Htutt Veterinary Clinic
ထွဋ် တိရစ္ဆာန်ဆေးကုခန်း၊ Pet Food & Accessories ဆိုင်၊ ပြည်မြို့
13/04/2026
၁၃-၄-၂၀၂၆
…………………….
💦မြန်မာရိုးရာနှစ်သစ်ကူး သင်္ကြန် အကြိုနေ့မှာ
💦မြန်အောင်ကနေ ဆီးမသွားနိုင်လို့
💦အရေးပေါ်ခွဲစိတ်ကုသပြီး ကယ်ခွင့်ရလိုက်တဲ့
🐶 မြန်အောင်သား ကျောက်သူဌေးလေး တုန်တုန်
သင်္ကြန်ပိတ်ရက်အတွင်း အရေးပေါ်ပြေးလာလို့ရအောင် Htutt Pet Care Center ဖွင့်ပေးထားပါတယ်နော်
🏩Htutt Pet Care Center
📍ကျောက်တော်ကြီးဘုရားအနီး၊ဗိုလ်ချူပ်လမ်း၊ပြည်မြို့။
☎️ ၀၉-၇၈၄ ၇၄၇ ၇၅၂
11/01/2026
အမေရိကန်မှာ အရမ်းနာမည်ကြီးနေတဲ့ Walk for Peace က ငြိမ်းချမ်းရေးခွေးလေး “Aloka”
မင်မင် ဒီရက်ပိုင်း Tiktok မှာ ခဏခဏတွေ့နေရတဲ့ ထေရဝါဒဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ အမေရိကန်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် “Walk for Peace” ဆိုတဲ့ မိုင် ၂၃၀၀ ခရီးရှည် လမ်းလျှောက်ပွဲကြီးမှာ ဘုန်းတော်ကြီးတွေရဲ့ ဘေးကနေ ထပ်ကြပ်မကွာလိုက်နေတဲ့ ခွေးလေးကို ချစ်လွန်းလို့ သူ့အကြောင်း ဒီမှာမျှဝေပေးပါဦးမယ်..
Aloka ဆိုတော့ မြန်မာလို “အလောက”လို့အသံထွက်ရမယ်ထင်တယ်..
ဒီခွေးလေးရဲ့ ဇာတ်ကြောင်းက ရေစက်တစ်ခုလို့ပြောရင် ပိုတောင်မှန်ဦးမလားပဲ….
ဇာတ်လမ်းအစက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Huong Dao ကျောင်းတိုက်က ဆရာတော်တွေဟာ အိန္ဒိယနိုင်ငံမှာ ခြေလျင်ခရီး (Pilgrimage walk) လှည့်လည်နေခဲ့ကြပါတယ်။ အဲ့ဒီအချိန် Rajgir (ရာဇဂြိုဟ်) မြို့အနီးမှာ အမွေးတွေကျွတ်၊ ပိန်ပိန်ညောင်ညောင် လမ်းဘေးခွေးမလေးတစ်ကောင်က သံဃာတန်းနောက်ကို စပြီး လိုက်ပါလာပါတယ်။
အစပိုင်းမှာ သံဃာတော်တွေက သူ့ကို အစာကျွေးပြီး ပြန်မောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ဆရာတော်တို့ရဲ့ခရီးကကြမ်းတမ်းလွန်းတော့ ခွေးလေး ပင်ပန်းပြီး သေမှာစိုးလို့ပါ။ ဒါပေမဲ့ ဘယ်လိုပဲမောင်းထုတ်ထုတ် ခွေးလေးက လုံးဝမသွားပါဘူး။ မောင်းထုတ်လဲ ခဏပဲ၊ ပြီးရင် အမြီးလေးလှုပ်ပြီး ပြန်ပြန်ရောက်လာတယ်။ ကီလိုမီတာပေါင်းများစွာ နေပူကျဲကျဲထဲမှာ ဆရာတော်တွေနဲ့အတူ တန်းစီပြီး လျှောက်ပါတယ်။ နောက်ဆုံးမှာတော့ ဆရာတော်တွေက "ဒီခွေးလေးနဲ့ ငါတို့နဲ့တော့ ထူးခြားတဲ့ ရေစက်ပါလာပြီ" လို့ လက်ခံလိုက်ပြီး ခေါ်ထားလိုက်ကြပါတယ်။
