Future Access- LCCI, Computer & Language Training Centre

Future Access- LCCI, Computer & Language Training Centre

Share

စာရင်းပညာ LCCI, ACCA
ကွန်ပျူတာသင်တန်းစုံ
တရုတ်စကား​ပြော
အင်္ဂလိပ်စကားပြော

27/02/2026

💻 C Programming Class

🔥 C Programming Foundation Course
Programming ကို တကယ်ကျွမ်းကျင်ချင်သူများအတွက်
အခြေခံအုတ်မြစ်ခိုင်မာစေမည့် သင်တန်း။

သင်ကြားမည့်အကြောင်းအရာများ —
✔️ Variables & Data Types
✔️ Conditional Statements (if, switch)
✔️ Loops (for, while)
✔️ Functions
✔️ Array & Basic Problem Solving

C ကို နားလည်ခြင်းဖြင့်
အခြား Programming Language များကို ဆက်လက်သင်ယူရာတွင် လွယ်ကူစေပါသည်။

💰သင်တန်း​ကြေး ၁၃၀၀၀၀ကျပ်
⏳ သင်တန်းကာလ – ၂ လ
🎯 Teenagers & Beginners အတွက် သင့်တော်
📌 Practical Based Learning
📩 အသေးစိတ်သိရှိရန် Page Chat မှ ဆက်သွယ်ပါ။

🏣အမှတ်၁၀၃ ၊ ​ရွှေတ​ချောင်းလမ်းကပ်ရပ် မီးရထားလမ်း
ရွာဘဲရပ်ကွက် ပြည်မြို့ (hyper ktvမျက်နှာချင်းဆိုင် ပန်း​ရောင်တိုက်ရဲ့ ပထမထပ်သို့)
09259269847 / 09771963619

13/02/2026

2027 မှာ ACCA က ဘယ်လိုပြောင်းလဲသွားမှာလဲ။

အဓိကအနေနဲ့တော့ Acca subject တွေက 13 ဘာသာရှိနေရာကနေ 11 ဘာသာဘဲကျန်ပါတော့မယ်။ Part 1 (3 sub), Part 2 (5 sub), Part 3 (3 sub) ပါ။

Part 1 > BT, MA, FA >> FA (K1),MA (K2),LW (K3) ဖြစ်သွားမှာပါ။ BT က စာမေးပွဲအနေနဲ့မဟုတ်တော့ဘဲ ethics module အနေနဲ့ ဖြေရတော့မှာပါ။ အခု part 1 diploma ရထားပြီးသားသူတွေက LW မဖြေရသေးရင် 2027 မှာ Part 1က LW ကို ပြန်ဖြေရပါလိမ့်မယ်။ Part 2မှာ ကျန်တဲ့ 5ဘာသာဘဲ ဖြေရတော့မှာပါ။ Part 1 တက်လက်စသူတွေက MA, FA တက်ပြီးရင် LW ကိုကြိုဖြေထားလို့ရပါတယ်။ ဖြေရင်း 2027 ရောက်သွားလည်း BT ကို ethic module အနေနဲ့ဘဲ ဖြေရတော့မှာပါ။

Part 2 ဘာသာရပ်တွေကတော့
LW,PM,TX,FR,AA,FM >> TX (E1), FR(E2),AA (E3) ,FM (E4), PM (E5) ဆိုပြီးပြောင်းသွားပါလိမ့်မယ်။ ခုနကပြောခဲ့သလိုဘဲPart 2 ရောက်နေပြီး LW မဖြေရသေးရင် Part 1က LW ဘာသာကိုပြန်ဖြေရတော့မှာပါ။ ဒီနေရာမှာ recommend ပေးချင်တာကတော့ UOL က ဘွဲ့ယူဖို့ အစီအစဥ်မရှိရင်တခါတည်း PM ကိုဖြေထားတာပိုကောင်းပါမယ်။ 2027 မှာ data analysis တွေပါ သင်ရိုးထဲထည့်လာတော့မှာမို့ ပုံမှန်ခက်ပါတယ်ဆိုတဲ့ဘာသာက ပိုခက်လာနိုင်ချေရှိပါတယ်။ EPSM မှာလည်း changes တော့ရှိနိုင်ပါတယ်။ AI, data science နှင့်ပတ်သတ်တာတွေထည့်လာနိုင်ပါတယ်။

