Study with Ella-Burma

Study with Ella-Burma

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Study with Ella-Burma, Education Website, Pyay.

07/03/2026

GEDသင်တန်းတက်ပြီးလို့ စာမေးပွဲဖြေတော့မယ်ဆိုရင်

✅No. (1) သင်ခန်းစာတွေကို reviseပြန်လုပ်ရမှာပါ။
GED Real Examမှာ အမေးများတဲ့ Topicတွေရှာပြီး ပြန်reviseလုပ်ပါ။
အကယ်လို့ ကိုယ်က မသင်ရသေးဘူးဆိုရင်လည်း တစ်ခါတည်း Noteလုပ်ပြီး လေ့လာမှတ်သားပါ။

4ဘာသာလုံးအတွက် ဘယ်မှာ Reviseလုပ်လို့ ရမလဲ?
Here is the best recommended channel for you! 👇
📌𝐘𝐨𝐮𝐫 𝐓𝐫𝐮𝐬𝐭𝐞𝐝 𝐓𝐮𝐭𝐨𝐫
https://www.youtube.com/

Ellaကိုယ်တိုင်လည်း ဒီကနေပဲ လေ့လာခဲ့တာပါ။ ဆရာက ရှင်းပြတာ အင်မတန်တော်တဲ့အတွက် နားလည်ရလွယ်တယ်။ မြန်မာလို ရှင်းပြပေးတာမလို့ English Listeningအားနည်းတဲ့ Learnerတွေအတွက်လည်း အဆင်ပြေတယ်။ အဓိက အရေးကြီးတဲ့ Conceptတွေကို လိုရင်းတိုရှင်း ရှင်းပြပေးတာမလို့ Examအတွက် အများကြီး အထောက်အကူပြုပါတယ်။

Subတစ်ခုချင်းစီအတွက် အချိန်လေး သေချာသတ်မှတ်ပြီး လေ့လာပါ။
ဉပမာ တစ်နေ့ကို 4 subsအတွက် Total 6နာရီ၊ တစ်ဘာသာကို 1နာရီခွဲ နှုန်း (ဒါကတော့ ကိုယ်အဆင်ပြေသလို ချိန်ညှိပြီး Scheduleဆွဲပါ။)
(နောက်ထပ် Reviseလုပ်ချင်ရင် “ငါတို့ကျောင်း” Channel : https://www.youtube.com/ မှာလည်း လေ့လာလို့ရပါတယ်။)

✅No.(2) Practiceစာအုပ်တွေ ကိုင်ရမယ်။
စာအုပ်တွေကတော့ အများကြီးပဲ ရှိတယ်။
Princeton,
Kaplan,
McGraw Hill,
Dummies,
1001,
Crash Course,
Learning Express
Battery,
Power Practiceစတဲ့ စာအုပ်တွေကို သုံးလို့ရပါတယ်။

အချိန်ရရင် အကုန်လုပ်တော့လည်း ကိုယ့်အတွက် Knowledgeရတယ်။ ဒါပေမယ့် မဖြစ်မနေ ဉီးစားပေးကိုင်သင့်တဲ့ စာအုပ်တွေကို အရင်လုပ်သင့်တယ်။
ဒါမှ စာမေးပွဲအတွက် ပိုပြီး အထောက်အကူပြုမှာမလို့ပါ။ Effectiveအဖြစ်ဆုံးနဲ့ Real Examနဲ့ အနီးစပ်ဆုံးစာအုပ်တွေက တစ်ဘာသာနဲ့ တစ်ဘာသာတော့ မတူဘူး။

Overallအနေနဲ့ Priceton, Kaplan,1001, McGraw Hill ဒီလေးအုပ်ကိုတော့ မဖြစ်မနေ ကိုင်ပါ။
(တစ်ဘာသာချင်းစီအတွက် အထိရောက်ဆုံးနဲ့ ပိုပြီး ဉီးစားပေးလုပ်ရမယ့် စာအုပ်တွေကို Ella သီးသန့် Contentတစ်ပုဒ် ရေးပေးသွားပါမယ်။)

အဲ့ဒီစာအုပ်တွေက ဘယ်ကရှာရမလဲဆိုရင်
https://t.me/gedbook
https://t.me/gedresources ဒီChannelနှစ်ခုမှာ ရှာပါ။ အတော်လေး စုံစုံလင်လင်ရှိပါတယ်။
မရှင်းတာရှိရင်လည်း Page Messengerကို လာမေးလို့ရပါတယ်။

✅No.(3) Practice Booksတွေထဲက Pre-Test & Post Testတွေ ဖြေပါ။
Ellaတုန်းက ကိုယ်ဖြေတဲ့ Testရယ်၊ ရတဲ့ အမှတ်ရယ်ကို Noteထဲမှာ တစ်ခါတည်း မှတ်ပါတယ်။ ကိုယ်လိုချင်တဲ့ Targetထိရဲ့လားဆိုတာ အနည်းငယ် ခန့်မှန်းနိုင်တာမလို့ပါ။ တကယ်လို့ အမှတ်နည်းနေသေးရင် ကိုယ်ဘာတွေလိုအပ်နေလဲကို ပြန်သုံးသပ်ပြီး လိုအပ်တာကို အလေးပေး လေ့ကျင့်ရမှာပါ။
အမှတ်တွက်ချင်ရင် ကိုယ်မှန်တဲ့ မေးခွန်းအပုဒ်ရေအတွက်ကို တည်ပြီး စုစုပေါင်း မေးခွန်းအရေတွက်နဲ့ စား၊ ပြီးရင် 200နဲ့ မြှောက်ပါ။

✅No.(4) Practice Testတွေကို ပြန် Reviewလုပ်ပါ။
တကယ့်ကို အရေးကြီးဆုံး အချက်ပါ။ Practice Testတွေ ဖြေပြီးတာနဲ့ အဖြေပြန်တိုက်ပြီး မှားတဲ့ အပုဒ်ရော၊ မှန်တဲ့ အပုဒ်ပါ ဘာကြောင့် မှားတယ်၊မှန်တယ်ကို သေသေချာချာ နားလည်သည်အထိ ပြန်ဖတ်ပါ။ တကယ်လို့ နားမလည်ရင် ဆရာ/မ၊ စီနီယာတွေနဲ့ AI Chatsတွေကို မေးပါ။

✅No.(5)GEDက Official Flash Cardsတွေလုပ်ပါ။ (ဝယ်လို့ရပါတယ်။ Free sourcesတွေလည်း ရှိပါတယ်။)

✅No.(6)ကတော့ Real Examဖြေခါနီးပြီဆိုတဲ့ သူတွေအတွက်ပါ။
လေးဘာသာလုံးအတွက် ဒီChannelနှစ်ခုကို မဖြစ်မနေ လုပ်ကိုလုပ်သွားပါ။
📌Get Sum Math
https://www.youtube.com/

📌Test Prep Champion
https://www.youtube.com/

Examနဲ့ အတူဆုံး မေးခွန်း ပုံစံတွေ ရှိတာမလို့ပါ။

✅No.(7) Ready Theoryနဲ့ Reading‌လေ့ကျင့်ပါ။
စာမေးပွဲအတွက် ပြင်ဆင်နေချိန်တစ်လျှောက်လုံး Readingလေ့ကျင့်ဖို့အတွက်ဆိုရင် https://readtheory.org/ ကို သုံးလို့ရပါတယ်။ RLA, Social Studies နဲ့ Scienceမှာ Readingကောင်းကောင်းရဖို့ လွန်အရေးကြီးတာမလို့ပါ။

Examဖြေခါနီးရင် Stressတွေကို တတ်နိုင်သလောက် လျှော့ပါ။ အစားပုံမှန်စားပြီး အိပ်ရေးမှန်အောင် အိပ်ပါ။ ဘယ်လောက် စာတွေလုပ်ထား လုပ်ထား၊ ကျန်းမာရေး မကောင်းရင် အလကားပါပဲ။ Ellaကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ဖူးတာမလို့ စေတနာနဲ့ ပြောပြတာပါ။

ကဲဒါဆိုရင်တော့ GED Examဖြေဖို့ ဘာတွေ လေ့လာလေ့ကျင့်ရမလဲဆိုတာကို သိသွားလိမ့်မယ်လို့ ထင်ပါတယ်။ ကိုယ်တိုင် လုပ်ခဲ့တဲ့ နည်းလမ်းတွေမလို့ တကယ်လည်း အသုံးဝင်မှာပါရှင့်။
Examကို မျှော်မှန်းထားတဲ့ Scoreတွေနဲ့ အောင်ပါစေလို့ Study with Ella-Burmaမှ ဆုတောင်းပေးလိုက်ရပါတယ်ရှင်။

တစ်ခုခု မေးမြန်းချင်တာ၊ တိုင်ပင်ချင်တာရှိရင် Page Messengerကနေလည်း ဆက်သွယ်လို့ရသလိုအစ်မရဲ့ Personal Telegram ()ကိုလည်း ဆက်သွယ်လို့ရပါတယ်။

04/03/2026

Hello
Ella ပါရှင်။ Contentလေးတွေလည်း မရေးဖြစ်တာ ကြာပါပြီ။ အစကတော့ Content scopeက Learning English & Korean, နောက်ပြီးတော့ Scholarship Informationတွေနဲ့ ပတ်သတ်ပြီး Sharingလုပ်မယ်ဆိုပြီး ရည်ရွယ်ထားတာပါ။ အခုတော့ GEDအတွက်ပါ ထပ်တိုး Sharingလုပ်ပေးမလို့ပါရှင့်။

အခုနောက်ပိုင်းမှာ မြန်မာလူငယ် အတော်အများစုကလည်း ကိုယ်တက်မယ့် Universityလိုအပ်ချက်အပေါ် မူတည်လို့ GEDကို ဖြေလာကြတယ်။
ဆိုတော့ Ellaကိုယ်တိုင်လည်း GED Graduate တစ်ယောက်လည်း ဖြစ်တာမလို့ GED Journeyအတွက် တကယ်လည်း effectiveဖြစ်မယ့် ကောင်းနိုးရာရာ Contentလေးတွေကို ရေးပေးသွားပါ့မယ်ရှင့်။

Stay tuned!ပါ 🤗🤗
Photo : Crd to orginal owner

02/02/2026

Free GED Programဖြစ်တဲ့ CYLDပါရှင့်။
Adminက CYLD Alumnusတစ်ယောက် ဖြစ်တာမလို့ သိချင်တာ၊ မေးမြန်းချင်တာ (သို့) တိုင်ပင်ချင်တာရှိရင် Page Chat Boxကနေ အချိန်မရွေး မေးမြန်းနိုင်ပါတယ်။

Hello!!

BEAM Education Foundation is calling for new applications to our Community Youth Leader Development Program for the 2026-27 school year. Community Youth Leader Development Program (CYLD) is the updated design of the former higher education preparation program (GED program), which operated as one of major activities at BEAM since its establishment in 2010.

What is the CYLD Program?
This intensive 10-month online learning program is for serious learners who are strongly motivated and ready to engage in rigorous academic and leadership training. While GED preparation is deeply challenging, this is NOT just a GED program; graduates from the CYLD program will be prepared for higher education and leadership within their communities.
Learn more here: https://beamedu.org/cyld-program/

Who can apply?
​​We encourage individuals ages 16 and up from marginalized communities, particularly Myanmar migrants and refugees, with strong aspirations and commitment to prepare for higher education and community leadership to apply for the program.

CYLD program instruction is conducted entirely online via Zoom and in English. Applicants should have an intermediate level English language skill (B2 or higher) to be eligible.

What is the application process?
APPLY - The application is open starting TODAY (February 2nd) until February 28th, 2026 (11:55 pm Thailand Time)
ENTRANCE EXAM - select students will be invited to take the CYLD entrance exam in March.
INTERVIEW - Students with the highest marks on the entrance exam will be invited to interview with CYLD staff.
SELECTION - final selections will be announced in the first week of June 2026.

If you have any questions, please message us on our page.

Application link: https://forms.gle/SmS74xw6CeefnK1S9

14/06/2025

𝐅𝐫𝐞𝐞 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐂𝐨𝐮𝐫𝐬𝐞𝐛𝐨𝐨𝐤 𝐑𝐞𝐬𝐨𝐮𝐫𝐜𝐞𝐬 𝐟𝐨𝐫 𝐓𝐞𝐚𝐜𝐡𝐞𝐫𝐬 & 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬📚

Englishဘာသာစကားကို သင်ကြားပေးနေကြတဲ့ Teacherများ နဲ့
သင်ယူလေ့လာနေကြတဲ့ Learnerများအတွက်

✅Levelအလိုက် General English Textbookများ
✅၊Teacher Guides နှင့်Audio Fileများသာမက
✅Cambridge English Examများအတွက် စာအုပ်များ၊
✅ IELTS, TOEFLS စာအုပ်များ စတဲ့
Learning Materialများကို အချိန်ကုန်သက်သာပြီး လွယ်ကူလျှင်မြန်စွာ Downloadရယူနိုင်မယ့် နေရာများကို တစ်စုတစ်တည်း မျှဝေပေးလိုက်ရပါတယ်ရှင့်။

📌 𝐀𝐥𝐥𝐞𝐧𝐠 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧
https://www.at.alleng.org/english/txb1.htm
(Student books, Workbooks, Teacher’s Book, Audio Files နဲ့ Test Papersများကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်းကို ရှာဖွေနိုင်တဲ့ websiteဖြစ်ပြီး။ စုံလင်တာထက်ကို ပိုပါတယ်ရှင်။ Categoryလေးတွေအလိုက် စနစ်ကျစွာ စုစည်းပေးထားတဲ့ webဖြစ်တဲ့အတွက် အလွယ်တကူ ရှာဖွေနိုင်မှာလည်း ဖြစ်ပါတယ်။)

📌𝐋𝐢𝐧 𝐋𝐚𝐭𝐭 𝐏𝐫𝐢𝐧𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞
https://t.me/linlattprintingservice
(Young Learners, Adult learnersများအတွက် English စာအုပ်များစွာအပြင် GCSE, Math booksများပါ ရှိပါတယ်။ ဒါအပြင် Printing Serviceလည်း ဖြစ်တာမလို့ Hardcopyလိုသူများလည်း ဝယ်ယူနိုင်ပါတယ်ရှင်။)

📌𝐄-𝐋𝐢𝐛𝐫𝐚𝐫𝐲 𝐟𝐨𝐫 𝐓𝐞𝐚𝐜𝐡𝐞𝐫𝐬🌿🌿(search this name in Telegram)
(TKT, TESOL, How to teach seriesများ အပြင် Cambridge YLEအတွက် စာအုပ်များရှိပါတယ်။
Tr.Aliceရဲ့ Channel ဖြစ်ပြီး Trဆီမှာ Cambridge Examများအတွက် Teacher Trainingများလည်း တက်လို့ရပါတယ်ရှင့်။ ကိုယ်တိုင်လည်း တက်ဖူးပြီး ပြည့်ပြည့်စုံစုံ မျှဝေပေးတတ်တဲ့ Trပါရှင်။)

📌𝐓𝐞𝐚𝐜𝐡𝐞𝐫 𝐀𝐥𝐢𝐜𝐞 - 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐟𝐨𝐫 𝐤𝐢𝐝𝐬 💁🏻‍♀️ 𝐅𝐫𝐞𝐞 𝐋𝐢𝐛𝐫𝐚𝐫𝐲 𝐟𝐨𝐫 𝐚𝐥𝐥 ❤️
https://t.me/tralice_englishforkids
(Tr.Aliceရဲ့ Channelပဲဖြစ်ပြီး Kids Englishအတွက် စာအုပ်များ စုစည်းထားပါတယ်)

📌𝐁𝐨𝐨𝐤𝐲 𝐁𝐞𝐞𝐬 𝐁𝐨𝐨𝐤 𝐒𝐡𝐚𝐫𝐢𝐧𝐠
https://t.me/bookybeesbooksharing
(ဒီမှာလည်း Englishလေ့လာရေးအတွက် စာအုပ်များစွာ တင်ပေးထားသလို Printလုပ်ပြီး စာအုပ်တွေလည်း ရောင်းပါတယ်ရှင်။)

📌𝐌𝐞𝐫𝐜𝐮𝐫𝐲 𝐁𝐨𝐨𝐤 𝐒𝐭𝐨𝐫𝐞
https://t.me/mercurybookstore
(Englishစာ လေ့လာဖို့အတွက် စာအုပ်များစွာ တင်ပေးထားပြီး စာအုပ်တွေလည်း ရောင်းပါတယ်ရှင်။)

📌𝐉𝐚𝐧𝐮𝐚𝐫𝐲 𝐁𝐨𝐨𝐤𝐬𝐭𝐨𝐫𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠
https://t.me/jbooksharing
(ဒီမှာလည်း English Textbookများစွာ ရှိပြီး Printing Serviceလည်း ရပါတယ်ရှင်။)

📌𝐓𝐇𝐄 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐁𝐮𝐝𝐝𝐢𝐞𝐬
(Search this name in Telegram)
(ဒီမှာလည်း English Textbooksများ ရှိပါတယ်ရှင်။)

Englishဘာသာစကား သင်ကြားရေးနဲ့ သင်ယူရေးအတွက် Teacherများသာမက Studentsများပါ ကိုယ်လိုချင်တဲ့ စာအုပ်ကို အလွယ်တကူနဲ့ အချိန်ကုန်သက်သာစွာ ရှာဖွေနိုင်ဖို့ရာအတွက် မျှဝေပေးလိုက်ရပါတယ်ရှင်။အထက်ဖော်ပြပါ Channel ပဲ့ကိုင်ရှင်များကိုလည်း ကျေးဇူးတင်လျက်ပါရှင့်။

လူကြီးမင်းတို့ သိတဲ့ English Books Libraryလေးတွေရှိရင်လည်း Commentမှာ မျှဝေပေးသွားကြပါဉီးရှင်။
Sharing is Caring! 😉

10/03/2025

𝟏𝟎𝟎% 𝐅𝐫𝐞𝐞 𝐓𝐄𝐒𝐎𝐋 𝐂𝐨𝐮𝐫𝐬𝐞 𝐟𝐨𝐫 𝐓𝐞𝐚𝐜𝐡𝐞𝐫𝐬🎁

ဒီတစ်ခါမှာတော့ 𝐓𝐞𝐚𝐜𝐡𝐢𝐧𝐠 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐭𝐨 𝐒𝐩𝐞𝐚𝐤𝐞𝐫𝐬 𝐨𝐟 𝐎𝐭𝐡𝐞𝐫 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞𝐬 (𝐓𝐄𝐒𝐎𝐋)လက်မှတ်ကို ငွေကြေး တစ်ပြားတစ်ချပ်မှ ကုန်စရာမလိုဘဲ အခမဲ့ လေ့လာပြီး ရယူနိုင်မယ့် မဟာအခွင့်အရေးကြီးကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

TESOL Certificateက ELT Fieldထဲက ဆရာ/မများအတွက် ဘယ်လောက်ထိ အသုံးဝင်လဲနဲ့ အလုပ်ကိုင် အခွင့်အလမ်းတွေအတွက် အများကြီး အထောက်ကူပြုနိုင်တဲ့ လက်မှတ်ဖြစ်ကြောင်းကိုတော့ ဆရာ/မတို့လည်း သိပြီးသား ဖြစ်မှာပါ။

Courseraလို့ ခေါ်တဲ့ Websiteမှာ Arizona State Universityက TESOL Courseကို offerလုပ်ထားတာပဲ ဖြစ်ပါတယ်။ Free Enrollလုပ်ပြီး တက်ရင် Certificateမရပေမယ့် Financial Aid လျှောက်ပြီးမှ တက်ရင် Certificateပါ အခမဲ့ ရပါတယ်ရှင့်။

𝐒𝐭𝐫𝐞𝐧𝐠𝐭𝐡𝐬 𝐨𝐟 𝐂𝐨𝐮𝐫𝐬𝐞𝐫𝐚 𝐓𝐄𝐒𝐎𝐋 𝐂𝐨𝐮𝐫𝐬𝐞
✅100% Free
✅Flexible Schedule
✅Effective Learning
✅Advantageous Certificate
✅Better Professional Teaching Skill

📌𝐂𝐨𝐮𝐫𝐬𝐞𝐫𝐚 𝐓𝐄𝐒𝐎𝐋 𝐂𝐨𝐮𝐫𝐬𝐞 𝐋𝐢𝐧𝐤
https://www.coursera.org/professional-certificates/arizona-state-university-tesol ဒီLinkကနေ ဝင်ရောက်ပြီး Financial Aidလျှောက်ပြီး တက်ရမှာ ဖြစ်ပါတယ်။

𝐂𝐨𝐮𝐫𝐬𝐞𝐬, 𝐌𝐨𝐝𝐮𝐥𝐞𝐬, & 𝐀𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭
ဒီ TESOL Certificateရဖို့ အတွက်ဆိုရင် Courseအခွဲ ၈ခုကို တက်ရပါတယ်။
🔰 Teach English Now! Foundational Principles
🔰 Teach English Now! Theories of Second Language Acquisition
🔰 Teach English Now! Lesson Design and Assessment
🔰 Teach English Now! Capstone Project 1
🔰 Teach English Now! Second Language Reading, Writing, and Grammar
🔰 Teach English Now! Second Language Listening, Speaking, an Pronunciation
🔰 Teach English Now! Technology Enriched Teaching
🔰 Teach English Now! Capstone Project 2
ဆိုပြီးတော့ Course 8ခုကို တက်ရပါတယ်။

📌Courseတစ်ခုချင်းစီမှာ Module 6ခုစီ ရှိပြီး Assessmentလေးတွေလည်း ဖြေရပါတယ်။ နောက်ပြီး Peer-graded Assignmentလေးတွေလည်း လုပ်ရပါတယ်။

📌Lecturerတွေရဲ့ Videoတွေနဲ့ လေ့လာရတာမလို့ ဟိုတစ်ခါ မျှဝေပေးခဲ့ဖူးတဲ့ TEFL Courseထက် ပိုပြီးတော့လည်း ထိရောက်မှု ရှိပါတယ်။
Videoတွေ အောက်မှာလည်း Transcriptပါတာမလို့ Listening အားနည်းတဲ့ သူတွေအတွက်လည်း အဆင်ပြေပါတယ်။

✅𝐌𝐲 𝐨𝐰𝐧 𝐬𝐭𝐮𝐝𝐲 𝐦𝐞𝐭𝐡𝐨𝐝𝐬..
ဒီCourseရဲ့ သင်ခန်းစာတွေက နားလည်လွယ်ပါတယ်။ Ellaကတော့ သင်ခန်းစာ တစ်ခုချင်းစီအလိုက် Noteထုတ်ပါတယ်။ စာရေးရတာထက် Typingလုပ်ရတာ အားသန်တဲ့သူမလို့ MS Wordထဲမှာပဲ noteလုပ်ပါတယ်။ ပုံတွေဆိုလည်း တစ်ခါတည်း copyပြီး ထည့်လို့ ရတော့ အဲ့နည်းလမ်းက အဆင်ပြေပါတယ်။ အရေးကြီးတာတွေဆိုရင် highlight သေချာလေး လုပ်ထားပါတယ်။
မသိတဲ့ အရာတွေရှိရင် တစ်ခါတည်း Googleခေါက်ပြီး တစ်ခါတည်း note downလုပ်ပါတယ်။ ဉပမာ TTT အကြောင်းဆိုပါစို့ အဲ့တာဆို သင်ခန်းစာအပြင် ကိုယ့်ဘာသာ တခြားwebsiteတွေကနေလည်း ရှာဖွေ ဖတ်ရှုပါတယ်။ Ellaကတော့ website linkကိုပါ တစ်ခါတည်း noteထဲမှာ သိမ်းထားပါတယ်ရှင့်။

💖𝐌𝐲 𝐅𝐚𝐯𝐨𝐮𝐫𝐢𝐭𝐞 𝐋𝐞𝐜𝐭𝐮𝐫𝐞𝐫
Courseraရဲ့ TESOL Courseမှာ Lecturerတွေအကုန်လုံးက သင်ကြားရေး တော်တော်ကို ကောင်းပါတယ်။Lecturerတွေထဲမှာမှ Ellaကတော့
Dr. Shane Dixonကို သဘောအကျဆုံး ဖြစ်ပါတယ်။ Dr. Shaneက Facial Expressionလေးတွေ သုံးလေ့ရှိပြီး သူရှင်းပြတဲ့အခါမှာလည်း intonationလေးတွေကို သေသေချာချာသုံးပြီး ပြောလေ့ရှိသူမလို့ သင်ခန်းစာတွေက နားလည်ရလွယ်ပါတယ်ရှင့်။ နောက်ပြီး Dr. Shaneကို inspireယူဖို့၊ ကိုယ်ကိုယ်တိုင်လည်း ဆရာ့လို Lecturerတစ်ယောက်ဖြစ်ဖို့ ပိုပြီးကြိုးစားရမယ်ဆိုတဲ့ Motivationလည်း ရခဲ့ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက်မျှဝေရင်း အကျိုးရှိသွားဖို့အတွက် မျှော်လင့်ပြီးဒီCourseလေးအကြောင်းကို ရေးပေးလိုက်ရပါတယ်ရှင်။
Courseraမှာက တခြားသော သင်တန်းတွေလည်း တက်လို့ရတာမလို့ ကိုယ်တိုင် ရှာဖွေလေ့လာစေချင်ပါတယ်ရှင်။

Financial Aidလျှောက်နည်းလေးကိုလည်း မျှဝေပေးသွားမှာဖြစ်လို့ Pageကို Like & Followလုပ်ပြီး စောင့်မျှော်ပေးကြပါဉီးရှင်။

အရည်ချင်းပြည့်ဝတဲ့ ဆရာ/မများ ဖြစ်ကြစေရန် အတူတူကြိုးစားကြပါစို့ရှင်
Join our Telegram Channel
https://t.me/ellasharing

-Burma

20/02/2025

𝐅𝐫𝐞𝐞 𝐓𝐄𝐅𝐋 𝐂𝐨𝐮𝐫𝐬𝐞 𝐟𝐨𝐫 𝐓𝐞𝐚𝐜𝐡𝐞𝐫𝐬 (𝐰𝐢𝐭𝐡 𝐅𝐫𝐞𝐞 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞)💎✨

ဒီနေ့မှာတော့ ELT Fieldထဲက Teachersများအတွက် အခမဲ့ တက်ရောက်နိုင်တဲ့ TEFL Courseလေးအကြောင်းကို အသေးစိတ် ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Teaching English as Foreign Language Course (120 Hours)ကို Teacher Recordမှာ အခကြေးငွေ တစ်ပြားမှမကုန်ဘဲ လေ့လာနိုင်ပါတယ်။

Teaching Qualificationsတွေထဲက တစ်ခုဖြစ်တဲ့ TEFL Courseက ဆရာ/မတို့ကို သင်ကြားရေးပိုင်းဆိုင်ရာမှာ အရည်အသွေး မြှင့်တင်ပေးနိုင်မှာဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်းများအတွက်လည်း အသုံးဝင်တဲ့ လက်မှတ်တစ်ခုဆိုလည်း မမှားပါဘူး။

ဒီCourseလေးကတော့ Self-study programလေး ဖြစ်ပါတယ်။ Website Learningဖြစ်တာကြောင့်မလို့ အပြင်မှာ သင်တန်းသွားတက်ဖို့ အချိန်အများကြီး မပေးနိုင်တဲ့ ဆရာ/မများအတွက်လည်း အဆင်ပြေပါတယ်။

✅𝐌𝐨𝐝𝐮𝐥𝐞𝐬, 𝐔𝐧𝐢𝐭𝐬 & 𝐓𝐞𝐬𝐭𝐬
သင်ရမယ့် Module 13ခု ရှိပါတယ်။
1. Introduction to TEFL
2. Grammatical & Syntactic Awareness
3. Lesson Planning
4. Lesson Planning Plus
5. Controlled Practice with Games
6. Lexis, Phonology & Functional Language
7. Listening Skill (Receptive)
8. Reading Skill (Receptive)
9. Speaking Skill (Productive with Vocabulary)
10. Writing Skill (Productive with Vocabulary)
11. Grammar Focus
12. Targeting Children
13. Classroom Strategy

📌Module တစ်ခုချင်းစီမှာ Unitတွေပြန်ခွဲထားပြီး Moduleတစ်ခုကို ပျမ်းမျှအားဖြင့် Unit ၆ခုလောက် ရှိပါတယ်။
Unit တစ်ခုပြီးတိုင်း Quizဖြေရပါတယ်။ Unitတိုင်းမှာ quizရှိသလို Module တစ်ခုပြီးရင်လည်း Testဖြေရပါတယ်။ အဲ့ဒီ Testက အကုန် မမှန်မချင်း ပြန်ဖြေရပါတယ်။ အကုန်မမှန်ရင် နောက်ထပ် Testကို ပေးမဖြေပါဘူးရှင်။

📝𝐌𝐲 𝐨𝐰𝐧 𝐬𝐭𝐮𝐝𝐲 𝐦𝐞𝐭𝐡𝐨𝐝𝐬..

📌ဒီCourseမှာက Video Lessonတွေ မပါတဲ့အတွက် ကိုယ့်ဘာသာ သေသေချာချာလေး အသေးစိတ် ဖတ်ရှုလေ့လာ ရပါတယ်။သင်ခန်းစာတွေက နားလည်လွယ်ပါတယ်။ Ellaကတော့ သင်ခန်းစာ တစ်ခုချင်းစီအလိုက် Noteထုတ်ပါတယ်။ စာရေးရတာထက် Typingလုပ်ရတာ အားသန်တဲ့သူမလို့ MS Wordထဲမှာပဲ noteလုပ်ပါတယ်။ ပုံတွေဆိုလည်း တစ်ခါတည်း copyပြီး ထည့်လို့ ရတော့ အဲ့နည်းလမ်းက အဆင်ပြေပါတယ်။ အရေးကြီးတာတွေဆိုရင် highlight သေချာလေး လုပ်ထားပါတယ်။

📌မသိတဲ့ အရာတွေရှိရင် တစ်ခါတည်း Googleခေါက်ပြီး တစ်ခါတည်း note downလုပ်ပါတယ်။ ဉပမာ TTT အကြောင်းဆိုပါစို့ အဲ့တာဆို သင်ခန်းစာအပြင် ကိုယ့်ဘာသာ တခြားwebsiteတွေကနေလည်း ရှာဖွေ ဖတ်ရှုပါတယ်။ Ellaကတော့ website linkကိုပါ တစ်ခါတည်း noteထဲမှာ သိမ်းထားပါတယ်ရှင့်။

✅𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 & 𝐓𝐫𝐚𝐧𝐬𝐜𝐫𝐢𝐩𝐭
Courseအကုန် ပြီးပြတ်တဲ့အခါ Certificate ထုတ်လို့ ရပါပြီ။
Certificateအတွက် ID Cardတစ်ခုခု လိုပါတယ်
Driving License, Passport, etc ပါရှင့်။
မြန်မာ မှတ်ပုံတင် (NRC) နဲ့လည်း ရပါတယ်။ ID cardထည့်ပြီး တခြားအချက်လက်ဖြည့ဖြည့်ပြီးရင် အချိန်တစ်ခုတော့ စောင့်ရပါတယ်ရှင်။
Certificateတင် မဟုတ်ဘဲ Transcriptပါ ထုတ်ပေးပါတယ်။ Hard Copyအနေနဲ့ လိုချင်သူတွေအတွက်ကတော့ shipping feesပေးပြီး ယူလို့ ရပါတယ်။

✅𝐓𝐞𝐚𝐜𝐡𝐞𝐫 𝐑𝐞𝐜𝐨𝐫𝐝 / 𝐓𝐄𝐅𝐋 𝐂𝐨𝐮𝐫𝐬𝐞
https://teacherrecord.com/tefl-certificate
Website Linkလေးပါ။ Accountဖွင့်ပြီး Start TEFL Courseဆိုတာကို နှိပ်ပြီး လေ့လာရုံပါပဲရှင့်။

Teachingကို အမှန်တကယ် ဝါသနာပါပြီး CPDအတွက် အခကြေးငွေပေးပြီး မတတ်နိုင်တဲ့ ဆရာ/မများအတွက် အထူးရည်ရွယ်ပြီး ဒီCourseလေးအကြောင်းကို မျှဝေပေးခြင်း ဖြစ်ပါတယ်ရှင့်။ ကိုယ်တိုင်လည်း အဲ့လိုအခြေအနေမလို့ တက်သစ်စ လူငယ်ဆရာ/များကိုလည်း အများကြီး ကိုယ်ချင်းစာပါတယ်။ ငွေကြေးမတတ်နိုင်ပေမဲ့ ကိုယ်က တကယ် ဝါသနာထုံပြီး ဆက်လက်ကြိုးစားနေမယ်ဆိုရင် နေရာတစ်ခုကို ရောက်လာမှာ အသေချာမလို့စိတ်ဓါတ်မကျဖို့လည်း အားပေးချင်ပါတယ်ရှင့်။ 🥰

ဒီCourseလေးနဲ့ ပတ်သတ်ပြီး သိချင်တာ၊နားမလည်တာရှိရင်လည်း Page Messenger ကနေ လာရောက်မေးမြန်းလို့ ရပါတယ်ရှင့်။တတ်နိုင်သလောက် ကူညီပေးပါ့မယ်ရှင်။

နောက်ထပ်လည်း Freeတက်ရောက်လို့ ရမယ့် TESOL Courseအကြောင်းလေးကို အသေးစိတ် ရေးပေးဖို့ ရှိတာမလို့ Pageလေးကို Like & Follow လုပ်ထားပြီး စောင့်ကြည့်ပေးကြပါဉီးရှင့်။

အရည်ချင်းပြည့်ဝတဲ့ ဆရာ/မများ ဖြစ်ကြစေရန် အတူတူကြိုးစားကြပါစို့ရှင်💪💪💪

Join our Telegram Channel
https://t.me/ellasharing

-Burma

16/02/2025

💎𝐔𝐬𝐞𝐟𝐮𝐥 𝐆𝐚𝐦𝐞𝐬 & 𝐐𝐮𝐢𝐳𝐳𝐞𝐬 𝐖𝐞𝐛𝐬𝐢𝐭𝐞𝐬 𝐟𝐨𝐫 𝐓𝐞𝐚𝐜𝐡𝐞𝐫𝐬 💎

ကိုယ့်ရဲ့ ကျောင်းသားက သင်ခန်းစာပေါ် အာရုံ မရှိတာ၊ စာသင်ရင် ပျင်းနေတာမျိုး၊ ငြီးငြွေ့တာမျိုးတွေ ဆရာ/မတိုင်း ခဏခဏ ကြုံတွေ့ဖူးကြမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် Young Learners သင်တဲ့ Teachersတွေဆို အကုန်နီးပါး ကြုံတွေ့ကြဖူးမှာ အသေချာပါပဲ။

ယေဘုယျအားဖြင့် ကလေးတွေတွေက သူတို့ Attention Spanကို ကျော်လွန်လာရင်၊ တစ်နည်းအားဖြင့် သူတို့ အာရုံစိုက်နိုင်တဲ့ အချိန်တစ်ခုကို ကျော်လာရင် ဒီလိုမျိုးတွေက ဖြစ်တတ်ကြပါတယ်။ အသက်အရွယ်အလိုက် Attention Span က မတူသလို Adult Learnersတွေလည်း ဖြစ်တတ်ကြပါတယ်။ဆရာ/မတို့ အနေနဲ့လည်း Break Timeပေးတာ၊ Games Activitiesလေးတွေ၊ ဉပမာ Energizers လေးတွေ ဆော့ကစားပြီး ကျောင်းသားတွေကိုပြန်ပြီး Energizeလုပ်ပေးလို့ ရပါတယ်။

