Atmos English Community
Empower through language,
no one gets left behind.
G 8 - G 12
Summer Special is CALLING!
သင့်ကလေး နွေရာသီအချိန်တွေ အဖိုးထိုက်စေဖို့...
09 797 880 610
09 964 880 610
09 797 880 650
Pyinmana, Nay Pyi Taw
03/03/2026
Speaking ပြောထွက်၊ ပြောတတ်၊ ပြောသွက်လာမယ့်
နည်းလမ်း (၅) ခု
အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး self-study လုပ်တယ်။
သင်တန်းတွေတက်တယ်။ ဒါပေမယ့် သင်တန်းပြီးသွားပြီး
အချိန်နည်းနည်း ကြာတာနဲ့ Speaking နဲ့ပတ်သက်ပြီး ဘာမှပြောမထွက်ဘဲ ဆွံ့အ,နေတုန်းပဲလား 😅
ဒါက သင်တစ်ယောက်တည်းမဟုတ်ဘဲ လူအများစုဖြစ်နေတဲ့
ပြဿနာပါ။ ဒီနေ့မှာတော့ အဲ့ပြဿနာကို ဖြေရှင်းဖို့
နည်းလမ်း ၅ မျိုးကို ပြောပြပေးပါမယ်။
1️⃣ Shadowing Method သုံးပါ 🗣️
ဒီနည်းလမ်းက အတော်လေးထိရောက်တဲ့ နည်းလမ်းဖြစ်ပြီး
Self-study လုပ်တဲ့သူတိုင်း လိုက်လုပ်ကြည့်သင့်ပါတယ်။
YouTube က English Learning Video နဲ့ Movie
ဇာတ်ဝင်ခန်း တစ်ခုခုကို ဖွင့်ထားပြီး သူတို့ပြောတဲ့ လေယူလေသိမ်း၊ ဖြတ်တောက်ပုံအတိုင်း တစ်ထပ်တည်းကျအောင် လိုက်ပြီးပြောတဲ့နည်းဖြစ်ပါတယ်။
အရင်ဆုံးသူတို့ အသံထွက်၊ သူတို့ပြောတာကို နားထောင်ပါ။
လိုက်ပြီး အသံထွက် တုပပြီး လိုက်ပြောကြည့်ပါ။
2️⃣ ကိုယ့်ဘာသာ စကားပြောပါ 🤳
ကိုယ့်ဘဝမှာ ကိုယ်သာ Hero ပါပဲ။ မနက်အိပ်ရာထတာကစပြီး ညအိပ်တဲ့အထိ ကိုယ်လုပ်နေတာတွေကို အင်္ဂလိပ်လို ရေရွတ်ကြည့်ပါ။
ဥပမာ - "Now I'm making coffee.
Where is the sugar?" စသဖြင့်..ပြောကြည့်ပါ။
လူရှေ့မှာ ပြောရမှာ ရှက်ရင် တစ်ယောက်တည်းရှိချိန် အသံထွက်ပြောပါ။ ဘာသာစကားတစ်ခုကို Native အနေအထားထိ ကျွမ်းကျင်သွားဖို့ဆိုတာ ရူးသွပ်နေဖို့လိုပြီး
အချိန်တိုင်း အဲ့ဒီအတွက် အချိန်တွေအားလုံး
လွှမ်းမိုးထားနိုင်ဖို့လည်း အရေးကြီးပါတယ်။
3️⃣ အင်္ဂလိပ်လို တွေးပါ 🧠
မြန်မာလိုတွေး၊ အင်္ဂလိပ်လို ပြန်နေတဲ့ အဆင့်က
Speaking ပိုင်းအတွက် နှောင့်နှေးစေပါတယ်။ တစ်ခုခုကို
မြင်ရင် မြန်မာလို အရင်မတွေးဘဲ အင်္ဂလိပ်စာလုံးနဲ့ တိုက်ရိုက်တွေးကြည့်ပါ။ စာကြောင်းအရှည်ကြီး မဟုတ်တောင် စကားလုံးလေးတွေနဲ့ စကျင့်ပါ။
အသေးအဖွဲတွေအများကြီးကနေပဲ အိပ်မက်အကြီးကြီးတွေကို
အကောင်အထည်ဖော်နိုင်သွားပါလိမ့်မယ်။
4️⃣ အသံသွင်းပြီး ပြန်နားထောင်ပါ 🎙️
ကိုယ့်အသံကိုယ် ပြန်နားထောင်ရတာ ကမ္ဘာပျက်မတတ်
ရှက်ဖို့ကောင်းပေမယ့် ဒါက အမြန်ဆုံး တိုးတက်မယ့်နည်းတွေထဲက တစ်ခုပါပဲ။
ကိုယ်ပြောလိုက်တဲ့ အသံထွက်က မှန်ရဲ့လား၊ ဘယ်နားမှာ
ထစ်နေလဲဆိုတာ ပြန်စစ်ပြီး ထပ်ဖန်တလဲလဲ လေ့ကျင့်ခြင်းဖြင့်
