YBMC Pyay
YBMC Pyay
29/09/2025
သေချာဖတ်လေ အသုံးတည့်လေမို့ ရေးခဲ့တဲ့ဆောင်းပါးလေး ပြန်တင်ပေးလိုက်ပါတယ်။
စီးပွားရေးနှင့်နိုင်ငံရေးလမ်းကြောင်း အစပ်အဟပ်..
Political trend and Business trend...
မိတ်ဆွေဟာ စီးပွားရေးလုပ်နေသူ ဆိုရင်တော့ စီးပွားရေးနယ်ပယ်ထဲ ရောက်နေပြီဆိုမှတော့ နိုင်ငံရေးအကြောင်း မသိလို့မဖြစ်တော့ပါဘူး။
မသိချင်လို့လဲ မရတော့ပါဘူး။ သိအောင် နားလည်အောင်လုပ်ရပါမယ်။
ကိုယ့်စီးပွားရေးလုပ်ရာ နိုင်ငံရဲ့ နိုင်ငံရေးစနစ် တည်ငြိမ်မှုနဲ့ ပြည်သူ့
စီးပွားရေးစိတ်ဝင်စားတဲ့ အစိုးရဟုတ်မဟုတ် ဆိုတဲ့အရာတွေက ကိုယ့်လုပ်ငန်းနဲ့ Industrial ကို ကျိန်းသေပေါက် လွှမ်းမိုးသက်ရောက်မှုများ ဖြစ်စေပါတယ်။
တည်ငြိမ်ကောင်းမွန်တဲ့ နိုင်ငံရေးစနစ် မရှိတဲ့နိုင်ငံများဟာ စီးပွားရေးဆုတ်ကပ် ကြုံနိုင်ခြေ အလွန်များပါတယ်။ ဒါ့ကြောင်မို့ ရင်းနှီးမြုပ်နှံသူများ အလွန်ရှောင်သင့်တဲ့ နိုင်ငံအဖြစ် စာရင်းသွင်း သတ်မှတ်ပြီး လက်ရှောင်ကြပါတယ်။
နိုင်ငံရေးစနစ်နဲ့စီးပွားရေးစနစ်တို့ရဲ့ အားမျှခြေကို မတည်ဆောက်နိုင်တဲ့ အကြောင်းအရင်းပေါင်း များစွာရှိနိုင်ပါတယ်။
အဲဒီအရာတွေထဲကမှ အာဏာရယူလိုမှုက ပြည်သူ့အတွက်မဟုတ် နိုင်ငံတည်ဆောက်ဖို့မဟုတ်ပဲ အသုံးချဖို့အတွက် ရည်ရွယ်တဲ့ သူတွေလက်ထဲ အာဏာရောက်နေပြီဆိုရင် စီးပွားရေးပါဝါဆိုတာ လူတစ်စုကောင်းစားရေးပဲ ဖြစ်လာမှာပါ။
တက်လာတဲ့အစိုးရရဲ့ စီးပွားရေးပေါ်လစီနဲ့စီမံမှု၊ အကောင်အထည်ဖော်မှုတို့ အားနည်းခြင်းကလဲ ပြည်သူ့စီးပွားရေးတည်ငြိမ်မှုကို ပျက်ယွင်းစေပြီး နိုင်ငံရေးစနစ်ကိုပါ ထိုးနှက်လာစေပါတယ်။
မည်သည့်အစိုးရမဆို နိုင်ငံရေးစနစ်နှင့် လိုက်ဖက်တဲ့ စီးပွားရေးစနစ် လမ်းကြောင်းကို အကောင်အထည် မဖော်နိုင်သေးသ၍ ရင်းနှီးမြုပ်နှံမှု လုပ်ကြသူများအတွက် ကြီးမားတဲ့ဆုံးရှုံးနိုင်ချေ Risk များ တစ်ချိန်မဟုတ် တစ်ချိန်ကြုံရဖို့ အလွန်များပါတယ်။
