Written By Heart

Written By Heart

Share

I can peace.

07/02/2021

အိပ်သာ အိပ်ခဲ့ရပြီး
တ‌စ်မှေးမျှ မပျော်ခဲ့ရတဲ့ညတွေလို

အမှောင်ရောက်လို့သာ
ခေါင်းချခဲ့ရပေမယ့်
မပျော်ဘဲနေရမယ့် ဘ၀တွေပြန်မရောက်ချင်ဘူး

အရှင်နေမင်း ပြန်လင်းလတ်လို့
နေ့သစ်ဆီသို့
အမြန်ဆုံးရောက်နိုင်ပါစေ🙏🙏🙏

08/12/2020

အချစ်က ကျွန်တော်နဲ့မဆိုင်ခဲ့သလို

ကျွန်တော်နဲ့ သက်ဆိုင်ခဲ့သူကလည်း
အချစ်မဖြစ်ခဲ့ဘူးဗျာ... 😥...

20/05/2020

တစ်ခါတလေကျ... ...

ချုပ်မရ တည်းမရတဲ့ ခံစားချက်တွေနဲ့ ... ...

အရူးမီးဝိုင်းနေသလိုပဲ

ဒါတွေသူမသိဘူး ...😢....

22/04/2020

ကိုယ့်အရုပ်ကသာ အကျည်းတန်တာ

ပတ်၀န်းကျင်အလှတရားတွေကျ သိပ်မြတ်နိုးတတ်တယ်...

ဥပမာ ...
ပန်းပွင့်လေးတွေကို နမ်းခြူမိတာမျိုး😘😘
မင်းကို လှမ်းလို့ ချစ်မိတာမျိုး...😘....

20/04/2020

အစိုးမရတဲ့ ဥယျာဉ်မှူးပေမယ့်

ရင်မှ ဖူးတဲ့ပန်းမို့

လေရူးလေးတွေတောင်

မတိုးဝေ့စေချင်ဘူး ... ..

20/04/2020

လွမ်း ရ တဲ့ နာ ရီ တွေ က

မင်း မ ရှိ တဲ့ တိုင်း ပြည် လို ပဲ

ရင် ထဲ မှာ ဗ လောင် ဆူ လို့

အ စိုး ရ တယ် မ ရှိ ဘူး ... ..

17/04/2020

နှစ်ဟောင်းကနေ နှစ်သစ်ထိ
စွဲငြိရတဲ့.... မင်းအပြုံး
မင်းရယ်သံ
မင်းအာရုံ တွေကို....
ဘ၀ဟောင်းကနေ ဘ၀သစ်ကူးသည်ထိ...
ထုပ်ပိုးလို့သယ်သွားပါရစေ ... ..

Want your business to be the top-listed Shop in Pyawbwe?
Click here to claim your Sponsored Listing.

Website

Address


Pyawbwe