အဲ့တာကြောင့် Websitesလေးတွေကို ဆရာ/မတို့အတွက် အထောက်အကူ ပြုစေရန် အလို့ငှာ အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်ရှင်။

1. ESL Kids Games
https://www.eslkidsgames.com/
ဒီ Websiteမှာ Kids, Teenagers, Adults အရွယ်အလိုက် Gamesလေးတွေရှိပြီး Vocabulary Gamesလေးတွေဆိုလည်း အတော်စုံပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။ Gameတစ်ခုချင်းစီအလိုက် Timerပါပြီးသားဖြစ်ပြီး Accountလည်း ဖွင့်စရာမလိုတာမလို့ အချိန်ကုန်လည်း တော်တော်သက်သာပါတယ်။ Gameလေးတွေကို ဘယ်လိုManageလုပ်ရမလဲ မသိသေးတဲ့ Teachersတွေအနေနဲ့လည်း Video Tutorials လေးတွေကို လေ့လာလို့ ရပါသေးတယ်။

2. Baamboozle
https://www.baamboozle.com/games
ဒီWebsiteမှာတော့ Teamနဲ့လည်း ခွဲဆော့လို့လည်း ရပြီး အမှတ်ပေးတဲ့ စနစ်လည်း ပါပါတယ်။ Ready-made Gamesလေးတွေလည်း အများကြီး ရှိသလို ဆရာ/မတို့ ကိုယ်တိုင်လည်း createလုပ်လို့ ရပါတယ်။ Account ဖွင့်ဖို့ လိုအပ်သလို Free Gamesတွေအပြင် ထပ်ပြီးတော့ Premium Functionsတွေကို သုံးချင်တဲ့ သူတွေကတော့ တစ်လကို $7.99 ပေးပြီး Baamboozle Plus ဝယ်လို့ ရပါတယ်။

3. Classroomscreen
https://classroomscreen.com/
ဒီမှာလည်း အသက်အရွယ်အလိုက် Gamesတွေရှိပြီး နာမည်ကြီး Energizersတွေဖြစ်တဲ့ Simon Saysတို့၊ Tic Tac Toeတို့လို အစသဖြင့် ရှိပါတယ်။Languageပိုင်းအပြင် STEM နဲ့ Music & Artsအတွက်ပါ Gamesလေးတွေ ရှိတာမလို့ တော်တော်ကို စုံလင်တယ်လို့ ပြောလို့ရပါတယ်။ အဲ့ဒီအပြင် Annotateလုပ်လို့ ရပြီး Timerထည့်တာ၊ Scoreboardနဲ့ ပြတာတွေကိုပါ ကြိုက်သလို Customizeလုပ်လို့ ရပါသေးတယ်။ Sign in မလုပ်ဘဲလည်း သုံးလို့ရပြီး Classroomscreen Pro ဝယ်ချင်သူများအတွက်ကတော့ တစ်လကို $3နဲ့ Planဝယ်လို့ ရပါတယ်။

4. ESL GAMES+
https://www.eslgamesplus.com/
ဒီWebsiteကတော့ စုံတာထက်ကို ပိုပါသေးတယ်။ ESL, Science, Maths Gamesတွေရှိပြီး Categoriesအလိုက် သေချာလေး ခွဲပေးထားပါသေးတယ်။ Topicအလိုက်လည်း Gamesလေးတွေကို ရှာကြည့်လို့ ရပါတယ်။ PPT Gamesလေးတွေလည်း ရှိတာမလို့ PowerPoint ပြင်ပြီး သင်တဲ့ တီချယ်တွေအနေနဲ့လည်း Presentationထဲကို တစ်ခါတည်းထည့်သွင်းလို့ ရသလို Flash Card, Worksheetစသည်ဖြင့် Printလုပ်လို့ ရတဲ့ PDF Fileတွေလည်း ရှိတာမလို့ Physical Resourcesအနေနဲ့လည်း သုံးလို့ ရပါတယ်။ Accountဖွင့်စရာမလိုဘဲ ရိုးရှင်းစွာ အသုံးပြုနိုင်ပါတယ်။

5. Games 4 ESL
https://games4esl.com/
ဒီမှာလည်း ESL Gamesတွေကို အများပြားတွေ့ရမှာ ဖြစ်ပြီး၊ Printables, PPT Gamesတွေ Online Exercisesတွေအပြင် ထူးခြားတဲ့ အချက်အနေနဲ့ Lesson Plansတွေပါ Topic အလိုက် ရှိပါသေးတယ်။ အချိန်အများကြီး မရှိတဲ့ ဆရာ/မတွေအတွက်လည်း အသုံးဝင်မှာ ဖြစ်သလို၊ သင်ကြားရေးလောကကို အခုမှ ဝင်ရောက်လာတဲ့ ဆရာ/မတွေအတွက် Lesson Planလေးကို နမူနာအနေနဲ့ လေ့လာနိုင်ဉီးမှာ ဖြစ်ပါတယ်။ Teaching Wikiဆိုပြီး Topicအလိုက် သင်ခန်းစာလေးတွေလည်း ရှိသလို ဆရာ/မတွေအနေနဲ့ ဘယ်လို သင်ကြားရမလဲဆိုတာတွေကို စဉ်ဆက်မပြတ် ဖတ်ရှုလေ့လာနိုင်ဖို့ Blogsတွေလည်း အများကြီး ရှိပါသေးတယ်။

6. Quizkingdom
https://www.youtube.com/
ဒါကတော့ Websiteမဟုတ်ဘဲ YouTube Channelလေး ဖြစ်ပါတယ်။ Video Formatနဲ့ ရှိမှာဖြစ်ပြီး Guessing Quiz, Emoji Quiz, Logo Quiz အစရှိသဖြင့် အများကြီး ရှိပြီး Timerလည်း တစ်ခါတည်း ပါပါတယ်။

7. Quizizz
https://quizizz.com/
ဒီမှာကတော့ သင်ခန်းစာတွေကို ကျောင်းသားက တကယ် နားလည်လား၊ ကိုယ်ရဲ့ သင်ကြားရေးမှာ ဘာတွေလိုအပ်ချက်ရှိနေလဲဆိုတာကို Quizလေးတွေမေးရင်းနဲ့ ဆန်းစစ်နိုင်ဖို့ရာ Quiz Websiteလေးပဲ ဖြစ်ပါတယ်။ Language, Math, Social Studies, Fine Arts, Typing အစရှိသဖြင့် ရှိယုံသာမကဘဲ GEDနဲ့ ပတ်သတ်တဲ့ Quizတွေလည်း အများကြီး ရှိပါတယ်။ Ready-to-use Quizတွေလည်း ရှိသလို ကိုယ်တိုင်လည်း စိတ်ကြိုက် createလုပ်လို့ ရပါတယ်။ ပုံတွေပါထည့်လို့ရပြီး အဖြေမှန်နဲ့ ဘာကြောင့် အဖြေမှန်ဖြစ်လဲဆိုတဲ့ Explanationတွေပါ ထည့်လို့ ရပါတယ်။ Quizဖြေပြီးရင်လည်း Scoresပြပြီး ‌ဖြေထားတဲ့ Historyတွေကိုပါ ပြန်ကြည့်ပြီး reviseလုပ်လို့ ရပါသေးတယ်။ မေးခွန်းတစ်ပုဒ်ကို အချိန်ဘယ်လောက် သုံးခဲ့လဲဆိုတဲ့ Time (sec per question)ပါ ဖော်ပြပေးပါတယ်။

