PSH Movies
Moviesဇာတ်ကားကောင်းများ
11/11/2023
The Road (2023) အဝေးပြေးလမ်းမ
==========================
IMDb(8.8/10)
ဒီကားလေးကတော့ Crime, Thriller ကို အခြေပြုထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပြီးတော့
လျှို့ဝှက်မှုတွေပြည့်နှက်နေတဲ့ဇာတ်အိမ်ကိုမှ ကြည့်ချင်တဲ့သူတွေအတွက် အလွတ်မခံသင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ...
လူသတ်မှု သေဆုံးမှုတွေနဲ့ ခိုးယက်မှုတွေဆက်တိုက်ဖြစ်ပေါ်နေတဲ့ အမြန်လမ်းမတစ်ခု...
မိသားစုပေါင်းများစွာရဲ့ အသက်ကို ခိုးယူနေတဲ့ ဒီလမ်းမက ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ မီရာရဲ့ ဘဝတစ်ကွေ့မှာ
ဆုံရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အကြောင်းကတော့ မီရာရဲ့ သားဖြစ်သူ ကာဗင်ရဲ့ မွေးနေ့ပွဲအတွက်
ခင်ပွန်းဖြစ်သူနဲ့အတူ မိသားစုခရီးထွက်ဖို့ စီစဉ်ခဲ့ပေမဲ့ အဲဒီအချိန်မှာမှန်း ကိုယ်ဝန်နှစ်လလွယ်ထားရမှန်းသိတဲ့အခါမှာတော့
ခရီးမသွားနိုင်တာဖြစ်ခဲ့ရပါတယ်....
ဇာတ်ကားကြည့်ရန် Telegram link👇
https://t.me/moviesindiapg
11/11/2023
Ghoomer 2023 ( ခရစ်ကတ်ဘုရင်မ)
======================
IMDb 8.6
ခရစ်ကတ်ချစ်သူတွေအတွက် လောလောလတ်လတ်ထွက်ရှိလာတဲ့ အသစ်စက်စက် ရုံကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်
ဇာတ်ကားရဲ့ ၂နာရီကျော်လုံးမှာ ဇာတ်နိမ့်ဇာတ်မြင့်တွေနဲ့ ရင်တမမကြည့်ရှူရမဲ့ကားဖြစ်တဲ့အပြင် အားလုံးရဲ့အချစ်တော်
မင်းသားကြီးအမီတာဘချမ်းကြီးအပြင် သားဖြစ်သူ အဘီရှိတ်ခ်တို့လို ဝါရင့်သရုပ်ဆောင်နှစ်ဦးလဲပါဝင်ထားပြန်ပါတယ်
အန်နာ..ခရစ်ကတ်ကစားသမားတစ်ယောက်အနေနဲ့ နိုင်ငံ့ပွဲတွေထိတက်ချင်ခဲ့တာက
သူမရဲ့အိပ်မက်ပေါ့ အစမ်းပွဲလေးတွေမှာ
ဝင်ပြိုင်ကစားရင်း ဒိုင်တွေရဲ့ မျက်စိကျခြင်းခံရတဲ့သူမ ..
ဒီလိုနဲ့ အင်္ဂလန်_အိန္ဒိယ ခရစ်ကတ်ကစားသမား List ထဲ သူမပါဝင်လာခဲ့ပြီး..
