Arrow Computer Training Center

Arrow Computer Training Center

Share

အပြင်တွင် ဆရာနှင့်တိုက်ရိုက်သင်နေရသည့်အတိုင်း ရှင်းပြသင်ကြားထားပါသည် Computer Technology

ကွန်ပြူတာလေးနေတာကို ပေါ့သွားအောင် Temporary File တွေကို အလွယ်တကူ ရှင်းနည်း 27/01/2022

ကွန်ပြူတာလေးနေတာကို ပေါ့သွားအောင် အလွယ်တကူ ရှင်းနည်း

ကွန်ပြူတာလေးနေတာကို ပေါ့သွားအောင် Temporary File တွေကို အလွယ်တကူ ရှင်းနည်း MMTH ကနေ ကြိုဆိုပါတယ်။ ဒီတစ်ခါတော့ ကွန်ပြူတာလေးနေတာကို မြန်သွားအောင် Temp files တွေကို အလွယ်တကူ ရှင်းနည်းလေး တင်ပေးလ...

04/12/2021

Keyboard Shortcuts လေးတွေပါ လိုအပ်သူများ share ထားနိုင်ပါတယ်

💢💢💢💢💢💢💢💢💢💢💢

Start(Windows Key) + M – ဖွင့်ထားတဲ့ windows တွေက ချုံ့ပြီး tast bar ပေါ်မှာ နေရာချပေး ပါလိမ့်မယ်။
Start + Shift + M – task bar ပေါ်မှာချုံ့ပြီး ခဏ နေရာ ချထားတဲ့
windows တွေကို size ကြီး ပြန်ချဲ့ပေးပါတယ်။
Start + E – Windows ရဲ့ အင်ဂျင် စက်ခန်းလို့ ခေါ်ဆို နိုင်တဲ့ windows explorer ကို ဖွင့်ပေး ပါတယ်။
Start + R – Start menu မှာရှိတဲ့ ‘Run’ box ကို ဖွင့် ပေးပါတယ်။
Start + F – windows search dialog box ကို ဖွင့် ပေးပါတယ်။
Start + Ctrl + F – search box ကိုဖွင့် ပေးပါတယ်။ တကယ်လို့
computer ဟာ network ချိတ်ဆက် ထားရင် computer dialog box
ကို ဖွင့်ပေး ပါတယ်။
Start + Pause ( Break ) – Systerm properties dialog box ကို
ဖွင့်ပေး ပါတယ်။
F1 – အကူအညီ တစ်စုံ တစ်ရာ လိုအပ်ရန် နှိပ်ပါ။
Ctrl + Esc – Start Menu ကို ဖွင့်ပေး ပါတယ်။
Alt + Tab – ဖွင့်ထားတဲ့ ပရိုဂရမ်တွေ တစ်ခုနဲ့ တစ်ခု အကြားကို
ကူးပြောင်း အလုပ်လုပ် စေနိုင် ပါတယ်။
Alt + F4 – ဖွင့် ထားတဲ့ ပရိုဂရမ် ကနေ ထွက်ခွာ စေပါတယ်။
အလုပ် လုပ်လျက် သား ဖြစ် နေရင် သာမန် ပုံစံအတိုင်း save လုပ်
မလားလို့ မေးပါ လိမ့်မယ်။
ှ့Shift + Del – select ပေးပြီး ရွေးချယ် ထားတဲ့ ဖိုင်တစ်ခုကို
အပြီးတိုင် ဖျက်ဆီး ပစ်ပါလိမ့်မယ်။
Windows program key combination
Ctrl + C – မိတ္တူ ပွားပေး ပါမယ်။
Ctrl + X – တစ်နေရာမှ တစ်နေရာကို ကူးပြောင်း နေရာ ရွှေ့ဖို့
အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ လုပ်ငန်းစဉ်ပါ။
Ctrl + past – မိတ္တူပွားပြီးသား ဖိုင်တစ်ခုကို ပြန်လည် နေရာ ချထား