8.Kahoot
https://kahoot.com/
ဒါကတော့ ဆရာ/မတွေ တော်တော်များများ သိကြပြီး အသုံးပြုကြပါတယ်။ Quizizz နဲ့လည်း ခပ်ဆင်ဆင် ဖြစ်ပါယ်။Flashcardတွေ၊ Quizတွေရှိပြီး VPNနဲ့မှ ဝင်လို့ အဆင်ပြေပါတယ်။ Premiumကတော့ Planအလိုက် ဈေးနှုန်းလည်း အမျိုးမျိုး ရှိပါတယ်။

ဒီWebsitesတွေနဲ့ YouTube Channelက Teachersတွေအပြင် Learnersတွေ ကိုယ်တိုင်လည်း အသုံးပြုပြီး လေ့ကျင့်လို့ရပါတယ်။ တကယ်လည်း သင်ကြားရေး နဲ့ သင်ယူရေးအတွက် အထောက်အကူ ပြုမှာဖြစ်ပါတယ်။
တခြားသော Websitesတွေ YouTube Channelsတွေလည်း ရှိပါတယ်။ ဒါကတော့ Ella ကိုယ်တိုင် အသုံးပြုဖူးပြီး တကယ်လည်း Effectiveဖြစ်တဲ့ Websitesလေးတွေကို Teachers, Learnersတို့အတွက် အကျိုးပြုစေရန်အလို့ငှာ မျှဝေပေးလိုက်ခြင်း ဖြစ်ပါတယ်ရှင့်။

-Burma

30/10/2024

SIITရဲ့ EFS-U လျှောက်ထားသူများ
Interview အတွက် Emailလေးတွေ စစ်ကြပါရှင်

𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 𝐨𝐟 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐧𝐭𝐬 𝐄𝐥𝐢𝐠𝐢𝐛𝐥𝐞 𝐟𝐨𝐫 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰, Undergraduate Scholarship Program for Excellent Foreign Students (EFS-U), Academic Year 2024. Sirindhorn International Institute of Technology (SIIT), Thammasat University, Thailand.
Click>> https://admissions.siit.tu.ac.th/admission_box/efs-u/
All candidates are required to interview via the Zoom application channel which is scheduled on 4 November 2024 at 9:00 - 12:00 hrs. (Thailand Local Time), the link will be sent to the applicant's email a day before the interview date.

21/10/2024

Child Scholarship Recipient ကိုယ်တိုင်က Scholarship Informationတွေကို အသေးစိတ် မျှဝေပေးသွားမယ့် Webinarဖြစ်လို့ တက်သင့်ပါတယ်နော်

📌လာမဲ့ December ဆို Child's Dream Scholarship Application Form ဖွင့်တော့မယ်နော်👋

ဒီနှစ်ထဲမှာ CD Scholarship လျှောက်ဖို့ ရည်မှန်းထားတဲ့သူတွေရှိကြလား🤔

Child's Dream Scholarship လျှောက်ဖို့
👉IELTS/GED လိုလား?
👉၁၀ တန်းအမှတ်မကောင်းရင်ရော ရလား?
👉Video Presentation က ဘာတွေပြောရမှာလဲ?
👉ကျောင်းကြိုလျှောက်ထားရမလား?
👉Essay ထဲ ဘာတွေထည့်ရေးရမလဲ?
👉အသက် ၁၈ ဆိုရင်ရော ရလား?
👉 Recommendation Letter ကို ဘယ်သူ့ဆီကတောင်းရမလဲ?
👉ဘယ်လို စေတနာ့ဝန်ထမ်းအလုပ်အတွေ့အကြုံလိုတာလဲ?
👉ဆောင်ရန်/ရှောင်ရန်တွေကဘာလဲ?

စတဲ့စဉ်းစားစရာတွေနဲ့ စိတ်ရှုပ်နေရတယ်ဆိုရင်
ဒီ Webinar ကို လက်မလွှတ်သင့်ပါဘူးနော်☝️

📌ဒီ Webinar မှာ
Child's Dream Scholarship နဲ့ပတ်သက်လို့
Essay ရေးတာကအစ လျှောက်လွှာဖြည့်တာအဆုံး သိသင့်သိထိုက်တာ၊ ပြင်ဆင်သင့်တာ မှန်သမျှကို
ကကြီးကနေ အ အထိ အိတ်သွန်ဖာမှောက် ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

📌ဒါ့အပြင် Q&A Session လေးလည်း ရှိတာမို့ သိချင်တာ၊ မေးချင်တာမှန်သမျှကိုလည်း တိုက်ရိုက်မေးမြန်း ဆွေးနွေးတိုင်ပင်လို့ ရပါတယ်။

👉Child's Dream Scholarship နဲ့ပတ်သက်လို့ ဆွေးနွေးပေးသွားမယ့်သူကတော့

🌱2024 Child's Dream Scholarship Recipient တစ်ယောက်ဖြစ်ပြီး လက်ရှိမှာ ထိုင်းနိုင်ငံ Asia-Pacific International University မှာ B.Ed in Elementary Education ကိုသင်ယူနေတဲ့အပြင်
အင်္ဂလိပ်စာ သင်ကြားရေး ဆရာတစ်ယောက်အဖြစ်လည်း လုပ်ကိုင်နေတဲ့
ဆရာသန့် (@𝐊𝐡𝐚𝐧𝐝𝐢𝐞𝐥) ဖြစ်ပါတယ်။

Webinar နေ့စွဲနဲ့ အချိန်
--------------------
🗓️ 28 October 2024 (Monday)
⌚ 07:00 pm - 08:00 pm (MMT)

🌱ဒီ Webinar ကို တက်ရောက်လိုတယ်ဆိုရင်တော့ Page Messenger မှာ CD Scholar လို့ ပို့ထားပေးပါနော်။
Zoom link ကို ပြန်ပို့ပေးထားပါ့မယ်။

⚠️လူဦးရေ အကန့်အသတ်နဲ့ပဲ လက်ခံနိုင်တာဖြစ်လို့ စိတ်ချရအောင် အခုပဲ messenger မှာ စာရင်းသွင်းထားလိုက်တော့နော်။🥰

With Love,
BELC
Your Bridge to Quality Education


'sDream

ထိုင်းနိုင်ငံမှာ Engineeringမေဂျာတွေနဲ့နာမည်ကြီးနဲ့ SIIT, Thammasat University 02/10/2024

Fully Funded Scholarships for Engineering Majors ✨

ထိုင်းနိုင်ငံမှာ Engineering Majorနဲ့ 100% Scholarship နဲ့ University တက်ရမယ်ဆို စိတ်ဝင်စားကြလား?🤩

ထိုင်းနိုင်ငံ SIIT (Siridorn International Institute of Technology, Thammasat University)မှာ Engineering နဲ့ ဆက်စပ် Majorတွေကို 4နှစ်စာ စားရိတ်ငြိမ်းပညာသင်ယူခွင့် ရမယ့် Scholarshipတွေ ပေးပါတယ်။