အဲဒီလိုနဲ့ ဆရာတော်တွေက သူ့ကို "Aloka" လို့ နာမည်ပေးလိုက်ပါတယ်။ ပါဠိ/သက္ကတ ဘာသာအရ "အလင်းရောင်" (Light) လို့ အဓိပ္ပာယ်ရပါတယ်။ သူတို့ရဲ့ ခရီးကြမ်းကြီးမှာ ဒီခွေးလေးက ပျော်ရွှင်မှု အလင်းရောင်လေး ဖြစ်လာလို့ပါတဲ့…
အိန္ဒိယခရီးစဉ် ပြီးဆုံးတော့ ဆရာတော်တွေ အမေရိကန် (Texas) ကို ပြန်ကြရပါတော့မယ်။ Aloka ကို အိန္ဒိယမှာ ဒီအတိုင်း ထားခဲ့ရင် လမ်းဘေးခွေးဘဝနဲ့ သေဆုံးသွားမှာကို ဆရာတော်တွေ အတော်လေး စိုးရိမ်ခဲ့ပါတယ်။ သံယောဇဉ်ကလဲ ဖြစ်နေပြီကိုး။ ခက်တာက အိန္ဒိယလိုနိုင်ငံက ခွေးတစ်ကောင်ကို အမေရိကန်ကိုခေါ်လာဖို့ဆိုတာ အမေရိကန်ရဲ့ဥပဒေတွေအရ မဖြစ်နိုင်သလောက်ကိုခက်ခဲပါတယ်။ ဒါပေမဲ့ ဆရာတော်တွေက လုံးဝလက်မလျှော့ပါဘူး။ ငွေကြေးကုန်ကျစရိတ်တွေ၊ စာရွက်စာတမ်း အခက်အခဲတွေ၊ ဆေးစစ်တာတွေကို လနဲ့ချီ ကြိုးစားဆောင်ရွက်ပြီး နောက်ဆုံးမှာတော့ Aloka ကို လေယာဉ်နဲ့ အမေရိကန်နိုင်ငံ၊ Texas ပြည်နယ်ကို အရောက်ခေါ်သွားနိုင်ခဲ့ကြပါတယ်။
အခုလက်ရှိ အမေရိကန်မှာ လမ်းလျှောက်နေတဲ့ "Walk for Peace" ခရီးစဉ်မှာတော့ Aloka ဟာ အတော်လေးအတွေ့အကြုံရှိပြီးသား ငြိမ်းချမ်းရေးခရီးသည်ကြီး ဖြစ်နေပါပြီ။ သူဟာ အရမ်းတည်ငြိမ်ပြီး လူလဲအရမ်းယဉ်ပါတယ်တဲ့။ သံဃာတွေ တရားထိုင်ရင် ဘေးမှာ ငြိမ်ငြိမ်လေးဝင်ထိုင်နေတတ်ပါတယ်တဲ့။ အစားအသောက်ဆိုလဲ အများအားဖြင့် သံဃာတွေ စားသလိုပဲ သတ်သတ်လွတ် (Vegetarian) ဆန်ဆန် စားလေ့ရှိတယ်လို့ သိရပါတယ် (ဒါပေမဲ့ Dog Food လည်း စားပါတယ်)။
ခရီးစဉ်တစ်လျှောက်မှာ ဆရာတော်တွေရဲ့ ဘေးကနေ ထပ်ကြပ်မကွာလိုက်ပါသလို၊ တောလမ်းတွေရောက်ရင် ရှေ့ကနေ လမ်းပြသလို သွားလေ့ရှိပါတယ်။
လက်ရှိမှာတော့ Aloka ဟာ အမေရိကန်လူထုကြားမှာ အရမ်းနာမည်ကြီးနေပါပြီ။ လာလှူတဲ့သူတွေက ဆရာတော်တွေကို ဖူးမြော်ကြသလို Aloka အတွက်လည်း အစားအစာတွေ၊ အနွေးထည်တွေ လာပေးကြပါတယ်။
------------------------------------------------
Aloka လေးအကြောင်းပြောပြီးတော့ ဒီ Walk For Peace ဆိုတဲ့ခရီးစဉ်အကြောင်းကို ဆက်ပြောမယ်နော်…
