U Aung Cho Oo
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from U Aung Cho Oo, News Personality, Pyay.
27/05/2026
ပန်းတောင်းမြို့နယ်
ဒေသ စီးပွားမြှင့်တင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး
လိုက်ပါလေ့လာခွင့်ရရှိခဲ့ပါသည်။
အတူလိုက်ပါလေ့လာခွင့်ပေးပါသော တိုင်းဒေသကြီး၀န်ကြီးချုပ်ကြီးကိုလဲ အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ ။
ဦးအောင်ချိုဦး
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ
12/05/2026
၁၂.၅.၂၀၂၆
ဘဏ္ဍာရေးနှင့်အခွန်၀န်ကြီးဌာန
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ပဲခူးတိုင်းဒေသကြီး
ပြည်ထောင်စုအစိုးရအဖွဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ဖြင့်
စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းအခမ်းအနားတက်ရောက်ခဲ့ပါသည်။
လယ်သမားတောင်သူတွေအတွက် ၀မ်းသာစရာပါ
၀န်ကြီးချုပ်ကြီးပြောတဲ့ အမှာစကားထဲမှာလဲပါ ပါတယ်
လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်ကိုပြောင်းဖို့
လယ်သမားတွေဘ၀ ကြွေးမြှီနည်းပါးအောင်၊ လူမှုစီးပွားဘ၀အဆင်ပြေအောင်၊စိုက်ပျိုးစရိတ်နှင့်စက်ပစ္စည်းစရိတ်ချေးငွေအား အရင်နှစ်များထက် တိုးမြှင့်ထုတ်ချေးသွားပါမည်လို့ ပြောကြားခဲ့ပါတယ်
တောင်သူလယ်သမားတွေဘ၀ဒီထက် အဆင်ပြေကြပါစေ။
ဦးအောင်ချိုဦး
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ
09/05/2026
၇.၅.၂၀၂၆
မနက်ပိုင်းတွင်
ပန်းတောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲတက်ရောက်ခဲ့ပြီး မြို့နယ် ပါတီအဆင့်ဆင့်မှ ပါတီ၀င်ညီကိုမိတ်ဆွေများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပန်းတောင်းမြို့နယ် မြို့နယ်ခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် မိတ်ဆက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
နေ့လည်ပိုင်းတွင်
ပြည်မြို့နယ် မှော်ဇာအုပ်စု တောင်လုံးညို ဓမ္မာရုံတွင် ရက်၁၀၀စီမံချက်ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
ထိုမှတစ်ဆင့် ပေါင်းတလည်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး ဆရာ/ဆရာမများနှင့်တွေ့ဆုံကာ တက်ရောက်လူနာများအား တွေ့ဆုံအားပေးစကားပြောခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်မြို့ မီးချောင်းရဲ၌ မိဘပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များညှိနှိုင်းလုပ်ဆောင်နိုင်ရန် သွားရောက်ကြည့်ရှုခဲ့ပါသည်။
09/05/2026
၆.၅.၂၀၂၆
ယနေ့မနက်ပိုင်းတွင်
ပြည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲတက်ပြီး
တက်ရောက်လာတဲ့ တိုင်း၊ ခရိုင်၊မြို့နယ်၊ ရပ်ကျေးပါတီတာ၀န်ရှိသူတွေ , မိတ်ဆွေအပေါင်းသင်းများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုမှတစ်ဆင့် ပြည်မြို့နယ် ပွင့်လှသိမ်ကုန်းမှ မိဘပြည်သူများနှင့်တွေ့ဆုံဆွေးနွေး ပွဲပြုလုပ်ခဲ့ပါသည်။
နေ့လည်ပိုင်းတွင်
ပြည်မြို့ မဟာသုဒသနာရာမ ကျောင်းတိုက်ဆရာတော်ဘုရားအား ၀င်ရောက်ဖူးမျှော်ပြီး
ဆင်စုရပ်ကွက် , မအူရွာပေါက်ကုန်းစစ်မှုထမ်းဟောင်း ဓမ္မာရုံတွင် မိဘပြည်သူများနှင့်ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဦးအောင်ချိုဦး
ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ
Click here to claim your Sponsored Listing.
Category
Website
Address
Pyay