ဇာတ်ကားကြည့်ရန် Telegram link👇
https://t.me/moviesindiapg
11/11/2023
Dr. Cheon and the Lost Talisman(2023)
စွန်းကြမ်းတဲ့ အပနှင်Mystery / Thriller movie လာပါပြီ…
အပနှင်တဲ့သူလိုလို နတ်ဆရာလိုလို
အာပလာ ပရော်ဖက်ဆာချွန်းနဲ့
သခင်လေးဂန်လို့ ခေါ်တဲ့ သူ့တပည့် ဂန်အင်ဘယ်တို့က
အပနှင်ဖို့ အလုပ်လာအပ်တိုင်း
အပနှင်ချင်ယောင်ဆောင် အိမ်ကို 4D နည်းပညာသုံးပြီးတော့ ဝုန်းဒိုင်းကြဲပြလေ့ရှိပါတယ်
ပစ္စည်းတွေကိုလည်း မကောင်းဆိုးဝါးကပ်နေတယ်ဆိုပြီး သိမ်းယူလာခဲ့ပြီး
အောက်ဈေးနဲ့ ပြန်ရောင်းစားနဲ့ ပိုက်ဆံရှာကြတဲ့ လူလိမ်တွေပေါ့
အပနှင်တဲ့ အလုပ်လုပ်ပေမဲ့လည်း သရဲ ရှိတယ်ဆိုတာကို လုံးဝ အယုံအကြည်မရှိသလိုသူတို့ရင်ဆိုင်ရမယ့်အရာက သရဲ မဟုတ်ဘဲ လူတွေရဲ့ စိတ်လို့ပဲ လက်ခံထားကြတယ်ဒါပေမဲ့ တစ်နေ့မှာ ယူဂယောင်းဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာပြီးတော့
သိန်း ၅၀၀ ပုံပေးပြီး သူ့ ညီမလေးကို အပနှင်ပေးဖို့အတွက် သူ့အိမ်ကို ခေါ်ခဲ့တယ်
အလုပ်ဖြစ်ရင် နောက်ထပ် သိန်း ၅၀၀ ထပ်ပေးမယ်လို့ မက်လုံးပေးတဲ့အတွက် ပိုက်ဆံမက်တဲ့ပရော်ဖက်ဆာကြီးတို့လည်း ကောက်ကောက်ပါအောင် လိုက်သွားခဲ့တယ်…..
ကောင်မလေးအိမ်ကို ရောက်တဲ့အခါမှာတော့ အလွန်ကြောက်စရာ ပရောဂစွဲကပ်နေသလိုအောက်လမ်းဆရာကြီးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာတော့….အညွှန်းကိုတော့Miriကရေးသားပေးထားပါတယ်…
ဇာတ်ကားကြည့်ရန် Telegram link👇
https://t.me/pzmoviechannel1
07/11/2023
Magic Man ( 2023 )
ရှိုးလော်ဂိုဏ်းလို့ခေါ်တဲ့ လူသတ်သမားအဖွဲ့အစည်းတစ်ခုက
လူသတ်သမားဖြစ်တဲ့ လန်ကန်းဟာ မွေးရာပါသတ္တုနှင့်ထိတွေ့ခဲ့ရင်
ဏ်ရာပြန်ကောင်းလာနိုင်တဲ့ ထူးခြားစွမ်းအင်တခုရှိပါတယ်လန်ကန်းဟာတပ်မှူးကြီးကိုလုပ်ကြံတဲ့ လှုပ်ရှားမှုတစ်ခုမှာ
ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး အရက်ဆိုင်ပိုင်ရှင်ဟုန်လော်နဲ့
သူ့ညီမမိုက်ကျစ်ရဲ့ ကယ်တင်ခြင်းကိုခံခဲ့ရတယ်
ကျေးဇူးပြန်ဆပ်ဖို့အတွက် လန်ကန်းကအရက်ဆိုင်မှာ
ယာယီနေပြီးစားပွဲထိုးအဖြစ်လုပ်ခဲ့တယ် ဒီလိုအေးချမ်းသာယာတဲ့ဘဝမျိုးက
မှောင်မိုက်ပြီးဓားကိုင်လူသတ်တဲ့ဘဝကိုဖြတ်သန်းရတဲ့လန်ကန်းကို
စိတ်လှုပ်ရှားစေခဲ့ပြီး သာမန်အေးချမ်းတဲ့ဘဝကိုဖြတ်သန်းချင်ခဲ့တယ်ဒီလိုမျိုးအေးဆေးတည်တည်ငြိမ်ငြိမ်လေးနေချင်တဲ့သူ့ဘဝကို
တနေ့မှာ ဇောက်ထိုးမိုးမျှော်ဖြစ်စေမယ့် ကိစ္စတခုကျရောက်လာတဲ့
အခါမှာတော့ လန်ကန်းတစ်ယောက်ဘယ်လိုတွေရင်ဆိုင်မလဲဆိုတာကို
ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်...