ဒီခရီးစဉ်ကို Texas ပြည်နယ်၊ Fort Worth မြို့မှာရှိတဲ့ Huong Dao Vipassana Bhavana Center က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ဦးဆောင်တာပါ။ ခရီးစဉ်မှာ ဘုန်းတော်ကြီး (၁၉) ပါးခန့် ပါဝင်ပါတယ်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှာ Texas ပြည်နယ်မှာရှိတဲ့ Fort Worth မြို့ကနေ ခရီးစဉ်ကို အစပြုပါတယ်။ အဲဒီကနေ မိုင် ၂၃၀၀ ကျော်ဝေးတဲ့ ဝါရှင်တန်မြို့ (Washington, D.C) ကိုခြေလျင်လမ်းလျှောက်ကြမှာပါ။
ဒီခရီးရှည်ကြီးရဲ့ ရည်ရွယ်ချက်က ကမ္ဘာကြီး ငြိမ်းချမ်းရေး၊ မေတ္တာတရားနဲ့ ကရုဏာတရားတွေ ထွန်းကားလာစေဖို့ ရည်ရွယ်ပြီး နိုင်ငံရေး ဆန္ဒပြမှုမဟုတ်ဘဲ ဘာသာရေးအရ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆုတောင်းမေတ္တာပို့တဲ့ ခရီးစဉ်ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ သူတို့ဟာ South Carolina ပြည်နယ်ကို ဖြတ်သန်းပြီး North Carolina ဘက်ကို ဦးတည် လျှောက်လှမ်းနေကြပါတယ်။
လမ်းခရီးတစ်လျှောက်မှာ ဒေသခံလူဖြူ၊ လူမည်းတွေက လမ်းဘေးတလျှောက် စောင့်ကြိုပြီး ပန်းလေးတွေ ကမ်းတာ၊ ဖူးမြော်တာ၊ နှုတ်ဆက်တာ၊ အစားအသောက်နဲ့ အလှူငွေတွေ လှူဒါန်းကြတာတွေ အများအပြားတွေ့ရပါတယ်။ အချို့ဆို လမ်းဘေးမှာစောင့်ပြီး ဘုန်းတော်ကြီးတွေကို သူတို့ရဲ့ စိတ်ပင်ပန်းဆင်းရဲမှုတွေကို ပြောပြကြပြီး ငိုချပစ်ကြတာတွေလဲ အတော်လေးတွေ့ရတယ်။ ကိုယ်တွေကြည့်နေရင်းနဲ့ လိုက်ငိုချင်စိတ်ပါဖြစ်ရတယ်။
ညဘက်ကျရင် ဘုန်းတော်ကြီးတွေနဲ့ ဒေသခံတွေက မြန်မာပြည်ကတရားပွဲတွေလိုမျိုး ကွင်းပြင်ကြီးမှာ စုထိုင်ကြတယ်။ ဦးဆောင်ဘုန်းတော်ကြီးက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မိမိအတွင်းစိတ်ငြိမ်းချမ်းရေး (Inner Peace) က အဓိကကျကြောင်းနဲ့ မိမိစိတ်ငြိမ်းချမ်းဖို့ Mindfulness နဲ့ Meditation ကို တနေ့တာ ရသလောက်လေး လုပ်ရမှာဖြစ်ကြောင်းကို အတိုချုပ်ပြောပြရင်း ဘုန်းတော်ကြီးတွေနဲ့ ပွဲလာသူအားလုံးက ခဏတာတူတူ တရားမှတ်ကြတယ်၊ မေတ္တာပို့သကြတယ်။ နောက်နေ့ကျတော့ ဘုန်းတော်ကြီးတွေက ခရီးရှည်ကြီးကို ဆက်ပြီး ချီတက်သွားကြတယ်။ တချို့ဒေသခံတွေက ဘုန်းတော်ကြီးတွေနဲ့အတူ ခရီးတိုလေး လမ်းလိုက်လျှောက်ပြီး တကိုယ်ရေငြိမ်းချမ်းရေးကို ယူကြတယ်။
