PKA International School

PKA International School

Share

𝙋𝙧𝙚𝙘𝙞𝙤𝙪𝙨 𝙇𝙚𝙖𝙧𝙣𝙚𝙧𝙨, 𝙐𝙣𝙞𝙦𝙪𝙚 𝙇𝙚𝙖𝙙𝙚𝙧𝙨

05/06/2026

"Happy World Environment Day" 🌍🌎🌳🌳

ယနေ့ ၂၀၂၆၊ ဇွန်လ (၅) ရက်နေ့ဟာ "ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့'' ဖြစ်ပါတယ်။ 🌿🌿

အနာဂတ်မှာ ထွန်းတောက်လာမယ့် သားသားမီးမီးတို့အနေနဲ့ ကမ္ဘာမြေကြီးအပေါ် တန်ဖိုးထားထိန်းသိမ်းတတ်စေဖို့၊ သဘာဝတရားကြီးကို ချစ်ခင်မြတ်နိုးတတ်စေဖို့အတွက် ရည်ရွယ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ activities များစွာကို ဒီနေ့မှာ ပျော်ပျော်ပါးပါး လုပ်ဆောင်ခဲ့ကြပါတယ်။

ကျွန်ုပ်တို့ နေထိုင်ရာ အမိကမ္ဘာမြေကြီးဟာ ယနေ့ခေတ်ရဲ့ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အပြင်းအထန်ခံစားနေရတဲ့အတွက် မိမိတို့အနေနဲ့ တတ်နိုင်သမျှ ပလပ်စတစ်အသုံးပြုမှု လျှော့ချခြင်း၊ စွမ်းအင်ခြွေတာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းများ ပြုလုပ်ခြင်းအားဖြင့် ကမ္ဘာမြေကြီး ပြန်လည်ကျန်းမာ​အောင် PKA နဲ့ အတူကြိုးစားကြ​အောင်လားရှင်။ 🍀🍀



#ကမ္ဘာ့ပတ်ဝန်းကျင်နေ့

04/06/2026

၂၀၂၆ မှာ ဘယ်ဘာသာစကားကို အဓိကထား လေ့လာရမလဲ.. 🤔🤔
ဒီနေ့ခေတ် ကမ္ဘာကြီးမှာ လူတွေအကြား အသုံးအများဆုံး language (၅) ခုကို ဖော်​ပြလိုက်ပါတယ်။

🌍 Rank (5) - French

ပြင်သစ်ဘာသာစကားကို နိုင်ငံပေါင်း (၂၉) နိုင်ငံမှာ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားပြီး mother language အနေနဲ့ ပြောဆိုသူ (၈၁) သန်း၊ second language အနေနဲ့ ပြောဆိုသူ (၂၆၆) သန်းအထိ ရှိပါတယ်။

🌍 Rank (4) - Spanish

စပိန်ဘာသာစကားကတော့ mother language အနေနဲ့ ပြောဆိုသူ (၄၈၅) သန်း၊ second language အနေနဲ့ ပြောဆိုသူ (၇၅) သန်းရှိပြီး စုစုပေါင်း (၅၆၀) သန်း ရှိပါတယ်။

🌍 Rank (3) - Hindi

ဟင်ဒီဘာသာစကားဟာ mother language အနေနဲ့ ပြောဆိုသူ (၃၄၃.၉) သန်း၊ second language အနေနဲ့ ပြောဆိုသူ (၂၅၈.၃) သန်း ရှိပါတယ်။
စုစုပေါင်း ပြောဆိုသူ (၆၀၂.၂) သန်းအထိ ရှိပြီး တတိယနေရာမှာ ရှိနေပါတယ်။

🌍 Rank (2) - Mandarin

မန်ဒရင်းတရုတ်ဘာသာစကားက mother language အနေနဲ့ ပြောဆိုသူ (၉၂၉) သန်း၊ second language အနေနဲ့ ပြောဆိုသူ (၁၉၈.၇) သန်းအထိရှိပြီး စုစုပေါင်းပြောဆိုသူ (၁.၁၁၈) ဘီလီယံနဲ့ အဆင့် (၂) မှာ ရပ်တည်နေပါတယ်။

🌍 Rank (1) - English

အင်္ဂလိပ်ဘာသာစကားဟာ mother language အနေနဲ့ ပြောဆိုသူ သန်း (၃၈၀)၊ second language ပြောဆိုသူ (၁.၁၂၀) ဘီလီယံအထိ ရှိပါတယ်။ ဒါဟာ ကမ္ဘာ့အသုံးအများဆုံး ဘာသာစကားဖြစ်ပြီး ပြောဆိုသူဦးရေ (၁.၅) ဘီလီယံ ရှိပါတယ်။ နိုင်ငံပေါင်း (၆၇) နိုင်ငံမှာ ရုံးသုံးစကားအဖြစ် အသုံးပြုကြသလို ကမ္ဘာ့စီးပွားရေး၊ နည်းပညာနဲ့ အင်တာနက်ကွန်ရက်တွေရဲ့ အဓိကဘာသာစကားလည်း ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ဘာသာစကားပေါင်း (၇,၀၀၀) ကျော် ရှိတဲ့အတွက် ကိုယ့်ရဲ့ career နဲ့ သင့်တော်မယ့် ဘာသာစကားကို သေချာရွေးချယ်ဖို့ လိုပါတယ်။

အကယ်လို့ မိဘတွေအနေနဲ့ ကလေးကို ကမ္ဘာကြီးရဲ့ ဘယ်နေရာမဆို လူမျိုးပေါင်းစုံနဲ့ ဆက်သွယ်ပြောဆိုစေချင်တယ်၊ ထိပ်တန်းပညာရေးအခွင့်အလမ်းတွေ ဖန်တီးပေးလိုတယ်ဆိုရင်တော့ "အင်္ဂလိပ်ဘာသာစကား"ကို မဖြစ်မနေ လေ့လာခိုင်းထားသင့်ပါတယ်။

(စကားမစပ် မိမိကလေးရဲ့ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ English Language ကို အကျိုးရှိရှိလေ့လာရင်း အသုံးချစေချင်တယ်ဆိုတဲ့ မိဘတွေအတွက်
PKA ရဲ့ ''Weekend Class'' လေး ရှိပါတယ်။
ဒီအတန်းကို အတွေ့အကြုံများစွာ ရှိတဲ့ ''Local teachers'' တွေအပြင် ''Foreign teachers'' တွေကပါ ပူပေါင်းသင်ကြားပေးနေတာဖြစ်လို့ မိမိကလေးရဲ့ ပညာရေးကို အထူးအလေးထားတဲ့ မိဘတွေအနေနဲ့ မဖြစ်မနေ ရွေးချယ်သင့်တဲ့ အတန်းလေးပါ။
အသေးစိတ် သိချင်တယ်ဆိုရင်တော့ PKA page မှတဆင့် စုံစမ်းမေးမြန်နိုင်ပါတယ်။)

Photos from PKA International School's post 30/05/2026

Morning Coffee Talk ☕☕

PKA International School ၏ Morning Coffee Talk ပွဲလေးကို ယနေ့ (30.5.2026) စနေနေ့တွင် Prome Garden Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဤသို့ မအားလပ်သည့်ကြားမှ ယခုလို အချိန်ပေးပြီး လာရောက်ပေးခဲ့ကြတဲ့ ဖေဖေမေမေအယောက်ချင်းစီတိုင်းကို PKA International School မှ ကျေးဇူးအထူးတင်ရှိပါသည်။

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 15, Yadanar De Pa Street, Ya Be Quarter
Pyay
08151

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00