Part 3 မှာ SBL, SBR ကတော့ အရင်အတိုင်း မဖြစ်မနေဖြေရမယ့်ဘာသာရပ်တွေဘဲဆက်ဖြစ်နေမှာဖြစ်ပြီး Option ဘာသာတွေက အရင်ကလို ၂ဘာသာဖြေစရာမလိုဘဲ ၁ဘာသာတည်းဖြေရုံနှင့် ACCA ပြီးပါပြီ။ Option ဘာသာရပ်တွေထဲမှာ Data analysis နှင့်ပတ်သတ်တဲ့ ၁ဘာသာ ထပ်တိုးလာတာမို့ ရွေးချယ်စရာတော့ပိုများသွားမှာပါ။ But ကိုယ့်အမြင်အရတော့ ရွေးကြမယ့် ဘာသာရပ်ထဲပါမယ်မထင်ဘူး။

ဘွဲ့ယူဖို့က UOL နှင့်ပြောင်းချိတ်လိုက်တာမို့ FM,PM ကို UOL က လုပ်တဲ့ exam ဖြေမှ ဘွဲ့ရပါမယ်။ 2027 မတိုင်ခင်ကြိုဖြေထားရင်လည်း UOL က exam ကိုပြန်ဖြေရမှာပါဘဲ။ အဲ့ဒီတော့ ဘွဲ့ယူမယ့်သူတွေဆိုရင်တော့ UOL က exam ကိုဖြေပြီး ACCA မှာ exemption ယူလိုက်တာက လူရော,ငွေရော,အချိန်ပါ သက်သာပါလိမ့်မယ်။ ဘွဲ့ယူချင်တယ်ဆိုရင် FR,TX,AA ဘာသာရပ်တွေကို exemption ယူထားတဲ့သူမဖြစ်ရပါဘူး။ pass ဖြစ်မှ ရပါလိမ့်မယ်။

Foundation level မှာ2 sub ကနေ 3 sub ဖြစ်သွားပါတယ်။ data science နှင့်သက်ဆိုင်တာတခုတိုးလာတာပါ။ ဒါပေမယ့် entry မှာ ၁၀ တန်းအောင်ပြီးပေမယ့် LCCI level 2 or 3 ပြီးမထားတဲ့သူတွေက မဖြစ်မနေ foundation ကိုတက်ရမှာပါ။ ဘွဲ့ရတဲ့သူတွေကတော့ ဘွဲ့ပေါ်မူတည်ပြီး ကွာပါလိမ့်မယ်။

ဘယ်အချိန်ကစပြောင်းမလဲဆိုတော့ 2027 Jul ကစပြီး part 1 မှာ အပြောင်းအလဲဖြစ်မှာပါ။ Part 2&3 ကတော့ 2027 Sep မှာ စပြောင်းပါလိမ့်မယ်။

ကိုယ်ဖြေထားတဲ့ ဘာသာရပ်ပေါ်မူတည်ပြီး 2027 မှာ ဘယ်ဘာသာတွေဆက်ဖြေဖို့လိုသလဲ ဆိုတာသိချင်ရင် အောက်က link မှာ ၀င်စစ်လို့ရပါတယ်နော်။

https://www.accaglobal.com/future-acca-qualification-transition-tool.html

Credit to original writer

09/02/2026

General English
Basic level
Feb12ရက်​နေ့စပါမယ်
Thur, Sat& Sun 8:30-10am

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Telephone

Website

Address


No 4&5, Kyaut Taw Gyi Pagoda Shop, Bogyoke Road, Ywar Bae Quarter
Pyay