အမေရိကန်ပြည်သူတော်တော်များများက ကျေးဇူးတင်နေကြတာက ယခုအမေရိကန်မှာ ဝါဒစွဲ၊ ပါတီစွဲတွေကြောင့် အမုန်းတရားတွေများလာပြီး ပြည်တွင်းမှာလဲ အနီ-အပြာ စိတ်ဝမ်းကွဲနေကြချိန် ကမ္ဘာကြီးမှာလဲ စစ်ပွဲတွေပိုဖြစ်လာချိန်၊ စစ်ပွဲကြီးတွေ ထပ်ဖြစ်ဖို့ တာဆူနေကြချိန်မှာ ပိုင်ဆိုင်မှုတွေ၊ နှောင်ကြိုးတွေ ဘာမှမရှိပဲ အရမ်းပေါ့ပါးနေတဲ့ ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးတွေက အမေရိကန်နဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းရေးကို ပြန်သတိရကြဖို့အတွက် မိုင်နှစ်ထောင်ကျော်ခရီးရှည်ကြီးကို ပင်ပန်းဆင်းရဲဒုက္ခခံကာ ခြေလျင်ချီတက်ပြီး သတိပေးနေကြတာကိုပါပဲ။ တချို့ဆို ဘုန်းတော်ကြီးတွေ ချီတက်လာတာကိုမြင်တော့ ငိုကြ၊ မျက်ရည်ကျကြ၊ တချို့ဆို ဦးကုန်းချကြတာတွေလဲတွေ့ရတယ်။
ဒီခရီးစဉ်က နိုင်ငံရေးအရောင်တွေမပါသလို၊ ဘာသာရေးအရ ဆွယ်ဖို့လဲ လုံးဝမဟုတ်ပါဘူးတဲ့.. ငြိမ်ချမ်းရေးအတွက် သီးသန့်ပါပဲတဲ့….
Tiktok နဲ့ YouTube မှာ Walk for Peace လို့ရိုက်ရှာပြီး သူတို့ Video လေးတွေကို ကြည့်ကြည့်ပါ။ Spiritual Connection တခုရှိနေသလို ခံစားရပါလိမ့်မယ်။ ပုံလေးတွေကြည့်ကြည့်ပါဦး .. စိတ်ချမ်းသာစရာလေးတွေ…
Comment မှာလဲ Facebook က Walk For Peace ရဲ့ Official Website လေးကို ချပေးထားပါတယ်။
(တဆင့်ကူးယူဖော်ပြခြင်း မပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်)
#
19/12/2025
☀️ ဆေးပေးအကူ - မ (၂) ဦး ☀️
💥 နေရာ - ဆေးခန်း (၁)၊ ပန်းဘဲတန်းလမ်း၊ ရွှေကူရပ်ကွက်၊ ပြည်မြို့ (ယဉ်ကျေးမှုရုံအနီး)
💥 ပညာအရည်အချင်း - ၁၀ တန်းအောင်
❄️ အလုပ်ချိန် : မနက် (၈) - ညနေ (၇)
❄️ ပိတ်ရက် : တပတ် (၁) ရက်
❄️ လစာ : အခြေခံလစာ > ၂၅၀,၀၀၀ + Bonus + ရက်မှန်ကြေး + ရှားပါးစရိတ် (up to ၃၂၀,၀၀၀)
(အစမ်းခန့်ကာလ ၂ လတွင် အခြေခံလစာသာရပါမည်၊ အစမ်းခန့်ကျော်လွန်လျှင် လစဉ် Bonus, ရက်မှန်ကြေး၊ ရှားပါးစရိတ်များ ရပါမည်)
————————————————————-
💥ကွန်ပျူတာ အသုံးပြုတတ်သူများ လျှောက်ထားလျှင် (လစာညှိနှိုင်းပါမယ်)
💥 အမှန်တကယ် အလုပ်လုပ်ချင်စိတ်ရှိပြီး မိမိတို့နှင့် အနည်းဆုံး(၈) လ- (၁) နှစ်နီးပါး လက်တွဲလုပ်နိုင်မှသာလျှင် လျှောက်ထားစေချင်ပါသည်။
လျှောက်ထားရာတွင် -
