ အသိပေးရင်း နောက်ပို့စ်မှာ ပြန်တွေ့ကြမယ်လို့ နှုတ်ဆက်ပါရစေဗျာ...
#ကော်ဖီစစ်စစ်မှအရသာစစ်စစ်ဆီသို့
Crd_ seeds coffee Academy
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Ywa Ngan
Pindaya
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |