Myat Pre-School

Myat Pre-School

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat Pre-School, School, Pyawbwe.

Photos from Myat Pre-School's post 07/12/2022

မူကြိုထားစ ကြုံတွေ့ရတဲ့ အခြေအနေ ~~~~~~~~~~~~~~~

တချို့ကလေးငယ်တွေဟာ ပထမရက်မှာ မူကြိုတက်ရမှာ အရမ်းတက်ကြွနေပြီး နောက်ရက်တွေဆို ငိုလာတာတမျိုး မတက်ချင်လို့ ဂျီကျတာတဖုံ မျိုးစုံ ဆန္ဒပြပြီး မူကြိုမသွားချင်လို့ မိဘကို အမူအရာမျိုးစုံ လုပ်ပြလာတတ်ပါတယ်။
ဒီအချိန်မှာ မိဘရဲ့ ဆုံးဖြတ်မှု အရေးပါလာပါပြီ။ငိုလည်း အားတင်းပြီး ဆက်ပို့တတ်တဲ့မိဘ၊ ပို့သော်လည်း စိတ်မချလို့ မေမေရှိနေမယ်လို့ ပြောတတ်တဲ့မိဘ၊ကျောင်းမှာ ဆရာမက ရိုက်လို့ မတက်ချင်တာလားလို့ မေးတတ်တဲ့ မိဘ စသဖြင့် အမျိုးမျိုး ဖြစ်ပေါ်လာတတ်ပါတယ်။
အမှန်တကယ်ကလေးက အဖော်မရသေးတာပါ။အခုမှ မြင်ဖူးတဲ့ သူစိမ်းဆရာမကို ရင်းနှီးဖို့ အချိန်မလုံလောက်သေးတာပါ။အချိန်အလိုက် လှုပ်ရှားနေရတဲ့ မူကြိုတစ်နေ့တာ လုပ်ငန်းစဉ်တွေကို နေသားတကျ လိုက်လုပ်ဖို့ ခဲယဉ်းနေလို့ပါ။နေသားတကျ ရင်းနှီးနေဖို့ မပျက်မကွက် ပို့ပေးရပါလိမ့်မယ်။ငိုလိုက် ဆော့လိုက် အိပ်လိုက် လုပ်နေရင်းနဲ့ပဲ နေသားတကျ ဖြစ်လာပါလိမ့်မယ်။တချို့ကလေးကျ ငါငိုပြရင် မေမေက ကျောင်းမပို့တော့ဘူး။ဒီတော့ မေမေ့ကို ကျောင်းသွားခါနီးတိုင်း ငါငိုပြမယ်။ဒါဆို ငါကျောင်းသွားစရာမလိုတော့ဘူးလို့ ထင်မှတ်ယူသွားတတ်ပါတယ်။
ထမင်းမကုန်လို့ မဆူပါနဲအုံး။ကလေးကျောင်းပျော်ဖို့ ညနေတိုင်း ကျောင်းကပြန်လာတိုင်းချီးမွမ်းပါ😘အားပေးပါ😘သားသား မီးမီး တော်လိုက်တာ ကျောင်းတက်နိုင်ပြီဆိုတာ ပြောပြပါ။
ဒီနေ့ ဘယ်သူ ဘာလုပ်လဲမမေးပါနဲ့။တစ်နေ့တာ အဆင်ပြေလား။သူငယ်ချင်းနဲ့ အဆင်ပြေလား။သူငယ်ချင်းအသစ်က ဘယ်သူလဲ။သား သူငယ်ချင်းက ချစ်ဖို့ကောင်းတယ် စသဖြင့် ပြောပြပါ။ကျောင်း၊ သူငယ်ချင်း၊ ဆရာမ ကို ချစ်ခင်တတ်လာအောင် တွန်းအားပေးပါ။
တချို့ကလေးကျ စာအရေးသင်ချိန်ဆို ကျောင်းမသွားချင်တော့ပြန်ပါဘူး။အရင်တုန်းက အငယ်တန်းမှာ ဆော့လိုက် ပုံလေးဆွဲလိုက် ခြယ်လိုက်လုပ်နေရင်းကနေ စာအရေးသင်တဲ့အတန်းရောက်လာချိန်ဆိုနေသားမကျတော့ပြန်ပါဘူး။
ဒီအချိန်ကာလတွေဟာ မိဘတွေဆရာမတွေ အထူးသတိပြုနေရမယ့် အချိန်ပါ။
ဒီအချိန် စိတ်ပြောင်းလဲမှု ကလေးတွေရဲ့ ခံစားမှုကို အထူးသတိထားရမယ့်အချိန်ပါ။
စာမရေးချင်တဲ့ကလေးကို မရေးနဲ့ဆိုပြီး ငိုပြတိုင်း ရပ်ထားလို့မရပါဘူး။
ကျောင်းမသွားချင်လို့ ငိုပြတိုင်း မသွားနဲ့ဆိုပြီး ထားလို့မရပါဘူး။ဘာကြောင့်မလုပ်ချင်တာလဲအချက်ကိုမေးပါ။မဖြစ်မနေလုပ်ရမယ့်အရာတွေကို အလျော့မပေးပါနဲ့။လုပ်သင့်တဲ့အကြောင်းနဲ့ လုပ်ချင်လာအောင် ပြောပြရပါမယ်။
ကလေးက စာမရေးချင်လို့ မျက်နှာမကောင်းသလို လုပ်ပြတိုင်း ဆရာမ ရိုက်သလားမေးတတ်နေရင် ရိုက်တယ်ဆိုတဲ့ အဖြေ တန်းဖြေမှာပါ။စာရေးရမယ့်အချိန်ရောက်တဲ့ကလေးကို မရေးနဲ့ မလုပ်နဲ့ဆိုပြီး ပစ်မထားပါနဲ့။ တခါတရံ အလိုလိုက်ခြင်းမှသည် အလျော့ပေးခြင်း ဖြစ်သွားတတ်မှာစိုးလို့ပါ။
ဒါ့ကြောင့်မူကြိုထားခါစဆို ကလေးထက် မိဘများဟာစိတ်ရှည်ပါ❤အားတင်းထားပါ❤မည်သို့ဖြစ်နေပါစေ ကျောင်းကိုရောက်အောင်ပို့ပါ။
ကလေးရှေ့မှာ ဆရာမကို ယုံကြည်လို့ သားသား မီးမီးကို ထားသည်ဖြစ်သည်ကို ပြောပြပါ။
ဆရာမကိုလည်း မိမိ ယုံကြည်ကြောင်း ဂရုစိုက်ပေးစေလိုကြောင်းကိုပြောပါ။ကလေး၏ အမူအကျင့်ကို အကုန်မချွင်းမချန်ပြောပြထားပါ။
သို့မှသာ မိဘ၊ ဆရာ၊ ကလေးဟန်ချက်ညီညီ ကလေးကောင်းကျိုးဖန်တီးနိုင်ကြမှာဖြစ်ပါတယ် ဖေဖေ မေမေတို့ရေ..fighting 💪💪

Crd to original uploader

Photos from Myat Pre-School's post 04/10/2022
Want your school to be the top-listed School/college in Pyawbwe?
Click here to claim your Sponsored Listing.

Category

Website

Address


Pyawbwe