🌀ထွဋ် ဆေးခန်း (၁)၊ ပန်းဘဲတန်းလမ်း(ယဉ်ကျေးမှုရုံ အနီး)သို့ အလုပ်လျှောက်လွှာ (ဓာတ်ပုံပါရန်) ကိုယ်တိုင်ပေးပို့ကာ လျှောက်ထားနိုင်ပါသည်။
(သို့မဟုတ်)
🌀Viber No. - 09750833177 သို့လဲ အလုပ်လျှောက်လွှာ (ပုံအပါ) ကို သေချာရိုက်ပို့ကာ လျှောက်ထားနိုင်ပါသည်။
လူတွေ့အင်တာဗျူးသဘောမျိုး ရှိပါမည်။ ဆေးခန်း (၁) သို့လာဖြေနိုင်သူများသာ လျှောက်ပါရန်
08/10/2025
📌 ဆေးခန်းအကူ - မ ( ၂ ) ဦး 📌
💥 နေရာ - ဆေးခန်း (၁) ၊ ပန်းဘဲတန်းလမ်း၊ ရွှေကူ
ရပ်ကွက်၊ ပြည်မြို့ (ယဉ်ကျေးမှုရုံအနီး)
💥 နေရာ - ဆေးခန်း ( ၂ ) ၊ မြို့သစ် အဝင်လမ်းမပေါ်
( ကားဂိတ်ကြီးဝန်းအနီး ) ပြည်မြို့
💥 ပညာအရည်အချင်း - အလယ်တန်းအောင်
🍁 တာဝန် - ကောင်တာတွင် စာရင်းမှတ်ပေးရခြင်း၊ ဆေးခန်းလည်ပတ်ရန် လိုအပ်သည်များ ကူညီပေးရခြင်း၊ လိုအပ်လျှင်ဆေးကုသရာတွင် ခွေး၊ ကြောင်များကို ကိုင်ပေးရခြင်း
❄️ အလုပ်ချိန် : မနက် (၈) - ညနေ (၇)
❄️ ပိတ်ရက် : တပတ် (၁) ရက်
❄️ လစာ : အခြေခံလစာ > ၂၂၀,၀၀၀
(အစမ်းခန့်ကာလ ၂ လတွင် အခြေခံလစာသာရပါမည်၊ အစမ်းခန့်ကျော်လွန်လျှင် လစဉ် Bonus, ရက်မှန်ကြေး ၂၀၀၀၀ နှင့် အခြားခံစားခွင့်များရပါမည် - all up to ၂၈၀,၀၀၀)
————————————————————-
💥ကွန်ပျူတာ အသုံးပြုတတ်သူများ လျှောက်ထားလျှင် (လစာညှိနှိုင်းပါမယ်)
💥 အမှန်တကယ် အလုပ်လုပ်ချင်စိတ်ရှိပြီး မိမိတို့နှင့် အနည်းဆုံး(၈) လ- (၁) နှစ်နီးပါး လက်တွဲလုပ်နိုင်မှသာလျှင် လျှောက်ထားစေချင်ပါသည်
လျှောက်ထားရာတွင် -
🌀 ထွဋ် ဆေးခန်း (၁)၊ ပန်းဘဲတန်းလမ်း(ယဉ်ကျေးမှုရုံ အနီး)သို့ အလုပ်လျှောက်လွှာ (ဓာတ်ပုံပါရန်) ကိုယ်တိုင်ပေးပို့ကာ လျှောက်ထားနိုင်ပါသည်။
(သို့မဟုတ်)
🌀 Viber No. - 09750 833 177 သို့လဲ အလုပ်လျှောက်လွှာ (ပုံအပါ) ကို သေချာရိုက်ပို့ကာ လျှောက်ထားနိုင်ပါသည်။
ဆေးခန်း (၁) တွင် လူတွေ့အင်တာဗျူးသဘောမျိုး ရှိပါမည်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 334, Pan Pae Tan Street, Shweku Quarter
Pyay
Opening Hours
| Monday | 08:30 - 18:00 |
| Tuesday | 08:30 - 18:00 |
| Wednesday | 20:30 - 18:00 |
| Thursday | 08:30 - 18:00 |
| Friday | 08:30 - 18:00 |
| Saturday | 08:30 - 18:00 |
| Sunday | 08:30 - 18:00 |