I Can VloG
Solo Backpacker & Ultra Trail Runner 🇲🇲
12/03/2026
06/02/2026
Welcome runners from 31 countries” 🌎
Our HomeTown, Our Culture ❤️
10/01/2026
ဒီနေ့ ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့ရဲ့ တောင်ပေါ် ရွာလေးတရွာကို အလည်ပတ် ရောက်ရှိခဲ့ပါတယ် ။
ပိန္နဲပင်ရွာဟာ ကလောမြို့ရဲ့အရှေ့ဘက်မှာတည်ရှိပီးတောင်ပေါ်ဒေသရဲ့ အေးချမ်းမှူ သဘာဝအလှကိုအပြည့် အဝခံစားလို့ရတဲ့ ရွာလေးတရွာဖြစ်ပါတယ် ။
ရှမ်း( Shan ) ပအို့ဝ် ( Pa-O ) နဲ့ ပလောင် ( Pa-Laung ) တိုင်းရင်းသား အများစုနေထိုင်ကြပီး ခန့်မှန်းအိမ်ခြေ ၁၀၀ ဝန်းကျင်သာရှိပါတယ် ။
လမ်းကြောင်းတလျှောက် Dirt Track နဲ့Trekking Paths များရှိသောကြောင့် ကလောမြို့ထဲမှ တဆင့် ခြေလျင်တောင်တက် တောတွင်းခရီးဖြင့်သွားလျှင် ၃-၄နာရီဝန်းကျင် ကြာနိုင်ပီး Trekking, Hiking နဲ့ Trail Runners များအတွက် အထူးသင့်တော်ပါတယ်။ ပိန္နဲပင်ရွာကိုရောက်တာနဲ့ ဒေသခံအဖိုးအဖွားတွေရဲ့ နွေးထွေးပျူငှာ တဲ့အပြုံးတွေ၊ လယ်ယာစိုက်ခင်းတွေနဲ့ တောင်ပေါ်ဒေသရဲ့ရိုးရာယဉ်ကျေးမှူ ဓလေ့စရိုက်တွေကိုပါကိုယ်တိုင်တဝကြီးခံစားရမှာပါ ။
အထူးသဖြင့် သာယာလှပတဲ့ ရှမ်းပြည်နယ်ရဲ့ တောင်တန်းတွေနဲ့ ဆိတ်ငြိမ်အေးမြတဲ့ရာသီဥတုတွေက နေ့စဉ် စိတ်ပင်ပမ်းမှူ၊ အလုပ်ပင်ပမ်းမှူတွေမှ ခနတာ ဝေးကွာစေပီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေဖို့ အကောင်းဆုံး နေရာပဲဖြစ်ပါတယ် ။သဘာဝကို ချစ်မြတ်နိုးသူတွေဆိုရင် ဘဝမှာ တစ်ကြိမ်လောက်တော့ အချိန်ယူပြီး ဒီနေရာလေးကိုလာရောက် ခံစားကြည့်ဖို့ အကြံပြုပါရစေ ။
Today, I arrived at a small hilltop village near Kalaw in southern Shan State.
Peinnaepin Village is located to the east of Kalaw town and is a peaceful mountain village where you can fully experience the cool climate and natural beauty of the highland region. The village is home mainly to Shan, Pa-O, and Palaung ethnic communities, with an estimated population of around 100 households.
Along the way, the route consists of dirt tracks and trekking paths. Traveling on foot through forest trails from Kalaw town usually takes about 3 to 4 hours, making it an ideal destination for trekking, hiking, and trail running enthusiasts. Upon arriving in Peinnaepin Village, you will be warmly welcomed by the friendly smiles of local elders, surrounded by farmlands and immersed in the traditional culture and way of life of the highland people.
Most notably, the stunning mountain landscapes and calm, cool climate of Shan State provide a perfect escape from daily stress and work-related fatigue, allowing visitors to reconnect with themselves. For those who love nature, I highly recommend taking the time at least once in your life to visit and experience this beautiful place.
#ပိန္နဲပင်ရွာ
Click here to claim your Sponsored Listing.
Category
Website
Address
Internal Revenue Department
Pyay