Pyay District News

Pyay District News

Share

ပြည်ခရိုင်အတွင်းမှ သတင်းများကို ဖော်ပြပါသည်

18/06/2024

ပေါက်ခေါင်းမှာ စစ်ကောင်စီကို သတင်းပေးလမ်းပြလုပ်ပေးနေသည့် ဗိုလ်ဝင်းဆိုသူ ပစ်ခတ်ရှင်းလင်းခံရ

ဇွန် ၁၈ ၂၀၂၄ တိုင်းဟံသာ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်ကောင်စီကို သတင်းပေး လမ်းပြလုပ်ပေးနေသည့် ဗိုလ်ဝင်းဆိုသူ ပစ်ခတ်ရှင်းလင်းခံရကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ရွာတွင် နေထိုင်သည့် စစ်ကောင်စီ သတင်းပေး ဗိုလ်ဝင်းဆိုသူအား ဇွန်လ ၁၅ရက်နေ့ မွန်းလွဲ၂နာရီခန့် အချိန်တွင် ပြည်ခရိုင် တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၄)၊ တပ်ခွဲ(၅)၊ ရွှေတောင်(ပကဖ)နှင့် ပေါက်ခေါင်း(ပကဖ)တို့မှ ၄င်း၏နေအိမ်သို့သွားရောက်၍ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းရာ ဝမ်းဗိုက်ကျည်ထိမှန်ပြီး နေရာမှာပင် ပွဲခြင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ဗိုလ်ဝင်း ဟာ တောင်လည်ရွာက မီးသတ်တပ်ဖွဲ့ဝင်ဖြစ်ပြီး တောင်လည်ရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာများမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများအား ဖမ်းဆီးရန် စစ်ကောင်စီထံ သတင်းပေးပိုခြင်း၊ကျေးရွာအတွင်း နေထိုင်၍ မရအောင် သတင်းပေးပို့ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို စောင်ကြည့်သတင်းပေးခြင်း၊ စစ်ကောင်စီတပ်အား လမ်းပြအဖြစ် လုပ်ဆောင်နေသူဖြစ်တဲ့အတွက် ယခုလို ပစ်ခတ်ရှင်းလင်းခဲ့ရတာလို့ ဆိုပါသည်။

ဆက်လက်၍လည်း ပြည်သူများအား စစ်ကောင်စီထံ သတင်းပေး​ ဖမ်းဆီးခိုင်းခြင်း၊ စစ်ကောင်စီတပ်အား လမ်းပြခြင်းနှင့် ထောက်ပံ့ခြင်းများ မပြုလုပ်ရန် အကြိမ်ကြိမ် သတိပေးထားပြီးဖြစ်၍ နောက်မဆုတ်ဘဲ ဆက်လက်လုပ်ဆောင်နေသူများကို ပြည်ခရိုင် တပ်ရင်း ၃၆၀၁ အနေနဲ့ ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားပါသည်။

တိုင်းဟံသာမှ တင်ဆက်နေသည့် သတင်းများကို https://t.me/timehanthar တယ်လီဂရမ်ချန်နယ်မှာလည်း ဖက်ရူနိုင်ပါသည်။


#တိုင်းဟံသာ

24/11/2023

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ပြည်မြို့နယ်
ပြည်မြို့နယ်ပြည်သူလူထုများသို့အသိပေးနိုးဆော်ချက်
၂၀-၁၁-၂၀၂၃ရက်နေ့

ဖက်ထရယ်ဒီမိုကရေစီစနစ်ကိုလိုလားကြသည့်
ပြည်မြို့နယ်မှပြည်သူအပေါင်းတို့ခဗျား
ပဲခူးတိုင်း၊ပြည်ခရိုင်၊ပြည်မြို့ရွှေဆံတော်ဗုဒ္ဓပူဇနိယပွဲတော်နှင့်ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းလှည်လည်ပူဇော်ပွဲကို တန်ဆောင်မုန်းလဆန်း(၈)ရက်မှတန်ဆောင်မုန်းလပြည့်ကျော်(၁)နေ့အထိကျင်းပမည်ဟုသိရှိရပါသည်။

ယခုအချိန်သည် မြန်မာနိုင်ငံအနှံအပြားတွင်
အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကိုအရှိန်အဟုန်ပြင်းစွာ အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းနေချိန်ဖြစ်ပါသည်။
အချို့ဒေသတို့တွင် အကြမ်းဖက်စစ်တပ်၏အုပ်ချုပ်ရေးယန္တရားများလည်ပတ်နိုင်ခြင်းမရှိတော့ဘဲလုံးဝရပ်တန်သွားသည့်မြို့နယ်များရှ်ိသလိုလည်ပတ်နိုင်သည့်မြို့နယ်များလည်းရှိနေပါသည်။

