Strive To Be A Polymath
စာအုပ်ကောင်းတွေဖတ်လို့နိမ့်ကျသွား?
27/07/2022
https://www.facebook.com/105830005426356/posts/106530398689650/?d=n
"ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်"အပိုင်း(၁)
စာရေးဆရာသည် အရာကိစ္စ တစ်ခုကို ကောက်ချက် ချလျှင် ယေဘုယျကို ကြည့်ပြီး ကောက်ချက်ချခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဓါးတောင်တွင်ပါဝင်သော လူတန်းစား အသီးသီးတွင် ရှိသော သက်ဆိုင်ရာ
စိတ်နေစိတ်ထားများသည်လူပုဂ္ဂိုလ်အားလုံး၌ ရှိသည်ဟု မဆိုလိုပါ။
ဓါးတောင်တွင်း အဓိက ဇာတ်ဆောင် လေးဦးသာ
ပါဝင်ပါသည်။ ဇာတ်ဆောင်လေးဦးတို့အနက် တစ်ဦးမှာ အလုပ်သမား သံချောင်း၊ နောက်တစ်ဦးမှာ အိမ်ပြေး
ရဲမြင့်၊ နောက်တစ်ဦးမှာ ကဗျာဆရာ ယောင်ယောင် ဘာယောင်ယောင်ဖြင့် အလုပ်လက်မဲ့ ဖြစ်နေသော ကိုနန္ဒာ နှင့် မှောင်ခို စက်လှေ ပိုင်ရှင် ဦးဘရန်တို့ ဖြစ်ပါသည်။
မည်မျှကြာအောင် သတိမေ့မျောနေသည် မသိ။ သူ့ တစ်ကိုယ်လုံးက နာကျဉ်လျက်ရှိသည်။ ရင်ထဲတွင် တစ်လှပ်လှပ် ခံစားရသည်။ ခေါင်းက တစ်ရိပ်ရိပ်
မူးသည်။ ခြေလက်တို့ကို မသယ်ချင်တော့။ သယ်လဲ မသယ်နိုင်တော့။ ရင်ညွှန့်ထဲ မှာ မီးစကြီးထိုးထားသလို ပူနေသည်။ ပါးစပ်မှာ စေးထန်းနေသည်။ သူသည် တံထွေးကို မျိုချ၏။ မျိုချ၍ မရ။ သူ့ ပါးစပ်ထဲတွင် တံတွေးပင်မရှိတော့။ ခန်းခြောက်နေလေပြီ။
သူ၏ တစ်ကိုယ်လုံးသည် လှုပ်ရှားဖို့ အားအင်များ ကုန်ခန်းပြီး အရုပ်ကြိုးပြတ် သလိုသာ မြေပြင်ပေါ်သို့ ပြန်၍သာ ပြုတ်ကျသွားသည်။ တစ်ကိုယ်လုံးလဲ နာကျဉ် ကိုက်ခဲနေသည်။ ခါးတွေ ကျောတွေ အောင့်နေသည်။ တစ်ကိုယ်လုံး စပ်ဖျင်းဖျင်း ဖြစ်နေသည်။ ပွန်းပဲ့
ထားသည့် ဒဏ်ရာတွေ တစ်ကိုယ်လုံး ပြည့်နေသည်။
သူသည် အင့်ခနဲ ညည်းကာ မျက်စိ ဖွင့်ကြည့်သည်။ လင်းထိန်သော အလင်းရောင်သည် စူးခနဲ ဝင်လာသည်။ သူ့မျက်ခွံကြောများက တင်းနေ၍ မျက်လုံးကို ကြာကြာ ဖွင့်ကြည့်၍ မရ။ စူးရှလွန်းသော အလင်းရောင်ကြောင့် သူ့ မျက်လုံးများသည် အလိုလို ပြန်မှိတ်သွား ကြသည်။
သူ့ ခန္ဓာကိုယ်ထဲတွင် ခွန်အားဟူ၍ တစ်စက်မျှ မရှိတော့ဟု သူ ထင်သည်။