စီးပွားရေးစနစ်ကောင်းဆိုတာ တရားမျှတတဲ့ယှဥ်ပြိုင် လုပ်ကိုင်ခွင့်ရကြပြီး လိုအပ်ချက်များကို အစိုးရပံ့ပိုမှုပေးနိုင်တဲ့ ပါဝါနှင့်ပေါ်လစီ ရှိရပါမယ်။
နိုင်ငံရေးစနစ်အောင်မြင်အောင်လုပ်ချင်ရင် ကောင်းမွန်စွာလည်ပတ်နေတဲ့ စီးပွားရေးယန္တရားကို ထူထောင်နိုင်ရပါမယ်။
စီးပွားရေးလုပ်ငန်းရှင်များ Management နယ်ပယ်မှသူများအနေဖြင့် နိုင်ငံရေးစနစ်အခြေမခိုင်သော နိုင်ငံများ သို့မဟုတ် စီးပွားရေယန္တရား စနစ်ကောင်းမရှိသော နိုင်ငံများတွင် မလွှဲသာ၍ ရင်းနှီးမြုပ်နှံလုပ်ကိုင်ရပါက အောက်ပါအချက်များကို ဂရုပြုဆောင်ရွက်သင့်ပါတယ်။
၁။ အစိုးရရဲ့ ပါဝါသြဇာတိက္ကမကို ဘယ်သူတွေက ပြောင်းပစ်နိုင်သလဲဆိုတာ မျက်ခြေမပြတ်လေ့လာ စောင့်ကြည့်ပါ။
၂။ စီးပွားရေမှုဝါဒ နှင့်အခင်းအကျင်းများက တကယ်အလုပ်ဖြစ်သလားဆိုတာ အဆင့်တိုင်းကို အကဲဖြတ်စောင့်ကြည့်ပါ။
၃။ လက်ဝါးကြီးအုပ်လည်ပတ်နေသာ စီးပွားရေးလုပ်ငန်းများရဲ့ အခြေအနေကို စမ်းစစ်အတည်ပြု စောင့်ကြည်ပါ။ထိုအုပ်စုနဲ့ယှဥ်ပြိုင်ဖို့ ဆန္ဒမစောမိပါစေနှင့်။
၄။ နိုင်ငံရေးအပြောင်းအလဲဖြစ်လာရင် အထိအနာဆုံးဖြစ်မယ် Industry မျိုးဖြစ်က လက်ရှောင်ပါ။
၅။ ကျွမ်းကျင်တဲ့ Expert Team မရှိပဲနှင့် Investment အကြီးကြီးမြုပ်နှံဖို့ လက်မရဲမိပါစေနှင့်။
၆။ အရင်အပြောင်းအလဲများရဲ့ ဇစ်မြစ်နဲ့ အကျိုးဆက်များကို ပြန်သုံးသပ်ပြီး ကိုယ့်စီးပွားရေးဖြစ်စဥ်မှာ ကြုံတွေရတဲ့အခါ တုံ့ပြန်မယ့် အစီအစဥ်များရေးဆွဲထားပါ။
၇။ ထိပ်တိုက်ကြုံခဲ့သော် အဖွဲ့ရဲ့အားကိုယူပြီး ပြင်ပ ပညာရှင်များနှင့်အမြန်လက်တွဲပြီး ရအောင်ကျော်လွှားပါ။
အောင်မြင်ကြီးပွားနိုင်ကြပါစေ..