သို့ဖြစ်ပါ၍ စကစသည် ၎င်းတို့၏ယန္တရားလည်ပတ်မှု့ရှိနေသေးသောမြို့နယ်များတွင်ပြည်သူများတည်ငြိမ်အေးချမ်းစွာသွားလာလှုပ်ရှားနေထိုင်ခြင်းနှင့် ၎င်းတို့၏အုပ်ချုပ်ရေးယန္တရားကောင်းမွန်စွာလည်ပတ်နိုင်သည်ဟုအရောင်ဆောင် ပြသလ်ို၍ ဘုရားပွဲများ၊ပျော်ပွဲရွှင်ပွဲများကိုအတင်းအကျပ်စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ထိုကြောင့်
-ပြည်သူလူထုကိုအမျိုးမျိုးဒုက္ခပေးနေသောအကြမ်းဖက်စစ်တပ်၏လုပ်ရပ်များကိုသပိတ်မှောက်သည့်အနေဖြင့်လည်းကောင်း
-ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက်အသက်ပေးတိုက်ပွဲဝင်နေကြသောတော်လှန်ရေးရဲဘော်အပေါင်းတိုအားဂုဏ်ပြုငဲ့ညာသောအားဖြင့်လည်းကောင်း
-အင်အားချိနဲ့နေပြီဖြစ်သောအကြမ်းဖက်စစ်တပ်အတွက်လိုအပ်သောတပ်သားသစ်များကိုပွဲတော်လာလူငယ်လူရွယ်များအားအလွယ်တကူဆွဲခေါ်နိုင်သည့်အန္တရာယ်မှကြိုတင်ကာကွယ်ရှောင်ရှားသည့်အနေဖြင့်လည်းကောင်း
စစ်ကောင်စီမှဦးဆောင်ကျင်းပမည်ပြည်မြို့ရွှေဆံတော်ဗုဒ္ဓပူဇနိယပွဲတော်နှင့်ဗုဒ္ဓမြတ်စွယ်တော်ပွဲသို့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကိုလိုလားသောပြည်သူများအနေဖြင့်သွားရောက်ပါဝင်ဆင်နွဲခြင်းမပြုကြပါရန်အသိပေးနှိုးဆော်အပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ပြည်မြို့

24/11/2023

ပြည်တန်ဆောင်တိုင်ပွဲတော်ကျင်းပတာပေါ်တာဆွဲဖို့လား?

ပြည်တန်ဆောင်တိုင်ပွဲတော်ကိုစည်ကားသိုက်မြိုက်စွာကျင်းပနေသလိုတစ်ဖက်မှာလဲစစ်တပ်အင်အားယိုင်နဲ့လာတာအားလုံးအသိ။
ဒီတော့စစ်တပ်ရဲ့ထုံးစံအတိုင်းရှေ့တန်းပို့ဖို့လူလိုလာရင်ပေါ်တာဆွဲတော့တာပါပဲ။ပုံမှန်အားဖြင့်ညဉ့်နက်ပိုင်းလမ်းထွက်တဲ့သူကိုဆွဲလေ့ရှိသော်လဲ
ယခုအချိန်မှာတော့တန်ဆောင်တိုင်ပွဲတော်လည်ပတ်သူတွေထဲကမထင်သလိုဆွဲဆွဲသွားကြတာကိုတော်တော်များများကြုံနေကြပါတယ်။
ပွဲတော်လည်နေကြတဲ့ပွဲပျော်(ခေါ်)ရောပျော်အများစုဘာမသိညာမသိရှေ့တန်းတွေအပို့ခံရတော့တာပဲ။များသောအားဖြင့်တော့ဆွဲဖမ်းတယ်၊ဖုန်းတွေစစ်တယ်၊
အိမ်ကလူကိုဘယ်လောက်ပေးပါဆိုပြီးလာရွေးခိုင်းတယ်။ရွေးနိုင်တဲ့သူလွတ်၊မရွေးနိုင်တဲ့သူကတော့ထောင်နန်းပဲစံမလား၊ရှေ့တန်းမှာဗုံးထမ်းမလားတစ်ခုခုတော့တစ်ခုခုပါပဲ။
ဒါတွေကလုပ်ကြံဇာတ်ကြီးပါလို့ထင်နေရင်တော့မိတ်ဆွေတို့သဘောပါပဲ။မြို့တိုင်း၊နယ်တိုင်းမှာဒါတွေကြုံနေကြတယ်။ပြည်အနေနဲ့ကြပွဲတော်ရှိနေတော့အလွယ်လေးပေါ့ဗျာ။
အဲ့လိုကြောင့်စဉ်းစားစရာတစ်ခုရလာတာကနိုင်ငံရေးအခြေအနေမကောင်းလို့ဟိုပိတ်ဒီပိတ်လုပ်နေတဲ့ကြားကတန်ဆောင်တိုင်ပွဲတော်လုပ်ပေးတာကပေါ်တာဆွဲဖို့များရည်ရွယ်လေသလား။
ပွဲတော်ကြားမှာပွဲပျော်(ခေါ်)ရောပျော်အပေါင်းတို့အနေနဲ့သွားတာကဘုရားပွဲရောက်သွားတော့ရှေ့တန်းမှာဗုံးထမ်းဆိုတာမျိုးဖြစ်နေနိုင်ကြောင်း PUGN ကအခုဆောင်းပါးလေးရေးလိုက်ရပါတယ်

ဓာတ်ပုံ - ပြည်တန်ဆောင်တိုင်ပွဲတော်ပုံရိပ်။

24/11/2023

ပေါင်းတည်မြို့ပေါ် နဲ့ကျေးရွာစာသင်ကျောင်းတွေမှာ ကျောင်းသားမိဘတွေက နို၀င်ဘာ၁၉ရက်နေ့ တနင်္လာနေ့ကစပြီး ကလေးတွေကို ကျောင်း ကိုမပို့တော့ဘူးလို့သိရပါတယ်။
မှတ်တိုင် ဆေးရုံမှာလည်း Non Cdmကျန်းမာရေး၀န်ထမ်းတွေနဲ့ လူနာတွေလည်း ဆေးရုံမှာတယောက်မှ မရှိကြဘူးလို့ သိရပါတယ်။

#ပေါင်းတည်

24/11/2023
Want your business to be the top-listed Media Company in Pyay?
Click here to claim your Sponsored Listing.

Website

Address


Pyay