Coach Naw Lay - Knowledge Business Expert

Coach Naw Lay - Knowledge Business Expert

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Coach Naw Lay - Knowledge Business Expert, Personal coach, စစ်ကဲလမ်းနှင့် ပန်းတိမ်တန်းလမ်းထောင့်, Pyay.

30/04/2024

“ဝေဖန်ရေး”
=========
လူတစ်ယောက်ဟာ ပန်းချီဆွဲပြီး သူ့ရဲ့ ပန်းချီကားကို
လူတွေ ဘယ်လို ပြောကြမလဲဆိုတာ
အရမ်းသိချင်မိတယ်။

အဲ့ဒါနဲ့ ဈေးထိပ် တစ်‌နေရာမှာ
ပန်းချီကားချပ်ကို ချိတ်ထားပြီး
အပေါ်မှာ စာတစ်ကြောင်း ရေးထားလိုက်တယ်။

ရေးတဲ့ စာကတော့ ..…
"အဆင်မပြေတာတွေ့ရင်_ဝေဖန်နိုင်ပါတယ်".….ပေါ့။

ဈေးသွားဈေးလာ လူတွေအားလုံးက
ပန်းချီကားကို ကြည့်ပြီး တစ်ယောက်တစ်မျိုး
ဝေဖန်ကြတယ်။

သူကြားသမျှကတော့ အားလုံး အပြစ်တင်တာချည်းပဲ
တစ်ခုမှ အဆင်မပြေဘူး.….တဲ့။

ပန်းချီဆရာလည်း စိတ်ပျက်လက်ပျက်နဲ့
ပန်းချီကားကို ယူပြီး အိမ်ပြန်လာခဲ့တယ်။

အိမ်ရောက်တော့ သူ့အဖေကို တွေ့တယ်ဆိုရင်ပဲ
ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်။

စိတ်ဓာတ်လည်း အတော် ကျနေရှာတယ်။

အဖေဖြစ်သူက အကြံပေးတယ်။
"ငါ့သား…..အပေါ်က စာကြောင်းလေး
ပြောင်းရေးကြည့်ပါ."…..တဲ့။

ဘယ်လို ရေးခိုင်းလဲဆိုတော့.….။
အဆင်မပြေတာရှိရင်_ပြင်ဆင်ဖြည့်စွက်_ရေးဆွဲသွားကြပါ......ဆိုပြီး ခေါင်းစဉ် ပြောင်းချိတ်.....ခိုင်းတယ်။

နောက်တစ်နေ့ ရောက်တော့ ပန်းချီဆရာလည်း
သူ့အဖေ မှာတဲ့အတိုင်း ပန်ချီကားကို
ဈေးထိပ်မှာ ချိတ်တယ်။

ထူးထူးဆန်းဆန်းပဲ !!!!!

ဒီတစ်ခါတော့ ဈေးသွားဈေးလာ လူတွေအားလုံးက
ဘာအသံမှ မထွက်ကြတော့ဘူး.....။

ဘယ်သူမှလည်း ပန်းချီကားကို
အပြစ်မပြောကြ ‌တော့ဘူး။

ကိုယ်တိုင်လည်း ဘယ်သူကမှ
ပန်ချီကားမှာ ဖြည့်စွက်ပြီး ဝင်မဆွဲကြဘူး.....တဲ့

ဘာလို့လဲဆိုတော့ .....

သူတို့မှာ သူတစ်ပါး လုပ်တာကိုကြည့်ပြီး
ဝေဖန်ကြဖို့ လောက်ပဲ အသိရှိကြတယ်။

ကိုယ်တိုင်က လုပ်တတ်တဲ့ အရည်အချင်း မရှိကြလို့ပဲ။..

#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည် #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

14/03/2024

🍀လူတိုင်းမှာ မတူညီတဲ့ရည်မှန်းချက် ကိုယ်စီရှိကြတယ် လျှောက်ရတဲ့လမ်းတွေ မတူညီတာပဲရှိတယ်

🍀တချို့က ဘေးကနေ တချက်ကလေးထောက်ပေးလိုက်တာနဲ့ အမြင့်တန်းခုန်တက်သွားနိုင်ကြ သလို
တချို့ကတော့ တက်လိုက်ကျလိုက်နဲ့ ဆက်လျှောက်နေကြဆဲ

🍀အဓိကကတော့ စိတ်ကို လျော့မချပစ်ဖို့ပဲ
ကျမက ဘယ်တော့မှ အရာရာကို လက်လျော့ပစ်တဲ့အထဲမပါဘူး

🍀တနေ့ကျ ကိုယ်ဖြစ်ချင်တဲ့အရာ ဖြစ်ရမယ်ဆိုပြီး
အမြဲ ကျုံးဝါးပြီး ဘဝကို ဖြတ်သန်းလာတတ်သူ
အိမ်မက်တွေ အမြဲမက်သလို အဲ့အိမ်မက်ကို ဘယ်လောက်ကြာကြာ ဖြစ်အောင် လုပ်တတ်သူ

🍀မိဘက မထောက်ပေးနိုင်ရင် ကိုယ်တိုင်က ဒေါက်တိုင်အဖြစ် ရပ်တည်နိုင်ရမယ်

🍀ကိုယ့်ကိုကိုယ် တွေးဖူးလား‼️
စိတ်ဓာတ်ကျတတ်သူလား
တက်လိုက်ကျလိုက်ဖြစ်တတ်သူလား
အမြဲတမ်း ပြန်လည် Strong ဖြစ်အောင် လုပ်တတ်သူလား

🍀ကိုယ်တိုင်ရော ဘယ်လိုလူတွေထဲပါလဲ
အပန်းမကြီးရင် မန့်သွားပေးပါလား
နောက်နေ့မှာ လာပြီး Sharingပြန်လုပ်ပေးချင်ပါတယ်

်းပြ

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Telephone

Website

Address


စစ်ကဲလမ်းနှင့် ပန်းတိမ်တန်းလမ်းထောင့်
Pyay
11111

Opening Hours

Monday 09:00 - 06:00
Tuesday 09:00 - 06:00
Wednesday 09:00 - 06:00
Thursday 09:00 - 06:00
Friday 09:00 - 06:00
Saturday 09:00 - 06:00
Sunday 09:00 - 06:00