မည်သည့်နေရာသို့ သူရောက်နေသနည်း။ သူ၏ ဦးနှောက်ကို ပုံမှန် အလုပ်လုပ်ခိုင်း၏။ သို့ရာတွင် သူ၏ ဦးနှောက်သည် ပုံမှန် အလုပ်မလုပ်တော့။ ယခု သူတွင်မူကား အတိတ်ကို တွေးတောနိုင်စွမ်းမရှိ။ မျက်မှောက်ကို တွေးတောနိုင် စွမ်းလည်း မရှိ။ နေရာဌာနကို သိနိုင်စွမ်းလည်း မရှိ။
ဒီနေရာ၌ ဘယ်လောက်ကြာအောင် သူမေ့မြောနေခဲ့ပြီနည်း။ ကမ္ဘာကြီး၏ မည်သည့် အစိတ်အပိုင်းတွင်
သူရောက်နေခဲ့ သနည်း။ ယခုသည် မည်သည့် နှစ်နည်း။ မည်သည့် လနည်း။ မည်သည့် ရက်နည်း။ မည်သည့် နာရီ၊ မည်သည့် မိနစ်၊ မည်သည့် စက္ကန့် နည်း။ သူ မသိ။
သူသည် ချမ်းစ ပြုလာသည်။ ချမ်းသဖြင့် ကိုယ်ကို တစောင်းလှဲ ၍ကွေးမည်ပြုသည်။ သို့ရာတွင်
သူ့ခန္ဓာကိုယ်သည် စောင်း၍ လည်းမရ။ တစ်ကိုယ်လုံး ဒဏ်ရာတွေကြောင့် တောင့်တင်းနေသည်။
သူ့ဒူးကလည်း ကွေး၍ မရ။ သွေးတို့ဖြင့် စေးကပ် တင်းရင်းနေသည်။
ခန္ဓာကိုယ်စောင်းမည် ပြုစဉ် သူတစ်ခုကို သတိထားမိလိုက်သည်။ ထိုအရာသည် သူ့ကျောပြင်အောက်က အခင်းဖြစ်သည်။ မွေ့ရာလည်းမဟုတ်၊ မြေကြီးလဲ
မဟုတ်၊ အဖုအထစ် အချွန် အတက်တွေ ဖြင့်
ပြည့်နှက်လျက် ရှိသည့် ကျောက်ဆောင်
ကျောက်ချွန်များပင် ဖြစ်ပါ၏။
ထို အခါကျမှ သူ မျက်လုံး ဖွင့်ကြည့်သည်။
သူ့ခေါင်းပေါ်တွင် အမိုး မရှိ၊သူ့ဘေးတွင် အကာ မရှိ။ ကြယ်ပွင့်တို့ ပြိုးကြက်နေသော ကောင်းကင်
ဟင်းလင်းပြင်ကြီးကို သူမြင်ရသည်။ အတားအဆီး မရှိ တဟူးဟူး တိုက်ခတ်နေသော လေ၏ အတွေ့ကို သူခံစားရသည်။
သူလဲကျရာ ကျောက်ဆောင်စွန်းနှင့်
ပင်လယ်စပ်သည် တော်တော်ဝေးသေးသည်။ ရေစစ်ချိန် ဖြစ်၍ ပင်လယ်သည် ကမ်းနှင့်အတော် ဝေးနေပြီ။
သူမည်သည့်နေရာသို့ ရောက်နေသနည်း။ ဘာဖြစ်ခဲ့သနည်း။ သူတစ်ယောက်တည်းလော။ ကိုနန္ဒာ တံထွေးကို တစ်ချက် မျိုချလိုက်၏။ ရေငတ်လှပြီ။ ရင်ထဲက ပူလှပြီ။
ဆက်ရန်>>>
နုနယ်ရုပ်ဆင်း ၊ ပျိုမြစ်ခြင်းကား အိုခြင်းနောက်ဆုံး ရှိချေ၏။
ခင်မင်ယုယ ၊ ချစ်လွန်းကလည်း သောကနောက်ဆုံးရှိချေ၏။
ချစ်ခင်ပေါင်းသင်း ၊ ဆက်ဆံခြင်းကား ကွေ့ကွင်းနောက်ဆုံး ရှိချေ၏။
ဝိဉာဉ်ထိန်လင်း ၊ အသက်ရှင်ခြင်းကား သေခြင်းနောက်ဆုံးရှိချေ၏။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Private Library �
Pyay