ဇာတ်ကားကြည့်ရန် Telegram link👇
https://t.me/pzmoviechannel1
07/11/2023
Mangkujiwo 2 (2023) (မှန်သရဲ)
IMDb 7.4/10မျှော်လင့်စောင့်စားနေခဲ့တဲ့ မှန်သရဲကတော့ ၂အနေနဲ့ ထွက်ရှိလို့လာခဲ့ပါပြီ
အရင်က ၁ ကို ပြန်လည်အစဖော်ပေးရမယ်ဆိုရင် စုန်းမအဖြစ် သမုတ်ပြီး
လူတောမတိုးအောင်အခန်းထဲပိတ်ခံရပြီး နတ်ဆိုးသားကောင်ဖြစ်ခဲ့ရတဲ့ ကွန်တီနဲ့ အမေ့အတွက်လက်စားချေခဲ့တဲ့ သူ့သမီးလေးအူမာ..
အူမာရဲ့သဘာဝလွန်စွမ်းအားကတော့ ဒေါသထွက်ပြီဆိုတာနဲ့ လူစိတ်ပျောက်ပြီး ခွန်အားတွေအဆမတန်ကြီးထွားလာတာပါပဲ
ဒါကို သူ့အမေက ဝင်ကူညီပေးတယ်လို့မှတ်ယူထားသူပေါ့။
ပထမပိုင်းမှာ ပြီးဆုံးသွားတဲ့ နတ်ဆိုးရိုးရာတွေကို ဒုတိယပိုင်းမှာ ဘယ်သူတွေက ထပ်မံပြီးလှုပ်နှိုးအသက်သွင်းကြမလဲ
ဒီမှာ ထပ်မံပေါ်ပေါက်လာမဲ့ လူစွမ်းကောင်းကတော့ ရင်ဘာ ..
၆နှစ်တစ်ခါပူဇော်လေ့ရှိတဲ့ယဇ်ပူဇော်ပွဲထဲ အဖေဖြစ်သူပါ ပါဝင်ခဲ့ရလို့
ကလဲ့စားချေဖို့အတွက် လိုက်လံရှာဖွေရင်း အူမာနဲ့တွေ့ဆုံဖို့ အကြောင်းဖန်လာတယ်ဝိညာဉ်တွေကိုမြင်ရတဲ့အူမာနဲ့ ခေတ်ပညာတတ် သိပ္ပံဆန်ဆန်တွေးတတ်တဲ့ ရင်ဘာတို့၂ယောက် ဘယ်လိုပူးပေါင်းသွားကြမလဲ
အူမာ့ဘဝရဲ့ဇာတ်လမ်းမှန်ကို စုံစမ်းရင်းသိလာရတဲ့ အမှန်တရားတွေနဲ့
သူတို့ထိန်းသိမ်းရမဲ့ ပရလောကနဲ့ မျက်မှောက်ခေတ်ကိုဆက်စပ်နေတဲ့ ဒီမန်ကူဂျီဝိုမှန်ကြီးကို သူတို့ကာကွယ်နိုင်ပါ့မလား
အဖေ့အတွက်လက်စားချေမှုကိုရော အောင်မြင်နိုင်ပါ့မလားဆိုတာတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားကြပါ။
ဇာတ်ကားကြည့်ရန် Telegram link👇
https://t.me/pzmoviechannel1
04/11/2023
Leo (2023) "လီယို"
IMDB-7.9/10
Leo(2023)ရုံတင်ကားကြီးက ခုချိန်မှာတော့ ကြည့်ပျော်လောက်မယ့် ရုပ်ထွက်တခုနဲ့ အကြည်ဗားရှင်းထွက်လာခဲ့ပါပြီ...
သို့ပေမဲ့ E Sub ဗားရှင်းအသေထိုးထားတဲ့ HS Versionဆိုတာတော့ သတိပြုစေချင်ပြီး Netflixဗားရှင်းအနေနဲ့ ပိုမိုကောင်းမွန်တဲ့ကွာလတီထွက်ရှိလာရင်လဲ updateပေးသွားပါဦးမယ်
LCUဆိုပြီး ဒါရိုက်တာကြီး Lokesh Kanagarajရဲ့ Lokesh Kanagaraj's Cinematic Universeအဖြစ်နဲ့
Kaithi(2019)၊ Vikram (2022)ရုပ်ရှင်တွေနဲ့အချိတ်အဆက်ဖြစ်တဲ့ အခုLeo(2023)ထွက်ရှိလာတာကို
တင်ဆက်ပေးလိုက်ပါတယ်။
မင်းသားတွေကတော့ အားလုံးသိပြီးဖြစ်တဲ့ ဗီဂျေး၊ မင်းသားကြီး ဆန်ဂျေးဒတ်တို့အပြင် ဗီလိန်ဇာတ်ရုပ်နဲ့ နာမည်ကြီးလှတဲ့
ဘာဘူအန်တိုနီတို့နဲ့အတူ ဒါရိုက်တာလိုကတ်ရှ်ရဲ့ ထုံးစံအတိုင်း အက်ရှင်ခန်းတွေကို ရင်တလှပ်လှပ်ကြည့်ရှုခံစားရမှာပါ။
ဇာတ်လမ်းအညွှန်း
မြို့ထဲကို ဝင်လာတာကတော့ ဂေါ်ဇီလာကြီးမဟုတ်ပေမယ့် အတော်လေးဆိုးတဲ့ ဟိုင်အီးနားခေါ် ခွေးအကြီးပေါ့။
ပါဝါရိန်းဂျားတောင်မနိုင်ဆိုသလို ရဲတွေ တောခေါင်းတွေလည်းမနိုင်တော့ပါဘူး၊
အဲဒီအချိန်မှာပဲ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် မင်းသားတစ်ဖြစ်လဲ
သောက်ကြမ်းကြီးမစ္စတာလီယိုရောက်ရှိလာပြီး..
ဇာတ်ကားကြည့်ရှုလိုပါက Telegram link👇
https://t.me/pzmoviechannel1
02/11/2023
Jawan (2023) "စစ်သည်တော်"
NF WEB DL (အကြည်ဗားရှင်း)
-======================
IMDb-7.5/10
ဒီနှစ်ထဲမှာပဲ ဒုတိယမြောက်အောင်မြင်မှုကိုစိုက်ထူခဲ့ပြန်တဲ့
King Khanရဲ့ရုပ်ရှင်ကားကြီး Jawanကို တင်ဆက်ပေးလိုက်ပါပြီ။
King Khanရယ်လို့ ဂုဏ်ပုဒ်တစ်ခုရတဲ့အထိ အောင်မြင်ခဲ့တဲ့ အောင်မြင်နေဆဲ မင်းသားကြီးရှာရွတ်ခန်းရဲ့ အသက်၅၈မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂ရက်နေ့မှာပဲ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်ကိုရောက်ရှိလာခဲ့တာပါ။
ပထန်မှာတုန်းက အမေရိကန်ဒေါ်လာ သန်း၁၃၀ဝန်းကျင်ထိရခဲ့ပြီး
ဒီရုပ်ရှင်မှာတော့ သန်း၁၄၀ဝန်းကျင်ထိ ပြန်လည်ရရှိခဲ့ပါတယ်။
ဒီကားမှာ ဘောလိ၀ုဒ်ရဲ့ဘုရင်ကြီး ကင်းခန်းနဲ့ တမီးလ်စတား မင်းသားကြီးဗီဂျေးစည်သူပတီတို့ အပြိုင်ကျဲထားတဲ့အပြင် အချောလေး ဒီပီကား မင်းသားကြီး ဆန်ဂျေးဒတ်နဲ့ ယိုဂီဘာဘူတို့လည်းပါဝင်အားဖြည့်ထားပါသေးတယ်။နောက်ပြီး မင်းသမီးချောအငယ်လေးတွေကိုလည်း တ၀ကြီးရှုစားရမှာပါ..
ဒီTelegram link လေးမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://t.me/pzmoviechannel1
01/11/2023
A Haunting in Venice (2023)
( စုံထောက်ကြီး ဟာကျူလီ ပွာရိုး နဲ့ ဝိညာဉ်လူသတ်သမား )
ဒီရုပ်ရှင်ကတော့ အဝေးပြေးရထားလူသတ်မှု၊ နိုင်းမြစ်လူသတ်မှု ရုပ်ရှင်တွေအပြီးမှာထပ်မံထွက်ရှိလာတဲ့ စုံထောက်ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အရင်ရုပ်ရှင်တွေလိုပဲ
ကောင်းပါတယ်။ အပြင်လူမလာနိုင်တဲ့ ပိတ်မိနေတဲ့နေရာတစ်ခုမှာ သံသယရှိသူတွေကိုတစ်ယောက်ချင်း စုံစမ်းရပြီး အဖြေရတာမျိုးပါပဲ။ဒီရုပ်ရှင်ထဲမှာတော့ စုံထောက်ကြီး ပွာရိုးဟာ စုံထောက်အလုပ်ကနေအငြိမ်းစားယူပြီးဗင်းနစ်မှာ အနားယူနေပါပြီ။ သူ့ဆီကို အမှုလာအပ်တဲ့သူတွေနဲ့အတွေ့မခံချင်လို့သက်တော်စောင့်တစ်ယောက်တောင် ငှားထားရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့မိတ်ဆွေဟောင်း နာမည်ကျော် စာရေးဆရာမ ရောက်လာပြီး အကူအညီတစ်ခုတောင်းလာပါတော့။ အဲဒါကတော့ နာမည်ကျော် ဝိညာဉ်ဟောဆရာမ (မီရှဲယို)တစ်ယောက်ရဲ့ သရဲခြောက်တဲ့အိမ်ကြီးထဲက ဝိညာဉ်ခေါ်ပွဲကို တက်ပေးဖို့ပါပဲ။အဲဒီဝိညာဉ်ဟောဆရာမ လုပ်ပြနေတာတွေကို စာရေးဆရာမက ဘယ်လိုမှလိမ်နေကြောင်းသက်သေမပြနိုင်တာမို့ စုံထောက်ကြီးက ဖော်ထုတ်ပေးဖို့ လာအကူအညီတောင်းတာပါ။ ဒါပေမဲ့ စုံထောက်ကြီးကိုယ်တိုင် သရဲခြောက်တဲ့အိမ်ကြီးထဲမှာ ပိတ်မိနေပြီးလူသတ်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဖြစ်လာသမျှလူသတ်မှုတွေရဲ့ သက်သေတွေကရဲ့ဝိညာဉ်၊ သရဲလက်ချက်လို့ပဲ အဖြေထွက်နေတဲ့အခါ....
ဒီTelegram link လေးမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်
https://t.me/pzmoviechannel1
31/10/2023
The League of Extraordinary Gentlemen (2003)
ဒီရုပ်ရှင်က ခုနေ သက်လတ်ပိုင်းတော်တော်များများ ငယ်ဘဝက ကြိုက်ခဲ့တဲ့ရုပ်ရှင်လို့ပြောလို့ရတယ်။ ဒီရုပ်ရှင်ရဲ့ မူရင်း Comic Book ကိုကလည်း တော်တော်အထာကျတဲ့ Alan Moore ရယ်၊ Kevin O’Neill ရယ်တွဲရေးထားတဲ့ The League of Extraordinary Gentlemen ကောမစ်ဘွတ်စီးရီးရဲ့ ပထမတွဲကို ယူထားတာ။ Alan Moore ကိုတော့ တော်တော်များများသိကြမှာပါ။ နာမည်ကြီးသလို အနုပညာလည်းမှော်ဝင်တဲ့ Watchmen, V for Vendetta, From Hell နဲ့ Batman: The Killing Joke တို့လို ကောမစ်ဘွတ်တွေကို ရေးခဲ့တဲ့သူ။ ဒီကောမစ်ဘွတ်ကလည်း Multi-genre, Cross over Comic Book။ ပြောရရင် တကယ့်ဂန္ထဝင်ဆိုမှ Edgar Allan Poe, Ian Fleming, Herman Melville, Mark Twain, Sir Arthur Conan Doyle, Oscar Wilde တို့လို ဂန္ထဝင်စာရေးဆရာတွေရဲ့ ကာရိုက်တာတွေ ဇာတ်လမ်းတွေကို Cross over လုပ်ထားတာ။ ဒီဇာတ်ကိုစစပုံဖော်ချင်းတုန်းကလည်း “Justice League of Victorian England” ဆိုတဲ့ သဘောမျိုးနဲ့ သွားထားတာဖြစ်တယ်။Bram Stoker ရဲ့ Dracula ထဲက မီနာ၊ Jules Verne ရဲ့ ကပ္ပတိန်နီမို၊ Sir H. Rider Haggard ရဲ့ အလန်ကွာတာမိန်း၊ Robert Louis Stevenson ရဲ့ Dr. Jekyll and Mr. Hyde, H. G. Wells ရဲ့ The Invisible Man, Sir Arthur Conan Doyle ရဲ့ မိုရီယာတီ၊ Mark Twain ရဲ့ တွမ်ဆောယား၊ Oscar Wilde ရဲ့ ဒိုရီယန်ဂရေးတို့လို ဂန္ထဝင်ဇာတ်ကောင်တွေကို တစ်ပေါင်းတည်းသုံးထားတယ်။ ဒီလိုဂန္ထဝင်တွေကိုမှ Watchmen လို မာစတာပိစ် ကောမစ်ဘွတ်ရေးခဲ့တဲ့ Alan Moore ရေးခဲ့တဲ့ Comic Book ကို ရိုက်ထားတာဆိုတော့ ကြည့်ကောင်းတာတော့ တော်တော်ကြည့်ကောင်းပါတယ်။ ဒါပေမဲ့ ဒါရိုက်တာကတော့ ဇက်စနိုက်ဒါတို့လို အသက်ဝင်အောင်မရိုက်နိုင်ခဲ့တော့ ဝေဖန်ရေးအရတော့ အခြေအနေမကောင်းခဲ့ပါဘူး။ အသာထားပါ။ ဒီလိုကာရိုက်တာတွေကို တွဲမြင်ရတာနဲ့တင် တော်တော်တန်နေပြီ။ လွမ်းစရာလည်း ကောင်းနေပြီ။ဒီကားမှာ အလန်ကွာတာမိန်းအဖြစ် ရှောင်ကွန်နရီကြီးက ဝင်သရုပ်ဆောင်ထားခဲ့တယ်။ ရှောင်ကွန်နရီကြီးဟာ ဒီမတိုင်ခင် သရုပ်ဆောင်ကြေးအများကြီးရနိုင်ခဲ့တဲ့ The Matrix ထဲက Architect ဇာတ်ကောင်ကိုရော The Lord of the Rings