ဆရာတိုး
YBMC
27.9.2021
17/08/2025
ဒီနေ့ Business လုပ်ငန်းတွေမှာ အထူးသဖြင့် SME တွေမှာ Business တော့လည်ပတ်နေပါရဲ့ ပိုတိုးတက်ရအောင် ပိုပြီးကြီးထွားလာရအောင် ဘာတွေဦးစားပေးချမတ်လုပ်ကိုင်ကြရမလဲဆိုတာကို ဝေဝါးရောထွေးနေတတ်ကြလေ့ရှိပါတယ်။
SME Business လုပ်ငန်းတွေရဲ့ Functions တွေကိုပိုင်းကြည့်မယ်ဆိုရင် အရေးကြီးတဲ့ အခန်း ၄ ခုခွဲကြည့်နိုင်ပါတယ်။
ပထမဦးစွာ Operation System ကျနရေး လုပ်မှတိုးတက်ပါမယ်။
ဒုတိယ Man Power Management, HR and Administration ပိုင်းတို့ကို သေချာစီမံခန့်ခွဲရပါမယ်။
တတိယအရေကြီးတာက စာရင်းဇယားအစီရင်ခံစာများအပိုင်း သေချာစွာ စီမံကြီးကြပ်ချမှတ်ရပါမယ်။
စတုတ္ထအချက်အနေနဲ့ မိမိရဲ့အဖွဲ့အစည်းရည်မှန်းချက်များနဲ့ ကိုက်ညီမယ့် ဖွဲ့စည်းပုံ နဲ့ Culture ကိုရတဲ့အထိ တည်ဆောက်သွားဖို့ပဲဖြစ်ပါတယ်။
ဒီလေးချက်ကို သေချာအကောင်အထည်မဖော်ပဲ ဆက်သွားနေရင်တော့ SME Companies များသည် ကြီးလာလေ မနိုင်မနင်းဖြစ်လေ ကြုံကြရမှာပဲဖြစ်ပါတယ်။
ကျွန်တော်လုပ်ကိုင်ခဲ့ရတဲ့ 1997 မှသည် ယနေ့အထိအတွေ့အကြုံများကို အခြေခံပြီး လုပ်ငန်းရှင်များအတွက် စီမံခန့်ခွဲမှုပညာ Essential Business Management for Owner
ကို September လထဲမှာ Workshop and Training ပုံစံဖြင့်ကျင်းပပေးဖို့ရှိတာကြောင့်မို့ အားလုံးကိုတက်ရောက်ဖို့ ချစ်ခင်လေးစားမှုဖြင့် ဖိတ်ပါတယ်။
ဒီ Workshop and Training ကနေတစ်ဆင့် SME လုပ်ငန်းတွေရဲ့ အောင်မြင်တိုးတက်စနစ်တကျရှိရေးအတွက် တစ်သက်တာ အသုံးပြုနိုင်တဲ့ စနစ်ကောင်းတွေ ရရှိသွားမှာဖြစ်ပါတယ်။
ဒီ Workshop and Training ပြီးနောက်မှာလဲ ၃ လတိတိ ဆက်လက်ပြီး Online ဖြင့်တွေ့ဆုံဆွေးနွေးခွင့်တွေ ဆက်လက်ရရှိဦးမှာဖြစ်ပါတယ်။
တက်ရောက်လေ့လာဖို့ လိုအပ်တဲ့ လုပ်ငန်းရှင်ကြီးများကို အမြန်ဆက်သွယ်ပေးကြဖို့ တိုက်တွန်းစကား ပြောကြားပါတယ်ခင်ဗျာ။
လူဦးရေကန့်သတ်ထားပြီး ၂ ရက်တာ အချိန်ပြည့် လူတွေ့ အထူးလေ့လာသင်ယူမှု ဖြစ်တာကြောင့် အချိန်မီဆက်သွယ်နိုင်ကြပါစေခင်ဗျာ။
အောင်မြင်တိုးတက်သော လုပ်ငန်းများကို ထူထောင်နိုင်ကြပါစေ
19/07/2025
မြန်မာနိုင်ငံရဲ အာဇာနည်နေ့ ဆိုတာ မြန်မာ့လွတ်လပ်ရေးရဖို့ ကြိုးစားနေကြတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးများ တိုင်းပြုပြည်ပြုအရေးကြီးတဲ့ ဆွေးနွေးပွဲ လုပ်နေချိန်မှာ အာဏာရူးဦးစောနှင့် လက်ပါးစေတို့ရဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့ရရှာပါတယ်။
ပြည်သူအားလုံး ကြိမ်မီးအုံးသို့ ပူဆွေးတမ်းတ ဝမ်းနည်းခဲ့ကြရပြီး ထိုနေ့ကိုဘယ်တော့မှ မမေ့နိုင်မည်မဟုတ်ပါ။
ပြည်သူ့သားစဥ်မြေးဆက် ခေတ်အဆက်ဆက်တွင် အာဇာနည်ကြီးများ၏ ဂုဏ်ကျေးဇူးကို အောက်မေ့တသ သတိရလျှက် ကျေးဇူးဦးတင် အလေးပြုကြရတဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။
YANGON Business Management College ၏ မိသားစုများအားလုံးမှ အများပြည်သူများနှင့်ထပ်တူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အောင်မေ့တသ ဦးညွှတ်ပါ၏။
#အာဇာနည်နေ့
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
ကသည်းတန်းလမ်း၊ဆံတော်ရပ်၊ပြည်မြို့၊
Pyay
80101