ပေးပါတယ်။
Ctrl + Z – undo. လုပ်ဆောင် ခဲ့သော အလုပ်ကို မနှစ် သက်တဲ့ အခါမှာ
မူလ အခြေအနေ အတိုင်း ပြန်ရောက် ရှိစေပါတယ်။
Ctrl +B – document အတွင်းမှာရှိတဲ့ tast တွေကို ပိုမို ထင်ရှား
အောင် ပြုလုပ် ပေးပါတယ်။
Ctrl + U – document အတွင်းမှာရှိတဲ့ tast အောက်ခြေမှာ မျဉ်းသား
လိုတဲ့အခါ သုံးကြပါတယ်။
Ctrl + I – Italic- text တွေကို စောင်းပေးပါတယ်။
Mouse/ Keyboard Modifier
Shift + right click (တစ်ချက်) – Rice click နဲ့တူတယ်။
active windows ရဲ့ display menu ကို ဖွင့်ပေးတယ်။
ှShift + Left Click (နှစ်ချက်)
Alt + Left Click (နှစ်ချက်) – ဖိုင်သို့မဟုတ် folder ရဲ့ properties
ကိုပြပေးမယ်။
General Keyboard
F 10 – mune bar မှာရှိတဲ့ options တွေကို အဆင်သင့် ဖြစ်နေအောင်
လုပ်ဆောင် ပေးပါတယ်။
Ctrl + Esc – Start Menu ကိုဖွင့်ပေးပါတယ်။
Shift + F 10 – ရွေးချယ်ထားတဲ့ဖိုင် တစ်ခုအတွက် ’short-cut’
ဖိုင်ငယ်လေး တစ်ခု ပြုလုပ် ပေးထား ပါတယ်။
Alt + down arrow – drop-down list box ကျလာစေပါတယ်။
ဆော့ဖ်ဝဲတစ်ခု အတွင်းမှာပဲဖြစ်စေ၊ တစ်ခြား တစ်နေရာ တစ်ခု
မှာပဲဖြစ်စေ features တိုင်း လုပ်ဆောင် နိုင်စွမ်း box ငယ်ကလေးများ
ကိုယ်စီ ရှိကြသည်။
Alt + Tab – ဖွင့်ထားတဲ့လုပ်ငန်းစဉ်တိုင်းအား တစ်ခုနှင့်တစ်ခု အကြား
ကူးပြောင်း စေနိုင်ပါတယ်။ တစ်ကယ်လို့ Alt Key ကိုဖိထားပြီး
Tab Key ကို လွတ်လိုက်မယ် ဆိုရင် လုပ်ဆောင်ဆဲ လုပ်ငန်းစဉ်
မှန်သမျှကို အလွယ်တကူ ကြည့်ရှု နိုင်ပြီး လုပ်ငန်း ပြောင်းလဲ နိုင်ပါတယ်။
Shift + ? – တကယ်လို့ shift key ကိုဖိနှိပ်ထားပြီး CD-ROM ဒါမှမဟုတ် DVD တစ်ချက်ကို ထည့်သွင်း လိုက်မယ် ဆိုရင် အဲဒီ CD/DVD ရဲ့
‘Auto Run’ box တက်လာ ပါမယ်။ CD မှာ virus ပါဝင် လာမှုရှိ၊ မရှိ
စစ်ဆေး လိုတဲ့အခါမှာ အသုံးဝင်ပါတယ်။
Alt + Space – Restore, move, size, minimize, maximize စတဲ့ command တွေပါ ဝင်တဲ့ system restore box ကိုပြ ပေးတယ်။
Alt + hypen – Multiple Document Interface ကို ပြသ ပေးတယ်။
Alt + underlined letter – ဆော့ဖ်ဝဲတစ်ခုအတွင်းမှာ သတိထားကြည့်မိရင် options bar ရဲ့ feature တွေမှာ မျဉ်းသား ထားတဲ့ စာသား လေးတွေ မျိုးစုံ တွေ့ရ ပါလိမ့်မယ်။ Alt ကို ဖိနှိပ် ထားပြီး အခုန စာသား လေးကို နှိပ်လိုက်တဲ့့ အခါမှာ အဲဒီ ‘feature’ ရဲ့’drop down box’
( = ပါဝင်တဲ့ လုပ်ဆောင် ချက်တွေ ) ပွင့်လာ ပါမယ်။
Ctrl + F4 – address bar ကိုဖွင့်ပေးတယ်။
Alt + F6 – Alt + Tab အလုပ်လုပ်ပုံ အတိုင်းဖြစ်ပါတယ်။
Selected objects & shell objects
F2 – ရွေးချယ်ထားတဲ့အရာဝတ္တုကို နာမည်အသစ် ပြန်ပေးဖို့
အဆင်သင့် ဖြစ်နေ စေပါမယ်။
F3 – ဖိုင်တွေအကုန်လုံးကို ရှာမေးမယ်။
Alt + Enter – ရွေးချယ်ထားတဲ့ အရာဝတ္တုရဲ့ properties’
ကို ဖော်ပြ ပေးပါတယ်။
ဖိုင်တစ်ခုမိတ္တူပွားရန် – Ctrl Key ကိုနှိပ်ထားပြီး အဲဒီဖိုင်ကို မတူညီတဲ့
တခြား နေရာကို ရွှေ့ပေးပါတယ်။ အပေါင်း လက္ခဏာ ပေါ်လာပြီး
မိတ္တူပွား ပေးပါလိမ့်မယ်။
Shortcut တစ်ခုဖန်တီးရန် – Ctrl နဲ့ Shift Key တွေကို ဖိနှိပ်ထားရင်
ဖန်တီးချင်တဲ့ folder ဒါမှမဟုတ် အရာဝတ္တုကို ဖန်တီးလိုတဲ့ နေရာဆီကို
drag ဆွဲယူပါ။
F4 – object ကို select ပေးထားရင်းနဲ့ F4 ကို နှိပ်ရင် address bar
ကို ဖွင့်ပေးပါတယ်။
General folder/shortcut control
F5(Refresh) – လုပ်ဆောင်နေတဲ့ အလုပ်တွေကို ပြန်လည်
လန်းဆန်း စေပါ။
F6 – Windows Explorer အတွင်းဟိုဘက် ဒီဘက် cursor
ရွှေ့နိုင် ပါတယ်။
Ctrl + A – အရာဝတ္တုများအားလုံးကို select လုပ်ပေးပါမယ်။
တကယ်လို့ desktop ပေါ်မှာ item တစ်ခု ကို click နှိပ်ပြီး ‘Ctrl + A’ command သုံးလိုက်ရင် ကျန်တဲ့ item တွေကိုပါ ရွေးချယ်
ပြီးသား ဖြစ်သွား ပါလိမ့်မယ်။
Shift + Click + closebutton – ဖွင့်ထားတဲ့ folder တွေမှန်သမျှ parten folder ကိုရော root folder တွေရော ပိတ်ပေးသည်။
Windows explorer အတွင်း
*(keypad) – ရှိရှိသမျှ root folder တွေအကုန်ဖွင့်ပေးတယ်။
+(keypad) – root floder တခုအတွင်းရှိ ရှိရှိသမျှ file တွေဖွင့်ပေးတယ်။
-(keypad) – root flolder တခုအတွင်းရှိ ရှိရှိသမျှ file တွေပိတ်ပေးတယ်။
Right Arrow – ‘+’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။
Left Arrow – ‘-’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။
Properties control
Ctrl + Tab သို့မဟုတ် Ctrl + Tab + Shift – Mouse မသုံးဘဲ
Keyboard နဲ့ခုန်ပျံကျော်လွှားသွား နိုင် တယ်။ (Mouse အသုံးမပြုလိုပါ
က mouse properties တချို့ကို disable လုပ်ထားလျှင် ပိုကောင်း၏။)
Accessibliity Short-cuts
Shift ကိုငါးကြိမ်နှိပ်တဲ့အခါ – Control panel ထဲမှာရှိတဲ့ Accessibility options ကို select ပေးပါ။ Shift ကို PC ထဲကနေ ‘ကွိ’ ဆိုတဲ့
အသံကလေး ပေါ်လာ ပါလိမ့်မယ်။ ပြီးရင်တော့ Shift Key ကို save
မလုပ် ချင်ရင် cancel လုပ်ပါ။
ညာဘက် Shift ကို ရှစ်စက္ကန့်အကြာ ဖိထားတဲ့အခါမှာ – ညာဘက်
Shift ကို ရှစ်စက္ကန့် ကြာအောင် ကိုင်နှိပ် ထားရင် filter key box
လေး ပေါ်လာ ပါလိမ့်မယ်။
‘Number Lock’ Key ကိုငါးစက္ကန့်ကြာ အောင်ဖိထားတဲ့အခါမှာ –
Number lock Key ကိုငါးစက္ကန့် ကြာ အောင် ဖိထားတဲ့အခါမှာလည်း
ထိုနည်း လည်းကောင်းပါပဲ၊ အလုပ် လုပ်ပုံ ချင်းသာ ကွဲပြား သွားမှာပါ။
ဘယ်ဘက် Alt + ဘယ်ဘက် Shift =+ Number Lock – PC ထဲက’ကွိ’
အသံလေးအတွက် function ပဲဖြစ်ပါတယ်။ အဓ်ိကအားဖြင့်ကတော့
mouse key တွေကို အပိတ်အဖွင့် လုပ်စေချင်တာပါ။
ဘယ်ဘက် Alt + ဘယ်ဘက် Shift + print screen preview
– မြင့်မားတဲ့ ပုံရိပ်တွေကို ရယူလိုတဲ့ အခါမှာ အဆိုပါ keyboard
တွဲတွေကို တွဲဘက် နှိပ်ပေး ရပါလိမ့်မယ်။
Keyboard Keys
Start (Windows logo) + D – Window တွေကို task bar ပေါ်ကိုခဏ
တင်ပေးတယ်။
Ctrl + Start + F – Search box ကိုဖွင့်ပေးပါမယ်။ ခွေးလေးကို
မလိုချင်ရင် ပယ်ဖျက် ထားလို့ရပါတယ်။
Ctrl + Start + Tab – address bar ဆီကို ချက်ချင်း cursor ချပေးတယ်။
Start + Tab – Taskbar ပေါ်မှာစုပြုံ ပြီး ဖွင့်ထားတဲ့ folder တွေဆီကို
တခုကနေ တခု ကူးပြောင်းနိုင်တယ်။
Start + Pause (Break) – System properties ကိုချက်ချင်း ဖွင့်ပေးတယ်။
Application Key – File သိုမဟုတ် folder ရဲ့ properties ကိုဖွင့်ပေးတယ်။
Dialog box command
Tab – dialog box ထဲမှာဆိုရင် နောက်တခုကို သွားဘို့
အဆင်သင့် ဖြစ်နေတယ်။
Shift + Tab – လာခဲ့တဲ့ control ဆီကို ပြန်သွားပေးတယ်။
Space-bar – ရွေးချယ်ပြီးလုပ်မယ်။ ( ဥပမုာ button တခုကို ရွေးထားတယ်။ အဲဒီ button ကို click နှိပ်ရုံပါပဲ။ ဥပမာ check box တခုကို ရွေးမယ်ဆိုရင် space bar တချက်ပုတ်ရုံပဲ။ ဥပမာ နှစ်ခု ပြပေး ထားတယ်။ တခုကို ရွေးမယ် ဆိုတဲ့ နေရာမှာ Enter နဲ့တူတယ်။
Esc – အရာအားလုံးရဲ့ ၉၀ရာခိုင်နှူန်းဟာ ‘cancel’ ရဲ့ အလုပ် လုပ်ပုံနဲ့
တူတယ်။
Alt + Underline Letter – Alt ကို ဖိထားပြီး underline သားထားတဲ့
အက္ခရာကို နှိပ်မယ်ဆိုရင် အဲဒီ command အတွက် short-cut တခုပါပဲ။
Enter – object တခုကို select ပေးပြီး OK button နှိပ်လိုက်တာနဲ့
ဆင်တူတယ်။

တစ်ခြားသူတွေလည်း လေ့လာရန် လိုအပ်နိူင်တာကြောင့် Shareလုပ်ခြင်းဖြင့် လက်ဆင့်ကမ်း မျှဝေပေးကြပါ။☺️😁

နောက်လည်း Computerနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေ တင်ပေးမှာမို့ Pageကို Like&See First လုပ်ထားကြပါ။😉

Credit.....မူရင်းရေးသားသူ

04/01/2021

(မြန်မာလိုလေ့လာနိုင်မည့်Tech YouTubeများစုစည်းမှု)
Programming, Web Development, Android Development, Networking နှင့် အခြားနည်းပညာဘာသာရပ်များကို မြန်မာလိုအခမဲ့လေ့လာနိုင်ပါသည်
💻 Saturngod
https://m.youtube.com/playlist...
ပရိုဂရမ်ပြုလုပ်ခြင်း အခြေခံ
💻 အစီအစဉ်ဆွဲခြင်း 72 Coder
https://www.youtube.com/channel/UCj1ZB1mpD3LPmVZZBekE7zg
PHP, Node js, Angular4, Boostrap4, HTML, AndroidEclipse
💻 ဝေဖာ ခိုလာ.
https://www.youtube.com/channel/UCQTRh2PEveE1JHR0_JFDLUA
HTML5, Kotlin, Android Development, Boostrap, Python Basic, JavaSE, Javascript, PHP Basic, C Form
💻 အစီအစဉ်ဆွဲခြင်း MM
https://www.youtube.com/channel/UC63ZBuWS1lH6kQaQIwcz8Lw
စီ / စီ ++ အစီအစဉ်ရေးဆွဲခြင်း
💻 ပို ၍ တောက်ပသော မြန်မာပြည်
https://www.youtube.com/cha.../UCG2rjWL2i6_KfCtjkQ9PKKQ/feed
Kotlin, Nodejs, JavaEE, Android, PHP, HTML, CSS, Angular, Bootstrap, JavaSE, Javascript
💻 Soe Thiha Naung
https://www.youtube.com/.../UCfDwRJEsmL1deODPPn.../playlists
Flutter Collection, Vuejs 2.0, Android (Kotlin), Laravel, Javascript နှင့် အခြားသော စကားပြောများ
💻 Code with Htet Lin Maung
https://www.youtube.com/.../UCYd3z7M-8DWEFxokRynlzNg/videos
Vuejs, Laravel 7 နှင့်အတူ အနားယူနိုင်သော API ဝန်ဆောင်မှုများ, တုံ့ပြန်မှု
💻 ဒေတာ ကမ္ဘာ
https://www.youtube.com/channel/UCOxNrLqf1P2odrrWiAkszww
ဝက်ဘ်ဒီဇိုင်း ၊ ဂရပ်ဖစ်ဒီဇိုင်း ၊ ဗီဒီယို တည်းဖြတ်မှု ၊ အော်တိုကတ် ၊ ဂျာဗားနှင့် အခြားအရာများ
💻 သင်းဘရှိန်း
https://www.youtube.com/channel/UCQm58nOLArHOfC5dF9zCxHg
Web Security, Linux Privilege Escalation နှင့် အခြား ဗီဒီယိုများ
💻 ရဲလင်းအောင် - Open Lab
https://www.youtube.com/channel/UC-rWSvp5bb0Q-4kngUKI15Q
Linux
💻 Sithu Paing
https://www.youtube.com/channel/UCvTD16yo_lMvoIb7_tl4gMQ
Java, HTML, Python, Git, MySQL, DOM Manipulation, Android Database နှင့် အခြားအရာများ
💻 အစိမ်းရောင် ဟက်ကာများ ပရိုဂရမ်မိုင်း ချန်နယ်
https://www.youtube.com/.../UCaxyVU-hrGgN9TdhV_3wNkQ/videos
Javascript
💻 Phyo Wai Lin MVP
https://www.youtube.com/user/kophyowailin2010/featured
Azure Cloud Administration, AWS, Linux, VMware နှင့် အခြားသူများ
💻 RHC နည်းပညာများ
https://www.youtube.com/channel/UCW0hWTCdvUYjXJUx_dIG7eQ
ကွန်ယက်ချိတ်ဆက်ခြင်း
💻 နစ်ခ်ကို ပေါလ် ဗလော့
https://m.youtube.com/channel/UCuDwXphjhSSN69yxW_KzVqg
HTML, CSS, Javascript, PHP, WordPress, UI / UX
💻koyee chin
https://www.youtube.com/cha.../UCn6z13QW5B5FYnUfJfY0Crw/feed
DNS, Pe*******on စမ်းသပ်ခြင်း
💻 Myanmar IT အကယ်ဒမီ
https://www.youtube.com/channel/UCBenI6XqH7OoEq5BFRCBREg
Cisco, Wordpress, VMware workstation နှင့် အခြားသော သင်ကြားမှု
မူရင်းတင်ထားသူအား credit ပေးပါသည်

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Telephone

Address


No. 327 13th Street East, Na Win Kwat Thit
Pyay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00