ထဲက Gandalf ဇာတ်ကောင်ကိုရော ငြင်းခဲ့တယ်။ ဒီကားမှာတော့ ကြေးသိပ်မရခဲ့ပေမဲ့ အလန်ကွာတာမိန်းအဖြစ် သရုပ်ဆောင်ပေးဖို့ သဘောတူခဲ့တယ်။ အလန်ကွာတာမိန်းဇာတ်ကောင်ရဲ့ အရှိန်အဝါလို့တော့ ထင်ရတာပါပဲ။ ကားထဲက အလန်ကွာတာမိန်းဟာလည်း ဗြိတိန်ရဲ့ သူရဲကောင်းပြယုဂ်တစ်ခုလိုဖြစ်နေခဲ့တယ်။ ဘာရယ်တော့မဟုတ်ပါဘူး။ ဒီကားထဲ တော်တော်သဘောကျစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပါတယ်။ ကွာတာမိန်းက ဆောယားကို ကိုက်ကိုးရာအကွာကပစ်မှတ်ကိုထိအောင်ပစ်တတ်အောင်သင်ပေးတဲ့ အခန်းပေါ့။” ချိန်… လေလမ်းကြောင်းနဲ့ ပစ်မှတ်ရွှေ့လျားသွားတာကို အလိုက်သင့်စီးမျော… ဒီနှစ်ခုက လွယ်တယ် အဓိကက… ကိုယ်ပစ်မယ့် ပစ်ချက်ကိုခံစား အချိန်ယူပြီးခံစား ယူချင်သလောက်သာ အချိန်ယူ ဘယ်လောက်ကြာကြာ ဂရုမစိုက်နဲ့” တဲ့။ဘာရယ်တော့မဟုတ်ပါဘူး ပစ်ဖို့အချိန်ယူလေ ပိုဝေးသွားလေဖြစ်မယ့်ပစ်မှတ်ကို ပစ်တဲ့နေရာမှာ အချိန်ဘယ်လောက်ကြာကြာယူရယူရ ဂရုမစိုက်တဲ့ အလန်ကွာတာမိန်းရဲ့ အနုပညာပေါ့။( အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)
ဒီ Telegram link လေးမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်
https://t.me/pzmoviechannel1
28/10/2023
Peddha Kapu 1 (2023) [အလံလုကြသူများ]
IMDB --- 8.0/10
ဒီတစ်ခါ မိတ်ဆက်ပေးမဲ့ကားလေးကတော့
ကြမ်းကြမ်းရမ်းရမ်းနဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေပါတဲ့
နိုင်ငံရေးတေလဂူးဘာသာ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းရဲ့အစမှာတော့ ၁၉၆၂ခုနှစ်မှာ ဂိုဒါဗာရီမြစ်တစ်လျှောက်က ရွာတွေမှာ
ဖြစ်ပွားခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကနေ အစပြုထားပါတယ်။
ဒီရွာတွေက လူတွေဟာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးကြရင်း
အဲဒီထဲက သားအမိနှစ်ယောက်ဟာ ကွင်းပြင်ထဲမှာ
ကလေးလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ်။
သူတို့ကိုယ်တိုင်လည်း လူချည်းလွတ်အောင် ပြေးလာခဲ့ရသူတွေမလို့ ကလေးကို
မစောင့်ရှောက်နိုင်ပေမဲ့ ပစ်မထားရက်ခဲ့တာကြောင့် ကလေးကို သူများကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီကလေးကို မွေးစားလိုက်တဲ့သူကတော့ စိတ်နှလုံးသားဖြူစင်တဲ့ အရက်သမားတစ်ယောက်ပေါ့
အဲဒီနောက်မှာတော့ ရွာမှာ ပါတီကြီးနှစ်ခုဖြစ်တဲ့ ဆတ်တရာရန်ဂီရ်နဲ့ ဘာယာနာတို့ ပါတီနှစ်ခု.. ……..