ကိုယ့်ရဲ့ Speaking နဲ့ပတ်သက်ပြီး skill ရော
ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေပါ တိုးတက်လာမှာ
ဖြစ်ပါတယ်။
5️⃣ Grammar မှားမှာထက် ပြောထွက်ဖို့ပဲ အာရုံစိုက်ပါ 🚀
Grammar မှားမှာ အရမ်းကြောက်နေရင် ဘယ်တော့မှ
ပြောထွက်မှာ မဟုတ်ပါဘူး။ အစပိုင်းမှာ Grammar
ခဏမေ့ထားပြီး ကိုယ်ပြောချင်တာကို တစ်ဖက်လူ
နားလည်အောင် ရဲရဲပြောပါ။
ရေကူးတတ်ချင်ရင် ရေထဲဆင်းဖို့ ကြောက်နေလို့မရသလိုပဲ၊
အင်္ဂလိပ်စကားပြောတတ်ချင်ရင် စစချင်းကြုံရမယ့်
အမှားတွေအတွက် ရှက်နေ၊ ကြောက်နေလို့မရပါဘူး။
ကိုယ့်ရဲ့ မိခင်ဘာသာစကားမဟုတ်တဲ့ အင်္ဂလိပ်စကားဆိုတာ လေ့ကျင့် ပြောဆိုမှုတွေများပါမှ ကိုယ်လိုချင်တဲ့
အတိုင်းအတာ ကျွမ်းကျင်ပိုင်နိုင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်
သင်ကိုယ်တိုင်ရော Speaking Practice ကို
ဘယ်နည်းလမ်းလေးသုံးပြီး လေ့ကျင့်ဖြစ်လဲဆိုတာ
Comment မှာ မျှဝေခဲ့ဦးနော် ✨✨✨
01/03/2026
Real life မှာ ဆက်သွယ်ပြောဆိုနိုင်ဖို့ Activity တွေ ၊ Role Play တွေနဲ့ အတူ စဥ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။
Intermediate Batch 9 က ဒီတစ်ခေါက်မှာတော့ English လိုပြောဆိုပြီး Mission ၅ ခုကို ဆောင်ရွက်ခဲ့ရပါတယ် -
🎯 သတ်မှတ်ထားသော အက္ခရာများနှင့် စတဲ့ ကုန်ခြောက်ပစ္စည်းများ ရှာဖွေဝယ်ယူခြင်း၊
🎯ဘုရားသို့သွား၍ နေ့ထောင့် နာမ်ထောင့်များရဲ့ အရပ်မျက်နှာများ မှတ်သားစေခြင်း၊ ဘုရားနှင့်ပတ်သက်သည့် အကြောင်းအရာများမှတ်သားစေ၍ အနီးရွိ မြန်မာမုန့်တစ် ဝယ်ခြင်း၊
🎯 ရွှေချီ ရပ်ကွက်ထဲ၌ Tourism Sites (၅) ခု သတ်မှတ်စေခြင်း၊
🎯 မတူညီတဲ့ ကုန်စုံဆိုင် ၂ ခု၌ တူညီသော ပစ္စည်းစာရင်းပြုစု၍ ဝယ်ယူစေခြင်း၊
🎯ကန်တစ်ခုသို့သွားရောက်၍ ငါးစာကျွေးခြင်း၊ ငါးအမျိုးအစားများရဲ့ အမည်များလေ့လာခြင်း၊ အများဆုံးပေါက်သည့် အပင်များ ရှာဖွေစေခြင်း၊
တကယ်တော့ Mission တွေက စာရေးပြောပြတာထက် ပိုပြီး စိတ်လှုပ်ရှားပျော်ရွှင်စေပါတယ်။ 🤩 ကျောင်းသားတွေ လာရောက်တဲ့အချိန်တွေမှာ နွေးထွေးစွာ စောင့်ရှောက်ပေးကြတဲ့ ဆိုင်ရှင်များကိုလည်း ကျေးဇူးတင်ပါတယ် 😍
အမှန်တကယ်တတ်မြောက်မှုကို ဖြစ်စေမဲ့ နည်းလမ်းမှန်သမျှသုံးပြီး တစ်ဦးချင်းစီကို အလေးထားတန်ဖိုးထားပြီး သင်ကြားပေးလျက်ရှိပါတယ်။
နောက်ခံ Background တွေမလို၊ ကြိုးစားချင်စိတ်ရှိသူမှန်သမျှကို Atmos က နွေးထွေးစွာ ဖိတ်ခေါ်လျက် ❤❤❤
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
U Street, Shwechi Quarter
Pyinmana
15012
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 20:00 |
| Sunday | 09:00 - 20:00 |