Undergraduate Scholarship Program for Excellent Foreign Students (EFS-U) လို့ ခေါ်ပါတယ်။ (တခြားသော programတွေလည်း ရှိပါသေးတယ်)

တက်ရောက်နိုင်မယ့်Programsတွေကတော့
1. Bachelor of Engineering Program in Chemical Engineering
2. Bachelor of Engineering Program in Civil Engineering
3. Bachelor of Engineering Program in Electrical Engineering
4. Bachelor of Engineering Program in Industrial Engineering and Smart Logistics
5. Bachelor of Engineering Program in Mechanical Engineeringတွေပဲ ဖြစ်ပါတယ်။

Scholarships Types (3)မျိုး
💎Full Scholarship (100%)
💎Half Scholarship (50%)
💎Quarter Scholarship (25%)ဆိုပြီးဖြစ်တော့ ဖြစ်ပါတယ်။
Scholarshipsတွေက 4နှစ်စာလုံးအတွက် Coverဖြစ်ပါတယ်။

📌Application Deadline : 14th October, 2024

ဒီScholarshipရဲ့ Requirements နဲ့ အသေးစိတ်ကို ဒီမှာ ဖတ်ပါ။ 👇
EFS-U_Sem-2_2024.pdf (tu.ac.th)

Admission Criteria တွေကို သိဖို့ ဒီမှာ ဖတ်ပါ။ 👇https://admissions.siit.tu.ac.th/wp-content/uploads/2024/03/SIIT-Admisison-Criteria-Academic-Year-2024.pdf

Application feesလည်း လုံးဝ ပေးဖို့ မလိုပါဘူးနော်။ လျှောက်ဖို့အတွက် Website Linkပါ။ 👇
https://applyadmissions.siit.tu.ac.th/

SIIT : Engineering Program အကြောင်းကို သိချင်ရင် ဒီမှာ ကြည့်ပါ။👇
https://youtu.be/VY8g4Xk7RjA (Resources from : Go For Goal by Kevin You Tube Channel)

Thammasat University Campusလေးကို ကြည့်ချင်ရင် 👇
https://www.youtube.com/watch?v=b4joA1DnbVw&pp=ygUSU0lJVCBDYW1wdXMgIHRvdXIg
(Resources from : Der Kie Vlog You Tube Channel)

ငွေကြေး မတတ်နိုင်လို့၊ အိမ်က မထောက်ပံ့နိုင်လို့ဆိုပြီး စိတ်ဓါတ်မကျနဲ့နော်။
အရှုံးမပေးဘဲ ကြိုးစားပြီး အခွင့်အရေးတွေကို ဆုပ်ကိုင်နိုင်ဖို့ပဲ လိုတာပါ။
You can do it! 💪

ဒီProgramကို လျှောက်ဖို့အတွက် October 1,2024ကနေ October 14,2024အထိ ဖြစ်တာမလို့ အမြန်ဆုံးသာ လျှောက်လိုက်ကြပါတော့နော်

Study with Ella-Burma Telegram Channel : https://t.me/ellasharing

ထိုင်းနိုင်ငံမှာ Engineeringမေဂျာတွေနဲ့နာမည်ကြီးနဲ့ SIIT, Thammasat University Engineeringဘာသာရပ်တွေနဲ့နာမည်ကြီးတဲ့ SIIT, Thammasat Universityကိုတက်ရောက်လိုတဲ့ကျောင်းသားများအတွက် အင်မတန်အသုံးဝင်မယ့် အင်တာဗ.....

The Lynn Diary 29/09/2024

ထိုင်းနိုင်ငံမှာ Scholarship နဲ့ Universityတက်ဖို့ စီစဉ်ထားတယ်။ တွေးထားတယ်ဆိုရင်🤔🤔

ဒီPostက မဖြစ်မနေ ဖတ်သင့်တဲ့ Postပါ။ 👇

ထိုင်းနိုင်ငံမှာ ရှိတဲ့ Universityတွေ၊ ကျောင်းလျှောက်တဲ့ ကိစ္စတွေ၊ လိုအပ်တဲ့ အရာတွေသာ မကသေးဘဲ Fully Funded Scholarship တွေ အကြောင်းကိုပါ ပြည့်ပြည့်စုံစုံနဲ့ မျှဝေပေးနေတဲ့ You Tube Channelလေး 2ခုကို မျှဝေပေးချင်လို့ပါ။

The Lynn Diary
https://www.youtube.com/

page : https://www.facebook.com/thelynndiary

(Child's Dream Scholarship Winnerတစ်ဉီးမှ Scholarshipနဲ့ ပတ်သတ်တာတွေ၊ Uni တွေနဲ့ ပတ်သတ်ပြီး အသေးစိတ် ပြည့်ပြည့်စုံစုံ မျှဝေပေးနေပြီးတော့

Thailand Uni အသီးသီးမှာ တက်နေကြတဲ့ မြန်မာ ကျောင်းသူ/သားတွေနဲ့ Interview လေးတွေလည်း တင်ပေးထားမလို့ အခု ကျောင်းလျှောက်ဖို့ ပြင်နေတဲ့သူတွေအတွက် တကယ့်တကယ်ကိုပဲ အထောက်အကူ ပြုမယ်ဆိုတာ အာမခံပါတယ်။)

ကိုယ်တိုင်လည်း Google Searchလုပ်လို့ မရနိုင်တဲ့ Informationကို ဒီအစ်ကိုရဲ့ Channelကနေ အများကြီး ရခဲ့တာမလို့ ကျေးဇူးအများကြီးတင်ပါတယ်။

Go for Goal by Kevin
https://www.youtube.com/

page : https://www.facebook.com/chanmyaelinkokevin

ဒီChannelမှာလည်း ထိုင်းနိုင်ငံ က University, Scholarship နဲ့ ပတ်သတ်တာတွေကို စုံလင်စွာ တင်ပေးထားတာမလို့ အများကြီး information တွေ ရမှာပါ။ ဒါ့ အပြင် Ko Kevinက Uni Tourလေးတွေလည်း လုပ်ထားပြီး Videoလေးတွေ တင်ပေးထားတာမလို့ ကိုယ်တက်မယ့် Universityအကြောင်းတွေ၊ ကိုယ်နဲ့ ဘယ်Uni က ကိုက်ညီမှုရှိမလဲဆိုတာကိုလည်း လေ့လာနိုင်ဉီးမှာ ဖြစ်ပါတယ်

ငွေကြေးပိုင်ဆိုင်ရာ မတတ်နိုင်လို့၊ အိမ်က မထောက်ပံ့ နိုင်လို့ဆို စိတ်ဓါတ်မကျနဲ့နော်။ အခွင့်ရေးတွေကို ပိုမိုရှာဖွေဖို့ ကြိုးစားပါ။ အဲ့ဒီ အခွင့်ရေး တွေကိုလည်း အရ ကြိုးစားပါ။ သင့်အနာဂတ်က သင့်လက်ထဲမှာပါ။

We can do it!

Study with Ella-Burma Telegram Channel : https://t.me/ellasharing

The Lynn Diary Admin's Facebook account - https://www.facebook.com/lynn2739/ page - https://www.facebook.com/lynnphotography2739/ Instagram - https://www.instagram.com/lin_htet_naing_/

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pyay
08181