ဒီလင့်လေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://t.me/pzmoviechannel1
27/10/2023
Jemputan Ke Neraka ( 2023 )
==========================
CM ပရိသတ်ကြီးအတွက် IMDb 7.7/10 ရထားတဲ့ မလေးရှား Crime, thriller ကားသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းဟောင်းတစ်ယောက်ရဲ့
မင်္ဂလာပွဲဖိတ်လို့ ပွဲသွားတက်ကြရင်း တစ်ကျောင်းထဲသားသူငယ်ချင်းတစ်စုကလွဲ
ဘယ်ဧည့်သည်မှရှိမနေတဲ့အပြင် လိုင်းမမိ ဆက်သွယ်မရတဲ့နေရာဖြစ်နေတာပါပဲ။
ဒီလိုနဲ့ ရှာရင်းဖွေရင်း တည်ခင်းပေးထားတဲ့ စားသောက်ပွဲထဲက
လက်တစ်ချောင်း၊ အပေါ်ထပ်က သတို့သမီးအလောင်း နောက်ပြီး ဓာတ်ပုံဘောင်တစ်ခုနဲ့ သူတို့... ။
ဘာတွေဆက်စပ်နေလဲ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ ပရိသတ်ကြီးပဲ
ဆက်လက်ကြည့်ရှုပြီး အသည်းတယားယားနဲ့ အဖြေထုတ်လိုက်ကြပါဦးနော်။
(ဒီဇာတ်ကားရဲ့ အညွှန်းကိုတော့ Aditi မှရေးသားပေးပြီး
Aditi, Cherry, Alex, ToMo တို့မှ ဘာသာပြန်တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။
ဒီTelegran channel link လေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://t.me/pzmoviechannel1
25/10/2023
Sound of Freedom (2023)
===================
IMDb Rating – 7.8/10IMDB 7.8 ထိ ရထားတဲ့ ကလေးလူကုန်ကူးမှုတိုက်ဖျက်ရေး မှုခင်းဇာတ်ကား
ကောင်းလေး ဖြစ်ပါတယ်။ ကမ္ဘာ့အနှံ့က မကောင်းမှုနဲ့ ကျိကျိတက်တက်ချမ်း
သာပြီး ဝါသနာတူတွေစုနေတဲ့ လူချမ်းသာအသိုင်းအဝိုင်းကြီးတစ်ခုက ကလေး
သူငယ်တွေကို လူကုန်ကူးပြီး လိင်လုပ်သားအဖြစ် ရောင်းစား အသုံးတော်ခံနေ
ကြပါတယ်။ ဒါကို သီးသန့်နှိမ်နင်းတားဆီးနေတဲ့ တင်ဘဲလက်ဆိုတဲ့ အေးဂျင့်က
pe*****le လို့ခေါ်တဲ့ ကလေးနှာဗူးကောင်တွေကို ဖမ်းဆီးခဲ့ရင်းနဲ့ နောက်ဆုံး
ကိုလံဘီယာက မကောင်းမှုတွေ အဓိကထိန်းချုပ်လုပ်ကိုင်နေတဲ့ ဒုစရိုက်အဖွဲ့ကို
နှိမ်နင်းတားဆီးပြီး ကလေးတွေကို ဘယ်လိုပြန်လည်ကယ်ဆယ်မလဲဆိုတာကို
ကြည့်ရမှာဖြစ်ပါတယ်။
ဇာတ်လမ်းပုံစံက ရိုးရှင်းပေမယ့်.. Action scene တွေက အရမ်းကောင်းလွန်း
တာကြောင့် Rating ကောင်းကောင်းတွေ ရထားတာဖြစ်ပါတယ်.....
ဇာတ်ကားကြည့်ရန်
Telegram channel link
https://t.me/pzmoviechannel1
Click here to claim your Sponsored Listing.
Category
Website
Address
Pyay